Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ဝက်စ်ဟမ်းအသင်း၏ ကွင်းလယ်ကစားသမား ပါကေတာက မန်စီးတီးအသင်းအကြောင်း မမေးရန် တားမြစ်ခဲ့ကြောင်း သိရသည်။ ဘရာဇီးလ်ကွင်းလယ်ကစားသမား ပါကေတာကို မန်စီးတီးအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းထွက်နေသည်။ ထို့ကြောင့် သတင်းထောက်တစ်ဦးက မန်စီးတီးအသင်းအကြောင်း မေးမြန်းခဲ့ရာ ပါကေတာက “ကျွန်တော် လက်ရှိကလပ် ဝက်စ်ဟမ်းအသင်းကို လေးစားမှုအများကြီးရှိပါတယ်။ ဒီရာသီကို အကောင်းဆုံးအဆုံးသတ်နိုင်ဖို့လည်း မျှော်လင့်နေပါတယ်။ ဒါကြောင့် လက်ရှိအသင်းကိုပဲ အာရုံစိုက်ထားပြီး တခြားအသင်းအကြောင်း မဆွေးနွေးချင်ပါဘူး”ဟု ပြောကြားခဲ့သည်။ မန်စီးတီးအသင်းသည် ပါကေတာအား ခေါ်ယူရန် ပြီးခဲ့သည့်နွေရာသီကတည်းက စိတ်ဝင်စားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဝက်စ်ဟမ်းအသင်းသည် ပါကေတာအား ရောင်းချလိုခြင်းမရှိသော်လည်း ပေါင်သန်း (၉၀) ဝန်းကျင်ရပါက လက်လွှတ်ဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
စပိန်ရဲတပ်ဖွဲ့သည် မက်ဒရစ် မြို့ရှိ စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ရုံးချုပ်၊ RFEF ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ်၏နေအိမ်အပါအဝင် နေရာ(၁၁)ခုကို ဝင်ရောက်ရှာဖွေမှုပြု လုပ်ခဲ့ကြောင်း သိရသည်။ RFEF ရုံးချုပ်အဆောက်အအုံအား ဝင်ရောက်ရှာဖွေမှုကို မတ် (၂၀) ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ရှာဖွေစဉ် ဝန်ထမ်းများအား ရုံးအတွင်း ဝင်ရောက်ခွင့် တားမြစ်ထားကြောင်း အစိုးရရှေ့နေတစ်ဦးက ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့အနေဖြင့် စပိန် နိုင်ငံတစ်ဝန်းရှိ နေရာ(၁၁)ခုကို ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ပြီး (၇)ဦး ဖမ်းဆီးထိန်းသိမ်းခံရဖွယ်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ ရှာဖွေရာတွင် RFEF ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ်၏နေအိမ်လည်းပါဝင်ကြောင်း သတင်းရင်းမြစ်တစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ ရူဘီယာလက်စ်မှာ RFEF ဥက္ကဋ္ဌအဖြစ် ၂၀၁၉ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာအထိ ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ချန်ပီယံ စပိန်အသင်းတိုက်စစ်မှူး ဟာမိုဆို၏ နှုတ်ခမ်းကို နမ်းခဲ့သောကြောင့် အငြင်းပွားဖွယ် နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။ အစိုးရရှေ့နေတစ်ဦး၏ပြောကြားမှုအရ ယခုဝင်ရောက်ရှာဖွေမှုများမှာ စီးပွားရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ပိုမို ကျယ်ပြန့်သော စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ ရဲချုပ်ဖြစ်သူနှင့် ၎င်း၏လက်ထောက်တစ်ဦးကို ဝန်ကြီးချုပ် ဆရက်ထာ ထာဝီဆင်း၏ ညွှန်ကြားချက်အရ တာဝန်မှ ယာယီဆိုင်းငံ့ခဲ့ကြောင်း သိရသည်။ ၎င်း၏လက်ထောက်ဖြစ်သူသည် တရားမဝင် အွန်လိုင်းလောင်းကစားဂိုဏ်းနှင့် ပတ်သက်နေသည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်နေပြီး