Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ထိုင်းနိုင်ငံ ဖက်ထလုံခရိုင် ခွန်ခနွမ်မြို့ နယ်တွင် ဇန်နဝါရီ ၁၄ ရက် ညပိုင်းက မြန်မာ လုပ်သားများ စီးနင်းလာသောပစ်ကပ်ကားနှင့် ထိုင်းနိုင်ငံသူမောင်းနှင်သည့် အိမ်စီးကားတို့ တိုက်မိပြီး မြန်မာလုပ်သားတစ်ဦးနှင့် ထိုင်းနိုင် ငံသူတစ်ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။ ဇန်နဝါရီ ၁၄ ရက် ညပိုင်းက ဖတ်ထလုံခ ရိုင် ခွမ်ခနွန်မြို့နယ် ချမွမ့်ကျေးရွာလမ်းဆုံမီး ပွိုင့်တွင် မြန်မာလုပ်သားများအား တင်ဆောင် လာသောပစ်ကပ်ကားနှင့် အသက် ၅၃ နှစ်အ ရွယ်ရှိ ထိုင်းနိုင်ငံသူတစ်ဦး မောင်းနှင်လာသည့် အိမ်စီးကားတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် မြန်မာလုပ် သားတစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံး ခဲ့ပြီး ဒဏ်ရာရသူများကို လူမှုကယ်ဆယ်ရေး အဖွဲ့များက ဆေးရုံကြီးသို့ ပို့ဆောင်သော်လည်း ထိုင်းနိုင်ငံသူမှာ ဒဏ်ရာပြင်းထန်ခြင်းကြောင့် ဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။ ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန် မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော် မတီ ( JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “အခုဖြစ် တာက ထိုင်းနိုင်ငံ ဖက်ထလုံခရိုင် ခွန်ခနွမ်မြို့ နယ်ထဲမှာ မြန်မာနိုင်ငံသားတွေ တင်ဆောင် လာတဲ့ ပစ်ကပ်ယာဉ်နဲ့ ထိုင်းနိုင်ငံသူမောင်းနှင် လာတဲ့ အိမ်စီးကားတို့ တိုက်တာ။ မြန်မာလုပ် သားရှစ်ဦးထဲက တစ်ဦးဒဏ်ရာပြင်းထန်ပြီး အခင်းဖြစ်တဲ့နေရာမှာ သေဆုံးသွားတယ်။အလားတူ အခြားတစ်ဘက်ကလာတဲ့ အိမ်စီး ကားမောင်းနှင်တဲ့ ထိုင်းနိုင်ငံသူကလည်း ဒဏ် ရာပြင်းထန်တဲ့အတွက် ဆေးရုံရောက်တဲ့အချိန် မှာ သေဆုံးခဲ့တယ်။ မြန်မာလုပ်သားတွေမှာ စာရွက်စာတမ်း အထောက်အထားရှိမယ်ဆို ရင် သက်ဆိုင်ရာအလုပ်ရှင်က လူမှုဖူလုံရေးတို့၊…
တူရကီကလပ် အန်တယ်ယာစပေါ်အသင်းတွင်ကစားနေသည့် အစ္စရေးဘောလုံးသမား ဆာဂျီဂျယ်ဟက်ဇ်ကယ်သည် ဟားမာ့စ်တို့ ဖမ်းဆီးထိန်းသိမ်းထားသည့် အစ္စရေးဓားစာခံများအား ပြန်လွှတ်ပေးရန် တောင်းဆိုမှုကြောင့် ကလပ်မှ ထုတ်ပယ်ခံရကြောင်း သိရသည်။ အသက် ၂၈ နှစ်အရွယ်ရှိ ဂျယ်ဟက်ဇ်ကယ်သည် ဇန်နဝါရီ ၁၄ ရက်က တူရကီစူပါလိဂ်တွင် အသင်းအတွက် ချေပဂိုးသွင်းယူပြီးနောက် လက်၌စည်းထားသည့် ပတ်တီးပေါ်တွင် ”100 days, 7/10”ဟု ရေးသားကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၁၀ ရက်၌ ဟားမာ့စ်တို့က စတင်တိုက်ခိုက်ခဲ့မှုတွင် ပြည်သူအများစုအပါအဝင် အစ္စရေးနိုင်ငံသား ၁၂၀၀ ဦးဝန်းကျင် သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ ၂၄၀ ဦးအနက် ၁၃၂ ဦးကို ဆက်လက်ထိန်းသိမ်းထားလျက်ရှိသည်။ ဇန်နဝါရီ ၁၄ ရက်သည် အစ္စရေးတောင်ပိုင်း၌ ဟားမာ့စ်တို့၏ စတင်တိုက်ခိုက်မှု ရက် ၁၀၀ ပြည့်မြောက်သည့်နေ့လည်း ဖြစ်သည်။ ယင်းနောက်တွင် ဂျယ်ဟက်ဇ်ကယ်အနေဖြင့် လှုံ့ဆော်မှုစွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အစ္စရေးသို့ ပြန်သွားခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ဂျာမန်အားကစားဝတ်စုံကုမ္ပဏီ Puma နှင့် ပြောင်းလဲလက်တွဲရန်အတွက် အမေရိကန်အားကစားဝတ်စုံကုမ္ပဏီ Nike ကို နစ်နာကြေးပေး၍ စာချုပ်ဖျက်သိမ်းရန် စီစဉ်နေကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် Nike နှင့် ၁၉၉၈ ခုနှစ်ကတည်းက လက်တွဲလာခဲ့ခြင်းဖြစ်ပြီး လက်ရှိစာချုပ်မှာ ၂၀၂၈ ခုနှစ်အထိ ဖြစ်သည်။ ယင်းစာချုပ်အရ ဘာစီလိုနာအသင်းသည် Nike ထံမှ တစ်နှစ်လျှင် ယူရို(၁၅၅)သန်း ရရှိနေသည်။ အဆိုပါစာချုပ်၌ ဘာစီလိုနာအသင်းအနေဖြင့် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မရရှိလျှင် (သို့မဟုတ်) လာလီဂါမှ တန်းဆင်းခဲ့ရလျှင် စာချုပ်ကို ဖျက်သိမ်းနိုင်သည်ဟူသော သဘောတူညီမှုလည်း ပါဝင်ခဲ့့သည်။ ဘာစီလိုနာအသင်းသည် Nike နှင့် လမ်းခွဲရန် စီစဉ်နေကြောင်း ပြီးခဲ့သည့်လများကတည်းက သတင်းထွက်ပေါ်နေခဲ့ပြီး ယခုအခါ အမှန်တကယ်လမ်းခွဲပြီး Puma နှင့် ပြောင်းလဲလက်တွဲရန် အလွန်နီးစပ်သည့်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း စပိန်သတင်းစာ Marca က ထပ်မံဖော်ပြလာခဲ့ခြင်း ဖြစ်သည်။ ယင်းသတင်းစာ၏ အဆိုအရ Puma သည် ဘာစီလိုနာအသင်းကို တစ်နှစ်ယူရိုသန်း(၂၀၀)ပေးချေမည့်အပြင် ထပ်ဆောင်းဆုကြေးများနှင့် ပေါင်းစပ်လိုက်ပါက တစ်နှစ်လျှင် ယူရိုသန်း(၃၀၀)အထိ ရရှိနိုင်ကြောင်း သိရသည်။ Puma က အဆိုပါတန်ဖိုးပမာဏဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေပြီဖြစ်သောကြောင့် ဘာစီလိုနာအသင်းက Nike နှင့် စာချုပ်ဖျက်သိမ်းရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် Nike နှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း စာချုပ်ပါသဘောတူညီချက်အရ ကြိုတင်အကြောင်းကြားမည်ဆိုပါက ၂၀၂၆ ခုနှစ်တွင် စာချုပ်ဖျက်သိမ်းနိုင်သည့် အခွင့်အရေးရှိကြောင်း သိရသည်။ သို့သော် ဘာစီလိုနာအသင်းက အဆိုပါခုနှစ်မတိုင်မီ ၂၀၂၅ ခုနှစ်တွင်ပင်…
သြစတြေးလျအိုးပင်း ဂရင်းစလင်းတင်း နစ်ပြိုင်ပွဲတွင် ယခုနှစ်ပြိုင်ပွဲဝင်ခဲ့ခြင်းသည် ကစားသမားဘဝ နောက်ဆုံးယှဉ်ပြိုင်မှုဖြစ်မည်ဟု သေချာကြောင်း ဗြိတိန်နာမည်ကြီး တင်းနစ်သမား အန်ဒီမာရေးက ပြောကြားခဲ့သည်။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်သူ မာရေးအနေဖြင့် သြစတြေးလျအိုးပင်း ပထမအဆင့်တွင် အာဂျင်တီးနားတင်းနစ်သမား တိုမက်စ်မာတင်အား ၄-၆၊ ၂-၆၊ ၂-၆ ဖြင့် သုံးပွဲပြတ် အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ မာရေးသည် သြစတြေးလျအိုးပင်း ပြိုင်ပွဲများတွင် ဗိုလ်လုပွဲသို့ ငါးကြိမ်အထိ တက်ရောက်ခဲ့ဖူးပြီး ယခု ပထမအဆင့်မှ ထွက်ခွာရမှုမှာ ပြိုင်ပွဲယှဉ်ပြိုင်မှု ၁၃ ကြိမ်တွင် ဒုတိယအကြိမ်မြောက် ဖြစ်ခဲ့သည်။ “ဒီလိုနည်းလမ်းနဲ့ ကစားပုံက ကျွန်တော့်အဖို့ ပွဲတွေ အမြောက်အမြား အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။ ဒီပြိုင်ပွဲမှာ ကျွန်တော် အခုယှဉ်ပြိုင်တာက နောက်ဆုံးဖြစ်မယ်ဆိုတာ သေချာသလောက်နီးပါး ရှိပါတယ်”ဟု မာရေးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တင်းနစ်ရာသီ မစတင်မီကာလတွင် မာရေးက ၂၀၂၄ ပြိုင်ပွဲ ရာသီသည် သူ၏နောက်ဆုံးယှဉ်ပြိုင်သည့်နှစ် ဖြစ်လာမည်ဟု အတိအလင်း ဝန်ခံထားပြီး ယခုနှစ်အတွင်း ကစားသည့် နှစ်ပွဲစလုံး အရေးနိမ့်ထားသည်။ သြစတြေးလျအိုးပင်းအကြို Brisbane International ပြိုင်ပွဲတွင်လည်း အဖွင့်ပွဲမှာပင် အရေးနိမ့်ခဲ့ခြင်းဖြစ်ပြီး ယင်းပွဲအပြီးတွင်လည်း မာရေးက ယခုနှစ်အတွင်း တင်းနစ်ကစားရသည်ကို ပျော်ရွှင်ခြင်းမရှိလျှင် သူ၏ကစားသမားဘဝကို အဆုံးသတ်မည်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ မာရေး သည် ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် ယူအက်စ်အိုးပင်း စတင်ကျင်းပကတည်းက နောက်ဆုံးကစားခဲ့သည့် ၁၂ ပွဲတွင် ရှစ်ပွဲအထိ ရှုံးနိမ့်ထားခဲ့ပြီး နောက်ဆုံး လေးပွဲဆက် အရေးနိမ့်ထားခြင်းဖြစ်သည်။
နာမည်ကျော် ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ဂယ်ရီနဗီးလ်က စပါးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ လီဗာပူးလ်နှင့် အာဆင်နယ်တို့၏အထက်တွင် ရပ်တည်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်ပြောကြားခဲ့သည်။ စပါးအသင်းသည် လက်ရှိအချိန်၌ လီဗာပူးလ်ထက် တစ်ပွဲပိုကစားပြီး (၅)မှတ်လျော့နေသလို၊ အာဆင်နယ်ထက် တစ်ပွဲပိုကစားပြီး အမှတ်တူ ဖြစ်နေသည်။ သို့သော် ဂယ်ရီနဗီးလ်က စပါးအသင်းသည် ကစားသမားများ စုံလင်စွာ ကစားနိုင်ခဲ့ပါက ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိနေပြီး အဆင့်(၂) သို့မဟုတ် (၃)နေရာတွင် ရပ်တည်နိုင်စွမ်းရှိသည်ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။
City Taxi ယာဉ်များ၏ ကိုယ်ထည်တွင် အဝါရောင်လိုင်း Sticker တပ်ဆင်ပြီးစီးမှု ၈၆ ရာခိုင်နှုန်း တပ်ဆင်ပြီးစီးပြီဖြစ်ပြီး ကျန်ရှိယာဉ်များမတပ်ဆင်ပါက ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ စစ်ဆေး အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ထံက သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲလျက်ရှိသော City Taxi ယာဉ်များအား အခြားသော ယာဉ်များနှင့် ကွဲကွဲပြားပြား၊ ထင်သာမြင်သာရှိစေရန်၊ လုံခြုံမှုရှိစေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်နှင့် နိုင်ငံတကာ Taxi ယာဉ်များနည်းတူ “City Taxi ယာဉ်များ၏ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်း ထည့်သွင်းသတ်မှတ်ရန်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် Taxi ယာဉ်များအားလုံး အကျုံးဝင်ဆောင်ရွက်သွားရန် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃၅/၂၀၂၃) ဆုံးဖြတ်ချက်အပိုဒ်-၇(က) အရ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ ယင်းကြောင့် City Taxi ယာဉ်များ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင် အနံ ငါးလက်မခန့်ရှိ အလျားလိုက်လိုင်းဘေး Sticker ကပ်ရန်အတွက် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ပြုလုပ်သည့် YRTC မီဒီယာတွေ့ဆုံပွဲတွင် (က) သတ်မှတ် Design အတိုင်း ညှပ်ခအပါအဝင် Sticker တန်ဖိုး ၅,ဝဝဝိ/- (၁-၁၁-၂၀၂၃ မှ ၃၁-၁-၂၀၂၄) အထိ YRTC က ကျခံပေးမည် ၊ ( ခ ) လက်ခမယူဘဲ မိမိဝန်ထမ်းများဖြင့်ကပ်ပေးခြင်းဆောင်ရွက်မည် ၊ ( ဂ…
မြောက်ကိုရီးယား၏ ပိုင်နက်ကို အနည်းငယ် ထိပါးချိုးဖောက်လျှင်ပင် စစ်ပွဲဆင်နွှဲမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယားကို ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု နိုင်ငံ ပိုင်မီဒီယာက ဇန်နဝါရီ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပြန်လည်ပေါင်းစည်းရေး ကိစ္စရပ်များကို စီမံကြီးကြပ်နေသည့် ဌာနများကိုလည်း ဖျက်သိမ်းခဲ့သည်။ မြောက်ကိုရီးယားသည် လက်တွေ့သဘောအရ နှစ်နိုင်ငံပင်လယ်ရေကြောင်းနယ်နိမိတ်ဖြစ်သည့် မြောက်ပိုင်းနယ်သတ်မျဉ်းကို အသိအမှတ်ပြုမည်မဟုတ်ဟု ကင်က ပြောကြားခဲ့ပြီး စစ်ပွဲဖြစ်ပွားလာလျှင် တောင်ကိုရီးယား၏မြို့တော် ဆိုးလ်ကို တိုက်ခိုက်သိမ်းပိုက်ခွင့်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ပြောင်းလဲမှုများ ပြုလုပ်ရန်လည်း တိုက်တွန်းခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုကလည်း နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားက ရန်စလာလျှင် တောင်ကိုရီးယားကအဆပေါင်းများစွာ ပိုမို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု တောင်ကိုရီး ယားစစ်တပ်၏ ခိုင်မာအားကောင်းသော တုံ့ပြန်တိုက်ခိုက်ရေး စွမ်းရည်များကို ရည်ညွှန်းပြောဆိုခဲ့သည်။ ယမန်နှစ် နိုဝင်ဘာလတွင် မြောက်ကိုရီးယားက ထောက်လှမ်းရေးဂြိုဟ်တုတစ်စင်းကို လွှတ်တင်ခဲ့ခြင်းကြောင့် တောင်ကိုရီးယားက စစ်ရေးတင်းမာမှုများကို လျှော့ချရန်ရည်ရွယ်သည့် ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီချက် ကို တစ်စိတ်တစ်ပိုင်းဆိုင်းငံ့ခဲ့ပြီးနောက် မကြာသေးမီလများအတွင်း ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေး သိသိသာသာ ယိုယွင်းလာခဲ့သည်။ တောင်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပြန်လည်ပေါင်းစည်းရေး ကိစ္စရပ်များကို ကြီးကြပ်တာဝန်ယူထားသည့်ဌာနများကို ဖျက်သိမ်းခဲ့သည့် ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယား၏ လက်ညှိုးထောင်ခေါင်းညိတ် လွှတ်တော်က အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားလွှတ်တော်ဖြစ်သည့် Supreme People’s Assembly တွင် မိန့်ခွန်းပြောကြားရာ၌ ကင်က တောင်ကိုရီးယားကို ရန်အလိုဆုံးနိုင်ငံအဖြစ် သတ်မှတ်ရန်အတွက် ဥပဒေရေးရာ အစီအစဉ်သစ်များရေး ဆွဲချမှတ်ရန်တိုက်တွန်းခဲ့သည်ဟု KCNA က…
