မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်အတွင်း နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ကျင်းပလေ့ရှိသည့် မန်းရွှေစက်တော် ဘုရား ပွဲတော်ကို အစဉ်အလာမပျက် ကျင်းပမည် ဖြစ်ပြီး ယခုနှစ် ပွဲတော်ကာလသည် ရက် ပေါင်း ၆၄ ရက်ရှိကြောင်း သိရသည်။
တပို့တွဲလဆန်း ၅ ရက်နေ့တွင် စတင် ဖွင့်လှစ် ကျင်းပလေ့ရှိခဲ့သော မန်းရွှေစက် တော် ဘုရားပွဲတော် ဖွင့်ပွဲနေ့သည် ယခုနှစ် တွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျရောက် ကြောင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် ဧပြီ ၁၇ ရက်နေ့တွင် ကျရောက်သောကြောင့် ပွဲတော်ကာလသည် ၆၄ ရက် ကြာမြင့်မည် ဖြစ်ကြောင်းပွဲတော်ကျင်းပရေးအတွက် တည်းခိုဆောင် (တဲကျောင်း) နှင့် ဆိုင်ခန်း များ ဆောက်လုပ်ရန် မြေနေရာစီမံခန့်ခွဲမှု များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန်းရွှေစက်တော် ဘုရားပွဲတော် ဖွင့်ပွဲ နေ့တွင် အောက်စက်တော်ရာနှင့် အထက် စက် တော်ရာတို့ကို ဖွင့်လှစ်အပူဇော်ခံလေ့ရှိ ကြောင်း ပွဲတော်ပိတ်ပွဲနေ့တွင် စက်တော်ရာ နှစ်ဆူကို ပြန်လည်ပိတ်ထားလေ့ရှိကြောင်း အောက်စက်တော်ရာကို အလင်းပေါက် ဖန် အုပ်ဆောင်းဖြင့် ဖုံးအုပ်ထားသောကြောင့် ပွဲတော်ချိန်ပြင်ပတွင်လည်း မြင်တွေ့ဖူးမြော် နိုင်ကြောင်း သိရသည်။
“ပွဲတော်တွင်း တဲကျောင်းနဲ့ ဆိုင်ခန်း တွေ အ တွက် တင်ဒါခေါ်တာတွေ စတင်နေပါ ပြီ။ ဆိုင်ခန်းတွေ တဲကျောင်းတွေလည်း ပုံမှန် ကျင်းပနေကျ အရေအတွက်တွေအတိုင်း တည်ဆောက်မယ်လို့ သိရပါတယ်။ ကျွန် တော်တို့ စျေးသည်တွေကတော့ ပွဲတော်ရာသီ ချိန်တစ်ခုလုံးစာ အရင်းအနှီးထည့်ပြီး လုပ် ကိုင်ရတာဆိုတော့ စိန်ခေါ်မှုတွေရှိပြီး တချို့ လည်း မထွက်နိုင်ကြတာတွေ ရှိပါတယ် ” ဟု ရွှေစက်တော်ဘုရားပွဲတော်တွင် နှစ်စဉ် စျေး ရောင်းလေ့ရှိသူတစ်ဦးက ပြောကြားသည်။
မန်းရွှေစက်တော် ဘုရာပွဲတော်တွင် နှစ်စဉ် တဲကျောင်းပေါင်း ၁၀၀၀ ခန့်နှင့် ဆိုင် ခန်းပေါင်း ၅၀၀ ခန့် တည်ဆောက်လေ့ရှိ ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်သို့ စနေ တနင်္ဂနွေ ရက်များ တပေါင်းလပြည့်နေ့ နှင့် သကြင်္နရက်များတွင် ဘုရားဖူးများ အများ ဆုံး လာရောက်လေ့ရှိကြောင်း သိရသည်။