ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့၊ မီးရထားဘူတာတွင် မတ်လ ၂၀ ရက် ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က သုံးနှစ်ကျော် ရပ်နားထားသည့် ရထားတွဲ သုံးတွဲ မီးလောင် ပျက်စီး ခဲ့ကြောင်း မြင်တွေ့ခဲ့သူများက ဆိုသည်။
” မူးယစ်သမားတွေ နေကြတဲ့နေရာပဲ။ဆေးလိပ်သောက်တာ၊ဆေး ရူတာကြောင့်လို့ပြောကြတယ်။ ငြိမ်းလို့ကို မနိုင်တာ။သစ်သားတွေဆိုဖာတွေက မီးစွဲကုန်တာ။ ဘေးမှာလည်း ခြုံတွေထူတော့ နောက်ထပ်လည်း လောင်နိုင်သေးတယ်”ဟု ဒေသခံ တစ်ဦးကဆိုသည်။
အဆိုပါ ရထားတွဲ ရပ်နားထားသည်မှာ သုံးနှစ်ကျော်ခဲ့ ကြာပြီဖြစ်ကြောင်း မြို့ခံတစ်ဦးကဆိုသည်။
မီးလောင်ကျွမ်းမှုကြောင့် အထူးအမြန်ရထားတွဲ အထက်တန်း နှစ်တွဲ၊ ရိုးရိုးတန်း တစ်တွဲ စုစုပေါင်းသုံးတွဲ မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။