Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါ ရီ ၁ ရက်မှစပြီး အမေရိကန်မှ ခရီးသွားများ အတွက် ဗီဇာလျှောက်ထားမှုများတွင် လိုအပ် သည့် အထောက်အထားများကို လျှော့ချပေးပြီး ပိုမိုလွယ်ကူစေရန် လုပ်ဆောင်ပေးသွားမည်ဟု ဒီဇင်ဘာ ၂၉ ရက်က အမေရိကန် နိုင်ငံ ၀ါရှင်တန်မြို့တော်ရှိ တရုတ်သံရုံး၏ ဝက်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။ ထိုလုပ်ဆောင်ချက်သည် COVID-19 ကပ်ရောဂါကာလအတွင်း ထိခိုက်ခဲ့ရသည့် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးကို ပြန် လည်မြှင့်တင်ရန်နှင့် ခရီးသွားကဏ္ဍကို အသက်သွင်းရန် တရုတ်၏ နောက်ဆုံးလှုပ်ရှားမှုတစ်ခု ဖြစ်သည်။ အမေရိကန်ရှိ ခရီးသွားဗီဇာလျှောက်ထားသူများအနေနှင့် ၎င်းတို့၏ လေယာဉ်လက်မှတ် ဘွတ်ကင်တင်ထားမှုများ၊ ဟိုတယ်တွင် စာရင်းပေးထားမှုများ သို့မဟုတ် ဖိတ်ကြားစာများကို တင်ပြရန်လိုအပ်တော့မည် မဟုတ်ကြောင်း တရုတ်သံရုံး၏ ကြေညာချက် တွင် ဖော်ပြခဲ့့သည်။ အစောပိုင်းကလည်း တရုတ်သည် ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် မလေးရှားပတ်စ်ပို့ ကိုင်ဆောင်သူများကို ဒီ ဇင်ဘာ ၁ ရက်မှစပြီး ဗီဇာမလိုဘဲ ဝင်ခွင့်ပေးကြောင်း ကြေညာခဲ့သည်။ ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ကို ၁၂ လကြာ သတ်မှတ်ထားပြီး အဆိုပါ ခြောက်နိုင်ငံမှ ခရီးသွားများအနေဖြင့် ဗီဇာမလိုဘဲ တရုတ်တွင် ၁၅ ရက်ကြာ နေထိုင်နိုင်ကြောင်း ကြေညာခဲ့သည်။ ထို့ပြင် နိုဝင်ဘာလကလည်း တရုတ်သည် ဗီဇာကင်းလွတ်ခွင့်ပေးသည့် နိုင်ငံစာရင်းကို ၅၄ နိုင်ငံအထိ တိုးမြှင့်ခဲ့သည်။ COVID-19 ကပ်ရောဂါကာလအတွင်း တရုတ်၏ တင်းကျပ်သည့် ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကြောင့် ပြည်ပခရီးသွားဝင်ရောက်မှုအရေအတွက် ကျဆင်းခဲ့သည်။ ပြီးခဲ့သည့်နှစ်က…
ဇန်နဝါရီ ၁ ရက်က ဂျပန်နိုင်ငံအလယ်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၅ မဂ္ဂနီကျုဒ်ရှိ အင်အားပြင်းငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး နောက် မြောက်ဘက်ကမ်းရိုးတန်းတွင် အမြင့်တစ်မီတာကျော်ရှိသည့် ဆူနာမီလှိုင်း ရိုက်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ အာဏာပိုင်များက ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားပြီး ငလျင်လှုပ်ခတ်ရာဒေသတွင် နေထိုင်သူများကိုလည်း ကုန်းမြင့် ဒေသများဆီသို့ ပြောင်းရွှေ့နေထိုင်ရန် တိုက်တွန်းထားသည်။ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၁ မိ နစ်က အိရှိကာဝါ စီရင်စုရှိ ၀ါဂျိမဆိပ်ကမ်းအား ၁ ဒသမ ၂ မီတာ(လေးပေ)အမြင့်ရှိသည့် လှိုင်းလုံးများ ရိုက်ပုတ်ခဲ့သည်ဟု ဂျပန်မိုးလေဝသဌာနက