ဂျူဗင်တပ်စ်အသင်းသည် အီတလီလက်ရွေးစင် တိုက်စစ်ကစားသမား ခီယေဆာကို ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။
အသက် (၂၆)နှစ်အရွယ်ရှိ ခီယေဆာသည် ၂၀၂၅ ခုနှစ်တွင် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းသည် ၎င်းအား သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိပါက လာမည့်နွေရာသီတွင် ရောင်းထုတ်သွားရန် စီစဉ်နေခြင်းဖြစ်သည်။
ဂျူဗင်တပ်စ်အနေဖြင့် ခီယေဆာအား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေသော်လည်း လက်ရှိအချိန်အထိ သက်တမ်းတိုးရန် သဘောတူညီမှုမရရှိသေးပေ။
၎င်းကို လီဗာပူးလ်အပါအဝင် ပရီးမီးယားလိဂ်ထိပ်သီးအသင်းအချို့က ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။