Author: admin

ကမ္ဘာကျော်ကေပေါ့ပ်အဖွဲ့ BTS ၏ ဖျော်ဖြေပွဲကိုကြည့်ခွင့်ရရေး တောင်ကိုရီးယားသို့သွားရန် အစီအစဉ်ဆွဲထားသည့် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူပြည်နယ်နေ ဆယ်ကျော်သက်ကျောင်းသူသုံးဦး ပြီးခဲ့သည့် ရက်ပိုင်းက နေအိမ်မှပျောက်ဆုံးသွားခဲ့သည်။ ကျောင်းသူသုံးဦးက အစိုးရကျောင်း တစ်ကျောင်းတွင်တက်နေသူများဖြစ်ပြီး BTS ရှိုးပွဲကို ကိုရီးယားအထိသွားကြည့်မည်ဆိုသည့်အကြံဖြင့် နေအိမ်များမှ ထွက်ပြေးသွားခြင်းဖြစ်ကာ၊နောက်ဆုံးတွင် အကြံမအောင်ဘဲ ရဲတပ်ဖွဲ့ကပြန်ကယ်လာခဲ့ရသည်။ ထိုကျောင်းသူသုံးဦးသည် ဇန်နဝါရီ ၄ ရက်က ကျောင်းသို့သွားမည်ဆိုကာ ထွက်သွားကြပြီး အိမ်သို့ပြန်ရောက်မလာကြပေ။ ကျောင်းပျက်ကွက်ကြောင်း ဆရာမများကအကြောင်းကြားလာတော့မှ မိဘများက ရဲသို့လူပျောက်တိုင်ကြတော့သည်။ထို့နောက်ရဲတပ်ဖွဲ့က ရှာဖွေရေးစတင်လိုက်ပြီး ကားမှတ်တိုင် များ၊ ရထားဘူတာများရှိ CCTV မှတ်တမ်းများကို စစ်ဆေးကြသည်။ခြေရာခံမည့်အထူးအဖွဲ့နှစ်ဖွဲ့လည်း ဖွဲ့လိုက်သည်။ မှတ်တမ်းတစ်ခုတွင် ကျောင်းသူသုံးဦးက ရထားတစ်စင်းပေါ်တက်သွားသည်ကိုမြင်ရသဖြင့် ပြန်ပေးဆွဲခံရခြင်းမဟုတ်မှန်း သိလိုက်ရသည်။ ထို့နောက်မီးရထားရဲတပ်ဖွဲ့က ဘူတာအားလုံးကို ချက်ချင်းပင်အကြောင်းကြားလိုက်သည်။နောက်ဘူတာတစ်ခုတွင် ကျောင်းသူသုံးဦးကို ပြန်တွေ့ခဲ့ပြီး ရဲတပ်ဖွဲ့က ပြန်ခေါ်လာခဲ့သည်။ ကျောင်းသူများ၏ထွက်ဆိုချက်အရ သူတို့သုံးဦးထွက်ပြေးလာစဉ်က ပိုက်ဆံအနည်း ငယ်ပါလာကြသည်။ ရှိုးပွဲတွင်ဝတ်စားရန် စျေးဝယ်ခဲ့ကြပြီး ကိုရီးယားသို့ဆက်သွားရန် ငွေအလုံအလောက်မရှိတော့သည့်အတွက် နေရပ်သို့ပြန်လာရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်ရထားလမ်းဆုံတွင် စားစရာဆင်းဝယ်ရင်း ရထားလွတ်သွားကာကျန်နေခဲ့ သည်။ ရထားပေါ်မှခရီးသည်များက ကျောင်းသူများပျောက်နေသည်ကိုသိပြီး ရဲကိုဆက်သွယ်ခဲ့သဖြင့် သူတို့သုံးဦးကိုကယ်နိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီတွင်လည်း ကိုရီးယားသို့သွားကာ BTS နှင့်တွေ့ရန်ရည်ရွယ်ချက်ဖြင့် ဆယ်ကျော်သက်မိန်းကလေးနှစ်ဦး ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှ ပျောက်သွားခဲ့သည်။ထို့နောက်နေအိမ်မှ မိုင်ပေါင်း ၇၅၀ ကျော်အကွာတွင် ပြန်တွေ့ခဲ့သည်။ထိုဖြစ်ရပ်ပေါ်ပေါက်အပြီး သားသမီးများအွန်လိုင်းတွင် ကြည့်ရှုနေသည်များကိုသိရန် ဖုန်းသုံးချိန်တွင် မိဘများသေချာစောင့်ကြည့်ရန်လိုသည်ဟု ရဲတပ်ဖွဲ့က သတိပေးချက်ထုတ်ခဲ့သည်။

Read More

ထိုင်ဝမ်တွင် အရေးပါသော သမ္မတရွေးကောက်ပွဲ မကျင်းပမီ ရက်ပိုင်းအလိုတွင် တရုတ်က ဂြိုဟ်တုတစ်စင်း လွှတ်တင်ခဲ့ပြီးနောက် ဇန်နဝါရီ ၉ ရက်က ထိုင်ဝမ်တစ်ဝန်း အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ အကြိုကာလတွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ ထိုင်ဝမ်၏ လက်ရှိဒုသမ္မတဖြစ်ကာ လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ထိပ်ဆုံးမှရေပန်းစားနေသည့် သမ္မတလောင်း လိုင်ချင်းတယ်က တရုတ်သည် ယခုသီတင်းပတ်ကုန်၌ ကျင်းပမည့် ထိုင်ဝမ်ရွေးကောက်ပွဲကို သြဇာလွှမ်းမိုးရန် နည်းလမ်းမျိုးစုံ အသုံးပြုနေသည်ဟု စွပ်စွဲခဲ့ပြီး နာရီပိုင်းအကြာတွင် ယင်းသတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းရွေးကောက်ပွဲသည် လာမည့်လေးနှစ်တာ ကာလအတွက် ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေး၏ လားရာကို ပုံဖော်ပေးမည်ဖြစ်သည်။ တရုတ်က နက္ခတ္တဗေဒဆိုင်ရာ အချက်အလက်များ ရယူစုဆောင်းမည့် Einstein Probe ဂြိုဟ်တုကို အောင်မြင်စွာလွှတ်တင်ကြောင်း ကြေညာခဲ့စဉ် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ထိုင်ဝမ်တစ်လွှား၌ မိုဘိုင်းဖုန်းများတွင် သတိပေးမက်ဆေ့များ ဝင်လာခဲ့သည်။ “တရုတ်ဟာ တောင်ပိုင်းဝေဟင်ပိုင်နက်ပေါ်ကနေ ပျံသန်းသွားတဲ့ ဂြိုဟ်တုတစ်စင်းကို လွှတ်တင်ခဲ့တယ်” ဟု ထိုင်ဝမ်က တရုတ်ဘာသာဖြင့် သတိဖြင့်နေကြရန် ပြည်သူများကို သတိပေးနှိုးဆော်ခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် ပေးပို့သည့် မက်ဆေ့တွင်မူ ယင်းကို လေကြောင်းမှ စီးနင်းတိုက်ခိုက်မှု သတိပေးချက်ဟု ဖော်ပြခဲ့ပြီး ထိုင်ဝမ်လေပိုင်နက်မှ ဒုံးကျည်တစ်စင်း ဖြတ်ပျံခဲ့သည်ဟု သတိပေးခဲ့သော်လည်း တာဝန်ရှိသူများက ဘာသာပြန်ဆိုမှု မှားယွင်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက အဆိုပါမှားယွင်းမှုအတွက် ပြန်လည်တောင်းပန်ခဲ့သည်။

