Author: admin

ဧရာဝတီတိုင်းဒေသကြီး၌ ထင်ရှားသည့် ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး တပေါင်းပွဲတော်ကို လာမည့်မတ်လအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ တပေါင်းပွဲတော်ကို မတ် ၁၈ ရက် (တပေါင်းလဆန်း ၉ ရက်) မှ မတ် ၂၅ ရက် (တပေါင်းလပြည့်ကျော်တစ်ရက်) အထိ ရှစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ “ဗုဒ္ဓပူဇနိယပွဲတော်ကြီးမှာ သြဝါဒါစရိယဆရာတော်ကြီးများ ဦးဆောင်ပြီး ပြည်တော်ပြန်ဘုရားကြီးကို ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ အထက်စေတီတော် ရွှေသင်္ကန်းကပ်လှူခြင်း၊ ဘုရားကြီးအမှူးပြုပြီး သံဃာတော်အပါး ၆၀၀ ကျော်အား ဆွမ်းလုံးကြီးနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ စာရေးတံမဲလောင်းလှူခြင်းစတဲ့ ကုသိုလ်ပြုရေးလုပ်ငန်းများ ဆောင်ရွက်ပြီး လှူဒါန်းမှုအစုစုကို ရေစက်သွန်းချအမျှပေးဝေကြမှာဖြစ်ပါတယ်” ဟု ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “သဒ္ဓါကြည်လင်ပါရမီရှင်များအနေနဲ့လည်း မိမိတို့တတ်စွမ်းသမျှ ရွှေသင်္ကန်းအလှူ၊ ဆွမ်းဆန်စိမ်းအလှူ၊ စာရေးတံမဲအလှူ၊ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာအလှူများ ပါဝင်လှူဒါန်းကုသိုလ်ယူနိုင်ပါကြောင်းလည်း နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ အဆိုပါ တပေါင်းပွဲတော်၌ ဖျော်ဖြေရေးအစီအစဉ်များ၊ ပျော်ပွဲရွှင်ပွဲများ၊ စျေးရောင်းပွဲတော်များလည်း ထည့်သွင်းကျင်းပသွားရန်ရှိကြောင်း သိရသည်။

Read More

ပြည်ပအလုပ်အကိုင်အေဂျင်စီ ခြောက်ခု ထပ်တိုးလာပြီး လိုင်စင်ရပြည်ပအလုပ်အကိုင် အေဂျင်စီ ၅၄၇ ခုအထိရှိလာကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ဇန်နဝါရီလကုန်ပိုင်းက ထုတ်ပြန်ခဲ့သည့် စာရင်းအရ လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅၄၁ ခုသာရှိရာမှ ဖေဖော်ဝါရီလမကုန်မီတွင် အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်သည့်စာရင်းအရ အလုပ်အကိုင်အေဂျင်စီ ခြောက်ခု ထပ်တိုးလာခြင်းဖြစ်သည်။ ယင်းသို့ လိုင်စင်ရပြည်ပအလုပ်အကိုင် အေဂျင်စီ ၅၄၇ ခုအနက် အချို့သည် လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်းခံရသည့် ကုမ္ပဏီများလည်းရှိကြောင်း သိရသည်။ လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်းခံထားရသည့် အေဂျင်စီများအနက် ခြောက်လယာယီ ပိတ်သိမ်းခံရသည့် အေဂျင်စီများတွင် အောင်ကောင်းမွန်၊ Mon Angela Thi ကုမ္ပဏီ၊ New Three Diamond ကုမ္ပဏီ၊ ရွှေလွင်လွင် ကုမ္ပဏီ၊ တစ်နှစ်ပိတ်သိမ်းခံထားရသည့် အေဂျင်စီများအနေဖြင့် ဒိုင်းမွန်းပုဂံဂျင်နရယ်ဆားဗစ် ကုမ္ပဏီ၊ JMK Services ကုမ္ပဏီ၊ ဖြုစင်မေကုမ္ပဏီ၊ ရွှေဖြိုးသာကုမ္ပဏီ၊ Top Choice ကုမ္ပဏီ၊ ဝင်းဖြိုးအောင်ကုမ္ပဏီ တို့ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပြည်ပသို့အလုပ်သွားရောက် လုပ်ကိုင်လိုလျက်ရှိသည့် မြန်မာလူငယ်အများစုသည် ပြည်ပ အလုပ်အကိုင်စျေးကွက်သို့ လာရောက်မေးမြန်းခြင်းများရှိလာသည်ဟု သိရသည်။ လိုင်စင်ရပြည်ပအလုပ်အကိုင်အေဂျင်စီအရေအတွက်သည် ၂၀၂၁ ခုနှစ်မတိုင်မီက ၃၀၀ ကျော်သာရှိခဲ့သော်လည်း သုံးနှစ်ကျော်ကာလအတွင်းတွင် လိုင်စင်ရကုမ္ပဏီအရေအတွက် ၅၀၀ ကျော်သို့ ရောက်ရှိလာခဲ့သည်။