ရဲဌာနတွင်း အာဏာလွန်ဆွဲအားပြိုင်မှု ရှိနေနိုင်သည့်အပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ယမန်နှစ်အောက်တိုဘာလတွင် ရဲချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် တော်ဆက်ဆူဝီမိုး နှင့် ၎င်း၏လက်ထောက်ရဲချုပ် တစ်ဦးဖြစ်သူ ဆူရာချိတ် ဟက်ပန်းတို့အား ရဲဌာနကို တိုက်ရိုက်ကြီးကြပ်နေသည့် ဝန်ကြီးချုပ်ရုံး၏ ရာထူးနေရာများသို့ ယာယီရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။ ဆူရာချိတ်သည် တရားမဝင် အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်များနှင့် ပတ်သက်နေသည်ဟု စွပ်စွဲခံထားရပြီး ယင်းစွပ်စွဲချက်ကို ၎င်းက ငြင်းဆန်ထားသည်။ တရားမဝင် အကြီးစားအွန်လိုင်းလောင်းကစား ကွန်ရက်တစ်ခုကို ဖြိုခွင်းမှုနှင့် ဆက်နွှယ်နေသည်ဆိုသော စစ်ဆင်ရေးတစ်ရပ်အဖြစ် ယမန်နှစ် စက်တင်ဘာလက ဘန်ကောက်မြို့ရှိ ဆူရာချိတ်၏ နေအိမ်ကို ရဲတပ်ဖွဲ့က စီးနင်းခဲ့သည်။ အဆိုပါနေ့၌ပင် ဆူရာချိတ်၏ လက်အောက်ငယ်သားရှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ ရဲချုပ်သစ်ကို တင်မြှောက်ရန်ရှိနေပြီး ယင်းနေရာအတွက် ဆူရာချိတ်က ထိပ်ဆုံးမှရေပန်းစားနေစဉ် အဆိုပါစီးနင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီးနင်းမှုအပြီး ရက်ပိုင်းအကြာတွင် တော်ဆက်သည် ရဲချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ထိုင်းနိုင်ငံ၏ ရဲဌာနသည် ဌာနတွင်း အပြင်းအထန် မဲဆွယ်သည့် အစဉ်အလာရှိပြီး အဆင့်အသီးသီး၌ အဂတိလိုက်စားမှုများ ရှိနေသည်ဟု ကာလကြာမြင့်စွာ သတင်းထွက်ခဲ့သည်။ ယင်းရွှေ့ပြောင်းမိန့်သည် ချက်ချင်းအာဏာသက်ဝင်မည် ဖြစ်ကြောင်းနှင့် အခြေအနေကို စုံစမ်းစစ်ဆေးရန် အထူးကော်မတီတစ်ရပ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ထာဝီဆင်းက မတ်လ ၂၀ ရက်တွင် ပြောကြားခဲ့သည်။…
သမ္မတဗိုဗန်သွန်း၏ ရာထူးမှနုတ်ထွက်မှု ကို ဗီယက်နမ် ဥပဒေပြုလွှတ်တော်က မတ်လ ၂၁ ရက်တွင် အတည်ပြုခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ သို့ဖြစ်ရာ အာဏာရ ကွန်မြူနစ်ပါတီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အရှိန်မြှင့် လုပ်ဆောင်နေစဉ် ဗိုဗန်သွန်းသည် ရာထူးမှ လတ်တလောနုတ်ထွက်ခဲ့သည့် ထိပ်တန်း ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်။ ၅၃ နှစ်အရွယ် သွန်းသည် ဗီယက်နမ် တွင် တစ်နှစ်ကျော်အတွင်း ဒုတိယမြောက် နုတ်ထွက်သည့် သမ္မတဖြစ်လာသည်။ ဗီယက် နမ်တွင် မကြာသေးမီက ခေါင်းဆောင်ပိုင်း အပြောင်းအလဲများသည် ကျယ်ကျယ်ပြန့်ပြန့် နှင့် ပြင်းပြင်းထန်ထန် လုပ်ဆောင်နေသည့် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး စီမံ ချက်နှင့် တစ်နည်းတစ်ဖုံ ဆက်နွှယ်နေသည်။ ရာထူးမှ နုတ်ထွက်သွားသည့် ဗိုဗန်သွန်း ၏ နေရာတွင် မည်သူနှင့်အစားထိုးမည်ကို နိုင်ငံပိုင်မီဒီယာက ဖော်ပြခြင်းမရှိသော်လည်း ဗီယက်နမ်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လက်ရှိဒုသမ္မတ ဗိုသီအန်းရွှမ်က ၎င်းရာထူး