Read More

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်အတွင်း နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ကျင်းပလေ့ရှိသည့် မန်းရွှေစက်တော် ဘုရား ပွဲတော်ကို အစဉ်အလာမပျက် ကျင်းပမည် ဖြစ်ပြီး ယခုနှစ် ပွဲတော်ကာလသည် ရက် ပေါင်း ၆၄ ရက်ရှိကြောင်း သိရသည်။ တပို့တွဲလဆန်း ၅ ရက်နေ့တွင် စတင် ဖွင့်လှစ် ကျင်းပလေ့ရှိခဲ့သော မန်းရွှေစက် တော် ဘုရားပွဲတော် ဖွင့်ပွဲနေ့သည် ယခုနှစ် တွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျရောက် ကြောင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် ဧပြီ ၁၇ ရက်နေ့တွင် ကျရောက်သောကြောင့် ပွဲတော်ကာလသည် ၆၄ ရက် ကြာမြင့်မည် ဖြစ်ကြောင်းပွဲတော်ကျင်းပရေးအတွက် တည်းခိုဆောင် (တဲကျောင်း) နှင့် ဆိုင်ခန်း များ ဆောက်လုပ်ရန် မြေနေရာစီမံခန့်ခွဲမှု များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မန်းရွှေစက်တော် ဘုရားပွဲတော် ဖွင့်ပွဲ နေ့တွင် အောက်စက်တော်ရာနှင့် အထက် စက် တော်ရာတို့ကို ဖွင့်လှစ်အပူဇော်ခံလေ့ရှိ ကြောင်း ပွဲတော်ပိတ်ပွဲနေ့တွင် စက်တော်ရာ နှစ်ဆူကို ပြန်လည်ပိတ်ထားလေ့ရှိကြောင်း အောက်စက်တော်ရာကို အလင်းပေါက် ဖန် အုပ်ဆောင်းဖြင့် ဖုံးအုပ်ထားသောကြောင့် ပွဲတော်ချိန်ပြင်ပတွင်လည်း မြင်တွေ့ဖူးမြော် နိုင်ကြောင်း သိရသည်။ “ပွဲတော်တွင်း တဲကျောင်းနဲ့ ဆိုင်ခန်း တွေ အ တွက် တင်ဒါခေါ်တာတွေ စတင်နေပါ ပြီ။ ဆိုင်ခန်းတွေ တဲကျောင်းတွေလည်း ပုံမှန် ကျင်းပနေကျ အရေအတွက်တွေအတိုင်း တည်ဆောက်မယ်လို့ သိရပါတယ်။ ကျွန်…