Read More

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများသည် ဥပဒေအရ အရေးယူခံရမည်ဟု ဖေဖော်ဝါရီ ၁၉ ရက်တွင် ထိုင်းဝန်ကြီးချုပ် ဆရတ်သာထားဝီဆင်းက သတိပေးခဲ့သည်။ မြန်မာလူငယ်များ ဧပြီလမှစတင်၍ မဖြစ်မနေစစ်မှုထမ်းရမည့် အစီအမံများကို နစက,က ထုတ်ပြန်လိုက်ပြီးနောက် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် မြန်မာနိုင်ငံသားများ၏ ဗီဇာလျှောက်ထားမှုမှာ သိသိသာသာမြင့်တက်လာခဲ့ရာ ထိုင်းဝန်ကြီးချုပ်က အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။ “သူတို့ဟာ နိုင်ငံကို တရားဝင် ဝင်ရောက်လာမယ်ဆိုရင် သူတို့ကို ကြိုဆိုကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ တရားမဝင် ဝင်ရောက်လာမယ်ဆိုရင်တော့ သူတို့ကို တရားဥပဒေအရ အရေးယူမှာဖြစ်ပါတယ်။ အဲဒီကိစ္စကို ကျွန်တော်ဟာ လုံခြုံရေးဌာနတွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်” ဟု ဝန်ကြီးချုပ် ဆရတ်သာက ပြောကြားခဲ့သည်။ မြန်မာရွှေ့ပြောင်းများက နယ်ခံထိုင်းနိုင်ငံသားများထံ အလုပ်အကိုင်များကို ရယူသွားလိမ့်မည်ဟူသော ပူပန်မှုများကို ထိုင်းဝန်ကြီးချုပ်က ဖြေဖျောက်ပေးခဲ့ပြီး လတ်တလောတွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသော မြန်မာနိုင်ငံသားများသည် မဖြစ်မနေ စစ်မှုထမ်းခြင်းကို ရှောင်ရန်ဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ၏ အလုပ်အကိုင်မဲ့နှုန်းသည် လက်ရှိအချိန်တွင် တစ်ရာခိုင်နှုန်းထက်နည်းသည်ဟု ၎င်းက ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများထံမှ လုပ်သားအများအပြားကို လိုအပ်နေဆဲဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် ၎င်းတို့သည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် မှန်ကန်သော လုပ်ထုံးလုပ်နည်းများကို လိုက်နာကြရမည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏စစ်မှုထမ်းစေခြင်းက ထိုင်းနှင့်မြန်မာ နိုင်ငံနားလည်မှုစာချွန်လွှာအရ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသော အလုပ်သမားများကို ကာမိစေမည်ဖြစ်ပြီး ယင်းက စီးပွားရေးလုပ်ငန်းအချို့ကို ထိခိုက်စေသည့် လုပ်သားပြတ်လပ်မှုများကို ဦးတည်စေလိမ့်မည်ဟု သမ်မာဆက်တက္ကသိုလ်ရှိ ပရီဒီဘာနိုမြောင်အင်စတီကျု၏အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ အနူဆွန်းတာမာဂျိုင်က ပြောကြားခဲ့သည်။ စစ်မှုမထမ်းမနေရ…

Read More

ပတ်စ်ပို့စ် ပြုလုပ်မှုနှင့်ပတ်သက်ပြီး ကောလာဟလသတင်းများ ထုတ်ပြန်ကာ ငွေကြေးအဆမတန်တောင်းခံသူများ၊ ကြားခံပွဲစားများကို ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးက ထုတ်ပြန်သည်။ လက်ရှိအချိန်တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့် ပတ်သက်ပြီး ကောလာဟလသတင်းများ ထွက်ပေါ်နေ၍ နိုင်ငံကူးလက်မှတ်ရရှိရေး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရကြောင်း၊ အမှန်တကယ်သွားရောက်လိုသူများကို ယခင်သတ်မှတ်ထားသော လုပ်ငန်းစဉ်၊ ခွင့်ပြုအရေအတွက်များအတိုင်း ဆက်လက်ထုတ်ပေးမည်ဖြစ်ကြောင်း၊ ကောလာဟလသတင်းများထုတ်ပြန်၍ ငွေကြေးအဆမတန် တောင်းခံသူများ၊ ကြားခံပွဲစားများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးပန်ကြားအပ်သည်ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်သည်။ နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်) တွင် အွန်လိုင်းဘိုကင်တင်၍ QR စနစ်ဖြင့် ၂၇၀၀ ဦးနှုန်းဖြင့် လည်းကောင်း၊ နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင်လည်း နေ့စဉ်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်ဟု မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးက ထုတ်ပြန်သည်။ ရန်ကုန်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားသူများမှာ အွန်လိုင်းဘိုကင်စနစ်ဖြင့် စတင်ရက်ချိန်းယူရပြီး ရက်ချိန်းရရှိမှသာ ရုံးတွင်သွားရောက်ပြုလုပ်ရမည်ဖြစ်သည်။ အိမ်နီးချင်း အာဆီယံနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား အစရှိသည့်နိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်သူများ၊ ဂျပန်၊ ကိုရီးယား အစရှိသည့်နိုင်ငံများသို့ သွားရောက်လုပ်ကိုင်လိုသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ မှာ ယခုနှစ်မှစတင်ပြီး ပိုမိုများပြားလာခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က မန္တလေးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် လူအများအပြားတန်းစီခဲ့ကြရပြီး လူအုပ်ပိပြီး အမျိုးသမီးနှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။

Read More

ဘိုင်ယန်မြူးနစ်အသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ ယန်းခရစ္စတီယန်ဒရီးဆန်က လတ်တလောရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသော်လည်း အသင်းနည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်ကို ရာထူးမှထုတ်ပယ်ရန် အစီအစဉ်မရှိသေးကြောင်း ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ်တွင် ဘိုဟုမ်အသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲစုံတွင် (၃) ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး အမှတ်ပေးချန်ပီယံဖလားကို ရယူနိုင်ရန်အတွက်လည်း အလွန်ခက်ခဲသည့် အခြေအနေဖြစ်သွားခဲ့သည်။ လက်ရှိအခြေအနေ၌ ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒစ်လီဂါပွဲစဉ် (၂၂) အပြီးတွင် ရမှတ် (၅၀) သာရရှိထားပြီး ဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် လေဗာကူဆင်အသင်းနှင့် (၈) မှတ်ကွာ အနေအထားအထိ ရောက်ရှိသွားခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ယင်းပွဲမတိုင်မီကလည်း ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် လာဇီယိုအသင်းကို အဝေးကွင်း၌ ရှုံးနိမ့်ကာ ကွာတားဖိုင်နယ်အဆင့်တက်ရောက်ရန်အတွက် ရုန်းကန်ရဦးမည့်အခြေအနေတွင်ရှိနေသည်။ နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် (၃) ပွဲတွင် တစ်ပွဲသာဂိုးရရှိသည်အထိ အခြေအနေဆိုးခဲ့ပြီး သောမတ်စ်တူဟယ်လ်အား ရာထူးမှထုတ်ပယ်သင့်ပြီဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများလည်း ရှိနေသည်။ ဘိုင်ယန်မြူးနစ်အသင်း၏ လက်ရှိအခြေအနေမှာ နောက်ပိုင်းနှစ်များတွင် အဆိုးရွားဆုံးအခြေအနေဖြစ်သည်ဟု ဂျာမန်မီဒီယာများကလည်း သုံးသပ်နေကြပြီး အသင်း၏အမှုဆောင်ချုပ်ဖြစ်သူ ဒရီးဆန်ကမူ ”ကျွန်တော် (ထွက်ပေါ်နေတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး) တော်တော်လေး စိတ်ရှုပ်မိပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့အသင်းနည်းပြနဲ့ ပတ်သက်ပြီး ဘာကြေညာချက်ကိုမှ ထုတ်စရာမလိုသေးဘူးလို့ ထင်ပါတယ်။ ဒီကိစ္စ(ရာထူးက ထုတ်ပယ်ခြင်းကိုရည်ရွယ်) ဟာ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ရှိမနေပါဘူး”ဟု ပြောကြားခဲ့သည်။ ဒရီးဆန်၏ ယင်းကဲ့သို့ ပြောကြားမှုအပေါ် ဂျာနယ်လစ်များက သောမတ်စ်တူဟယ်လ်သည် လာမည့်အပတ်များတွင် အသင်းနည်းပြအဖြစ် ဆက်ရှိနေဦးမည်လားဟု ထပ်မံမေးမြန်းခဲ့ရာတွင်လည်း ဒရီးဆန်က ”သေချာတာပေါ့”ဟု ပြန်လည်ဖြေကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်း၏နည်းပြ တူဟယ်လ်ကမူ ”ဒီနေ့ပွဲမှာ ရှုံးနိမ့်ခဲ့မှုက…

Read More

မန်ယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က လူတန်အသင်းကို အနိုင်ရရှိခဲ့သည့်ပွဲ၌ ပထမပိုင်းအပြီးတွင်ပင် ကက်စီမီရိုနှင့် မက်ဂွိုင်းရားတို့အား လူစားလဲခဲ့ခြင်းမှာ အနီကတ်ထိမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မန်ယူနိုက်တက်အသင်းသည် ယင်းပွဲ၌ လူတန်အသင်းကို အဝေးကွင်းတွင် အနိုင်ရရှိခဲ့သော်လည်း ဒုတိယပိုင်းတွင် လူတန်အသင်း၏ တိုက်စစ်ကစားဟန်ကို အလူးအလဲကာကွယ်ခဲ့ရသည်။ ယင်းမှာ အဲရစ်တန်ဟက်ဂ်၏ လူစားလဲသည့် ဆုံးဖြတ်ချက်အမှားကြောင့်ဖြစ်ပြီး ကက်စီမီရိုနှင့် မက်ဂွိုင်းရားတို့နေရာတွင် တွမ်မီနေးနှင့် ဂျွန်နီအီဗန်စ်တို့ကို လူစားလဲခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဝေဖန်မှုများ ရှိနေသည်။ သို့ရာတွင် အဲရစ်တန်ဟက်ဂ်ကမူ ကက်စီမီရိုနှင့် မက်ဂွိုင်းရားတို့ကို လူစားလဲခဲ့ခြင်းမှာ အနီကတ်အပြခံရမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်ကြောင်းနှင့် သူ၏ဆုံးဖြတ်ချက်မမှားကြောင်း ကာကွယ်သည့်အနေဖြင့် မန်ယူနိုက်တက်အသင်းသည် ဒုတိယပိုင်းတွင် ပိုမိုကောင်းမွန်ခဲ့သည်ဆိုသည့် သဘောမျိုးကိုလည်း မီဒီယာများအား ပြန်လည်ဖြေကြားခဲ့သည်။ တန်ဟက်ဂ်က ”ကျွန်တော် ကွင်းလယ်ဒိုင်ရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ သိပ်အခြေအနေမကောင်းဘူးလို့ ခံစားရတယ်။ ဒီအတိုင်းဆိုရင် နောက်တစ်ကြိမ် အမှားထပ်လုပ်ရင် ကက်စီမီရိုနဲ့ မက်ဂွိုင်းရားတို့ကို သူ အနီကတ်ပြမှာပဲ လို့လည်း ကျွန်တော် ထင်နေတယ်။ ဒါကြောင့် သူတို့ နှစ်ဦးကို လူစားလဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ တကယ်တော့ တွမ်မီနေးနဲ့ ဂျွန်နီအီဗန်စ်တို့က လူစားထိုးမှုကောင်းတွေဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဘာစွန့်စားမှုမှ မလုပ်ချင်ပါဘူး။ ဒီလို ဆုံးဖြတ်ခဲ့တာက ကျွန်တော့်အတွက်တော့ အရမ်းမှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ကျွန်တော့်အထင် ပွဲက ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ကျွန်တော်တို့အသင်းက ပိုကောင်းတဲ့အခွင့်အရေးတွေ ရရှိခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ခံစစ်ကို အရမ်းဆင်းမိသွားတဲ့အချိန်မှာမှ သူတို့ကို အခွင့်အရေးတချို့ ပေးခဲ့ရတာပါ။ ကျွန်တော့်အထင် ဒုတိယပိုင်းမှာ ဘရူနို၊ ဂါနာချိုနဲ့ ရပ်ရှ်ဖို့ဒ်တို့ ဂိုးတွေ…

Read More

အက်သလက်တီကို၊ မန်ယူအသင်းများတွင်ကစားခဲ့သည့် စပိန်ဝါရင့်ဂိုးသမား ဒီဟေးယား (၃၃ နှစ်)သည် လာလီဂါပြိုင်ပွဲတွင် ပြန်ကစားခွင့်ရရှိရန် စိတ်အားထက်သန်နေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။ ဒီဟေးယားသည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီတွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အသင်းမှထွက်ခွာခဲ့သူဖြစ်ပြီး လက်ရှိတွင် ကလပ်အသင်းလက်မဲ့ဖြင့် တစ်ဦးတည်းလေ့ကျင့်မှုများပြုလုပ်နေသူဖြစ်သည်။ ဒီဟေးယားအနေဖြင့် ထိပ်တန်းအဆင့်ဂိုးသမားတစ်ဦးဖြစ်သော်လည်း ၎င်း၏မြင့်မားသည့်လစာငွေမှာ ကလပ်အသင်းများအတွက် အခက်အခဲဖြစ်စေခဲ့ပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုများမှာလည်း အကြိမ်ကြိမ်ပျက်ပြယ်ခဲ့ကြောင်းသိရသည်။ သို့သော် လက်ရှိတွင် ဒီဟေးယားအနေဖြင့် ဘောလုံးကွင်းများတွင် ပြန်လည်ခြေချလိုနေပြီး စပိန်လာလီဂါတွင် ကစားခွင့်ရရန် စိတ်အားထက်သန်နေသောကြောင့် လစာငွေအပါအဝင် စာချုပ်အတွက် ဆွေးနွေးမှုများကို လက်ခံပြုလုပ်သွား ဖွယ်ရှိနေကြောင်းသိရသည်။ လက်ရှိ လာလီဂါကလပ်အသင်းများဖြစ်သည့် ဘက်တစ်၊ ဗီလာရီးယဲလ်နှင့် ဆီဗီလာတို့မှာ ဂိုးသမားနေရာအတွက် စောင့်ကြည့်မှုများပြုလုပ်နေပြီး ဒီဟေးယားအတွက် အခွင့်အရေးဖြစ်လာဖွယ်ရှိနေကြောင်းသိရသည်။ အက်သလက်တီကိုအသင်းအကယ်ဒမီထွက်ကစားသမားဖြစ်သည့် ဒီဟေးယားသည် အက်သလက်တီကိုအသင်းကြီးနှင့်အတူ လာလီဂါတွင် (၂)ရာသီကြာ (၂၀၀၉-၁၀၊ ၂၀၁၀-၁၁) ကစားခဲ့ဖူးပြီး ပြီးခဲ့သည့်နှစ်များအတွင်းက စပိန်ထိပ်သီးကလပ်ရီးယဲလ်အသင်းထံပြောင်းရွှေ့ရန် အကြိမ်ကြိမ်နီးစပ်ခဲ့ဖူးသူဖြစ်သည်။

