PSG အသင်းနည်းပြ အန်နရီကေးက ပြင်သစ်တိုက်စစ်မှူး ဘာပေအနေဖြင့် လာမည့်နွေရာသီတွင် အသင်းမှ ထွက်ခွာမည်ဟု သတင်းထွက်နေသော်လည်း စိတ်ပြောင်းနိုင်သေးသည်ဟု ဆိုခဲ့သည်။
အန်နရီကေးက ”ဘာပေ စိတ်ပြောင်းနိုင်တယ်လို့ ကျွန်တော် အမြဲတမ်းမျှော်လင့်ထားပါတယ်။ လက်ရှိအချိန်အထိ သူ ဘာမှ မပြောသေးပါဘူး။ သူ စိတ်ပြောင်းနိုင်ပါတယ်။ ကျွန်တော်တို့ ဒီရာသီမှာ ဖလား(၄)လုံးရခဲ့ရင် ပါရီမှာ ဆက်နေဖို့ သူ ဆုံးဖြတ်နိုင်ပါတယ်။ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ”ဟု ပြောကြားခဲ့သည်။
ဘာပေသည် အနာဂတ်အတွက် ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်မီ ဆုံးဖြတ်သွားမည်ဟု ပြောကြားထားသည်။