ဒီဇယ်ဆီဈေးနှုန်းတိုးမြင့်လာမှုကြောင့် မော်လမြိုင် – ရန်ကုန်ပြေးဆွဲနေသည့် လေအိတ်ရထားနှင့် ရိုးရိုးရထား လက်မှတ်ဈေးနှုန်းများအား ဇန်နဝါရီ ၁ ရက်မှစတင်ကာ တိုးမြှင့်ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ကြောင်း မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူများထံမှ သိရသည်။
မော်လမြိုင် – ရန်ကုန် ပြေးဆွဲနေသည့် လေအိတ်ရထား အထက်တန်းအား ကျပ် ၁၁၀၀၀၊ ရိုးရိုးတန်းအား ကျပ် ၆၀၀၀၊ ရိုးရိုးရထား (AAR) အထက်တန်း ကျပ် ၁၀၀၀၀ နှင့် ရိုးရိုးတန်း ကျပ် ၅၀၀၀ အဖြစ် ဈေးနှုန်းများ တိုးမြှင့်ပြောင်းလဲပြင်ဆင်သတ်လိုက်ကြောင်း မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “အဓိကကတော့ ရထားတွေကို ဒီဇယ်ဆီနဲ့ ပြေးဆွဲနေရတော့ ဒီဇယ်ဆီဈေး မြင့်တက်လာတဲ့အတွက်ကြောင့် ရထားလက်မှတ်ဈေးနှုန်းတွေ တိုးမြှင့်လိုက်ရတာပါ” ဟု ပြောကြားသည်။
ဇန်ဝါရီလအတွင်း လေအိတ်ရထားအား (စုံ) ရက်၊ ရိုးရိုးရထား (AAR) အား (မ) ရက် ပြေးဆွဲသွားဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ ထုတ်ပြန်ချက်များအရ သိရသည်။