ပြောကြားခဲ့သည်။ ပြင်းအား ၇ ဒသမ ၅ မဂ္ဂနီကျုဒ်ရှိသည့် ဧရာမငလျင်ကြီးသည် ဆယ်မိနစ်ကျော်ကြာ လှုပ်ခတ်ခဲ့သည်ဟု အမေရိကန် ဘူမိဗေတိုင်းတာလေ့လာရေးဌာန(USGS)နှင့် အခြားမိုးလေဝသဌာနများက ဆိုသည်။ ငလျင်ဗဟိုချက်အနီးရှိ အဓိကအဝေးပြေးလမ်းမများကိုလည်း ပိတ်ထားခဲ့သည်ဟု သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။ အင်အားပြင်းငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီးနောက် အိရှိကာဝါ စီရင်စုရှိ ရှိခါ နျူကလီးယား ဓာတ်အားပေးစက်ရုံနှင့် အခြားစက်ရုံများတွင် လက်ရှိအချိန်အထိ မူမမှန်သည့် အခြေအနေများ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဂျပန်အစိုးရပြောခွင့်ရ ယိုရှိ မာဆာဟာယာရှိက အတည်ပြုပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအလယ်ပိုင်း ပထုံဌာနီပြည် နယ်တွင် မြန်မာနိုင်ငံသားအချင်းချင်း အရက် အလွန်အကျွံမူးယစ်သောက်စားပြီး ရန်ဖြစ် ကြရာမှ လူသတ်ထွက်ပြေးနေသူ မြန်မာ လုပ်သားတစ်ဦးကို ထိုင်းနိုင်ငံအရှေ့ပိုင်း ချာချင်ဆောင်ပြည်နယ်တွင် ငါးရက်အကြာ ဒီဇင်ဘာ ၂၉ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံအလယ်ပိုင်း ပထုံဌာနီပြည် နယ်၊ လတ်လွန်ကျောမြို့နယ်၊ နားမိုင်းရပ် ကြက်ဝိုင်းတစ်ခုတွင် ဒီဇင်ဘာ ၂၅ ရက်က မကြာခဏ ပစ္စည်းပျောက်ဆုံးမှုကြောင့် ည အိပ်စောင့်ဆိုင်းနေသည့် မြန်မာလုပ်သား အချင်းချင်း အရက်အလွန်ကျွံမူးယစ်သောက် စားပြီးနောက် စကားများရန်ဖြစ်ရာမှ လူသတ် မှုကျူးလွန်ကာ ထွက်ပြေးရှောင်တိမ်းနေခြင်း ဖြစ်ကြောင်း သိရသည်။ ဒေသရဲတပ်ဖွဲ့ဌာနနှင့် လူဝင်မှုကြီးကြပ် ရေးရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တို့က သံသယရှိ လူသတ်မှုကျူးလွန်သူကို ဖမ်းဝရမ်း ထုတ်ပြန်ပြီးနောက် ဒီဇင်ဘာ ၂၉ ရက်က ချာချင်ဆောင်ပြည်နယ်၊ ဖနွန်စမ်ခမ်မြို့နယ်၊ ဗန်းဆောင်းရပ်ကွက် နေအိမ်အခန်းရှေ့တွင် ထွက်ပြေးတိမ်းရှောင်နေသူ မြန်မာလုပ်သား ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘက်မှလာသော သတင်းများအရ သိရ သည်။ “သင်ခန်းစာယူစရာပါ။ ထိုင်းနိုင်ငံ အလယ်ပိုင်းမှာ လူသတ်မှုကျူးလွန်ပြီးတော့ ထိုင်းနိုင်ငံအရှေ့ပိုင်း ချာချင်ဆောင်ပြည် နယ်ထဲမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဝရမ်းအမိန့် အရ ပြန်လည်ဖမ်းမိခြင်းဖြစ်ပါတယ်။ ထိုင်း ရောက် မြန်မာအချင်းချင်း လူသတ်မှု၊ လက် ရောက်မှုရဲ့အဆုံးစွန်ထိဖြစ်တယ်ဆိုတာ အင် မတန်အမင်္ဂလာသတင်းဖြစ်ပါတယ်။ မိခင် ထိုင်းနိုင်ငံသားတွေရဲ့ ရွံရှာမုန်းတီးစက်ဆုပ် မှုကြားထဲမှာ အခြားသော မြန်မာနိုင်ငံသား တွေ ရှင်သန်ရမယ့်ဘဝဟာ ရေရှည်မှာ မကောင်းပါဘူး။ အဲဒါကြောင့် တစ်ယောက် နဲ့တစ်ယောက် စကားခွန်းကြီးခွန်းငယ်များချင်များပါ။ လူ့အသက်ဆုံးရှုံးလောက်တဲ့အထိ…
ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကိုးလအတွင်း လူဦးရေ ၂ ဒသမ ၁ သန်းကျော်ကို နိုင်ငံသားကတ်ပြား ထုတ်ပေးရန် လျာထားဆောင်ရွက်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။ ဒီဇင်ဘာ ၃၀ ရက်က အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးက လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ရာတွင် အဓိကကျသည့် မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်း၊ ပန်းခင်းစီမံချက်လုပ်ငန်းများ၊ e-ID စနစ်လုပ်ငန်းနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက ကောက်ယူခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်အထိ e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် အိမ်ထောင်စု ၁၂ သန်းကျော်၊ အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စု ၂ ဒသမ ၈ သန်းကျော် စုစုပေါင်းအိမ်ထောင်စု ၁၅ သန်းခန့် ကောက်ယူပြီးစီးခဲ့ပါကြောင်း၊ နယ်မြေဒေသလုံခြုံရေး အခြေအနေအရ အချို့ဒေသအနည်းငယ်သာ ကောက်ယူရန်ကျန်ရှိပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းမှရရှိသည့် အိမ်ထောင်စုလူဦးရေ စာရင်းအချက်အလက်များကို သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် ကော်မတီအဆင့်ဆင့်က စိစစ်အတည်ပြုကြပြီး ဗဟိုကော်မတီသို့ သတ်မှတ်ကာလအတွင်း ပြုစုတင်ပြကြရမည်ဖြစ်ပြီး…
ဒီဇယ်ဆီဈေးနှုန်းတိုးမြင့်လာမှုကြောင့် မော်လမြိုင် – ရန်ကုန်ပြေးဆွဲနေသည့် လေအိတ်ရထားနှင့် ရိုးရိုးရထား လက်မှတ်ဈေးနှုန်းများအား ဇန်နဝါရီ ၁ ရက်မှစတင်ကာ တိုးမြှင့်ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ကြောင်း မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူများထံမှ သိရသည်။ မော်လမြိုင် – ရန်ကုန် ပြေးဆွဲနေသည့် လေအိတ်ရထား အထက်တန်းအား ကျပ် ၁၁၀၀၀၊ ရိုးရိုးတန်းအား ကျပ် ၆၀၀၀၊ ရိုးရိုးရထား (AAR) အထက်တန်း ကျပ် ၁၀၀၀၀ နှင့် ရိုးရိုးတန်း ကျပ် ၅၀၀၀ အဖြစ် ဈေးနှုန်းများ တိုးမြှင့်ပြောင်းလဲပြင်ဆင်သတ်လိုက်ကြောင်း မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ၎င်းကဆက်လက်ပြီး “အဓိကကတော့ ရထားတွေကို ဒီဇယ်ဆီနဲ့ ပြေးဆွဲနေရတော့ ဒီဇယ်ဆီဈေး မြင့်တက်လာတဲ့အတွက်ကြောင့် ရထားလက်မှတ်ဈေးနှုန်းတွေ တိုးမြှင့်လိုက်ရတာပါ” ဟု ပြောကြားသည်။ ဇန်ဝါရီလအတွင်း လေအိတ်ရထားအား (စုံ) ရက်၊ ရိုးရိုးရထား (AAR) အား (မ) ရက် ပြေးဆွဲသွားဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၂၃ ခုနှစ်အတွင်း Google တွင် ရှာဖွေခံရမှုအများဆုံး ဘောလုံးသမားစာရင်း၌ (၂၁)ရာစု ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားများအဖြစ် သတ်မှတ်ခံထားရသည့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီနှင့် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှ ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုတို့က ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြသည်။ မက်ဆီသည် တစ်လလျှင် ပျမ်းမျှရှာဖွေခံရမှုနှုန်း (၁၈.၄)သန်း ရှိခဲ့ပြီး စီရော်နယ်လ်ဒိုမှာမူ တစ်လလျှင် (၁၅.၂)သန်း ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးနောက်တွင် ဘာပေက (၁၂.၅)သန်း၊ ဟာလန်းက (၁၁.၇)သန်း၊ နေမာက (၁၀.၈)သန်း၊ ဗင်နီစီယပ်စ်က (၄.၁)သန်း၊ ဟာရီကိန်းက (၃.၈)သန်း၊ ဘယ်လင်ဟမ်က (၃.၂)သန်း)၊ ဘန်ဇီမာက (၁.၈)သန်း၊ လီဝန်ဒေါစကီးက (၁.၅)သန်းဖြင့် အစဉ်လိုက်ရပ်တည်ခဲ့ကြသည်။
MLWC ရိုးရာလက်ဝှေ့ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ-၁၊ သုဝဏ္ဏ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို မြန်မာ-ထိုင်းစိန်ခေါ်ပွဲအဖြစ် ထိုးသတ်မည့် ကျော်စွာဝင်း(မြန်မာ)၊ ရာမာန်(မြန်မာ)၊ ၀ိုရာဂျက်လက် (ထိုင်း)၊ ပေါင်ဆီရီ(ထိုင်း)တို့ တက်ရောက်မည်ဖြစ်သည်။ MLWC ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့)၊ မွန်းလွဲ ၁ နာရီမှစ၍ ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲအတွက် လက်မှတ်စျေးနှုန်းများကို ကျပ် ၅၀၀၀၀ နှင့် ၃၀၀၀၀ သတ်မှတ်ထားပြီး ရိုးရိုးတန်းနေရာများကို အခမဲ့ဝင်ရောက်ကြည့်ရှုခွင့်ပြုထားကြောင်း သိရသည်။ လက်မှတ်စျေးနှုန်း ကျပ် ၅၀၀၀၀၊ ၃၀၀၀၀ သတ်မှတ်ထားသည့် ကြိုးဝိုင်းဘေးနေရာများ၏ ထိုင်ခုံအရေအတွက်ကို အကန့်အသတ်ဖြင့်သာ ရောင်းချမည်ဖြစ်သည်။ ပြိုင်ပွဲကို Sky Net Sports ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။ တွဲဆိုင်းများအဖြစ် ကိုကိုနှင့် တိုင်းကျော်၊ မိုးဟိန်းနှင့် နိုင်အောင်ရှင်၊ သူရဲကောင်းနှင့် ကောင်းဆက်နိုင်၊ စောဘဟိန်းနှင့် အဖိုးသွေး၊ ဒုခေါင်တွဲဆိုင်းအဖြစ် ရာမာန် (မြန်မာ) နှင့် ထိုင်းနိုင်ငံသား မွေထိုင်းသမား ၀ိုရာဂျက်လက်၊ အဓိကခေါင်တွဲဆိုင်းအဖြစ် ကျော်စွာဝင်း (မြန်မာ) နှင့် ထိုင်းနိုင်ငံသား မွေထိုင်းသမား ပေါင်ဆီရီတို့ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။ ဒုခေါင်တွဲဆိုင်းအဖြစ် ထိုးသတ်မည့် ရိုးရာလက်ဝှေ့ကျော် ရာမာန်သည် နာမည်ကြီး ရိုးရာလက်ဝှေ့သမားများဖြစ်သည့် ထွန်းထွန်းမင်း၊ သွေးသစ်ဝင်းလှိုင်၊ ဖျံသွေး၊ ယှူးခလိန်းမင်း၊ နေထူးထူး…
၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲများကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး လာမည့် ဇွန်၊ ဇူလိုင်တွင် ကျင်းပပြုလုပ်သွားရန် လျာထားလျက်ရှိကြောင်း သိရသည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ ခုနှစ်အတွင်း စီနီယာလက်ရွေးစင်အသင်းကြီးပြိုင်ပွဲများဖြစ်သည့် ၂၀၂၄ အာဆီယံမစ်ဆူဘီရှီအီလက်ထရစ်ဖလားပြိုင်ပွဲ၊ အာဆီယံအမျိုးသမီးဖလားပြိုင်ပွဲတို့ကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ လက်ရှိတွင် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် ၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အာဆီယံ ယူ-၁၉ ချန်ပီယံ ရှစ်ပြိုင်ပွဲများ၏ အိမ်ရှင်နိုင်ငံကို အင်ဒိုနီးရှား၊ ၂၀၂၄ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ နှင့် အာဆီယံသဲသောင်ပြင်ဘောလုံးပြိုင်ပွဲများ၏ အိမ်ရှင်နိုင်ငံကို ထိုင်းနိုင်ငံတို့အား ရွေးချယ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် လက်ရှိတွင် မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်းကို ဖွဲ့စည်းထားသော်လည်း မြန်မာ ယူ-၁၆ လက်ရွေးစင်အသင်းကိုမူ ဖွဲ့စည်းထားရသေးခြင်းမရှိကြောင်း သိရသည်။ မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်းကို ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ်ဟောင်း ဦးအောင်နိုင်က တာဝန်ယူကိုင်တွယ်နေလျက်ရှိသည်။ မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဦးအောင်နိုင်သည် ယခုနှစ်ကုန်ပိုင်းတွင် အသင်းအား ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ -၁၉ အသင်းသည်၂၀၂၃ ခုနှစ်အတွင်း Junior Lions အသင်းအမည်ဖြင့် MNL-2 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည် ယင်းပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာတွင် အသင်းအားပြန်လည်ဖွဲ့စည်းကာ လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်။ ဦးအောင်နိုင်သည် MNL ကလပ် ရှမ်းယူနိုက်တက်အသင်းတွင် နည်းပြချုပ်/နည်းစနစ်ဒါရိုက်တာအဖြစ် ကာလအတန်ကြာ တာဝန်ယူဆောင်ရွက်ခဲ့ပြီး…
မန်ယူအသင်း၏ ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်က မန်ယူနည်းပြ တန်ဟက်ဂ်အနေဖြင့် တိုက်စစ်ကစားသမား အန်တိုနီကို ပွဲထွက်စာရင်းမှ ချန်လှပ်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ပီတာရှမိုက်ကယ်က အန်တိုနီသည် နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင် ပွဲ၏အခြေအနေကို နားမလည်ခဲ့ကြောင်းနှင့် အသင်းဖော်များအား အခက်တွေ့စေခဲ့ကြောင်းလည်း ဝေဖန်ပြစ်တင်ခဲ့သည်။ ”အန်တိုနီရဲ့ အနေအထားအပေါ် တန်ဟက်ဂ် ပြန်စဉ်းစားသင့်ပါတယ်။ သူက အသင်းဖော်တွေကို အခက်တွေ့စေပါတယ်။ သူက အခွင့်အရေးတွေ အများကြီးရရှိထားပေမဲ့ ဒီရာသီမှာ ဂိုးလည်းမသွင်းနိုင်သလို၊ ဖန်တီးမှုလည်း မလုပ်နိုင်ပါဘူး။ သူ ကြိုးစားနေတယ်ဆိုပေမဲ့ သူ့နေရာအတွက် စဉ်းစားသင့်ပါပြီ” ဟု ပီတာရှမိုက်ကယ်က ပြောကြားခဲ့သည်။
