Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ရိုးမားကွင်းလယ်ကစားသမား ခရစ္စတန်တေက အသင်းနည်းပြ မော်ရင်ဟို ရာထူးမှထုတ်ပယ်ခံရသည့်အတွက် ဝမ်းနည်းရကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ ရိုးမားအသင်းသည် ရလဒ်များဆိုးရွားမှုကြောင့် ဇန်နဝါရီ (၁၆) ရက်တွင် နာမည်ကျော်နည်းပြ မော်ရင်ဟိုကို အသင်းနည်းပြရာထူးမှ အံ့အားသင့်ဖွယ်ထုတ်ပယ်ခဲ့ပြီး အသင်းဂန္ထဝင် ဒီရော့ဆီကို နည်းပြအဖြစ် ခန့်အပ်ခဲ့သည်။ ခရစ္စတန်တေက ” မော်ရင်ဟို ထုတ်ပယ်ခံရတာ ဝမ်းနည်းစရာပါ။ မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ (၂) နှစ်ခွဲအတွင်းမှာ အသင်းအတွင်း အရမ်းကိုအဆင်ပြေခဲ့ပြီး ဆုဖလားလည်း ရရှိခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။
အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူးက မိမိအနေဖြင့် ဂိုးများ ပိုသွင်းလိုပါက စိတ်နေစိတ်ထားကို ပြောင်းလဲရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ဂျေးဇူး(၂၆ နှစ်)သည် ယခုရာသီ ပြိုင်ပွဲစုံ (၂၃) ပွဲတွင် (၈) ဂိုးသာ သွင်းယူထားသည်။ ဂျေးဇူးက ”ကျွန်တော့်အနေနဲ့ တစ်ခါတလေ ဂိုးသွင်းဖို့အတွက် အာရုံစိုက်မထားတာမျိုး ရှိပါတယ်။ ဒါက မှားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့စိတ်နေစိတ်ထားကို ပြောင်းလဲပြီး ဂိုးဧရိယာထဲမှာ ရှိနေရပါမယ်။ ဂိုးတွေသွင်းဖို့ ကျွန်တော် ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။
နာမည်ကျော်တောင်ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲ နန်းတွဲရတနာ နောက်ဆက်တွဲကို အောက်တိုဘာတွင် စတင်ရိုက်ကူးရန်ပြင်ဆင်ထားပြီး ခေါင်းဆောင်မင်းသမီးနေရာမှ မူရင်းသရုပ်ဆောင်လီယောင်အဲကပင် သရုပ်ဆောင်မည်ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် Season-1 တွင် ပြပြီး အနှစ် ၂၀ ကျော်ကြာမှ ယခုသတင်းကောင်းကို ကြားရခြင်းဖြစ်ပြီး ရှေ့ဇာတ်လမ်းတွင် နန်းတွင်းစားဖိုမှူးဘဝမှ နန်းတွင်းသမားတော်ဖြစ်လာသည့် ဂျန်ဂင်နှင့် နန်းတွင်းစစ်တပ်အရာရှိတစ်ဦးတို့၏ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းကို ကြည့်ခဲ့ရသည်။ ဖျော်ဖြေရေးကုမ္ပဏီ Fantagio က လီယောင်အဲကို ဇာတ်လိုက်မင်းသမီးအဖြစ် ရွေးလိုက်ပြီးနောက် ဇာတ်ညွှန်းဆရာနှင့်စာချုပ်ချုပ်လိုက်သည်ဟုဆိုသည်။“အောက်တိုဘာမှာ ရုပ်ရှင်စရိုက်ဖို့ ပြင်ထားတယ်။နောက်နှစ် အစောပိုင်းလောက် ပြသသွားမယ်” ဟုလည်း ကုမ္ပဏီပြောခွင့်ရှိသူကပြောသည်။ ၂၀၀၃ ဇာတ်လမ်းက ငယ်ငယ်ရွယ်ရွယ်ဖြင့် မိဘမဲ့ဖြစ်ခဲ့ရပြီး ကိုရီးယားသမိုင်းတွင် ပထမဆုံးအမျိုးသမီးနန်းတွင်းသမားတော် ဖြစ်လာသူ ၊ အဆင့်အတန်းနိမ့်သည့်အသိုင်း အဝိုင်းမှဆင်းသက်လာသူအဖြစ် အနှိမ်ခံခွဲ ခြားခံရပြီး နောက်ဆုံးတွင် အမျိုးသားများ ကြီးစိုးသည့်နန်းတွင်း၌ ဘုရင်မင်းမြတ်၏ အားအထားရဆုံး အယုံကြည်ရဆုံးတော်ဝင် သမားတော်ဖြစ်လာသူ ဂျန်ဂင်၏ဘဝကို ပုံဖော်ရိုက်ကူးပြခဲ့သည်။ တောင်ကိုရီးယားတွင် ၎င်းဇာတ်လမ်း တွဲကို ၂၀၀၃ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်အကြား ထုတ်လွှင့်ပြသခဲ့ရာမှ ကမ္ဘာတဝန်းကိုရီးယား ရေစီးကြောင်းပျံ့နှံ့ခဲ့ပြီး ကိုရီးယားဟင်းလျာ၊ ဖက်ရှင်စသည့် ကိုရီးယားယဉ်ကျေးမှုကို ကမ္ဘာကမျက်စိကျလာခဲ့သည်။ ခရီးသွားလုပ်ငန်းလည်း အားကောင်းလာခဲ့ပြီး ဇာတ်လမ်းတွဲထဲမှ ရိုက်ကွင်းနေရာများသို့ ပရိသတ်များ က သွားရောက်လည်ပတ်ခဲ့ကြသည်။ ၂၀၁၄ ခုနှစ်တွင် တောင်ကိုရီးယားသတင်းစာ JoongAng Daily ဖော်ပြချက်အရ နန်းတွဲရတနာရုပ်သံဇာတ်လမ်းတွဲကို ကမ္ဘာ့နိုင်ငံပေါင်း ၉၁ နိုင်ငံတွင် ပြသခဲ့သည်။ KBS World ရုပ်သံကမူ ၎င်းဇာတ်လမ်းတွဲကို ဟန်ဂေရီ ၊ အာဖရိကနှင့် လက်တင်အမေ…