Read More

မွန်ပြည်သစ်ပါတီပြင်ပ ပုဂ္ဂိုလ်များကို တိုးချဲ့ဗဟိုကော်မတီဝင်အဖြစ် ပါဝင်ခွင့်ပြု သွားမည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုညီလာခံ က ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း မွန်ပြည် သစ် သတင်းစဉ်က ယမန်နေ့ ဇန်နဝါရီလ ၉ ရက်က သတင်းဖော်ပြချက်အရ သိရသည်။ မွန်ပြည်သစ်ပါတီ၏လုပ်ငန်းစဉ်များ အား ပိုမိုကျယ်ပြန့်လာစေရန်ရည်ရွယ်၍ ပါတီပြင်ပမှ တတ်သိပညာရှင်၊ အမျိုးသမီး၊ လူငယ်နှင့် လူမှုအဖွဲ့အစည်းများတွင်လှုပ်ရှားလျှက်ရှိသော မျိုးချစ်ပုဂ္ဂိုလ်များပါဝင်သည့် တိုးချဲ့ဗဟိုကော်မတီဝင် ခုနစ်ဦးတို့အား ပါဝင် ခွင့်ပြုသွားမည်ဟု ဖော်ပြသည်။ အဆိုပါတိုးချဲ့ဗဟိုကော်မတီဝင် လောင်း များတွင် လူငယ် အဖွဲ့အစည်းဖြစ်ပါက အသက် ၂၅ နှစ် မှ ၃၅ နှစ်အတွင်း၊ အမျိုးသမီး အဖွဲ့အစည်း၊ မျိုးချစ်အဖွဲ့အစည်းနှင့် တတ် သိ ပညာရှင်များဆိုပါက အသက်အရွယ် မရွေး၊ ပါတီ၏လမ်းစဉ်ကို လက်ခံသူ၊ ပါတီ၏စည်းမျဉ်းဥပဒေများကို လိုက်နာကျင့်သုံး သူဖြစ်ပြီး ပါတီမှပေးအပ်သော တာဝန်များ ကို လည်း အပြည့်အဝထမ်းဆောင်နိုင်သူဖြစ် ရ မည်ဟု ပါတီညီလာခံ၏ လမ်းညွှန်ချက်တွင် ဖော်ပြပါရှိသည်။ ထို့ပြင် တိုးချဲ့ဗဟိုကော်မတီဝင်လောင်း အနေဖြင့် ဆုတံဆိပ်တစ်မျိုးမျိုးကိုရရှိထားသူ၊ လူမှုအဖွဲ့အစည်းတစ်ခုခုတွင် တာဝန် ထမ်း ဆောင်ခဲ့ဖူးသူဖြစ်ပြီး ပါတီ၏ညီလာခံ သက်တမ်းကုန်ဆုံးသည်အထိ အချိန်ပြည့်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်ဟု သိရ သည်။ အထက်ပါ သတ်မှတ်ချက်အရည်အ ချင်းများနှင့် ပြည့်စုံသူပုဂ္ဂိုလ်များအား သက် ဆိုင်ရာမိမိတို့အဖွဲ့အစည်းအလိုက် တိုးချဲ့ ဗဟိုကော်မတီဝင်လောင်းများကို ရွေးချယ် တင်ပြ၍ ညီလာခံ၏ သတ်မှတ်ချက်ပါ အရေ အတွက်အတိုင်း မွန်ပြည်သစ်ပါတီ ဗဟို ကော်မတီက ဆက်လက်အတည်ပြုပေးသွား မည်ဟု ဆိုသည်။ လက်ရှိကျင်းပလျက်ရှိသော…

Read More

PSG အသင်းအနေဖြင့် ၂၀၂၁ ခုနှစ် Ballon d’Or ဆုကို မက်ဆီ ရရှိစေရန်အတွက် ပြင်သစ်ဘောလုံးမဂ္ဂဇင်းအပေါ် လွှမ်းမိုးမှုပြုလုပ်ရန် ကြိုးပမ်းမှုဖြင့် စုံစမ်းစစ်ဆေးခံနေရကြောင်း သိရသည်။ ပြင်သစ်နိုင်ငံထုတ် Le Monde သတင်းစာနှင့် စုံစမ်းဖော်ထုတ်ရေးသားမှုများပြုလုပ်သည့် Mediapart အွန်လိုင်းသတင်းစာတို့၏ ဖော်ပြမှုအရ PSG အသင်းအနေဖြင့် ပြင်သစ်ကလပ်၌ မက်ဆီ ပါဝင်ကစားနေစဉ်ကာလအတွင်း Ballon d’Or ဆု ဆွတ်ခူးရရှိစေရန်အတွက် ထိုစဉ်က ပြင်သစ်ဘောလုံးမဂ္ဂဇင်း၏ အယ်ဒီတာချုပ်ဖြစ်သူ ပါစကယ်လ်ဖဲကို ချဉ်းကပ်ခဲ့ကြောင်း သိရသည်။ ပါစကယ်လ်ဖဲကမူ ၂၀၂၁ Ballon d’Or ဆုကို မက်ဆီ ရရှိခြင်းမှာ ၎င်း၏ မျက်နှာသာပေးမှု ပါဝင်ခြင်းမရှိကြောင်းနှင့် ယင်းနှစ်အတွက် လီဝန်ဒေါစကီးကို မဲပေးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင်လည်း မက်ဆီမှာ အပြီးသတ်သုံးဦးစာရင်းမှာပင် ပါဝင်ခြင်းမရှိကြောင်း တုံ့ပြန်ဖြေရှင်းထားသည်။ မက်ဆီသည် ယခုနှစ်အပါအဝင် Ballon d’Or ဆုကို စံချိန်တင်(၈)ကြိမ်မြောက် ရရှိထားသူဖြစ်သည်။