ကမ္ဘာကျန်းမာရေးအဖွဲ့(WHO) က ဆဲလ်ဖုန်း(Cellphone) များကို ဦးနှောက်ကင်ဆာရောဂါ ဖြစ်ပွါးနိုင်တဲ့ကင်ဆာ(Carcinogen)တစ်မျိုးအဖြစ်သတ်မှတ်ထားရာနည်းလမ်း(၈)သွယ်နဲ့ကိုယ့်ရဲ့ဆဲလ်ဖုန်းဆုံးစွဲမှုပိုမိုဘေးကင်းစေသင့်တယ်။ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)ကဆဲလ်ဖုန်းကိုအသုံးပြုခြင်းဟာဦးနှောက်ကင်ဆာဖြစ်ပွါးစေတယ်လို့ဖော်ပြထားလို့ ကိုယ်ကဖုန်းခေါ်ဖို့နှစ်ခါစဉ်းစားသင့်ပါတယ်။ လူများအတွက်မရှိမဖြစ်အသုံးပြုနေရတဲ့ပစ္စည်းတစ်ခုကိုဦးနှောက်ကင်ဆာနဲ့ဆက်နွယ်နေတယ်လို့သိရှိရခြင်းမှာစိုးရိမ်ထိတ်လန့်ဖွယ်ရာပဲဖြစ်တယ်။ဆဲလ်ဖုန်းများအသုံးပြုရမှုကိုစွဲလန်းနေသူများဟာကျန်းမာရေးဆိုးကျိုးကိုလျော့ချနိုင်ဖို့လုပ်ဆောင်နိုင်တဲ့အရာများစွာရှိပါတယ်။ ကင်ဆာရောဂါနဲ့ဆက်နွယ်နိုင်တဲ့အကြောင်းရင်းများအားလုံးဟာဆဲလ်ဖုန်းများကထုတ်လွှတ်တဲ့လျှပ်စစ်သံလိုက်လှိုင်း(Electric Magnetic Radiation)တွေကြောင့်သာ ဖြစ်တယ်။ ကိုယ်ကအဆိုပါလှိုင်းတွေနဲ့ထိတွေ့မှုကိုလျော့ချလိုက်ရင်၊ကင်ဆာရောဂါနဲ့ဆက်နွယ်မှုကိုလည်းလျော့ချနိုင်မှာပဲဖြစ်တယ်။ (၁)နားကြပ်အသုံးပြုကာစကားပြောသင့်ပါတယ်။နားကြပ်များဟာဆဲလ်ဖုန်းတွေထက်လျှပ်စစ်သံလိုက်လှိုင်းထုတ်လွှတ်မှုပိုမိုနည်းပါတယ်။ဒါပြင်နားကြပ်အသုံပြုခြင်းကဖုန်းဟာဦးခေါင်းနဲ့ကပ်မနေတော့ဘူး။လှိုင်းလွှတ်တဲ့ရင်းမြစ်နေရာမှဝေးလေလေ၊ထိခိုက်မှုနည်းပါးလေလေဖြစ်တယ်။ (၂)ဖြစ်နိုင်ရင်၊စာတိုပို့စနစ်နဲ့ပြောဆိုသင့်ပါတယ်။ပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများအဖွဲ့(EWG_Environtal workingGroup)ရဲ့ပြောကြားချက်အရဆဲလ်ဖုန်းဟာစကားပြောစဉ်ထက်၊စာတိုရိုက်ပို့နေ့ချိန်မှာစွမ်းအင်ကိုပိုမိုနည်းပါးစွာအသုံးပြုတယ်။သည်လိုနည်းနဲ့လျှပ်စစ်သံလိုက်လှိုင်းများကိုလည်းပိုမိုနည်းပါးစွာထုတ်လွှတ်တယ်။စာတိုပို့ပါကဖုန်းကိုဦးနှောက်နားဆီကပ်စရာလည်းမလိုတော့လို့လှိုင်းထုတ်လွှတ်ရာရင်းမြစ်နဲ့လည်းဝေးစေပါတယ်။ (၃)ဆဲလ်ဖုန်းကိုတိုတိုသာပြောရတဲ့စကားတွေအတွက်သုံးသင့်ပါတယ်။ဆဲလ်ဖုန်းကိုကိုယ့်ရဲ့ညီ၊ညီမနဲ့အပြန်အလှန်အချိန်ကြာမြင့်စွာစကားစမြည်ပြောဆိုမှုများအတွက်မသုံးသင့်ပါဘူး။ဆဲလ်ဖုန်းနဲ့ပြောဆိုသူများအတွက်မသုံးသင့်ပါဘူး။ဆဲလ်ဖုန်းနဲ့အသုံးပြုချိန်ပြောဆိုတဲ့အချိန်ကိုတိုနိုင်သမျှတိုအောင်ပြောသင့်တယ်။စကားစမြည်ပြောဆိုမယ့်အခါရောက်ရင်ကြိုးဖုန်းကိုအသုံးပြုသင့်ပါတယ်။ (၄)ဆဲလ်ဖုန်းများရဲ့အချက်ပြ(signal )တုံးလေးများကိုစောင့်ကြည့်သင့်ပါတယ်။လိုင်းမကောင်းလို့ကြိုးစားပြောဆိုနေရရင်ဖုန်းခေါ်ဆိုမှုကိုရပ်တန့်ပြီး၊လိုင်းပြန်ကောင်းတဲ့အခါမှထပ်မံခေါ်ဆိုသင့်ပါတယ်။ကိုယ့်ရဲ့ဆဲလ်ဖုန်းမှာအချက်ပြတုံး(Signal)များလျော့နည်းနေတဲ့အခါဖုန်းကပိုမိုအလုပ်လုပ်ရလိုလျှပ်စစ်သံလိုက်လှိုင်းများပိုမိုထုတ်လွှတ်ပါတယ်။ (၅)တတ်နိုင်သမျှဖုန်းကိုနားနဲ့ကပ်မထားသင့်ပါဘူး။ကျန်းမာရေးဝက်ဆိုက်(Health com.)