ကို ယာယီတာဝန်ယူရမည်ဖြစ်သည်။ အဆိုပါ သတင်းများနှင့်ပတ်သက်၍ အတည်ပြုချက်တောင်းခံရန် ဆက်သွယ်မေး မြန်းမှုများကို အမျိုးသားလွှတ်တော်ရုံးက လတ်တလောတွင် တုံ့ပြန်ဖြေကြားခြင်းမရှိ သေးပေ။ ဗီယက်နမ်တွင် သမ္မတရာထူးမှာ အဆောင်အယောင် ရာထူးမျှသာ ဖြစ်သော်လည်း ဗီယက်နမ်၏ အမြင့်ဆုံးနိုင်ငံရေးရာထူး လေးနေရာ အနက်မှ တစ်ခုဖြစ်သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် သမ္မတ ငုယင်ရွှမ်ဖူ ရာထူးမှ ရုတ်ခြည်းနုတ်ထွက်သွား ပြီးနောက် ဗိုဗန်သွန်းကို ဗီယက်နမ် အမျိုးသား လွှတ်တော်က မတ်လ ၂ ရက်တွင် သမ္မတ သစ်အဖြစ်…
လီဗာပူးလ်တိုက်စစ်ကစားသမားဟောင်း မာနေက ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းမှထွက်ခွာမည်ဟု ကြေညာထားသည့် နည်းပြ ယာဂန်ကလော့ပ်အနေဖြင့် ဆော်ဒီသို့ရောက်လာလိမ့်မည်ဟု နောက်ပြောင်ပြောကြားခဲ့သည်။ မာနေ(၃၁ နှစ်)သည် လီဗာပူးလ်အသင်းတွင် နည်းပြ ကလော့ပ်နှင့်အတူ ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ လက်တွဲဖူးသူဖြစ်ပြီး ဆုဖလား(၆)လုံးအထိ ရယူနိုင်ခဲ့သည်။ လီဗာပူးလ်အသင်းသည် ယခုရာသီတွင် လိဂ်ဖလားကို ရရှိထားပြီး ပရီးမီးယားလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများတွင် ချန်ပီယံဆုများအတွက် ယှဉ်ပြိုင်နေဆဲဖြစ်သော်လည်း နည်းပြ ကလော့ပ်အနေဖြင့် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဟု ကြေညာထားသည်။ မာနေက လီဗာပူးလ်မှထွက်ခွာမည့် ကလော့ပ်သည် ဆော်ဒီသို့ရောက်လာလိမ့်မည်ဟု နောက်ပြောင်ခဲ့သလို၊ မိမိ၏ကစားသမားဘဝတွင် များစွာကူညီခဲ့သူဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ မာနေက ”လီဗာပူးလ်က ထွက်မယ်လို့ သူ(ကလော့ပ်)ပြောထားပါတယ်။ သူ ဒီ(ဆော်ဒီ)ကို ရောက်လာနိုင်တယ်။ (ရယ်လျက်) သူက ကျွန်တော့်ကို များစွာကူညီခဲ့သလို၊ လီဗာပူးလ်အတွက် အများကြီးလုပ်ပေးခဲ့တဲ့ သက်ရှိဂန္ထဝင်တစ်ဦးပါ”ဟု ပြောကြားခဲ့သည်။ ကလော့ပ်သည် လီဗာပူးလ်နှင့်လမ်းခွဲပြီးပါက တစ်နှစ်နားမည်ဟုလည်း ကြေညာထားသည်။
ချယ်လ်ဆီးကစားသမားဟောင်း ဂျိုးကိုးလ်က အသင်းဟောင်းကို ရီးယဲလ်ဝါရင့်ကွင်းလယ်ကစားသမား မိုဒရစ်အား ခေါ်ယူရန် တိုက်တွန်းပြောကြားခဲ့သည်။ ခရိုအေးရှားဝါရင့်ကွင်းလယ်ကစားသမား မိုဒရစ်(၃၈ နှစ်)သည် ယခုရာသီကုန်တွင် ရီးယဲလ်အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရှိနေသူဖြစ်သည်။ ဂျိုးကိုးလ်က အတွေ့အကြုံနုနယ်သည့် ချယ်လ်ဆီးကစားသမားများကို ကူညီရန် မိုဒရစ်ကိုခေါ်ယူသင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂျိုးကိုးလ်က ”ချယ်လ်ဆီးအနေနဲ့ လူငယ်တွေကို ထိန်းကျောင်းဖို့ အတွေ့အကြုံရင့်ကစားသမား လိုပါတယ်။ မိုဒရစ်သာ ချယ်လ်ဆီးကို လာမယ်ဆိုရင် အရမ်းကောင်းမှာပါ”ဟု ပြောကြားခဲ့သည်။
