လီဗာပူးလ်အသင်းသည် အသင်းတိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်အားရောင်းထုတ်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
လီဗာပူးလ်အသင်း၏ တိုက်စစ်တွင် ဆာလာ၊ ဒါဝင်နူးနက်ဇ်၊ ဂျိုတာ၊ ဂက်ပိုတို့ ရှိနေသည့် အပြင် ဘန်ဒုတ်၊ ဂျေဒန်ဒန်းစ်၊ ကူးမက်စ်တို့ကဲ့သို့ လူငယ်တိုက်စစ်ကစားသမားလည်း ရှိနေသည့်အတွက် ဒီယက်ဇ်ကို ရောင်းထုတ်ရန် လီဗာပူးလ်အသင်း ပြင်ဆင်လာခြင်းဖြစ်ကြောင်း The Sun က ဖော်ပြခဲ့သည်။
လီဗာပူးလ်အသင်း အနေဖြင့် လက်ရှိတွင် အသင်းနှင့် ၂၀၂၅ တွင် စာချုပ်သက်တမ်းကုန်ဆုံးကြမည့် ဆာလာ၊ ဗန်ဒိုက်နှင့် အာနိုးလ်တို့ကို စာချုပ်သစ်ချုပ်ဆို ရန် ဦးစားပေးကြိုးပမ်းနေကြောင်း သိရသည်။ ဒီယက်ဇ်၏အခြေအနေမှာ ဆာလာအပေါ် မူတည်နေကြောင်းလည်း The Sun က ဖော်ပြခဲ့သည်။
အကယ်၍ ဆာလာအနေဖြင့် လာ မည့်နွေရာသီတွင် ဆော်ဒီသို့ပြောင်းရွှေ့ပါက လီဗာပူးလ်အနေဖြင့် ဒီယက်ဇ်ကို အသင်းတွင် ဆက်ထိန်းမည်ဖြစ်ကြောင်း သိရသည်။