Read More

ဆော်ဒီကလပ် အယ်လ်အစ်တီဖာအသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား ဟန်ဒါဆန်သည် ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။ ဟန်ဒါဆန်(၃၃ နှစ်)သည် ပြီးခဲ့သည့်နွေရာသီတွင် အယ်လ်အစ်တီဖာအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး တစ်ပတ်ပေါင်(၇)သိန်း ရရှိနေသော်လည်း အခြေကျရန် ရုန်းကန်နေရသည့်အတွက် ပရီးမီးယားလိဂ်သို့ ပြန်လာလိုခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ၎င်းအနေဖြင့် ပရီးမီးယားလိဂ်သို့ ပြန်လာပါက အခွန်ငွေ ပေါင်(၇)သန်း ပေးဆောင်ရဖွယ်ရှိကြောင်းသိရသည်။ ဥရောပမှ ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့ကစားနေသည့် ကစားသမားများအနက် အချို့မှာ ဆော်ဒီလိဂ်မှ ထွက်ခွာရန် ဆန္ဒရှိနေကြကြောင်းလည်း စပိန်သတင်းစာ Spor က ဖော်ပြခဲ့သည်။ ဆော်ဒီနိုင်ငံ၏ ရာသီဥတု၊ ယဉ်ကျေးမှုတို့နှင့် ကိုက်ညီ ခြင်းမရှိသည့်အပြင် ကွင်းအတွင်း လာရောက်အားပေးသည့် ပရိသတ်နည်းပါးမှု၊ ၎င်းတို့၏ ဇနီးသည်များအတွက် အမျိုးသမီးအခွင့်အရေး ဆုံးရှုံးမှုတို့ကြောင့် အဆိုပါကစားသမားများက ဥရောပသို့ ပြန်လည်ပြောင်းရွှေ့ရန် စဉ်းစားနေကြပြီး လာမည့်နွေရာသီတွင် လမ်းခွဲသူများစွာရှိလာနိုင်ကြောင်း သိရသည်။

Read More

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က မန်ချက်စတာယူနိုက်တက်အသင်းတွင် ကစားရခြင်းသည် အခြားမည်သည့်အသင်းတွင်မဆို ကစားရခြင်းထက် ပိုမိုခက်ခဲကြောင်း သုံးသပ်ပြောကြားခဲ့သည်။ သတင်းထောက်များက အဲရစ်တန်ဟက်ဂ်နှင့်တွေ့ဆုံရာတွင် မန်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ရခြင်းအပေါ် ကစားသမားများ စိုးရိမ်ပူပန်နေနိုင်သလားဟု မေးမြန်းခဲ့ရာ တန်ဟက်ဂ်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ တန်ဟက်ဂ်က “ပရီးမီးယားလိဂ်မှာ ကစားရတာ တကယ်ခက်ခဲပါတယ်။ ပရီးမီးယားလိဂ်မှာတောင်မှ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားရတာ ပိုခက်ခဲပါတယ်။ တခြားအသင်း အားလုံးနီးပါးမှာ ကစားရတာက မန်ယူနိုက်တက်အသင်းမှာ ကစားရတာထက် ပိုလွယ်ကူပါတယ်။ ဒီအသင်းက သမိုင်းအစဉ်အလာကြီးမားတဲ့ အသင်းကြီးတစ်သင်းဖြစ်သလို နာမည်ကျော်ကစားသမားများစွာ ထွက်ပေါ်ခဲ့တဲ့အသင်းလည်းဖြစ်ပြီး ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကလည်း အရမ်းကြီးမားပါတယ်။ ဒါကြောင့် ဖိအား တွေက ဒီအသင်းမှာ အမြဲတမ်းရှိနေပါတယ်။ ခင်ဗျားတို့အနေနဲ့ ဒါကို ကိုင်တွယ်နိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုက အရမ်းလိုအပ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ကစားသမားတိုင်းအတွက် သူတို့ ကစားခဲ့သမျှထဲမှာ အခမ်းနားဆုံးအသင်းဖြစ်ပြီး ဒါ ကို အကောင်းဆုံးစိန်ခေါ်မှုလို့ သဘောထားရပါမယ်”ဟု ဆိုခဲ့သည်။