Read More

မြန်မာ့ရိုးရာလက်ဝှေ့သမား မင်းရဲကျော်စွာသည် ထိုင်းနိုင်ငံသား နာမည်ကြီးမွေထိုင်းဖိုက်တာ ဆန်ချိုင်းနှင့် ထိုးသတ်မည့်ပွဲအပေါ် လက်မခံထားကြောင်း သိရသည်။ Thai Fight အဖွဲ့အစည်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ၎င်းတို့၏ Official Page မှနေ၍ ထိုင်းနိုင်ငံသား နာမည်ကြီးမွေထိုင်းဖိုက်တာ ဆန်ချိုင်းနှင့် မင်းရဲကျော်စွာတို့၏ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တရားဝင်ကြေညာထားသည်။ သို့သော် ကာယကံရှင်ဖြစ်သူ မင်းရဲကျော်စွာကမူ ယင်းပွဲမှာ မဟုတ်မှန်ကြောင်း သူ၏ လူမှုကွန်ရက် Facebook Page မှနေ၍ ငြင်းဆိုထားသည်။ ထိုင်းနိုင်ငံသား နာမည်ကြီးမွေထိုင်းဖိုက်တာ ဆန်ချိုင်းနှင့် မင်းရဲကျော်စွာတို့၏ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာအချို့က ရေးသားနေကြလျက်ရှိသည်။ မင်းရဲကျော်စွာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်က Thai Fight League 28 ပြိုင်ပွဲတွင် အီရန်နိုင်ငံသား မိုဟာမက်ဘာဂီနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ မင်းရဲကျော်စွာသည် ပွဲပေါင်း(၅၆) ပွဲထိုးသတ်ထားရာ (၃၉) ပွဲနိုင်၊ (၁၇) ပွဲရှုံးနိမ့်ထားသည်။ မင်းရဲကျော်စွာသည် Thai Fight က ကျင်းပသည့် မွေထိုင်းပြိုင်ပွဲများတွင် မာဂုဏ်ကြောင့် နာမည်ကြီးနေသည့် ဖိုက်တာတစ်ဦးဖြစ်သည်။

Read More

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အနေဖြင့် တော်ဝင်အသရေဖျက်မှု ဥပဒေချိုးဖောက်ခဲ့ခြင်းရှိမရှိကို စုံစမ်းစစ်ဆေးမှုများထပ်မံလုပ်ဆောင်မည်ဖြစ်ကြောင်း အစိုးရရှေ့နေများက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ဘီလျံနာတစ်ဦးဖြစ်သည့် သက်ဆင်သည် ဖေဖော်ဝါရီ ၁၈ ရက် နံနက်အစောပိုင်းက ခံဝန်ချုပ်ဖြင့် ပြန်လွတ်မြောက်လာခဲ့သည်။ သို့သော်သက်ဆင်အနေဖြင့် ခြေချင်းဝတ်တွင် အီလက်ထရွန်းနစ်ကိရိယာဝတ်ဆင်စေ၍ စောင့်ကြည့်ခံရခြင်း၊ ခရီးသွားလာခွင့်ကန့်သတ်ခံရခြင်းတို့နှင့် ကြုံရဖွယ်ရှိသည်။ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တာဝန်ယူခဲ့ပြီး၂၀၀၆ ခုနှစ် အာဏာသိမ်းမှုတွင် ရာထူးမှဖြုတ်ချခံရသည့် ဘီလျံနာတစ်ဦးဖြစ်သူ သက်ဆင်သည် ပြည်ပတွင် ၁၅ နှစ်ကြာ ခိုလှုံနေထိုင်ခဲ့ပြီးနောက် ယမန်နှစ် သြဂုတ်လတွင် ထိုင်းသို့ပြန်လည်ရောက်ရှိလာခဲ့သည်။ ၇၄ နှစ်အရွယ် ဘီလျံနာသက်ဆင်သည် ထိုင်းသို့ပြန်ရောက်ရောက်ချင်းမှာပင် အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှု စွဲချက်တို့ဖြင့် ထောင်ဒဏ်ရှစ်နှစ်ကျခံရန် ထိုင်းတရားရုံးချုပ်က အမိန့်ချခဲ့သည်။ ထို့နောက် ရက်ပိုင်းအတွင်းမှာပင် ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက ၎င်း၏ပြစ်ဒဏ်ကာလကို တစ်နှစ်သာကျခံရန် လျှော့ပေါ့ပေးခဲ့သည်။ သို့သော် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုနီးပါးက ပြောကြားခဲ့သည့် မှတ်ချက်စကားများအတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အား တော်ဝင်အသရေဖျက်မှု ဥပဒေဖြင့် ရဲတပ်ဖွဲ့က တရားစွဲဆိုထားကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ်က တောင်ကိုရီးယားတွင် ပြောကြားခဲ့သည့် သက်ဆင်၏ မှတ်ချက်စကားများသည် တော်ဝင်အသရေဖျက်မှု ဥပဒေကို ချိုးဖောက်ခဲ့သည်ဟူသော စွပ်စွဲချက်များကို ထပ်မံစုံစမ်းစစ်ဆေးရန် ထိုင်းအစိုးရ ရှေ့နေချုပ်က ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရှေ့နေချုပ်ရုံး ပြောခွင့်ရက သတင်းစာရှင်းလင်း ပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ အစိုးရရှေ့နေများက သက်ဆင်အား ဧပြီလထဲတွင် လာရောက်အစစ်ဆေးခံရန်ဆင့်ခေါ်ထားပြီး ထို့နောက်တွင် ၎င်းအား တရားစွဲဆိုမည် သို့မဟုတ် အချိန်ထပ်ယူ၍ စုံစမ်းစစ်ဆေးမည်ဆိုသည်ကို…