ဖိလစ်ပိုင်အနေဖြင့် တောင်တရုတ်ပင်လယ် ကမ်းလွန်ရေပိုင်နက်ရှိ အခြေစိုက်စခန်းများကို အဆင့်မြှင့်တင်မည်ဖြစ်ကာ စစ်သင်္ဘောများ ထပ်မံဝယ်ယူမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်အကြီးအကဲက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နှင့် တရုတ်တို့သည် တောင်တရုတ်ပင်လယ်၌ ရေပိုင်နက်အငြင်းပွားမှုများ ကာလကြာမြင့်စွာ ဖြစ်ပွားခဲ့သည့် အစဉ်အလာ ရှိခဲ့သော်လည်း ပိုင်နက်အငြင်းပွားကျောက်တန်းများအနီးတွင် နှစ်ဖက်အကြား လနှင့်ချီလိပ်ခဲတည်းလည်း အခြေအနေဖြစ်ပွားခဲ့ကာ နှစ်ဖက်သင်္ဘောများဝင်တိုက်မိခြင်း၊ တရုတ်သင်္ဘောများက ဖိလစ်ပိုင်သင်္ဘောများကို မီးသတ်ပိုက်ဖြင့်ထိုးခြင်းတို့ ဖြစ်ပွားခဲ့ပြီးနောက် ဆက်ဆံရေး သိသိသာသာ ယိုယွင်းလာခဲ့သည်။ ဖိလစ်ပိုင်အနေဖြင့် မိမိတို့ထိန်းချုပ်ထားသော ကျွန်းများနှင့်အခြားသွင်ပြင်လက္ခဏာများကို တိုးတက်အောင် လုပ်ဆောင်မည်ဟု ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရိုမီယို ဘရော်နာက ပြောကြားခဲ့သည်။ ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်၏ စပရတ်တလေကျွန်းစုရှိ ကျောက်တန်းနှင့် ကျွန်းကိုးခုပေါ်တွင် အခြေစိုက်စခန်းများထားရှိသည်။ သီတူနှင့် နန်ရှန်ကျွန်းများသည် ဆားဓာတ်ဖယ်ရှားသည့် ယန္တရားများနှင့် ဆက်သွယ်ရေး ကိရိယာများ တပ်ဆင်ကာတိုးတက် ဖွံ့ဖြိုးအောင်လုပ်ဆောင်မည့် နေရာများထဲတွင် ပါဝင်ကြောင်း ဘရော်နာက ဆိုသည်။ “ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ဝင်တွေ နေထိုင်ရတာ ပိုအဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ ကြိုးစားနေပါတယ်။ သူတို့တွေဟာ ပင်ပန်းဆင်းရဲတဲ့ အခြေအနေအောက်မှာ တာဝန်ထမ်းဆောင်နေရတယ်” ဟု ၎င်းက သတင်း ထောက်များကို ပြောကြားခဲ့သည်။ သို့သော် ယင်းအစီအစဉ်တွင် Sierra Madre သင်္ဘောကြီးကို အခိုင်အမာပြုပြင်မည့် အစီအစဉ် မပါဝင်ကြောင်း ဘရော်နာက ဆိုသည်။ ယိုယွင်းလာသည့် အဆိုပါ ဒုတိယကမ္ဘာစစ်လက်ကျန် သင်္ဘောကြီးကို ၁၉၉၉ ခုနှစ်တွင် ဖိလစ်ပိုင်ရေတပ်က Second Thomas သောင်ခုံတွင် ကျောက်ချရပ်နားထားခြင်းဖြစ်သည်။ ဖိလစ်ပိုင်အနေဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က စတင်ခဲ့သည့်…
ဒေသခံများကို နေရာပြောင်းပေးခဲ့ပြီးနောက် နာရီပိုင်းအတွင်း အိုက်စလန်တံငါရွာ ဂရင်းဒါဗစ်မြောက်ဘက်၌ ဇန်နဝါရီ ၁၄ ရက် နံနက်စောစောအချိန်တွင်မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု အာဏာပိုင်များက ပြောကြားသည်။ ယခုမီးတောင်ပေါက်ကွဲမှုသည် သုံးနှစ်နီးပါးတွင် အိုက်စလန်၏ ပဥ္စမအကြိမ်မြောက် မီးတောင်ပေါက်ကွဲမှုဖြစ်သည်။ ဒီဇင်ဘာ ၁၈ ရက်တွင် အိုက်စလန်မြို့တော် အနောက်တောင်ဘက်ရှိ ယင်းဒေသတွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။ မီးတောင်ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် စတင်ဖြစ်ပွားသည်ဟု အိုက်စလန်မိုးလေဝသရုံး(IMO)က ထုတ်ပြန်ခဲ့သည်။ မီးတောင်ပေါက်ကွဲမှုက လေကြောင်းခရီးများကို သက်ရောက်ခြင်းမရှိဟု အာဏာပိုင်များက ပြောကြားသည်။ နေထွက်ချိန်တွင် လိမ္မော်ရောင်တောက်တောက်ချော်ရည်များ မှုတ်ထုတ်နေပုံကို အိုက်စလန် မီဒီယာက တိုက်ရိုက်ထုတ်လွှင့် ပြသသောရုပ်ပုံများတွင် မြင်ရသည်။ “ဂရန်းဒါဗစ် မြောက်ပိုင်းတွင် စတင် ဖြစ်ပေါ်လာတဲ့ တမံရဲ့နှစ်ဘက်စလုံးမှာ အက်ကွဲကြောင်းပေါ်လာပါတယ်”ဟု အိုက်စလန်မိုးလေဝသရုံးက ဖော်ပြခဲ့သည်။ “အိုက်စလန်ကမ်းခြေစောင့်တပ် ရဟတ်ယာဉ်ရဲ့ တိုင်းတာမှုတွေအရ(ချော်ရည်ရဲ့)အဝန်းအဝိုင်းဟာ အခုချိန်မှာ ဂရန်းဒါဗစ် မြောက်ဖျားစွန်းမှာရှိတဲ့ အိမ်တွေနဲ့ မီတာ ၄၅၀ လောက်မှာရှိနေပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ မြေငလျင်လှုပ်ရှားမှုသည် ညအချိန်တွင် အင်အားပြင်းထန်လာကြောင်း၊ ဂရန်းဒါဗစ်၏ ကျန်နေသော မြို့ခံအချို့ကို နံနက် ၃ နာရီ ဝန်းကျင်တွေနေရာရွှေ့ပြောင်းပေးခဲ့ကြောင်း အစိုးရရုပ်သံ RUV က သတင်းဖော်ပြခဲ့သည်။ ဂရန်းဒါဗစ်အောက်တွင်ရှိနေသော မြေအောက် ကျောက်ရည်ပူစီးကြောင်းသည် ပြောင်းလဲနေသည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့ပြီးနောက်ဂရန်းဒါဗစ်၏ ဒေသခံ ၄,၀၀၀ ထဲက အများစုသည် ကြိုတင်ကာကွယ် သည့်အနေဖြင့် နိုဝင်ဘာ ၁၁ ရက်တွင် ရွှေ့ပြောင်းခဲ့ကြသည်။ ဆက်တိုက်လှုပ်သည့် မြေငလျင်ငယ်များသည် ကားလမ်းများ၊အိမ်များ၊ အဆောက်အအုံများတွင် အက်ကွဲကြောင်းများကိုဖြစ်ပေါ်စေခဲ့သည်။ ငလျင်ငယ်များသည်…
ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်မည့် ကျပ် ၄ ဒသမ ၉၄၅ ဘီလျံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူများ မန္တလေးမြို့၌ ဖမ်းဆီးရမိကြောင်း ဇန်နဝါရီ ၁၆ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၅၂ x ၅၃ လမ်းကြား၊ ၁၃၉(A)လမ်းရှိ ဂိုဒေါင်ကို သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။ ထိုသို့ရှာဖွေရာ ဆာဦးနှင့် မိုင်းအိုက်ကျင်တို့ နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၁ သိန်း၊ ပလတ်စတစ်ဆပ်ပြာခွက် ၉၂၄၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၉၂ ဒသမ ၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ဇန်နဝါရီ ၉ ရက် ည ၈ နာရီခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၈ အေလမ်းနှင့် ၁၁၅ လမ်းထောင့်နေ လှသိန်းအား ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုနှင့် လည်းကောင်း၊ ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ ဟိန်းလတ်နှင့် မအေးအေးအောင်တို့၏ စိုက်ပျိုးမွေးမြူရေးခြံမှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းအားလည်းကောင်း အသီးသီးဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းကျပ် ၄ ဒသမ ၉၄၅…