Read More

အာဆင်နယ်အသင်းနည်းပြ အာတီတာ သည် ကစားသမားများ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်စေရန်အတွက် ဒူဘိုင်းသို့ ရာသီဝက်ခရီးစဉ်သွားရောက်ရာတွင် မိသားစုဝင်များကိုပါ ခေါ်ဆောင်ခွင့်ပြုခဲ့ကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် Winter Break ကာလအဖြစ် ဇန်နဝါရီ ၉ ရက်က ဒူဘိုင်းသို့ ထွက်ခွာခဲ့ပြီး ယင်းခရီးစဉ်သည် ယခုရာသီအတွင်း ခြေကုန်လက်ပန်းကျနေမှုကို ပြန်လည်လန်းဆန်းလာစေရန် ကလပ်အနေဖြင့် မျှော်လင့်ထားကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြထားသည်။ အာဆင်နယ်အသင်းအနေဖြင့် ပြိုင်ပွဲစုံ နောက်ဆုံးသုံးပွဲဆက်တိုက် အရေးနိမ့်ကာ လေးပွဲဆက်နိုင်ပွဲပျောက်ထားပြီး နောက်ဆုံး ခုနစ်ပွဲတွင်လည်း တစ်ပွဲသာ အနိုင်ရခဲ့သည်။ လက်ရှိအခြေအနေတွင် အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ် အမှတ်ပေးဇယား၌ ထိပ်ဆုံးမှ လီဗာပူးလ်အသင်း နှင့် ငါးမှတ်အကွာ စတုတ္ထနေရာသို့ ရောက်ရှိနေပြီး ပြီးခဲ့သည့်တနင်္ဂနွေနေ့က FA ဖလား တတိယအဆင့်တွင်လည်း လီဗာပူးလ်အသင်း ကို အိမ်ကွင်း၌ပင် နှစ်ဂိုးပြတ်အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ လီဗာပူးလ်အသင်းအား အရေးနိမ့်ခဲ့သည့်ပွဲအပြီးတွင် အာဆင်နယ်အသင်းနည်းပြ အာတီတာက သူ၏အသင်းသည် ပုံမှန်အနိုင်ရသည့် လမ်းကြောင်းပေါ်သို့ ပြန်လည်တက်လှမ်းနိုင်ရန်အတွက် ချစ်ခြင်းတရား လိုအပ်နေကြောင်းလည်း ဝန်ခံခဲ့သည်။ ထို့ကြောင့် အာတီတာအနေဖြင့် မူလအစီအစဉ်ကိုပြောင်းလဲကာ ကစားသမားများကို သူတို့၏မိသားစုဝင်များအား ဒူဘိုင်းခရီးစဉ်သို့ တစ်ပါတည်းခေါ်ဆောင်ခွင့်ရှိကြောင်း ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ အာဆင် နယ်အသင်းသည် ဒူဘိုင်းတွင် ခြောက်ရက်ကြာ နေထိုင်သွားမည်ဖြစ်ပြီး ပင်မလေ့ကျင့်ရေးကွင်းဖြစ်သည့် Londaon Colney တွင် လေ့ကျင့်ခန်းပြန်ဆင်းမှုကို လာမည့် ဇန်နဝါရီလ ၁၇ ရက်တွင် ပြန်လည်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲသည် ယခုရာသီ Mis-season Break အစီအစဉ်ကို…

