မက်ဒေါနားသည် မေလတွင် ရီယိုဒီဂျနေးရိုး၏ Copacabana ကမ်းခြေတွင် ပြုလုပ်မည့်အခမဲ့ဖျော် ဖြေပွဲကြီးနှင့်အတူ ၎င်း၏ Celebration ဖျော်ဖြေပွဲခရီးစဉ်ကြီးကို အဆုံးသတ်သွားမည်ဟု ပွဲစီစဉ်သူများက ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းဖျော်ဖြေပွဲသည် ၎င်း၏ အကြီးဆုံးဖျော်ဖြေပွဲကြီး တစ်ခုဖြစ်လိမ့်မည်ဟု မက်ဒေါနား၏ဝက်ဘ်ဆိုဒ်တွင် ဖော်ပြခဲ့ပြီး ယင်းဖျော်ဖြေပွဲသည်…

ထိုင်ဝမ်ကျွန်း အနီးတစ်ဝိုက်တွင် တရုတ် ရေတပ်နှင့် လေတပ်က မစ်ရှင်များ တိုးမြှင့်လုပ် ဆောင်လျက်ရှိရာ ယင်းသို့ခြိမ်းခြောက်မှုများ မြင့်တက်လာခြင်းကို တန်ပြန်ကာကွယ်သည့် အနေဖြင့် ထိုင်ဝမ်က ရေတပ်သင်္ဘောသစ် နှစ်စင်းကို တပ်တော်ဝင်ခဲ့သည်။ ရေဒါရှောင်ကွင်းနိုင်သည့် ပြည်တွင်း ထုတ် စစ်သင်္ဘောခြောက်စင်းအနက်…

ကုန်သင်္ဘောကြီး ဝင်တိုက်သဖြင့် ဘာတီမိုးမြို့ရှိ မြစ်ကူးတံတားပြိုကျခဲ့ပြီးနောက် ဘာတီမိုးဆိပ်ကမ်း၏ အေးစက်နေသော ရေပြင်တွင် ဆောက်လုပ်ရေး လုပ်သားနှစ်ဦး၏ အလောင်းများကို မတ် ၂၇ ရက်တွင် ပြန်တွေ့ ခဲ့သည်။ အလောင်းနှစ်လောင်းကို အနီရောင် ပစ်ကပ်ကားထဲတွင် တွေ့ခဲ့ရခြင်းဖြစ်သည်။ ယင်းသို့…

ဂါဇာကမ်းခြေအလွန်တွင် လေယာဉ်ပျံက ချပေးသော စားနပ်ရိက္ခာအကူအညီများထံ ရောက်ရှိရန် ကြိုးစားသည့် လူများထဲ က လူ ၁၂ ဦးသည် ရေနစ်သေဆုံးသွားသည်ဟု မတ် ၂၆ ရက်တွင် ပါလက်စတိုင်း ကျန်း မာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။ လူအုပ်ကြီးက…

ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်လျှောက်လွှာ မတ် ၈ ရက် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်သော်လည်း ကျောင်းကြီးအချို့သည်ပင် တင်သွင်းခြင်းမရှိသေးသည့်အတွက် တင်သွင်းကြရန်နှင့် လျှောက်လွှာမတင်သွင်းသော ကျောင်းများကို မေ ၁၂ ရက်နောက်ပိုင်းတွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားသည်။ မတ်…

၁၁ လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်သူ မြန်မာ နိုင်ငံသားတစ်သိန်းခြောက်သောင်းကျော်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနကထုတ် ပြန်ထားသည့်အချက်အလက်များအရ သိရသည်။ ယခင်နှစ် ဧပြီလမှ ယခုနှစ်ဖေဖော်ဝါရီလကုန်အထိ တရားဝင်လိုင်စင်ရပြည်ပအလုပ်အကိုင်အေဂျင်စီ ၄၄၀ မှ ပြည်ပနိုင်ငံများသို့ အလုပ်သမား ၁၆၇၉၂၆ ဦး ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု…

အိန္ဒိယသည် မြန်မာနှင့်ထိစပ်နေသည့် ထိုးဖောက်စိပ့်ဝင်နိုင်သော ၎င်း၏ ကီလိုမီတာ ၁၆၁၀ (မိုင် ၁၀၀၀)ရှည်လျားသော နယ်နိမိတ်ကို ခြံစည်းရိုးခတ်ရန် ဆယ်နှစ်ခန့်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံသုံးစွဲရန်စီစဉ်ထားသည်ဟု နီးစပ်ရာသတင်းအရင်းအမြစ်ကပြောကြားခဲ့ပြီး ယင်းသို့ခြံစည်းရိုးခတ်ရန်စီစဉ်ခြင်းမှာ မှောင်ခိုနှင့် အခြားသော…

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီနှင့် အာဂျင်တီးနား လက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီက မိမိကိုယ်တိုင် မစွမ်းဆောင်နိုင်သည့်အချိန်၊ ပျော်ရွှင်မှုမရှိတော့သည့်အချိန်နှင့် အသင်းဖော်များအတွက် ကူညီမပေးနိုင်ပါက အသက်အရွယ်ကိုမစဉ်းစားဘဲ အနားယူဖြစ်မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ မက်ဆီသည် လာမည့်ဇွန်လအတွင်း အသက် (၃၇) နှစ်ပြည့်မြောက်မည်ဖြစ်ပြီး ၎င်းနှင့် အင်တာမိုင်ယာမီအသင်း၏စာချုပ်မှာ…

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးတွင် စပိန်အမျိုးသမီးအသင်း တိုက်စစ်ကစားသမား ဟာမိုဆို၏နှုတ်ခမ်းကို နမ်းခဲ့သည့်ကိစ္စအတွက် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ အကျပ်ကိုင်မှုတို့ဖြင့် ထောင်ဒဏ် (၂)နှစ်ခွဲ ချမှတ်ရန် အစိုးရရှေ့နေက တောင်းဆိုခဲ့ကြောင်း သိရသည်။ RFEF ဥက္ကဋ္ဌဟောင်း…

နာမည်ကျော် ဗြိတိန်မီဒီယာ Telegraph သည် ပရီးမီးယားလိဂ်၏ အသင်းအလိုက် တန်ဖိုးအရှိဆုံး ကစားသမားစာရင်းကို ထုတ်ပြန်ခဲ့ရာ အံ့အားသင့်ဖွယ်အချို့ ပါဝင်ခဲ့ကြောင်း သိရသည်။ Telegraph သည် ယခုစာရင်းကို ပြီးခဲ့ သည့်ရာသီအစမှ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှတ်တမ်းအပေါ်မူတည်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး…