Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က ယခုရာသီတွင် ခြေစွမ်းပြနေသည့် အာဆင်နယ်နောက်ခံကစားသမား ဘင်ဝှိုက်ကို လက်ရွေးစင်အသင်းတွင် မရွေးချယ်ခြင်းမှာ ကစားသမားကိုယ်တိုင်က နိုင်ငံအသင်း၌ ကစားရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် မတ်လ ၁၄ ရက်နေ့က ဘရာဇီးလ်၊ ဘယ်လ်ဂျီယံအသင်းတို့နှင့် ခြေစမ်းပွဲကစားမည့် အသင်းလူစာရင်းကိုထုတ်ပြန်ခဲ့သည်။ အင်္ဂလန်အသင်း၏လူစာရင်းတွင် ယခုရာသီ ခြေစွမ်းပြနေသည့် အာဆင် နယ်နောက်ခံကစားသမား ဘင်ဝှိုက်ကို ရွေးချယ်ခြင်းမရှိသည့်အတွက် ဝေဖန်သံများလည်း ဆူညံခဲ့သည်။ သို့သော် ဆောက်ဂိတ်က မိမိအနေဖြင့် ဘင်ဝှိုက်အား ဘရာဇီးလ်၊ ဘယ်လ်ဂျီယံအသင်းတို့နှင့် ကစားမည့် ခြေစမ်းပွဲစဉ်များအတွက် ရွေးချယ်လိုခဲ့သော် လည်း ကစားသမားကိုယ်တိုင်က ၎င်းအား မရွေးချယ်ရန် အာဆင်နယ်အသင်းထံမှတစ်ဆင့် အသိပေးခဲ့သည့်အတွက် မရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆောက်ဂိတ်က “ပြီးခဲ့တဲ့အပတ်က အာဆင်နယ်အားကစားဒါရိုက်တာ အီဒူး ကျွန်တော့်ဆီ ဖုန်းဆက်ပြီး ဘင်ဝှိုက်အနေနဲ့ ဒီတစ်ကြိမ်တော့ အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာ မပါချင်ဘူးလို့ ပြောပါတယ်။ ကျွန်တော့်အတွက် ဒါက တကယ်ကို နှမြောစရာပါ။ ကျွန်တော်ဟာ ဘင်ဝှိုက်အနေနဲ့ ဘရိုက်တန်အသင်းမှာ ကစားနေတုန်းကတောင် သူ့ကို ယူရိုပြိုင်ပွဲအတွက် ရွေးချယ်ခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း သူ့ကို ရွေးချယ်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ကာတာ ကမ္ဘာ့ဖလားအပြီးမှာ ဘင်ဝှိုက်နဲ့ စကားပြောဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အနေနဲ့ သူ့ကို အသင်းမှာ ရွေးချယ်ချင်သေးလို့ပါ။ ဘင်ဝှိုက်က အသင်းအတွက် မကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူ ဘာကြောင့် အသင်းအတွက် မကစားချင်သလဲဆိုတာကိုတော့ ကျွန်တော် အကြောင်းစုံကို မသိပါဘူး”ဟု ပြောကြားခဲ့သည်။ ဘင်ဝှိုက်သည် ၂၀၂၂ ကမ္ဘာ့ဖလားကာလအတွင်း အင်္ဂလန်အသင်းနှင့်အတူ…
ဟေတီမြို့တော် ပို့အော်ပရင့်တွင် ပူပူနွေးနွေးအကြမ်းဖက်မှုများဖြစ်ပွားလာသည့်ကြားထဲ ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိစဉ် စီစဉ်ထားပြီးသားဖြစ်သော အသွင်ကူးပြောင်းရေးကောင်စီတွင် ပါဝင်လာမည့် ခေါင်းဆောင်များကို ဟေတီသြဇာကြီးလူဆိုး ဂိုဏ်းခေါင်းဆောင်က ခြိမ်းခြောက်စာများ ထုတ်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံများက နယ်စပ်လုံခြုံရေးကို တိုးမြှင့်ခဲ့ကြပြီး သံရုံးဝန်ထမ်းများကို ပြန်လည်ခေါ်ယူခဲ့သည်။ ယင်းသို့သောအနေအထားတွင် ကာလရှည်စောင့်ခဲ့ရသော နိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့များစေလွှတ်မည့် အစီအစဉ်သည် မရေမရာဖြစ်နေသည်။ အသွင်ကူးပြောင်းရေးကောင်စီ ဖွဲ့စည်းပြီးသည်နှင့်တစ်ပြိုင်တည်း မိမိနုတ်ထွက်မည်ဟု ပြည်သူမကြိုက်သော ဝန်ကြီးချုပ်အေရီရယ်ဟင်နရီက မတ် ၁၁ ရက်တွင် ပြောကြားခဲ့ပြီးနောက် မြို့တော် ပို့အော်ပရင့်သည် ကနဦးပိုင်းတွင် ပိုမိုဆိတ်ငြိမ်သွားခဲ့သည်ဆိုသော်လည်း မတ် ၁၃ ရက်တွင် ရပ်ကွက်တစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားခြင်း၊ မတ် ၁၄ ရက် စောစောပိုင်းတွင် ရဲအကယ်ဒမီတိုက်ခိုက်ခံရခြင်းတို့နှင့်အတူ အကြမ်းဖက်မှုတို့ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ယခုလ အစောပိုင်းတွင် သေနတ်သမားများ၏ လက်ချက်ကြောင့် ထောင်သားများမရှိတော့သည့် ထောင်မကြီးတွင်မီးလောင်ခဲ့သည်။ အဆိုပါထောင်မှ မီးခိုးများထွက်လာသည်ကို တွေ့ရသည်။ မတ် ၁၄ ရက် နေ့ခင်းပိုင်းတွင် မီးငြိမ်းသွားသည်ဟု ထင်ရကြောင်း ဒေသခံမီဒီယာက ဖော်ပြခဲ့သည်။ ထို့နောက် လက်နက်အပြည့်အစုံပါသောရဲများသည် အပျက်အစီးပုံကြီးဖြစ်နေပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် မည်းနက်နေသော ထောင်ကြီးထဲကို ဝင်ရောက်လာသည်ဟု ဆိုသည်။ ထောင်ထဲတွင် လူများရှိနေသည် သို့မဟုတ် မီးလောင်ရသည့် အကြောင်းအရင်း စသည်တို့နှင့်ပတ်သက်၍ ရိုက်တာသတင်းဌာနက ချက်ချင်းအတည်မပြုနိုင်ဟု ဆိုသည်။ မတ် ၁၄ ရက်တွင် အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ဖရန့်အယ်ဘီ၏အိမ်သည် မီးရှို့ခံရသည်ဟု ရဲသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ ထိခိုက်ဒဏ်ရာရသူ ရှိမရှိဆိုသည်ကို ဖော်ပြခြင်းမရှိခဲ့ပေ။ ထို့အပြင် ဖရန့်အယ်ဘီ မည်သည့်နေရာကိုရောက်နေသလဲဆိုသည်ကိုလည်း ဖော်ပြခြင်းမရှိခဲ့ပေ။ လူဆိုးဂိုဏ်းများ ၈၀ ရာခိုင်နှုန်း…
အမေရိကန်စစ်တပ်သည် ဂျပန်နိုင်ငံတွင် အော့စပရေးလေယာဉ် ပျံသန်းမှုများကို ပြန်လည် လုပ်ဆောင်တော့မည်ဟု ဒေသခံတာဝန်ရှိသူတစ်ဦးက မတ် ၁၃ ရက်တွင် ပြောကြားခဲ့ရာ လူသေဆုံးခဲ့သည့် ပျက်ကျမှုများ ဆက်တိုက်ဖြစ်ခဲ့ပြီးနောက် အော့စပရေး လေယာဉ်များကို သုံးလကြာ ပျံသန်းမှုရပ်နား ထားခြင်းသည် အဆုံးသတ်သွားသည်။ ယင်းသို့ အော့စပရေး လေယာဉ် ပြန်လည်ပျံသန်းခြင်းက အမေရိကန်တပ်ဖွဲ့များ အခြေစိုက်ထားရာ အိုကီနာဝါတောင်ပိုင်းရှိ ဒေသခံများကို ဒေါသထွက်စေခဲ့သည်။ စိုးရိမ်နေသော နယ်ခံများကို လုံလောက်သည့် ရှင်းလင်းပြောကြားမှုများမရှိခဲ့ဟု အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ အမေရိကန် အော့စပရေး လေယာဉ်သည် နိုဝင်ဘာလကုန်ပိုင်းတွင် ဂျပန်၌ ပျက်ကျခဲ့သောကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ ရှစ်ဦးစလုံးသေဆုံးခဲ့ရသည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်း၌ အော့စပရေးလေ ယာဉ် ပျံသန်းမှုကို ရပ်နားထားမည်ဟု