Read More

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ၏ အုပ်ချုပ်မှုသက်တမ်းကို ထပ်မံဆွဲဆန့်ပေးခဲ့သော ပြီးခဲ့သည့် ရွေးကောက်ပွဲသည် ယုံကြည်စိတ်ချရမှုနှင့် လွတ်လပ်မျှတမှုမရှိကြောင်း အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန် နိုင်ငံတို့က ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆက်ဆံမှုများရှိနေသည့် ၎င်းနှစ်နိုင်ငံစလုံးက ဇန်နဝါရီ ၇ ရက် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကိုလည်း ရှုတ်ချခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ အာဏာရ အာဝါမီ(Awami)အဖွဲ့ချုပ်ပါတီသည် ရွေးကောက်ပွဲတွင် ပါလီမန်အမတ်နေရာ လေးပုံသုံးပုံကို အနိုင်ရရှိခဲ့ကာ ဝန်ကြီးချုပ်ရှိတ်ခ်ဟာဆီနာက ပဥ္စမမြောက် ရာထူးသက်တမ်းအတွက် ထပ်မံအနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ဇန်နဝါရီ ၈ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ လူဦးရေ သန်း ၁၇၀ ခန့် နေထိုင်သည့် တောင်အာရှနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်တွင် ဇန်နဝါရီ ၇ ရက်က အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီး ၎င်းရွေးကောက်ပွဲတွင် လာရောက်မဲပေးသူ ဦးရေမှာ ၄၀ ရာခိုင်နှုန်း ခန့်သာရှိကြောင်း ကနဦး သတင်းဖော်ပြချက်များအရ သိရသည်။ လွှတ်တော်အမတ်များကို တိုက်ရိုက်ရွေးကောက်တင်မြှောက်မည့် ရွေးကောက်ပွဲများကို လွှတ်တော်မဲဆန္ဒနယ် ၃၀၀ တွင် ကျင်းပခဲ့သည်။ “ထောင်နဲ့ချီတဲ့ အတိုက်အခံနိုင်ငံရေးသမားတွေ ဖမ်းဆီးခံရတာနဲ့ ရွေးကောက်ပွဲနေ့ မှာ မူမမှန်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ်အမေရိကန်က စိုးရိမ်တကြီးရှိနေပါတယ်။ အဲဒီရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတမှုမရှိတာကို တခြားလေ့လာစောင့်ကြည့်သူတွေနည်းတူ မိမိတို့လည်း ယူဆမိသလိုပါ တီအားလုံး ပါဝင်နိုင်ခြင်း မရှိတဲ့အပေါ် စိတ်မကောင်းဖြစ်မိပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ မက်သယူး မေလာက ပြောကြားခဲ့သည်။ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် သတင်းများအပေါ် တိကျခိုင်မာစွာ စုံစမ်းစစ်ဆေးရန်နှင့် ကျူးလွန်သူများကို တာဝန်ခံခိုင်းရန်လည်း ၎င်းက ဘင်္ဂလားဒေ့ရှ်အစိုးရကို…