မန်ယူအသင်း၏ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်သည် လာမည့်နွေတွင် အသင်းနည်းပြ တန်ဟက်ဂ်ကို ရာထူးမှထုတ်ပယ်ပြီး ၎င်း၏နေရာတွင် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် အလိုရှိနေကြောင်း Daily Star သတင်းစာက ဖော်ပြခဲ့သည်။ ရက်ကလစ်ဖ်၏ INEOS အားကစားအဖွဲ့သည် မန်ယူဂန္ထဝင်ကစားသမားများနှင့် တွေ့ဆုံပြီးနောက် အင်္ဂလန်နည်းပြ ဆောက်ဂိတ်အား မန်ယူအသင်းထံ ရောက်လာအောင် ဆွဲဆောင်နိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။ Daily Star ၏ဖော်ပြမှုအရ မန်ယူဂန္ထဝင်ကစားသမားများသည် ဆောက်ဂိတ်အား အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ရန်ထောက်ခံခဲ့ကြသလို၊ အသင်းအားကစားဒါရိုက်တာသစ် ဖြစ်လာမည်ဟု သတင်းထွက်နေသည့် ဒန်အက်ရှ်ဝက်ချ်က လည်း ထောက်ခံခဲ့ကြောင်း သိရသည်။ ဆောက်ဂိတ်နှင့် လက်ရှိနယူးကာဆယ်အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝက်ချ်တို့သည် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)တွင် လက်တွဲအလုပ်လုပ်ဖူးသူများဖြစ်ပြီး မန်ယူအသင်းတွင် ပြန်လည်လက်တွဲရန် စိတ်အားထက်သန်နေကြကြောင်း သိရသည်။ အင်္ဂလန်အသင်းနှင့်ချုပ်ဆိုထားသည့် ဆောက်ဂိတ်၏ လက်ရှိစာချုပ်မှာ ယခုနှစ်ကုန်တွင်ကုန်ဆုံးမည်ဖြစ်ပြီး FA က ၎င်းကို စာချုပ်သက်တမ်းတိုးရန် ဆန္ဒရှိနေကြောင်း သိရသည်။ ဆောက်ဂိတ်သည် အင်္ဂလန်အသင်းကို ၂၀၁၆ တွင် စတင်ကိုင်တွယ်ခဲ့ပြီး အနာဂတ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆန်ထားသူဖြစ်သည်။ ရက်ကလစ်ဖ်အနေဖြင့် ယူရိုပြိုင်ပွဲအပြီးတွင် ဆောက်ဂိတ်ကို မန်ယူအသင်းနည်းပြအဖြစ် ခန့်အပ်မည်ဆိုပါက FA ကို လျော်ကြေး ပေါင် (၈၀၀၀၀၀)ပေးရမည်ဖြစ်ကြောင်းလည်း Daily Star က ဖော်ပြခဲ့သည်။ မန်ယူအသင်းသည် FA ဖလားကွာတားဖိုင်နယ်တွင် ခါးသီးပြိုင်ဘက် လီဗာပူးလ်ကို အနိုင်ရခဲ့သော်လည်း ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရသည့်အတွက် တန်ဟက်ဂ်၏အနာဂတ်မှာ လှုပ်ခတ်နေဆဲဖြစ်သည်။ ရက်ကလစ်ဖ်သည် တန်ဟက်ဂ်အပေါ် ယုံကြည်မှုမရှိဘဲ လာမည့်နွေ၌ ၎င်းကို ရာထူးမှ ထုတ်ပယ်ကာ…
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့၊ မီးရထားဘူတာတွင် မတ်လ ၂၀ ရက် ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က သုံးနှစ်ကျော် ရပ်နားထားသည့် ရထားတွဲ သုံးတွဲ မီးလောင် ပျက်စီး ခဲ့ကြောင်း မြင်တွေ့ခဲ့သူများက ဆိုသည်။ ” မူးယစ်သမားတွေ နေကြတဲ့နေရာပဲ။ဆေးလိပ်သောက်တာ၊ဆေး ရူတာကြောင့်လို့ပြောကြတယ်။ ငြိမ်းလို့ကို မနိုင်တာ။သစ်သားတွေဆိုဖာတွေက မီးစွဲကုန်တာ။ ဘေးမှာလည်း ခြုံတွေထူတော့ နောက်ထပ်လည်း လောင်နိုင်သေးတယ်”ဟု ဒေသခံ တစ်ဦးကဆိုသည်။ အဆိုပါ ရထားတွဲ ရပ်နားထားသည်မှာ သုံးနှစ်ကျော်ခဲ့ ကြာပြီဖြစ်ကြောင်း မြို့ခံတစ်ဦးကဆိုသည်။ မီးလောင်ကျွမ်းမှုကြောင့် အထူးအမြန်ရထားတွဲ အထက်တန်း နှစ်တွဲ၊ ရိုးရိုးတန်း တစ်တွဲ စုစုပေါင်းသုံးတွဲ မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အာဆီယံ-တရုတ် လွတ် လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန်နှုန်းလျှော့ချမှုအစီအစဉ် ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်မည်ဖြစ် ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၂၀/၂၀၂၄ကို ထုတ်ပြန်ထား သည်။ မြန်မာနိုင်ငံ၏ အာဆီယံ-တရုတ်လွတ် လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာအ ကောက်ခွန်နှုန်းလျှော့ချမှုအစီအစဉ် myanmar tariff reduction schedule with HS 2022 version under ASEAN- China Free Trade Area ကို ကျင့်သုံးဆောင်ရွက်ရန် အကောက်ခွန်နှုန်း ဥပဒေပုဒ်မ ၄ အရ အပ်နှင်းထားသည့် လုပ် ပိုင်ခွင့်ကို ကျင့်သုံး၍ ယခုအမိန့်ကြော်ငြာ စာကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအမိန့်ကြော်ငြာစာသည် ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ အကျိုးသက် ရောက်စေမည်ဖြစ်ကာ ၂၁-၅-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၉ ကို ယခုအမိန့်ကြော်ငြာစာဖြင့် လွှမ်း မိုးပယ်ဖျက်လိုက်သည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အကော က်ခွန်နှုန်းစာရင်း ၂၀၂၂ ဖြင့် ချိတ်ဆက်ထား သော မြန်မာနိုင်ငံ၏ အာဆီယံ-ဟောင် ကောင်(တရုတ်)လွတ်လပ်သော ကုန်သွယ် မှုနယ်မြေဆိုင်ရာအ ကောက်ခွန်နှုန်းလျှော့ချမှုအစီအစဉ် myanmar tariff reduction schedule with HS 2022 version under ASEAN- Hong Kong, China Free Trade Area ကို ကျင့်သုံး…
မြန်မာ-ရုရှား နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဥပဒေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။ ရုရှား-မြန်မာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ၂၀၂၄ခုနှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ဥပဒေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို မတ် ၂၀ ရက်က နေပြည်တော်ရှိ Jasmine ဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မွ စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဥပေဒေရးရာဌာန ညွှန်ကြားရေးမှူး ရုရှားဖက်ဒရေးရှင်းတပ်မတော် ဥပေဒေရးရာ ဝန်ဆောင်မှုအကြီးအကဲ Mr. Bezbabnov OIeg Gennadievich၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူး Colonel Sergey Semenovich Kurchenko နှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်ကြကြောင်း သိရသည်။ ညှိနှိုင်းဆွေးနွေးပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မွ စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဥပေဒေရးရာဌာန ညွှန်ကြားရေးမှူး ရုရှားဖက်ဒရေးရှင်းတပ်မတော် ဥပဒေရေးရာဝန်ဆောင်မှုအကြီးအကဲ Mr. Bezbabnov OIeg Gennadievich တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားကြပြီး ရုရှား-မြန်မာနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ၂၀၂၄ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ ဥပဒေဆိုင်ရာများဖြစ်သည့် ရုရှားနိုင်ငံ၏ စစ်ဘက်ဥပဒေစနစ်နှင့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ စစ်ဘက်တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကိုအပြန်အလှန်ဆွေးနွေးခြင်းများ၊ မေးခွန်းမေးမြန်း ခြင်းများ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။