ဝက်ဆိုက်ရဲ့အကြံပေးချက်အရဖုန်းကိုနံပါတ်နှိပ်ခေါ်ဆိုနေချိန်မှာနားနဲ့ဝေးဝေးမှာထားရှိသင့်ပါတယ်။သည်လိုလျှပ်စစ်သံလိုက်လှိုင်းတွေနဲ့ထိတွေ့မှုကိုလျော့နည်းစေနိုင်ရမယ်။ကိုယ်စကားပြောတဲ့အချိနိမှာဖုန်းကိုနားနဲ့ခွာထားပြီး၊နားထောင်တဲ့အခါမှနားနဲ့ကပ်ထားသင့်ပါတယ်။ဘာလိုလဲဆိုတော့၊လျှပ်စစ်သံလိုက်လှိုင်းထုက်လွှတ်မှုဟာဆဲလ်ဖုန်းကအချက်ပြခြင်း(signal)များကိုလက်ခံနေချိန်မှာအချက်ပြခြင်း(signal)များကိုထုတ်လွှတ်နေချိန်ထက်ပိုမိုလျော့နည်းတာကြောင့်ဖြစ်တယ်။ဆဲလ်ဖုန်းဟာကိုယ်စကားအချက်ပြခြင်း(signal)များကိုလက်ခံနေခြင်းပဲဖြစ်တယ်။ (၆)ဓာတ်လှေကားများ၊ကားများအတွင်းဖုန်းခေါ်ဆိုခြင်းမပြုသင့်ပါဘူး။ကားမောင်းရင်း၊ဓာတ်လှေကားစီးရင်းဖုန်းမပြောသင့်ပါဘူး။ကျန်းမာရေးဝက်ဆိုက်(Healthcom.)ကဖော်ပြရာမှာဆဲဖုန်းဟာအလုံပိတ်ထားတဲ့သတ္တုအကာအရံများအတွင်းဥပမာဓာတ်လှေကား၊ကားတို့ထဲမှာလိုင်းချိတ်ဆက်မှုရရှိနိုင်ဖို့စွမ်းအင်ပိုမိုအသုံးပြုရပါတယ်။ဒါကြောင့်လျှပ်စစ်သံလိုက်လှိုင်းများပိုမိုထုတ်လွှတ်ပါတယ်။ (၇)ကိုယ့်ရဲ့ကလေးများကကြိုးဖုန်းကိုအသုံးပြုသင့်ပါတယ်။ယနေ့ခေတ်မှာမတ်တပ်သွားကာစကလေးငယ်များဟာဆဲလ်ဖုန်းကိုအသုံပြုရတတ်ပါတယ်။ကျွမ်းကျင်သူများပြောဆိုရာမှာကလေးငယ်များဟာလျှပ်စစ်သံလိုက်လှိုင်း(Electromagnetic radiation)တွေကြောင ့်ပိုမိုထိခိုက်လွယ်တယ်လို့ ဆိုတယ်။(EWG)အဖွဲ့ရဲ့အဆိုအရ ကလေးငယ်များဟာလူကြီးများထက်ဆဲလ်ဖုန်းမှထုတ်လွှတ်တဲ့လျှပ်စစ်သံလိုက်လှိုင်း(electromagnetic radiation)များကိုနှစ်ဆခန့်ပိုမိုစုပ်ယူရရှိနိုင်တယ်လို့ဆိုတယ်။နယူးယော့တိုင်း(New York Time)သတင်းစာကြီးအဆိုအရဗြိတိန်နိုင်ငံ၊ပြင်သစ်နိုင်ငံ၊ဂျာမနီနိုင်ငံနဲ့ရုရှားနိုင်ငံများရှိကျန်းမာရေးအာဏပိုင်းများဟာကလေးများဆဲလ်ဖုန်းအသုံးပြုခြင်းနဲ့ပက်သက်ပြီးသတိပေးချက်များထုတ်ပြန်ထားတယ်။ (၈)လျှပ်စစ်သံလိုက်လှိုင်းထုတ်လွှတ်မှုနည်းပါးတဲ့ဖုန်းများဝယ်သင့်ပါတယ်။အချို့ဆဲဖုန်းများဟာ၊အခြားဆဲလ်ဖုန်းများထက်လျှပ်စစ်သံလိုက်လှိုင်း(radiations)များပိုမိုထုတ်လွှတ်တက်ပါတယ်။ကိုယ်ကဖုန်းအသစ်ဝယ်တော့မယ်ဆိုရင်အကြံပေးထားတာကဖုန်းရဲ့(SAN-specific absortion rate)အက်အေအင်ကိုကြည့်ရှု သင့်တယ်။ယင်းမှာကိုယ်ခန္ဓာကစုပ်ယူနိုင်တဲ့ဓာတ်ရောင်ခြည်(radiation) ပမာဏကိုတိုင်းတားးတဲ့နည်းလမ်းတစ်ခုဖြစ်တယ်။သူ့ကိုအချို့ဖုန်းများရဲ့အသုံးပြုမှုလမ်းညွှန်စာအုပ်များမှာရေးသားထားတာတွေ့ရပါတယ်။ဆဲလ်ဖုန်းများရဲ့အက်အေအေ(SAAS)များကိုအင်တာနက်ပေါ်မှာလည်းရှာဖွေနိုင်ပါတယ်။အက်အေအေ(SAAS)ပမာဏ(၀.