ဒီဇင်ဘာလထဲတွင် ဆုံးဖြတ်ခဲ့သည်။ “မတ် ၁၃ ရက် ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၅ မိနစ်မှာ အော့စပရေးလေယာဉ် တစ်စီးပျံသွားတာကို ဒီမြို့တော်ခန်းမ အဆောက်အအုံကနေ မြင်ရတဲ့အတိုင်း ကျွန်တော်တို့အတည်ပြုပါတယ်”ဟု ဂျီနိုဝမ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အိုကီနာဝါရှိ ဂျီနိုဝမ်သည် အမေရိကန်မရိမ်းတပ်၏ ဖူတန်းမား လေတပ်အခြေစိုက်စခန်းတည်ရှိရာ နေရာဖြစ်သည်။ မိမိတို့၏ လေယာဉ်အမှုထမ်းများ ဘေးကင်းရေးကို ဦးစားပေးသည့် စေ့စပ်သေချာသော အချက်အလက်များဖြင့် ချဉ်းကပ်နည်းကို ဆောင်ရွက်ခဲ့ပြီးနောက် အော့စပရေး လေယာဉ်ပျံသန်းမှုကို ပိတ်ပင်မှုအား လွန်ခဲ့သော သီတင်းပတ်တွင် ပြန်လည်ခွင့်ပြုပေးခဲ့သည်ဟု အမေရိကန်စစ်တပ်က ပြောကြားခဲ့ပြီးနောက် ဂျပန်တွင် အော့စပရေး လေယာဉ်ပြန်လည် ပျံသန်းခဲ့ခြင်းဖြစ်သည်။ “လေယာဉ် ပျက်ကျတဲ့အထိဖြစ်ရတဲ့ ထိုးရပ်သွားတာမျိုးကို ဖြေရှင်းဖို့…
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အွန်သည် စစ်ရေးလေ့ကျင့်ခန်းများကို ကြီးကြပ်ကွပ်ကဲခဲ့ပြီး ပင်မတိုက်ပွဲဝင်တင့်ကား အမျိုးအစားသစ်တစ်မျိုးကိုလည်း မောင်းနှင်ပြခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက မတ်လ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။ အဟန့်အတားစွမ်းရည် မြှင့်တင်ရန် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု နောက်ဆုံးနေ့၌ ကင်က တိုက်ပွဲဝင် တင့်ကားအမျိုးအစားသစ်ကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။ အနက်ရောင် သားရေဂျာကင်အကျႌဝတ်ဆင်ထားသည့် ကင်သည် ပုံဖျက်ထားသော တိုက်ခိုက်ရေးဝတ်စုံ ဝတ်ဆင်ထားသည့် တပ်ဖွဲ့ဝင်များကို အလေးပြုခဲ့ပြီး စစ်မြေပြင်ကွပ်ကဲရေးစခန်းမှ ကျည်အစစ်အသုံးပြုသည့် စစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်မှုများကို ကြည့်ရှုခဲ့ကာ ၎င်း၏ဝဲယာတွင် ထိပ်တန်းစစ် ဗိုလ်ချုပ်ကြီးများက ခြံရံထားသည့် ဓာတ်ပုံများကို နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ ကင်သည် တင့်ကားအမှုထမ်းများကို လှည့်လည်စစ်ဆေးပြီးနောက် ပင်မတိုက်ပွဲ ဝင်တင့်ကား အမျိုးအစားသစ် တစ်စီးပေါ်သို့တက်ကာ ယာဉ်မောင်းနေရာတွင်ထိုင်၍ ကိုယ်တိုင်မောင်းနှင်ခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။ တောင်ကိုရီးယားနှင့် အမေရိကန်က Freedom Shield ဟုအမည်ရသည့် နှစ်စဉ်ပြုလုပ်မြဲ စစ်ရေးလေ့ကျင့်မှု နောက်ဆုံးရက်တွင် မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ၏ ဖော်ပြချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ တောင်ကိုရီးယားနှင့် အမေရိကန်က ကွန်ပျူတာဖန်တီးချက်များဖြင့် သဏ္ဌာန်တူ ဖန်တီးထားသည့် ကွပ်ကဲထိန်းချုပ်ရေးဆိုင်ရာ လေ့ကျင့်ခန်းများနှင့် စစ်မြေပြင် လေ့ကျင့်ခန်းမျိုးစုံ ပါဝင်မည့် ၁၁ ရက်ကြာ Freedom Shield စစ်ရေးလေ့ကျင့်မှုကို မတ်လ ၄ ရက်တွင် စတင်ခဲ့ပြီး မတ်လ ၁၄ ရက်တွင် ပြီးဆုံးခဲ့သည်။ Freedom Shileld စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် နှစ်ဖက်တပ်ဖွဲ့ဝင် အရေအတွက်သည် ယမန်နှစ်ထက် နှစ်ဆပိုများပြီး လေကြောင်းထိုးစစ်ဆင်မှုနှင့်…
လူမှုကွန်ယက်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်များ မြင့်တက်စေရန် လှုံဆော်ခြင်း၊ နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်းများအား တရားစွဲအရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည်။ ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်နှင့် စျေးကစားမှုများမဖြစ်စေရန်အတွက် သွင်းကုန်လုပ်ငန်းရှင်များ လိုအပ်သော နိုင်ငံခြားငွေများကို Online Trading Platform မှတစ်ဆင့် ရောင်းချပေးခြင်း၊ နိုင်ငံခြားသို့ ဆေးကုသခြင်း၊ ပညာတော်သင်သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်များဖြင့် ထွက်ခွာမည့်သူများအတွက် အသေးဆုံးနိုင်ငံခြားငွေများကို ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် ရောင်းချစေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဗဟိုဘဏ်က ကြီးကြပ်လျက်ရှိသော Online Trading Platform တွင် ဘဏ်များနှင့် သွင်းကုန်/ပို့ကုန်လုပ်ငန်းရှင်များအကြား အမေရိကန် တစ်ဒေါ်လာလျှင် ၃၃၇၅ ကျပ်နှုန်းဖြင့် ရောင်းဝယ်နေသကဲ့သို့ ဗဟိုဘဏ်၏ ပံပိုးမှုဖြင့် ပုဂ္ဂလိကဘဏ် (၃)ခုတို့၏ ငွေလဲကောင်တာများဖြစ်သည့် KBZ ဘဏ်၏ ရန်ကုန်မြို့ (၉)မိုင်ဘဏ်ခွဲ၊ ဦးဝိစာရလမ်း (၂)ဘဏ်ခွဲ၊ ရန်ကုန်လေဆိပ်(ဆိုက်ရောက်)၊ မန္တလေးမြို့ IDB ဘဏ်ခွဲ၊ (၂၂)ဘဏ်ခွဲ၊ (၄)ဘဏ်ခွဲ၊ နေပြည်တော်ရှိ ဘဏ်ခွဲ (၅)၊ တောင်ကြီးမြို့ ဘဏ်ခွဲ (၁)၊ AYA BANK PCL၏ ရန်ကုန်မြို့ရှိ ရန်ကုန်လေဆိပ်၊ ပါရမီဘဏ်ခွဲ၊ ကျောက်တံတားဘဏ်ခွဲ၊ အလုံဘဏ်ခွဲ၊ မရမ်းကုန်းဘဏ်ခွဲ၊ မန္တလေးမြို့ရှိ လမ်း (၃၀)ဘဏ်ခွဲ၊ (၂၂)ဘဏ်ခွဲ၊ နေပြည်တော်ရှိ နေပြည်တော်ဘဏ်ခွဲ၊ UAB ၏ ရန်ကုန်မြို့ စမ်းချောင်းဘဏ်ခွဲ၊ ရန်ကုန်လေဆိပ်၊ ရွှေဂုံတိုင်ဘဏ်ခွဲ၊ သိမ်ဖြူဘဏ်ခွဲ၊ မန္တလေးမြို့ (၈၄)လမ်းဘဏ်ခွဲ၊ ဆိုင်းတန်းဘဏ်ခွဲ၊ ဒိုင်းမွန်းဘဏ်ခွဲ၊ နေပြည်တော်ရှိ နေပြည်တော်ဘဏ်ခွဲတို့တွင်…
ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်လိုသူသည် လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ကို လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံတင်လက်မှတ်များအား တစ်နှစ် သက်တမ်းဖြင့် ခွင့်ပြုပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ ပြန်ကြားရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ် ၄ ပုဒ်မခွဲ (ဂ) အရ ပြည်ထောင်စုအစိုးရအဖွဲ့က အပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို ကျင့်သုံး၍ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုကာ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်ကို ၂၀၂၄ ခုနှစ် မတ် ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့် အခန်း(၂)အရ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်လိုသူသည် လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှတစ်ဆင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံတင်လက်မှတ်များအား တစ်နှစ် သက်တမ်းဖြင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းလုပ်ကိုင်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း-၀၁-၇၅၃၆၃၆၁ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မတ်လ ၁၄ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့ ဆုတောင်းအစီအစဉ်နဲ့ အသိပညာပေး ဟောပြောမှုများကို ကချင်ပြည်နယ် မြစ်ဆုံတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ မြစ်ကြီးနားမြို့၊ မြစ်ဆုံဒေသ အနီး ကျေးရွာ ၁၅ ရွာက ဒေသခံ ၂၀၀ ခန့် စုဝေးပြီး ဆုတောင်းခြင်း၊မြစ်ချောင်းအင်းအိုင် ကာကွယ်ထိန်းသိမ်းရန် နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း အစီအစဉ်တွင် ပါဝင်ခဲ့သည့် ဒေသခံတစ်ဦးက Eleven Media သို့ ပြောကြားသည်။ “နိုင်ငံရေးအခြေအနေ မတည်ငြိမ်လေမြစ်ချောင်း၊ အင်းအိုင်တွေ ပျက်စီးလေပဲ။ ဘေးပတ်ဝန်းကျင်တွေလည်းပိုပျက်စီးတယ်။ဒေသခံအသံတွေကတော့ ရေတွေလည်း အရင်လို မကြည်လင်တော့တာ။ကင်ဆာလို၊စမ်းသပ်မရတဲ့ အရင်က မဖြစ်ဖူးတဲ့ရောဂါတွေအကြောင်း၊ကျွဲနွား တွေဒုက္ခရောက်တာပါတယ်။ မြစ်ချောင်း၊ အင်းအိုင်ကို ကာကွယ်တဲ့အနေနဲ့ လုပ်တာပေါ့။ အထိမ်းအမှတ်နေ့ကို အလေးထားပြီး လုပ်ဖြစ်တာပေါ့”လို့ ဆိုပါတယ်။ “အခမ်းအနားတွင် ဧရာဝတီမြစ် ထာဝစဉ် လွတ်လပ်စွာ စီးဆင်းရေး၊ မြစ်ချောင်းများတွင် စက်ယန္တရားဖြင့် ရွှေတူးဖော်မှု ရပ်ဆိုင်းရေး၊ မြစ်ချောင်း အင်းအိုင်များ လွတ်လပ်စွာ ရှင်သန်ရေး၊ မြစ်ကြောင်း တစ်လျှောက် အကြီးစား ရေကာတာ ဆောက်လုပ်ခြင်း အလိုမရှိ၊ သန့်ရှင်းသောရေ ရရှိရေးနှင့် မြစ်ချောင်းအင်းအိုင်များ ဖျက်ဆီးသူ အလိုမရှိ”အစရှိတဲ့ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
