မန်ယူအသင်းသည် ဂီတာဖေးအသင်းထံ ယခုရာသီကုန်ထိ အငှားချထားသည့် အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်ကို စျေးနှုန်းသတ်မှတ်ခဲ့ကြောင်း သိရသည်။
ဂရင်းဝုဒ်(၂၂ နှစ်)သည် မုဒိမ်းမှုဖြင့် တရားရင်ဆိုင်ရပြီးနောက် မန်ယူအသင်းတွင် ကစားခွင့်မရတော့ဘဲ ပြီးခဲ့သည့်နွေက ဂီတာဖေးအသင်းထံ တစ်ရာသီအငှားဖြင့် လာရောက်ကစားနေခင်းဖြစ်သည်။
လက်ရှိတွင် ၎င်းအား ခေါ်ယူရန် ဘာစီလိုနာနှင့် အက်သလက်တီကိုအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။
ထို့ကြောင့် မန်ယူအသင်းသည် လာမည့်နွေတွင် ဂရင်းဝုဒ်ကိုရောင်းထုတ်ရန် စီစဉ်နေပြီး အနည်းဆုံး ယူရို သန်း (၄၀) စျေးနှုန်းသတ်မှတ်ထားကြောင်းသိရသည်။