၃၅-၁.၅၉)(W/Kg)အထိအမျိုးမျိုးကိုတွေ့ရှိနိုင်ပါတယ်။ လက်ကိုင်မိုဘိုင်းဖုန်းအသုံးပြုတာကဦးနှောက်ထဲအကြိတ်ဖြစ်နိုင်ချေများတယ်လို့ကင်ဆာရောဂါနဲ့ပက်သက်ပြီးကမ္ဘာကျန်းမာရေးအဖွဲ့(WHO)အကြံပေးနေတဲ့အတိုင်ပင်ခံအဖွဲ့ကပြောပါတယ်။လက်ကိုင်ဖုန်းအမျိုးမျိုးအတွက်ဆက်သွယ်ရေးတာဝါတိုင်တွေကရပ်ကွက်၊လူနေစိတ်တဲ့မြို့လယ်နေရာတွေပါမကျန်နေရာအနှံ့ဆောက်လုပ်လာကြတယ်။ဆေးရုံအနီး၊ကျောငျး၊ခနျးမအနီးမရှောငျ၊ဖုနျးကုမ်မဏီများကနေရာငှားလာရင်ကျန်းမာရေးအထိမလေ့လာပဲ၊အိမ်ပိုင်ရှင်၊မြေပိုင်ရှင်တွေကမြေငှားစမြိုးးမြိုးးမျက်မျက်လေးရတာတစ်ခုထဲမြင်ကာ၊ကိုယ့်အိမ်အမိုးပေါ်(သို့)အိပ်ဝန်းထဲမှာ၊ဖုန်းတာဝါတွေကိုစိုက်ထူခဲ့ကြတယ်။ နေ့တဓူဝထွက်ရှိနေတဲ့လျှပ်စစ်သံလိုက်စက်လွင်း(Electro_megnetic wave)ရဲ့ဆိုးကျိုးကိုကိုယ်အပါဝင် မိသားစုဝင်ရော၊ပတ်ဝန်းကျင်အနီးရှိလူတွေအားလုံးပါ၊မဆီမဆိုင်ခံစားကြရပါတယ်။ဒါကြောင့်တစ်နပ်စာဝင်ငွေရရှိရုံလေနဲ့ကိုယ့်အတွက်ရော၊ပတ်ဝန်းကျင်ရှိကလေးလူကြီးအတွက်ပါ၊ကျန်းမာရေးဆိုင်ရာအန္တရာယ်ရှိတဲ့မိုဘိုင်းဖုန်းတာဝါတွေအကြောင်းလေ့လာသင့်ပါတယ်။ အဆိုပါတာဝါတွေကြောင့်ဦးနှောက်ကင်ဆာဖြစ်နိုင်တယ်လို့ကက်စလူဝါ(Kusliwals)ဆိုသူဂျော်ပါးစ်၊(Jorpurs)မြို့မှာနေထိုင်သူကပြောတယ်။သူအိမ်နီနားမှာဖုန်းတာဝါ(၃)ခုလာတောင်အကြီးမှာသူနဲ့အခြားသူတစ်ယောက်မှာဦးနှောက်ကင်ဆာခံစားလာရတာပါပဲ။ဒါပြင်သူ့ပတ်ဝန်းကျင်ကအိမ်နီချင်းမိသားစု(၅၀)မှာလည်းသာမနျနဲ့သာမနျထကျပိုတဲ့ရောဂါလက်ခဏာတွေခံစားကြရတာတွေကြရခဲ့တယ်။ သူတို့မှာအရင်တုန်းကဘယ်မိသားစုဝင်မှကင်ဆာဖြစ်ဖူးတာ၊ဖျားနာတာပင်မရှိပါဘူး။ဒါကိုကျွမ်းကျင်သူတွေကလက်ခံသဘောတူခဲ့ပြီး မိုဘိုင်းတာဝါနဲ့အနီး၊မီတာငါးဆယ်အတွင်းနေထိုင်သူတွေဟာမိုက္ကရိုစ ဝေ့သံလိုက်လှိုင်း(Microwave)မီးဖိုနဲ့(၂၄)နာရီပတ်လုံးထိတွေ့နေရသူတွေနဲ့အလေးတူညီတယ်လို့လျှပ်စစ်အင်ဂျီနီဟာဌာနမှူးပါမောက္ခဂျီရစ်ရှိကူးမား(prof Girich kumer)ကသတိပေးခဲ့တယ်။ဓာတ်ရောင်ခြည်(Radiation wave)ရဲ့ဖြာထွက်နေပုံအန္တရာယ်ပေးပုံတွေကိုသုတေသနစာတမ်းတင်ပြခဲ့တယ်။ဦးနှောက်(၂၀၁၀)ဇန်နဝါရီမှာဝန်ကြီးဌာနအလိုက်ကော်မတီကလှိုင်း(wave)ထုတ်လွှတ်မှုကို၄၅၀(၄၅၀)ကာ(450mgm)ထိလျော့ချဖို့အကြံပြုစာညွှန်ကြားချက်ထုတ်ခဲ့ပေမယ့်၊အခုထက်တိုင်၊အကောင်ထည်မဖော်ပေးနိုင်လို့ပြောပါတယ်။ဦးနှောက်ကင်ဆာမဖြစ်အောင်တာဝါတိုင်နဲ့ဝေးဝေးကနေ၊ဖုန်းနည်းနည်းပဲပြောသင့်ပါတယ်။