Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, May 16
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 1 Views

ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်လျှောက်လွှာ မတ် ၈ ရက် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်သော်လည်း ကျောင်းကြီးအချို့သည်ပင် တင်သွင်းခြင်းမရှိသေးသည့်အတွက် တင်သွင်းကြရန်နှင့် လျှောက်လွှာမတင်သွင်းသော ကျောင်းများကို မေ ၁၂ ရက်နောက်ပိုင်းတွင် ပိတ်သိမ်းမည်

March 29, 20241 Min Read
Share
Facebook Twitter

ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်လျှောက်လွှာ မတ် ၈ ရက် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်သော်လည်း ကျောင်းကြီးအချို့သည်ပင် တင်သွင်းခြင်းမရှိသေးသည့်အတွက် တင်သွင်းကြရန်နှင့် လျှောက်လွှာမတင်သွင်းသော ကျောင်းများကို မေ ၁၂ ရက်နောက်ပိုင်းတွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားသည်။

မတ် ၂၈ ရက်က ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့ လှိုင်မြို့နယ် MICT Park ရှိ STI Myanmar University သို့ ရောက်ရှိကာ စာသင်ခန်းများ၊ Theatre ခန်းမ၊ Geotechnical Lab ခန်း၊ Hydraulic Lab ခန်းနှင့် စာကြည့်တိုက်ကိုကြည့်ရှု၍ ကျောင်းသားကျောင်းသူများ မြန်မာစာဖတ်ရှုနားလည်မှု စွမ်းရည်ကို စမ်းသပ်စစ်ဆေးစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးက STI Myanmar University မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လျှောက်လွှာများကို ၂၀၂၄ ခုနှစ် မတ် ၈ ရက် နောက်ဆုံးထားတင်သွင်းရန် ပညာရေးဝန်ကြီးဌာန ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့က ညွှန်ကြားစာထုတ်ပြန်ခဲ့ပါကြောင်း၊ သို့ရာတွင် ကျောင်းကြီးအချို့သည်ပင် လျှောက်လွှာတင်သွင်းခြင်းမရှိသေးသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ ကျောင်းမှတ်ပုံတင်လျှောက်လွှာကို သတ်မှတ်ရက်အမီ တင်သွင်းလျှောက်ထားကြရန်နှင့် လျှောက်လွှာမတင်သွင်းသော ကျောင်းများကို ဥပဒေအာဏာတည်သည့်နေ့မှစ၍ တစ်နှစ်ပြည့်မြောက်သော ၂၀၂၄ ခုနှစ် မေ ၁၂ ရက် နောက်ပိုင်းတွင် ပိတ်သိမ်းမည်ဖြစ်သည်ကို အသိပေးပြောကြား ပေးကြစေလိုပါကြောင်း၊ အသစ်ဖွင့်လှစ်မည့် ပုဂ္ဂလိက‌ကျောင်းများသည်လည်း အမြန်ဆုံးလျှောက်ထားကြရမည်ဖြစ်ပါကြောင်း၊ ဥပဒေတွင်မည်သူမျှ ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ်မရှိဘဲ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို တည်ထောင်ဖွင့်လှစ်ခြင်းမပြုရဟု ပြဋ္ဌာန်းထားပါကြောင်း ပြောကြားသည်။

အလားတူ မည်သူမျှ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ်မရှိသောသူကို ပုဂ္ဂလိကကျောင်းဆရာအဖြစ် ခန့်အပ်ခြင်း သို့မဟုတ် သင်ကြားစေခြင်းမပြုရ ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ပုဂ္ဂလိကဆရာအတတ်ပညာ လက်မှတ်သင်တန်းများကို လာမည့်ဧပြီလကုန်မှစတင်၍ ပညာရေးတက္ကသိုလ်များနှင့် ပညာရေးဒီဂရီ ကောလိပ်များတွင် ဖွင့်လှစ်ရာတွင် သတ်မှတ်အရည်အချင်းအလိုက် မပျက်မကွက်တက်ရောက်ရန် လိုပါကြောင်း၊ စိစစ်ချက်နှင့် ကိုက်ညီသူများကိုသာ ပုဂ္ဂလိကကျောင်းဆရာမှတ်ပုံတင် လက်မှတ်ထုတ်ပေးမည် ဖြစ်ပါကြောင်း၊ ဘွဲ့လက်မှတ်မှန်ကန်မှု၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်မှုများကိုလည်း သက်ဆိုင်ရာတက္ကသိုလ်များက တရားဝင်မှန်ကန်ကြောင်း အတည်ပြုမှသာ သက်ဆိုင်ရာ မှတ်ပုံတင် လက်မှတ်များကို ထုတ်ပေးနိုင်ရေးလိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံကြီးသားပီသစွာကျသင့်သော အခွန်ငွေများ ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ မြန်မာစာ ကောင်းစွာဖတ်ရှုနိုင်မှုနှင့် နားလည်မှုစွမ်းရည်ကို စက်တင်ဘာလမှ စတင်ကာကျောင်းသားရွေးချယ်၍ စစ်ဆေး သွားမည်ဖြစ်သဖြင့် မြန်မာစာတတ်မြောက်အောင် ကြိုတင်သင်ကြားလေ့ကျင့်ထားကြစေလိုပါကြောင်း ၎င်းက ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ပုဂ္ဂလိကပညာရေးဥပဒေအရ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့က ဖွဲ့စည်းထားသော လုပ်ငန်းအဖွဲ့များ၏ လုပ်ငန်း‌‌ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Article၁၁ လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်သူ မြန်မာနိုင်ငံသား တစ်သိန်းခြောက်သောင်းကျော်ရှိကြောင်း သိရ
Next Article လေယာဉ်ပေါ်မှချပေးသည့် စားနပ်ရိက္ခာများရရှိရန် ကြိုးစားသော ဂါဇာအရပ်သားများ ရေနစ်သေဆုံးမှုများရှိနေသောကြောင့် လေယာဉ်ဖြင့် ရိက္ခာချပေးခြင်းမပြုရန် ဟားမာ့စ် တောင်းဆို
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.