ရိုးမားတိုက်စစ်ကစားသမား ဒီဘားလားက မိမိတို့အနေဖြင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။
ရိုးမားအသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၂၅) အပြီးတွင် ရမှတ် (၄၁)မှတ်ဖြင့် အဆင့် (၆) ၌ ရပ်တည်နေပြီး အဆင့် (၄) မှ အတ္တလန်တာအသင်း(၄၅ မှတ်) နှင့် (၄) မှတ်သာ ကွာဟသည်။
ထို့ကြောင့် ဒီဘားလားက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒီဘားလားက ”ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ်တွေအတွက် အစွမ်းကုန်ပေးဆပ်သွားမှာပါ။ ကျွန်တော်တို့ မျှော်လင့်ချက်က လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ပါပဲ”ဟု ပြောကြားခဲ့သည်။