Browsing: Soccer

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အာဆင်နယ်အသင်းနှင့် သရေကျပြီးနောက် ဇယားထိပ်ဆုံးအသင်းသာ ရေပန်းအစားဆုံးဖြစ်ပြီး မိမိတို့လက်ထဲတွင်မရှိတော့ကြောင်း ဝန်ခံပြောကြားခဲ့သည်။ မတ် ၃၁ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်စီးတီးအသင်းအနေဖြင့် အာဆင်နယ်အသင်းအား ဘောလုံးပိုင်ဆိုင်မှု ၇၃ ရာခိုင်နှုန်းအထိ အသာစီးရယူ၍ ဖိအားပေးနိုင်ခဲ့သော်လည်း…

PSG အသင်းနည်းပြ အန်နရီကေးက ပြင်သစ်တိုက်စစ်မှူး ဘာပေအနေဖြင့် လာမည့်နွေရာသီတွင် အသင်းမှ ထွက်ခွာမည်ဟု သတင်းထွက်နေသော်လည်း စိတ်ပြောင်းနိုင်သေးသည်ဟု ဆိုခဲ့သည်။ အန်နရီကေးက ”ဘာပေ စိတ်ပြောင်းနိုင်တယ်လို့ ကျွန်တော် အမြဲတမ်းမျှော်လင့်ထားပါတယ်။ လက်ရှိအချိန်အထိ သူ ဘာမှ မပြောသေးပါဘူး။…

အီဂျစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်သူ ဂါမယ်လ်အယ်လမ်က လက်ရွေးစင်အသင်းခေါင်းဆောင် ဆာလာသည် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ၌ အီဂျစ်အိုလံပစ်အသင်းကို ဦးဆောင်ရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည်။ အီဂျစ်အသင်းသည် ပါရီအိုလံပစ်ပြိုင်ပွဲတွင် စပိန်၊ ဒိုမီနီကန်၊ အာရှမှ အသင်းတစ်သင်းနှင့်အတူ အုပ်စု(C) တွင် ကျရောက်နေသည်။…

မုဒိမ်းမှုကြောင့် ထောင်ဒဏ်(၄)နှစ်ခွဲ ချမှတ်ခံထားရရာမှ အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည့် ဘရာဇီးလ်နောက်ခံလူဟောင်း အဲလ်ဗတ်စ်အတွက် အာမခံငွေကို ဘရာဇီးလ်မဂ္ဂဇင်းတစ်စောင်က ပေးအပ်ခဲ့ကြောင်း Mundo Deportivo သတင်းစာက ဖော်ပြခဲ့သည်။ အဲလ်ဗတ်စ်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကတည်းက ဘာစီလိုနာမြို့မှ အကျဉ်းထောင်တွင်…

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီနှင့် အာဂျင်တီးနား လက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီက မိမိကိုယ်တိုင် မစွမ်းဆောင်နိုင်သည့်အချိန်၊ ပျော်ရွှင်မှုမရှိတော့သည့်အချိန်နှင့် အသင်းဖော်များအတွက် ကူညီမပေးနိုင်ပါက အသက်အရွယ်ကိုမစဉ်းစားဘဲ အနားယူဖြစ်မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ မက်ဆီသည် လာမည့်ဇွန်လအတွင်း အသက် (၃၇) နှစ်ပြည့်မြောက်မည်ဖြစ်ပြီး ၎င်းနှင့် အင်တာမိုင်ယာမီအသင်း၏စာချုပ်မှာ…

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးတွင် စပိန်အမျိုးသမီးအသင်း တိုက်စစ်ကစားသမား ဟာမိုဆို၏နှုတ်ခမ်းကို နမ်းခဲ့သည့်ကိစ္စအတွက် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ အကျပ်ကိုင်မှုတို့ဖြင့် ထောင်ဒဏ် (၂)နှစ်ခွဲ ချမှတ်ရန် အစိုးရရှေ့နေက တောင်းဆိုခဲ့ကြောင်း သိရသည်။ RFEF ဥက္ကဋ္ဌဟောင်း…

နာမည်ကျော် ဗြိတိန်မီဒီယာ Telegraph သည် ပရီးမီးယားလိဂ်၏ အသင်းအလိုက် တန်ဖိုးအရှိဆုံး ကစားသမားစာရင်းကို ထုတ်ပြန်ခဲ့ရာ အံ့အားသင့်ဖွယ်အချို့ ပါဝင်ခဲ့ကြောင်း သိရသည်။ Telegraph သည် ယခုစာရင်းကို ပြီးခဲ့ သည့်ရာသီအစမှ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှတ်တမ်းအပေါ်မူတည်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး…

ဘိုင်ယန်မြူးနစ်နှင့် မန်ယူအသင်းတို့၏စိတ်ဝင်စားခြင်းကို ခံနေရသည့် ဘာစီလိုနာနောက်ခံကစားသမား အာရူဟိုက မိမိအနေဖြင့် လက်ရှိအသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့သည်။ ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးအကျပ်အတည်းကြောင့် လာမည့်နွေတွင် အသင်းနောက်ခံကစားသမား အာရူဟိုအား ရောင်းထုတ်မည်ဟု သတင်းထွက်နေပြီး ၎င်းကိုခေါ်ယူရန် မန်ယူနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က စိတ်ဝင်စားနေကြောင်း…

ရိုးမားအသင်းမှ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် နာမည်ကြီးနည်းပြ မော်ရင်ဟိုက နွေရာသီတွင် နည်းပြအလုပ်ကို ပြန်လုပ်ခွင့်ရလိုကြောင်းနှင့် မည်သည့်အသင်းမဆို ကိုင်တွယ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားသည်။ မော်ရင်ဟို (၆၁ နှစ်) သည် ဘင်ဖီကာ၊ ပေါ်တို၊ ချယ်လ်ဆီး (နှစ်ကြိမ်)၊ အင်တာမီလန်၊…

နယူးကာဆယ်အသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ ဒါရင်းအေးစ်က လာမည့်(၅)နှစ်အတွင်း ဆုဖလားများရယူရန် ပစ်မှတ်ထားနေသည်ဟု ပြောကြားခဲ့သည်။ နယူးကာဆယ်အသင်းသည် ဆော်ဒီစော်ဘွားများ၏ ပိုင်ဆိုင်မှုအောက်သို့ ရောက်ရှိပြီးနောက် တိုးတက်မှုများစွာရှိလာခဲ့သည်။ သို့သော် ဆုဖလားအောင်ပွဲများ ရယူနိုင်ရန် ရေရှည်စီမံကိန်းချမှတ်၍ ကြိုးပမ်းသွားလျက်ရှိကြောင်း ဒါရင်းအေးစ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက…