ထိုင်းနိုင်ငံ ဖက်ထလုံခရိုင် ခွန်ခနွမ်မြို့ နယ်တွင် ဇန်နဝါရီ ၁၄ ရက် ညပိုင်းက မြန်မာ လုပ်သားများ စီးနင်းလာသောပစ်ကပ်ကားနှင့် ထိုင်းနိုင်ငံသူမောင်းနှင်သည့် အိမ်စီးကားတို့ တိုက်မိပြီး မြန်မာလုပ်သားတစ်ဦးနှင့် ထိုင်းနိုင် ငံသူတစ်ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဇန်နဝါရီ ၁၄ ရက် ညပိုင်းက ဖတ်ထလုံခ ရိုင် ခွမ်ခနွန်မြို့နယ် ချမွမ့်ကျေးရွာလမ်းဆုံမီး ပွိုင့်တွင် မြန်မာလုပ်သားများအား တင်ဆောင် လာသောပစ်ကပ်ကားနှင့် အသက် ၅၃ နှစ်အ ရွယ်ရှိ ထိုင်းနိုင်ငံသူတစ်ဦး မောင်းနှင်လာသည့် အိမ်စီးကားတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် မြန်မာလုပ် သားတစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံး ခဲ့ပြီး ဒဏ်ရာရသူများကို လူမှုကယ်ဆယ်ရေး အဖွဲ့များက ဆေးရုံကြီးသို့ ပို့ဆောင်သော်လည်း ထိုင်းနိုင်ငံသူမှာ ဒဏ်ရာပြင်းထန်ခြင်းကြောင့် ဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန် မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော် မတီ ( JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “အခုဖြစ် တာက ထိုင်းနိုင်ငံ ဖက်ထလုံခရိုင် ခွန်ခနွမ်မြို့ နယ်ထဲမှာ မြန်မာနိုင်ငံသားတွေ တင်ဆောင် လာတဲ့ ပစ်ကပ်ယာဉ်နဲ့ ထိုင်းနိုင်ငံသူမောင်းနှင် လာတဲ့ အိမ်စီးကားတို့ တိုက်တာ။ မြန်မာလုပ် သားရှစ်ဦးထဲက တစ်ဦးဒဏ်ရာပြင်းထန်ပြီး အခင်းဖြစ်တဲ့နေရာမှာ သေဆုံးသွားတယ်။အလားတူ အခြားတစ်ဘက်ကလာတဲ့ အိမ်စီး ကားမောင်းနှင်တဲ့ ထိုင်းနိုင်ငံသူကလည်း ဒဏ် ရာပြင်းထန်တဲ့အတွက် ဆေးရုံရောက်တဲ့အချိန် မှာ သေဆုံးခဲ့တယ်။ မြန်မာလုပ်သားတွေမှာ စာရွက်စာတမ်း အထောက်အထားရှိမယ်ဆို ရင် သက်ဆိုင်ရာအလုပ်ရှင်က လူမှုဖူလုံရေးတို့၊ အသက်အာမခံတို့ လမ်းစည်းကမ်း ယာဉ်စည်း ကမ်း မော်တော်ယာဉ်မတော်တဆဥပဒေတို့နဲ့ အသက် လျော်ကြေးတောင်းခံလို့ရတယ်။ တ ကယ်လို့ အထောက်အထားမရှိခဲ့ရင်လည်း လုပ်သက်ရှိ အလုပ်သမားဆိုရင် သင်္ဂြိုဟ်စရိတ် ဘတ်၂၀၀၀၀ ထုတ်ယူရမှာဖြစ်ပါတယ်။ စာ ရွက်စာတမ်းအထောက်အထား ခိုင်လုံမှုတင်ပြ နိုင်ရင် ထိုင်းဥပေဒအရ အသက်ဖိုးနစ်နာကြေး တွေရရှိဖို့အတွက် ထိုင်းနိုင်ငံ လူ့အခွင့်ရေးဖွံ့ ဖြိုးတိုးတက်မှုဖောင်ဒေးရှင်း HRDF ၊ ထိုင်းနိုင် ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးတို့ ကို မြန်မာအသိုင်းအဝိုင်းများက အမြန်ဆုံးဆက် သွယ်ပြီး ဆောင်ရွက်ပေးဖို့ အတွက် ပန်ကြားလို ပါတယ်” ဟု ပြောကြားသည်။
မြန်မာလုပ်သားများ စီးနင်းလာသည့်ယာဉ်မတော်တဆမှုဖြစ်စဉ်မှာ၂၀၂၄ ခုနှစ်စ တွင် ဒုတိယအကြိမ်ဖြစ်ပွားခြင်းဖြစ်ပြီး ပထမ ဖြစ်စဉ်မှာ စံခလဘူရီမြို့နယ်တွင် ဇန်နဝါရီ ၆ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာလုပ်သား ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။