Read More

အစ္စရေး-ဟားမာ့စ်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်နေစဉ် အီရန်က ဖေဖော်ဝါရီ ၁၇ ရက် တွင် လေကြောင်းကာကွယ်ရေးစနစ်အသစ် နှစ်ခုကို ထုတ်ဖော်ပြသခဲ့သည်။ “ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လုပ်ခဲ့တဲ့ Araman ပဲ့ထိန်းဒုံးကျည်ဖျက်စနစ်နဲ့ Azarakhsh အနိမ့်ပျံ လေကြောင်းကာကွယ်ရေးစနစ်ကို အခုမနက်ပိုင်းမှာ ထုတ်ဖော်ပြသခဲ့ပါတယ်”ဟု နိုင်ငံပိုင် IRNA သတင်းအေ ဂျင်စီက ဖော်ပြခဲ့သည်။ အစ္စရေးနှင့် ဟားမာ့စ်အကြား စစ်ပွဲဖြစ်ပွားခဲ့သည်မှာ ငါးလအတွင်းသို့ ဝင်ရောက်လာမှုနှင့်အတူ ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် အီရန်က လက်နက်စနစ် အသစ်များ ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။ အစ္စရေးနှင့် ဟားမာ့စ် စစ်ပွဲမဖြစ်ပွားမီကတည်းက အစ္စရေးနှင့် အီရန်သည် ခါးသီးရန်ဘက်များဖြစ်ပြီး အစ္စရေးက အီရန်၏ နျူကလီးယားစီမံကိန်းကို ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ ၂၀၂၃ ခုနှစ်ကလည်း အစ္စရေးဝန်ကြီး ချုပ်ဘင်ဂျမင် နေတန်ယာဟုက အီရန်၏ နျူကလီးယား လက်နက်ရရှိရေးကို ဟန့်တားရန် စစ်ရေးခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရမည်ဟု ပြောကြားခဲ့သည်။ အီရန်ကမူ ၎င်း၏ နျူကလီးယားစီမံကိန်းသည် ငြိမ်းချမ်းစွာအသုံးပြုရေးအတွက်သာ ဖြစ်ပြီး နျူကလီးယားဗုံးများထုတ်လုပ်ရန် ကြိုးပမ်းခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၁၇ ရက်က ပြသခဲ့သည့် Arman ဒုံးကျည်စနစ်သည် တာလတ်ပစ်နှင့် အမြင့်ပျံဒုံးခွင်းဒုံးစနစ်ဖြစ်ပြီး ကီလိုမီတာ ၁၈၀ အကွာအဝေးရှိ ပစ်မှတ်များကို ထောက်လှမ်းသိရှိကာ ကီလိုမီတာ ၁၂၀ အတွင်း ပစ် ချနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီး မိုဟာမက် ရီဇာအက်ရှ်တီယန်နီက ပြောကြားခဲ့ကြောင်း IRNA က ထုတ်ပြန်ခဲ့သည်။ Arman ဒုံးခွင်းဒုံးစနစ်သည် တစ်ကြိမ်တည်းမှာပင် ပစ်မှတ်ခြောက်ခုကို ပစ်ချနိုင်ပြီး Azarakhsh…

Read More