မန်ယူအသင်း၏ ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စီမီရိုက စကော့တလန်ကွင်းလယ်ကစားသမား တွမ်မီနေးသည် အသင်းအတွက် အလွန်အရေးပါသည့် ကစားသမားဖြစ်သည်ဟု ပြောကြားခဲ့သည်။ ၎င်းက တွမ်မီနေးသည် အသင်းတိုင်းအတွက် လိုအပ်သည့် ကစားသမားမျိုးဖြစ်သည်ဟုလည်း ဆိုခဲ့သည်။ “စကော့(တွမ်မီနေး)က အသင်းတိုင်းအတွက် လိုအပ်တဲ့ ကစားသမားမျိုးလို့ ထင်ပါတယ်။ စကော့လို ကစားသမားတွေက အရမ်းအရေးကြီးပါတယ်။ သူက ပြိုင်ဘက် ဂိုးဧရိယာထဲမှာ တကယ့်ကို ခြိမ်းခြောက်နိုင်ပါတယ်”ဟု ကက်စီမီရိုက ပြောကြားခဲ့သည်။ အသက် (၂၇) နှစ်အရွယ်ရှိ စကော့တလန်ကွင်းလယ်ကစားသမား တွမ်မီနေးသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၃၃) ပွဲတွင် (၈) ဂိုး သွင်းယူထားသည်။
ပြင်သစ်ကလပ် PSG အသင်းသည် မန်ယူအသင်းမှ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို လာမည့်နွေရာသီတွင် ပေါင်(၇၅)သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။ PSG အသင်းသည် ပြင်သစ်တိုက်စစ်မှူး ဘာပေကို ဆုံးရှုံးရမည်ဖြစ်သည့်အတွက် ပြန်လည်အစားထိုးရန် တိုက်စစ်ကစားသမားများ ရှာဖွေလျက်ရှိသည်။ PSG အသင်းသည် လာမည့်နွေတွင် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေသည့် ဘာပေ၏နေရာတွင် အစားထိုးရန် လီဗာပူးလ်တိုက်စစ်ကစားသမား ဒီယက်ဇ်အပြင် ယခုအခါ ရပ်ရှ်ဖို့ဒ်ကိုလည်း ပစ်မှတ်စာရင်းတွင် ထည့်သွင်းထားခြင်းဖြစ်သည်။ အသက် (၂၆) နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် ယခုရာသီတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရပြီး အသင်းရှယ်ယာရှင်ဖြစ်လာသည့် ဆာဂျင်ရက်ကလစ်ဖ်သည် ၎င်းကို ရောင်းထုတ်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။ မန်ယူအသင်းသည် ရပ်ရှ်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၁၀၀)ဝန်းကျင် အလိုရှိနေကြောင်းလည်း သိရှိရသည်။
မန်ယူအသင်းသည် အင်္ဂလန်တိုက်စစ်ကစားသမား ဂရင်းဝုဒ်၏ အနာဂတ်အတွက် ယခုရက်ပိုင်းအတွင်း လာလီဂါကလပ်အသင်း(၄)သင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ မန်ယူအသင်းသည် ဂရင်းဝုဒ်(၂၂ နှစ်)ကို လိင်ပိုင်းဆိုင်ရာ တရားစွဲဆိုမှုနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် ပြီးခဲ့သည့်နွေရာသီတွင် လာလီဂါကလပ် ဂီတာဖေးအသင်းထံ အငှားချခဲ့ပြီး အသင်းတွင် ပြန်လည်နေရာပေးလိုခြင်းမရှိတော့သည့်အတွက် ရောင်းထုတ်ရန် စီစဉ်နေသည်။ ဂရင်းဝုဒ်သည် ဂီတာဖေးအသင်းနှင့်အတူ စပိန်မြေတွင် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် လက်ရှိကလပ် ဂီတာဖေးအသင်းသာမက လာလီဂါထိပ်သီးအသင်းများဖြစ်သည့် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် အက်သလက်တီကိုအသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။ ထို့ကြောင့် မန်ယူအသင်း၏ ဘောလုံးဒါရိုက်တာ ဂျွန်မာတောက်သည် အဆိုပါလာလီဂါကလပ်(၄)သင်းမှ တာဝန်ရှိသူများနှင့် စပိန်မြေတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန်ယူအသင်းသည် ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၅၀)ဟု သတ်မှတ်ထားကြောင်းလည်း သိရသည်။