Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: Sports
အယ်လ်နာဆာအသင်းမှ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို၏ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်က စီရော်နယ်လ်ဒိုသည် လာမည့် (၁)နှစ်၊ (၂)နှစ်အတွင်း ကစားသမားဘဝမှ အနားယူတော့မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ဂျော်ဂျီနာရိုဒရီဂွက်ဇ်သည် ပါရီဖက်ရှင်ပွဲတော်သို့ ရောက်ရှိနေစဉ်တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အဆိုပါဖက်ရှင်ပြပွဲ၌ စီရော်နယ်လ်ဒို၏…
လီဗာပူးလ်အသင်းသည် အသင်းတိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်အားရောင်းထုတ်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ လီဗာပူးလ်အသင်း၏ တိုက်စစ်တွင် ဆာလာ၊ ဒါဝင်နူးနက်ဇ်၊ ဂျိုတာ၊ ဂက်ပိုတို့ ရှိနေသည့် အပြင် ဘန်ဒုတ်၊ ဂျေဒန်ဒန်းစ်၊ ကူးမက်စ်တို့ကဲ့သို့ လူငယ်တိုက်စစ်ကစားသမားလည်း ရှိနေသည့်အတွက် ဒီယက်ဇ်ကို ရောင်းထုတ်ရန်…
မန်ယူအသင်း၏ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က ယခုရာသီတွင် ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများကို လက်ခံနိုင်သော်လည်း အသင်းအပေါ်ထားရှိသည့် မိမိ၏ ချစ်ခင်မြတ်နိုးမှုကို မေးခွန်းမထုတ်ကြရန် ပြောကြားခဲ့သည်။ အသက် ၂၆ နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် ဇန်နဝါရီလကုန်ပိုင်းက မြောက်အိုင်ယာလန် ရှိ ဘားတစ်ခုတွင်…
မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို TikTok တွင် ဗီဒီယိုတင်၍ လှောင်ပြောင်ခဲ့သည့် ဖူလ်ဟမ်အသင်းအနေဖြင့် ပြန်လည်တောင်းပန်သင့်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မန်ယူ (၁-၂) ဖူလ်ဟမ်ပွဲစဉ်တွင် ဘရူနိုဖာနန်ဒက်စ်မှာ ၁၈…
အီတလီနိုင်ငံရှိ အမျိုးသားတားမြစ်ဆေး တိုက်ဖျက်ရေးခုံရုံး (NADO) သည် ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ပေါ့ဘာအား အမြင့်ဆုံးချမှတ်နိုင်သည့် လေးနှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မတ်လအတွင်း အသက် ၃၁ နှစ်ပြည့်မည့် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အီတလီနိုင်ငံရှိ အမျိုးသားတားမြစ်ဆေးတိုက်ဖျက်ရေးခုံရုံးက…
လာလီဂါပြိုင်ပွဲ၏ ဥက္ကဋ္ဌဖြစ်သူ တီဘက်စ်က မန်ယူအသင်းမှ ဂီတာဖေးအသင်းထံ အငှားလာရောက်ကစားနေသည့် အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်ကို လာလီဂါတွင် ဆက်ရှိစေချင်သည်ဟု ပြောကြားခဲ့သည်။ ဂရင်းဝုဒ်ကို ဘာစီလိုနာအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းထွက်နေပြီး ၎င်းကလည်း မန်ယူအသင်းတွင် ပြန်ကစားလိုခြင်းမရှိကြောင်း သိရသည်။…
မန်ယူအသင်း၏ ဂိုးသမား အိုနာနာက လာမည့် မန်ချက်စတာဒါဘီပွဲစဉ်တွင် ပြိုင်ဘက် မန်စီးတီးအသင်းကို အခက်တွေ့အောင် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) အဖြစ် မတ်လ (၃) ရက်တွင် မန်စီးတီးအသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။…
ဂျူဗင်တပ်စ်အသင်းသည် အီတလီလက်ရွေးစင် တိုက်စစ်ကစားသမား ခီယေဆာကို ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။ အသက် (၂၆)နှစ်အရွယ်ရှိ ခီယေဆာသည် ၂၀၂၅ ခုနှစ်တွင် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းသည် ၎င်းအား သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိပါက လာမည့်နွေရာသီတွင် ရောင်းထုတ်သွားရန်…
ဘာစီလိုနာအသင်းသည် မန်စီးတီးအသင်းမှ နော်ဝေတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူရန် စီစဉ်နေကြောင်းနှင့် နည်းပြ ဇာဗီကို အသင်းတွင် ဆက်နေရန် ဥက္ကဋ္ဌ လာပေါ်တာက တောင်းဆိုထားကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသောကြောင့် အပြောင်းအရွှေ့စျေးကွက်၌ တန်ဖိုးကြီးခေါ်ယူမှုများ ပြုလုပ်နိုင်ခြင်းမရှိသော်လည်း…
မန်ယူနည်းပြ တန်ဟက်ဂ်က အသင်းပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်အနေဖြင့် ရီးယဲလ်နည်းပြဟောင်း ဇီဒန်းအား အသင်းနည်းပြအဖြစ် ခန့်အပ်ရန် ဆန္ဒရှိနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မိမိအနေဖြင့် ရာထူးမှထုတ်ပယ်ခံရမည်ကို စိတ်မပူကြောင်း ရက်ကလစ်ဖ်နှင့် အဖွဲ့၏ယုံကြည်မှုကို ရရှိထားကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ်နှင့် ၎င်း၏…