Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Saturday, June 7
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Soccer 0 Views

ဘင်ဝှိုက်အား မရွေးချယ်ခြင်းမှာ ကစားသမားကိုယ်တိုင်က လက်ရွေးစင်အသင်းတွင်ကစားရန် ငြင်းဆန်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆောက်ဂိတ် ပြောကြား

March 16, 20241 Min Read
Share
Facebook Twitter

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က ယခုရာသီတွင် ခြေစွမ်းပြနေသည့် အာဆင်နယ်နောက်ခံကစားသမား ဘင်ဝှိုက်ကို လက်ရွေးစင်အသင်းတွင် မရွေးချယ်ခြင်းမှာ ကစားသမားကိုယ်တိုင်က နိုင်ငံအသင်း၌ ကစားရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် မတ်လ ၁၄ ရက်နေ့က ဘရာဇီးလ်၊ ဘယ်လ်ဂျီယံအသင်းတို့နှင့် ခြေစမ်းပွဲကစားမည့် အသင်းလူစာရင်းကိုထုတ်ပြန်ခဲ့သည်။ အင်္ဂလန်အသင်း၏လူစာရင်းတွင် ယခုရာသီ ခြေစွမ်းပြနေသည့် အာဆင် နယ်နောက်ခံကစားသမား ဘင်ဝှိုက်ကို ရွေးချယ်ခြင်းမရှိသည့်အတွက် ဝေဖန်သံများလည်း ဆူညံခဲ့သည်။ သို့သော် ဆောက်ဂိတ်က မိမိအနေဖြင့် ဘင်ဝှိုက်အား ဘရာဇီးလ်၊ ဘယ်လ်ဂျီယံအသင်းတို့နှင့် ကစားမည့် ခြေစမ်းပွဲစဉ်များအတွက် ရွေးချယ်လိုခဲ့သော် လည်း ကစားသမားကိုယ်တိုင်က ၎င်းအား မရွေးချယ်ရန် အာဆင်နယ်အသင်းထံမှတစ်ဆင့် အသိပေးခဲ့သည့်အတွက် မရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆောက်ဂိတ်က “ပြီးခဲ့တဲ့အပတ်က အာဆင်နယ်အားကစားဒါရိုက်တာ အီဒူး ကျွန်တော့်ဆီ ဖုန်းဆက်ပြီး ဘင်ဝှိုက်အနေနဲ့ ဒီတစ်ကြိမ်တော့ အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာ မပါချင်ဘူးလို့ ပြောပါတယ်။ ကျွန်တော့်အတွက် ဒါက တကယ်ကို နှမြောစရာပါ။ ကျွန်တော်ဟာ ဘင်ဝှိုက်အနေနဲ့ ဘရိုက်တန်အသင်းမှာ ကစားနေတုန်းကတောင် သူ့ကို ယူရိုပြိုင်ပွဲအတွက် ရွေးချယ်ခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း သူ့ကို ရွေးချယ်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ကာတာ ကမ္ဘာ့ဖလားအပြီးမှာ ဘင်ဝှိုက်နဲ့ စကားပြောဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အနေနဲ့ သူ့ကို အသင်းမှာ ရွေးချယ်ချင်သေးလို့ပါ။ ဘင်ဝှိုက်က အသင်းအတွက် မကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူ ဘာကြောင့် အသင်းအတွက် မကစားချင်သလဲဆိုတာကိုတော့ ကျွန်တော် အကြောင်းစုံကို မသိပါဘူး”ဟု ပြောကြားခဲ့သည်။

ဘင်ဝှိုက်သည် ၂၀၂၂ ကမ္ဘာ့ဖလားကာလအတွင်း အင်္ဂလန်အသင်းနှင့်အတူ စခန်းသွင်းနေစဉ် အိမ်ပြန်လာခဲ့သဖြင့် ဝေဖန်သံများ ဆူညံခဲ့ဖူးသည်။ ဘင်ဝှိုက်အနေဖြင့် ထိုစဉ်က ဆောက်ဂိတ်၏လက်ထောက်နည်းပြ စတိဗ်ဟော်လန်နှင့် အချင်းများခဲ့ကြောင်း လည်း သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် အဆိုပါသတင်းများကို ဆောက်ဂိတ်က ငြင်းဆန်ပယ်ချခဲ့သည်။

“သတင်းတွေထွက်ပေါ်ခဲ့သလို ဘင်ဝှိုက်နဲ့ စတိဗ်ဟော်လန်တို့ အကြား ပြဿနာဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့အကြားမှာ ဘာပြဿနာမှ မရှိပါဘူး။ တကယ်တမ်းပြောရရင် ကျွန်တော့်အနေနဲ့ ဒီအကြောင်းကို ပြောတောင်မပြောချင်ပါဘူး။ ကျွန်တော့်ရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ ပြဿနာတက်တာကြောင့် လက်ရွေးစင်အသင်းမှာ ဘယ်သူ့ကိုတော့ မရွေးချယ်ဘူးဆိုတာမျိုး မရှိပါဘူး။ ပြီးတော့ ဘင်ဝှိုက်အနေနဲ့ အခု အင်္ဂလန်အသင်းလူစာရင်းမှာ မပါဝင်ချင်တာကလည်း အဲဒီအကြောင်းကြောင့် လုံးဝမဟုတ်ပါဘူး”ဟု ဆောက်ဂိတ်က ပြောကြားခဲ့သည်။

အသက် ၂၆ နှစ်အရွယ်ရှိ ဘင်ဝှိုက်သည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် လေးပွဲသာ ပါဝင်ကစားထားသူဖြစ်သည်။ ဘင်ဝှိုက် အနေဖြင့် လက်ရှိတွင် အင်္ဂလန်အသင်းအတွက် ကစားရန် ငြင်းဆန်ခဲ့သော်လည်း လက်ရွေးစင်အသင်းတွင် ၎င်းအတွက် တံခါးဖွင့်ထားဆဲဖြစ်ကြောင်း ဆောက်ဂိတ်က ပြောကြားခဲ့သည်။ ဆောက်ဂိတ်က “ဘင်ဝှိုက်အတွက် ကျွန်တော်တို့ တံခါးဖွင့်ထားဆဲပါပဲ။ သူက ကစားသမားကောင်းတစ်ယောက်ပြီး အင်္ဂလန်အတွက် ထူးခြားတာတွေ လုပ်ပြနိုင်စွမ်းရှိသူပါ”ဟု ပြောကြားခဲ့သည်။ အင်္ဂလန်အသင်းသည် ယူရို ၂၀၂၄ အတွက် ပြင်ဆင်မှုအတွက် မတ်လ ၂၃ ရက်တွင် ဘရာဇီးလ်၊ မတ်လ ၂၆ ရက်တွင် ဘယ်လ်ဂျီယံအသင်းတို့ ကို ၎င်းတို့၏အိမ်ကွင်း ဝင်ဘလေ၌ ခြေစမ်းယှဉ်ပြိုင်သွားမည်ဖြစ်သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleဟေတီအသွင် ကူးပြောင်းရေးကောင်စီတွင် ပါဝင်လာမည့် ခေါင်းဆောင်များကို ဟေတီ၏ သြဇာကြီးလူဆိုးဂိုဏ်းခေါင်းဆောင်က ခြိမ်းခြောက်စာများထုတ်
Next Article ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ မှားယွင်းကြောင်း အင်္ဂလန်ဝါရင့်ကွင်းလယ်ကစားသမား ဟန်ဒါဆန် ဝန်ခံ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.