Read More

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် ၎င်းဆေးရုံတက်ရသည့် အကြောင်းကို အိမ်ဖြူတော်နှင့် ကွန်ဂရက်တို့ကို အသိပေးရန် ရက်များစွာစောင့်ဆိုင်းခဲ့သည့်အတွက် ဝေဖန်မှုတိုးလာသည့် အ ရေးနှင့်ရင်ဆိုင်နေရပြီး ကြီးကြီးမားမား အရှေ့အလယ်ပိုင်းပဋိပက္ခဖြစ်ပွားနေချိန်အတွင်း ၎င်း၏အခြေအနေနှင့်ပတ်သက်၍ အဓိကတာဝန်ရှိသူများကိုအသိမပေးခဲ့ပေ။ ကြိုတင်ကုသမှုလုပ်ဆောင်ရင်း ရောဂါသစ်တိုးလာသည့်အတွက် အော်စတင်သည် ဇန်နဝါရီ ၁ ရက်တွင် ဝေါလ်တာရိဒ်အမျိုးသား စစ်ဆေးရုံကို တက်ရောက်ခဲ့ရသည်ဆိုသော်လည်း ပင်တဂွန်သည် နောက်လေးရက်ကြာသည်အထိ အော်စတင်ဆေးရုံတက်နေရသည့်အကြောင်းကို အများပြည်သူထံ ထုတ် ပြန်ပေးခြင်းမရှိခဲ့ပေ။ ထို့အပြင် အခြားအစိုးရထိပ်တန်းတာဝန်ရှိသူများကို အသိပေးရန်လည်း စောင့်ဆိုင်းခဲ့သည်။ အစ္စရေး-ဟားမာ့စ်စစ်ပွဲမှ ကူးစက်လာသည့်ပြဿနာကို ထိန်းချုပ်ရန် အမေရိကန် ပြည်ထောင်စုလုံးပန်းနေရချိန်တွင် အသက် ၇၀ နှစ်အရွယ် ကာကွယ်ရေးဝန်ကြီး ဆေးရုံ တက်နေရခြင်းဖြစ်သည်။ အီရတ်နှင့်ဆီးရီးယားတို့တွင် ချထားသော အမေရိကန်စစ်သားများ တိုက်ခိုက်ခံနေရပြီး ပင်လယ်နီရေလမ်းကြောင်းကို ဖြတ်သန်းခုတ်မောင်းနေသော ကုန်သင်္ဘောများကို ယီမင်၏ဟူသီရ်သူပုန်တို့က တိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိသည်။ ၎င်းတို့သည်အစ္စရေး-ဟားမာ့စ် စစ်ပွဲမှ ကူးစက်လာသော ပြဿနာများဖြစ်သည်။ အရှေ့အလယ်ပိုင်း ဝရုန်းသုန်းကားဖြစ်နေခြင်းနှင့်အတူ ကာကွယ်ရေးဝန်ကြီး လေးရက်ကြာ ဆေးရုံတက်နေရပြီး ယင်းကိစ္စကို သမ္မတဂျိုးဘိုင်ဒင် မသိရခြင်းသည် တုန်လှုပ်စရာကောင်းသည်ဟု နိုင်ငံရေးအန္တရာယ်များ၏သက်ရောက်မှုကို လေ့လာဆန်းစစ်သောအုပ်စု ယူရေးရှား၏ဥက္ကဋ္ဌအီယန်ဘရမ်းမား က ဇန်နဝါရီ ၈ ရက်တွင် ပြောကြားသည်။ ယင်းအခြေအနေကြောင့် သမ္မတသည် ကာကွယ်ရေးဝန်ကြီးအော်စတင်နေရာကို လူစားထိုးရန် အခွင့်အရေးရှိနေသည်ဆိုသော်လည်း အိမ်ဖြူတော်ကမူ ကာကွယ်ရေးဝန်ကြီးဘက်က မားမားမတ်မတ်ရပ်တည်နေသည်ဟု ဘရမ်းမားက ပြောကြားသည်။ အော်စတင်သည် အသေးစိတ်ဖော်ပြထားခြင်းမရှိသော ဆေးစစ်မှုကို ဒီဇင်ဘာ ၂၂ ရက်တွင် လုပ်ဆောင်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၃ ရက်တွင် ဆေးရုံမှ ဆင်းလာခဲ့ကြောင်း၊ သို့ရာတွင် ဇန်နဝါရီ ၁…

Read More