Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Monday, June 2
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Finance 0 Views

မြန်မာနိုင်ငံ၏ အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန်နှုန်းလျှော့ချမှုအစီအစဉ် ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်မည်

March 21, 20242 Mins Read
Share
Facebook Twitter

မြန်မာနိုင်ငံ၏ အာဆီယံ-တရုတ် လွတ် လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန်နှုန်းလျှော့ချမှုအစီအစဉ် ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်မည်ဖြစ် ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၂၀/၂၀၂၄ကို ထုတ်ပြန်ထား သည်။

မြန်မာနိုင်ငံ၏ အာဆီယံ-တရုတ်လွတ် လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာအ ကောက်ခွန်နှုန်းလျှော့ချမှုအစီအစဉ် myanmar tariff reduction schedule with HS 2022 version under ASEAN- China Free Trade Area ကို ကျင့်သုံးဆောင်ရွက်ရန် အကောက်ခွန်နှုန်း ဥပဒေပုဒ်မ ၄ အရ အပ်နှင်းထားသည့် လုပ် ပိုင်ခွင့်ကို ကျင့်သုံး၍ ယခုအမိန့်ကြော်ငြာ စာကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမိန့်ကြော်ငြာစာသည် ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ အကျိုးသက် ရောက်စေမည်ဖြစ်ကာ ၂၁-၅-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၉ ကို ယခုအမိန့်ကြော်ငြာစာဖြင့် လွှမ်း မိုးပယ်ဖျက်လိုက်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အကော က်ခွန်နှုန်းစာရင်း ၂၀၂၂ ဖြင့် ချိတ်ဆက်ထား သော မြန်မာနိုင်ငံ၏ အာဆီယံ-ဟောင် ကောင်(တရုတ်)လွတ်လပ်သော ကုန်သွယ် မှုနယ်မြေဆိုင်ရာအ ကောက်ခွန်နှုန်းလျှော့ချမှုအစီအစဉ် myanmar tariff reduction schedule with HS 2022 version under ASEAN- Hong Kong, China Free Trade Area ကို ကျင့်သုံး ဆောင် ရွက်ရန် အကောက်ခွန်နှုန်း ဥပဒေပုဒ်မ၄ အ ရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့် သုံး၍ အမိန့်ကြော်ငြာစာအမှတ် ၁၉ / ၂၀၂၄ ကို ထုတ်ပြန် လိုက်သည်။အဆိုပါအမိန့်သည် ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ အကျိုးသက် ရောက်စေမည်ဖြစ်ပြီး ၂၀-၄-၂၀၂၀ ရက်စွဲ ပါ အမိန့်ကြော်ငြာစာအမှတ် ၅၂/ ၂၀၂၀ ကို ယခုအမိန့်ကြော်ငြာစာဖြင့် လွှမ်း မိုးပယ် ဖျက်လိုက်ကြောင်း သိရသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အကောက်ခွန် နှုန်းဥပဒေပုဒ်မ ၄ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မြန်မာ့အကောက် ခွန်နှုန်းစာရင်း ၂၀၂၂ ဖြင့် ကူးပြောင်းချိတ် ဆက်ထားသည့် မြန်မာနိုင်ငံ၏ အာဆီယံ- သြစတြေးလျ-နယူးဇီလန်လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဆိုင်ရာ အကောက်ခွန် နှုန်းလျှော့ချမှုအစီအစဉ် (Myanmar AANZ Tariff Reduction Schedule in HS 2022) ကို အမိန့်ကြော်ငြာစာ အမှတ် ၄၅/၂၀၂၃ ဖြင့် ထုတ်ပြန်ထားသည်။အဆို ပါ အမိန့်သည် ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှ စ၍ အကျိုးသက်ရောက်ခဲ့ ပြီး ၂၀၂၀ ပြည့် နှစ် ဖေဖော်ဝါရီ ၂၀ ရက်စွဲ ပါ အမိန့်အမှတ် ၂၅/၂၀၂၀ ကို အဆိုပါအမိန့်ကြော် ငြာစာ ဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အမိန့်ကြော်ငြာစာ အမှတ် ၄၄/၂၀၂၃ ဖြင့် မြန်မာနိုင်ငံ၏ အာဆီယံအကောက်ခွန် နှုန်း လျှော့ချ/ဖယ်ရှားမှုအစီအစဉ်ကိုလည် း ထုတ်ပြန်ထားသည်။

အာဆီယံဒေသတွင်း ကုန်ပစ္စည်း လွတ် လပ်စွာစီးဆင်းနိုင်ရေးအတွက် အာဆီယံ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်အ ပိုဒ် ၁၉ ပါ ပြဋ္ဌာန်းချက်များကို အကောင်အ ထည်ဖော်ဆောင်ရွက်ရန် စီမံကိန်းနှင့်ဘဏ္ဍ ာ ရေးဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီးသည် အကောက်ခွန်နှုန်းဥပဒေပုဒ်မ ၄ ပါ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ အာဆီယံစည်းဝါးညီအကောက်ခွန်နှုန်းအ မည်ပေးစနစ် ၂၀၂၂ ဖြင့် ကူးပြောင်းချိတ် ဆက်ထားသော မြန်မာနိုင်ငံ၏ အာဆီယံ အကောက်ခွန်နှုန်းလျှော့ချ/ဖယ်ရှားမှုအစီ အစဉ် (Myanmar ATIGA Tariff Reduction Schedule in AHTN 2022) ကို ထုတ်ပြန်လိုက်သည်။ အဆိုပါအမိန့်ကြော် ငြာစာသည် ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှစ ၍ အကျိုးသက်ရောက်စေမည်ဖြစ်သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleမြန်မာ-ရုရှား နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဥပဒေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
Next Article မိုးညှင်းမြို့နယ် နန်းမား ဘူတာတွင် ရပ်နားထားသည့် မီးရထားတွဲ မီးလောင်မှု ဖြစ်ပွား
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.