Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Saturday, May 24
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 1 Views

ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကိုးလအတွင်း လူဦးရေ ၂ ဒသမ ၁ သန်းကျော်ကို နိုင်ငံသားကတ်ပြား ထုတ်ပေးရန် လျာထားဆောင်ရွက်မည်ဟု သိရ

January 1, 20242 Mins Read
Share
Facebook Twitter

ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကိုးလအတွင်း လူဦးရေ ၂ ဒသမ ၁ သန်းကျော်ကို နိုင်ငံသားကတ်ပြား ထုတ်ပေးရန် လျာထားဆောင်ရွက်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။

ဒီဇင်ဘာ ၃၀ ရက်က အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ရာတွင် အဓိကကျသည့် မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်း၊ ပန်းခင်းစီမံချက်လုပ်ငန်းများ၊ e-ID စနစ်လုပ်ငန်းနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက ကောက်ယူခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်အထိ e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် အိမ်ထောင်စု ၁၂ သန်းကျော်၊ အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စု ၂ ဒသမ ၈ သန်းကျော် စုစုပေါင်းအိမ်ထောင်စု ၁၅ သန်းခန့် ကောက်ယူပြီးစီးခဲ့ပါကြောင်း၊ နယ်မြေဒေသလုံခြုံရေး အခြေအနေအရ အချို့ဒေသအနည်းငယ်သာ ကောက်ယူရန်ကျန်ရှိပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းမှရရှိသည့် အိမ်ထောင်စုလူဦးရေ စာရင်းအချက်အလက်များကို သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် ကော်မတီအဆင့်ဆင့်က စိစစ်အတည်ပြုကြပြီး ဗဟိုကော်မတီသို့ သတ်မှတ်ကာလအတွင်း ပြုစုတင်ပြကြရမည်ဖြစ်ပြီး ဗဟိုကော်မတီမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်တင်ပြ၍ အတည်ပြုစာရင်းများအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လွှဲပြောင်းပေးပို့ကြရမည်ဖြစ်ရာ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် စာရင်းဇယားမှန်ကန်စွာ ပြုစုနိုင်ရန်အရေးကြီးပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းစာရင်းများအရ ကိုင်ဆောင်ကတ်ပြားမရှိသေးသည့် မဲပေးပိုင်ခွင့်ရှိသူများကိုလည်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ထုတ်ပေးရေးလုပ်ငန်းကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပန်းခင်း စီမံချက်အဆင့်(၁)ဖြင့် လူဦးရေ ၃ ဒသမ ၄ သန်းကျော်၊ ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် လူဦးရေ ၁ ဒသမ ၄ သန်းကျော်ကို ထုတ်ပေးဆောင်ရွက်ပြီးဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထုတ်ပေးရန် အနည်းငယ်ကျန်ရှိနေသေးပါကြောင်း၊ ယခုအခါမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာ၌ တွေ့ရှိချက်များအရ ရွှေ့ပြောင်းနေထိုင်သူများတွင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ်ပြားများ မရရှိသေးသူများ ရှိနေသည့်အတွက် ၎င်းတို့အား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ်ပြား ထုတ်ပေးနိုင်ရေးနှင့် လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း အသက် ၁၈ နှစ် ပြည့်လာမည့်သူများကို နိုင်ငံသားကတ်ထုတ်ပေးနိုင်ရေးတို့အတွက် ပန်းခင်းစီမံချက် အဆင့် (၃) ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကိုးလတာကာလအတွင်း လူဦးရေ ၂ ဒသမ ၁ သန်းကျော်ကို နိုင်ငံသားကတ်ပြား ထုတ်ပေးရန် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်း၊ ပန်းခင်းစီမံချက်နှင့် e-ID စနစ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ မဲစာရင်း မှန်ကန်ရေးအတွက် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာအခက်အခဲများ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို တင်ပြကြကြောင်း သိရသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှညွှန်ကြား ရေးမှူးချုပ်များက အုပ်ချုပ်မှုဆိုင်ရာ အားနည်းချက် အားသာချက်များ၊ ဦးစီးဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုအပေါ် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည့်အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးကြကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleဒီဇယ်ဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် မော်လမြိုင် – ရန်ကုန် ရထားလက်မှတ်ဈေးနှုန်းများ တိုးမြှင့်သတ်မှတ်
Next Article ထိုင်းနိုင်ငံတွင် အရက်သောက်ပြီး ရန်ဖြစ်ရာမှ လူသတ်ထွက်ပြေးနေသူ မြန်မာနိုင်ငံသားကို ငါးရက်အကြာတွင် ဖမ်းဆီးရမိ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.