မြန်မာ-ရုရှား နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဥပဒေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ရုရှား-မြန်မာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ၂၀၂၄ခုနှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ဥပဒေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို မတ် ၂၀ ရက်က နေပြည်တော်ရှိ Jasmine ဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မွ စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဥပေဒေရးရာဌာန ညွှန်ကြားရေးမှူး ရုရှားဖက်ဒရေးရှင်းတပ်မတော် ဥပေဒေရးရာ ဝန်ဆောင်မှုအကြီးအကဲ Mr. Bezbabnov OIeg Gennadievich၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူး Colonel Sergey Semenovich Kurchenko နှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်ကြကြောင်း သိရသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မွ စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဥပေဒေရးရာဌာန ညွှန်ကြားရေးမှူး ရုရှားဖက်ဒရေးရှင်းတပ်မတော် ဥပဒေရေးရာဝန်ဆောင်မှုအကြီးအကဲ Mr. Bezbabnov OIeg Gennadievich တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားကြပြီး ရုရှား-မြန်မာနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ၂၀၂၄ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ ဥပဒေဆိုင်ရာများဖြစ်သည့် ရုရှားနိုင်ငံ၏ စစ်ဘက်ဥပဒေစနစ်နှင့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ စစ်ဘက်တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကိုအပြန်အလှန်ဆွေးနွေးခြင်းများ၊ မေးခွန်းမေးမြန်း ခြင်းများ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။