Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Monday, May 19
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Finance 5 Views

လူမှုကွန်ယက်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်များ မြင့်တက်စေရန် လှုံဆော်ခြင်း၊ နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်းများအား တရားစွဲအရေးယူနိုင်ရေး ဆောင်ရွက်နေဟု ဗဟိုဘဏ် ထုတ်ပြန်

March 15, 20242 Mins Read
Share
Facebook Twitter

လူမှုကွန်ယက်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်များ မြင့်တက်စေရန် လှုံဆော်ခြင်း၊ နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်းများအား တရားစွဲအရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည်။

ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်နှင့် စျေးကစားမှုများမဖြစ်စေရန်အတွက် သွင်းကုန်လုပ်ငန်းရှင်များ လိုအပ်သော နိုင်ငံခြားငွေများကို Online Trading Platform မှတစ်ဆင့် ရောင်းချပေးခြင်း၊ နိုင်ငံခြားသို့ ဆေးကုသခြင်း၊ ပညာတော်သင်သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်များဖြင့် ထွက်ခွာမည့်သူများအတွက် အသေးဆုံးနိုင်ငံခြားငွေများကို ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် ရောင်းချစေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗဟိုဘဏ်က ကြီးကြပ်လျက်ရှိသော Online Trading Platform တွင် ဘဏ်များနှင့် သွင်းကုန်/ပို့ကုန်လုပ်ငန်းရှင်များအကြား အမေရိကန် တစ်ဒေါ်လာလျှင် ၃၃၇၅ ကျပ်နှုန်းဖြင့် ရောင်းဝယ်နေသကဲ့သို့ ဗဟိုဘဏ်၏ ပံပိုးမှုဖြင့် ပုဂ္ဂလိကဘဏ် (၃)ခုတို့၏ ငွေလဲကောင်တာများဖြစ်သည့် KBZ ဘဏ်၏ ရန်ကုန်မြို့ (၉)မိုင်ဘဏ်ခွဲ၊ ဦးဝိစာရလမ်း (၂)ဘဏ်ခွဲ၊ ရန်ကုန်လေဆိပ်(ဆိုက်ရောက်)၊ မန္တလေးမြို့ IDB ဘဏ်ခွဲ၊ (၂၂)ဘဏ်ခွဲ၊ (၄)ဘဏ်ခွဲ၊ နေပြည်တော်ရှိ ဘဏ်ခွဲ (၅)၊ တောင်ကြီးမြို့ ဘဏ်ခွဲ (၁)၊ AYA BANK PCL၏ ရန်ကုန်မြို့ရှိ ရန်ကုန်လေဆိပ်၊ ပါရမီဘဏ်ခွဲ၊ ကျောက်တံတားဘဏ်ခွဲ၊ အလုံဘဏ်ခွဲ၊ မရမ်းကုန်းဘဏ်ခွဲ၊ မန္တလေးမြို့ရှိ လမ်း (၃၀)ဘဏ်ခွဲ၊ (၂၂)ဘဏ်ခွဲ၊ နေပြည်တော်ရှိ နေပြည်တော်ဘဏ်ခွဲ၊ UAB ၏ ရန်ကုန်မြို့ စမ်းချောင်းဘဏ်ခွဲ၊ ရန်ကုန်လေဆိပ်၊ ရွှေဂုံတိုင်ဘဏ်ခွဲ၊ သိမ်ဖြူဘဏ်ခွဲ၊ မန္တလေးမြို့ (၈၄)လမ်းဘဏ်ခွဲ၊ ဆိုင်းတန်းဘဏ်ခွဲ၊ ဒိုင်းမွန်းဘဏ်ခွဲ၊ နေပြည်တော်ရှိ နေပြည်တော်ဘဏ်ခွဲတို့တွင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ အမေရိကန်ဒေါ်လာ ၅၀၀ အထိ တစ်ဒေါ်လာလျှင် ၃၁၀၀ ကျပ်နှုန်းဖြင့် အထူးအစီအစဉ်အရ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ နိုင်ငံခြားငွေများကို ရောင်းချပေးလျက်ရှိသောလည်း နိုင်ငံခြားငွေလဲလှယ်နှုန်း ကမာက်ကမဖြစ်စေလိုသော အဖျက်သမားများက Mr.Hamburger Channel (Viber)၊ Myanmar Market Price (App & (Facebook)၊ Htet Yan Money Exchange (Facebook)၊ Dollar Exchange Rate (Facebook)၊ Daily Gold (Facebook)၊ Myanmar Future News (Facebook)၊ ရွှေဈေး၊ဒေါ်လာဈေး (Facebook)၊ GG-Money Exchange (Facebook)၊ ရဝေထွန်း- စိန်ရွှေရတနာဆိုင် (Facebook)၊ ရွှေဈေးနှုန်း၊ ငွေဈေးနှုန်း (Facebook)၊ Domestic Price Now၊ Shwedingar.com၊ Gold (Facebook)၊ Law Ka Media (Facebook)၊ Money Changer (Yangon) ငွေဈေး ဒေါ်လာဈေး (Facebook Group) စသည့် လူမှုကွန်ယက်စာမျက်နှာများ၊ လူမှုကွန်ယက် Group များ၊ App များ၊ Website များမှတစ်ဆင့် မဟုတ်မမှန် လုပ်ကြံသတင်များ ထုတ်ပြန်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် လှုံ့ဆော်လျက်ရှိကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်သည်။

သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ လူမှုကွန်ယက်စာမျက်နှာများ၊ လူမှုကွန်ယက် Group များ၊ App များ၊ Website များသည် မမှန်ဟုသိလျက်နှင့် သို့မဟုတ် မမှန်ဟု ယုံကြည်လောက်အောင် အကြောင်းရှိလျက်နှင့် မမှန်သတင်းဖြန့်ဝေခြင်း သို့မဟုတ် မမှန်သတင်းဖြန့်ရန် ကြံရွယ်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း၊ နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြား သုံးငွေလဲလှယ်ရောင်းဝယ်ရေးလုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ကြောင်းတွေ့ရှိရသဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က(ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈(က)၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ နှင့် ၄၂-က တို့အရ တရားစွဲအရေးယူ နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့်လည်း နိုင်ငံခြားငွေ အမှန်တကယ်လိုအပ်ချက်များရှိပါက အထက် ဖော်ပြပါအထူးအစီအစဉ်ဖြင့် နိုင်ငံခြားငွေရောင်းချပေးနေသော ငွေလဲကောင်တာများတွင်ဝယ်ယူကြ ပါရန်နှင့်မဟုတ်မမှန်သတင်းထုတ်လွှင့်ပြီး နိုင်ငံခြားငွေကြေးဈေးကစားသူများ၏ ပြောကြားချက်/ ထုတ်ပြန်ချက်များကိုမယုံကြည်ကြပါရန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ https://www.cbm.gov.mm/ ရှိ News & Announcements တွင် နေ့စဉ် Online Trading Rate ကိုဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းနှင့် ဘဏ်များနှင့်တရားဝင်ငွေလဲကောင်တာများတွင်သာ နိုင်ငံခြားသုံးငွေများကို လဲလှယ်ရောင်းဝယ် သွားကြရန်လည်း ဗဟိုဘဏ်က တိုက်တွန်းထားသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်လိုသူသည် လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ကို လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံတင်လက်မှတ်များအား တစ်နှစ် သက်တမ်းဖြင့် ခွင့်ပြုပေးမည်
Next Article မြောက်ကိုရီးယားက တိုက်ပွဲဝင်တင့်ကားသစ်ကို ထုတ်ဖော်ပြသခဲ့ပြီး ကင်ဂျုံအွန်ကိုယ်တိုင် မောင်းနှင်ပြခဲ့
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.