ဇန်နဝါရီ ၃၀ ရက်က တရုတ်နှင့် အမေရိကန်တို့သည် ဖန်တနိုင်းမူးယစ်ဆေး ထုတ်လုပ်သည့် ပါဝင်ပစ္စည်းများ ထုတ်လုပ်မှုကို ထိန်းချုပ်ဟန့်တားမည့် ဆွေးနွေးမှုများကို ပြန်လည်စတင်ခဲ့သည်။ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံသည် အငြင်းပွားနေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ထိခိုက်နေသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ပြန်တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိသည်။ ဘိန်းဖြူထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သည့် ဓာတုဗေဒနည်းဖြင့် ဖန်တီးထားသော ဖန်တနိုင်းမူးယစ်ဆေးကြောင့် အမေရိကန်ပြည်ထောင်စုတွင် မူးယစ်ဆေးစွဲမှုကပ်ဘေးကို ဖြစ်ပေါ်စေခဲ့ပြီး နှစ်စဉ်ဆေးလွန်မှုကြောင့် လူတစ်သိန်းခန့် သေဆုံးနေရသည်ဟု အမေရိကန်တာဝန်ရှိသူများက ဆိုသည်။ အမိမြေလုံခြုံရေးဆိုင်ရာ လက်ထောက်အကြံပေး ဂျန်ဒက်စကယ်ဦးဆောင်သည့် အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်က ပေကျင်းသို့ ရောက်ရှိလာခဲ့ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စိစစ်အကြံပြုရေးအဖွဲ့၏ အဖွင့်အစည်းအဝေး ပြုလုပ်ခဲ့သည်။ ၎င်းနှင့်အတူ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမိမြေလုံခြုံရေး ဝန်ကြီးဌာနနှင့် တရားရေးဌာနတို့မှ အဆင့်မြင့်တာဝန်ရှိသူများလည်း အတူလိုက်ပါလာခဲ့သည်။ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုံက ပေကျင်းမြို့ရှိ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် ဒက်စကယ်ကို ကြိုဆိုခဲ့ပြီးနောက် ဒက်စကယ်က လူထောင်ပေါင်းများစွာကို သေဆုံးစေသည့် ဓာတုဗေဒနည်းဖြင့် ဖန်တီးထားသော မူးယစ်ဆေးဝါးများ၏ အန ္တရာယ်ကို အလေးအနက် ပြောကြားခဲ့သည်။ “သမ္မတကြီးက အရေးပါတဲ့ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့တာဟာ ဒီကိစ္စရပ်က အမေရိကန် ပြည်သူတွေအတွက် ဘယ်လောက်အရေးပါသလဲ ဆိုတာကို မီးမောင်းထိုးပြနေတယ်” ဟု ၎င်းက ဆိုသည်။ ဝမ်ကလည်း တရုတ်-အမေရိကန် စိစစ်အကြံပြုရေးအဖွဲ့ ထူထောင်ခြင်းသည် ယမန်နှစ်က နှစ်နိုင်ငံသမ္မတနှစ်ဦးအကြား ရရှိခဲ့သည့် အရေးပါသော ဘုံသဘောတူညီမှုကို ကိုယ်စားပြုကြောင်း…
ဇန်နဝါရီ ၃၀ ရက်က မြောက်ကိုရီးယားသည် ၎င်းတို့၏ အနောက်ဘက်ကမ်းလွန်ရေပြင်ထဲသို့ ခရုစ်ဒုံးကျည်များ ထပ်မံပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားအနေဖြင့် ပြိုင်ဘက်နိုင်ငံများ၏ ခံစစ်အကာအကွယ်များကို ဖြိုဖျက်ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် လက်နက်များကို ထုတ်ဖော်ပြသမှုများ ဆက်တိုက်ပြုလုပ်နေပြီး ယင်းလက်နက်စမ်းသပ်မှုများကို ယခုလအတွင်း တတိယအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီဝန်းကျင်တွင် ထောက်လှမ်းတွေ့ရှိခဲ့သည့် မြောက်ကိုရီးယား၏လက်နက်စမ်းသပ်မှုများကို တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်က အသေးစိတ်လေ့လာခဲ့သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့(JCS)က ပြောကြားခဲ့သည်။ သို့သော် ဒုံးကျည်အရေအတွက် မည်မျှပစ်လွှတ်ခဲ့ပြီး ယင်းဒုံးကျည်များသည် မည်မျှအကွာအဝေးအထိ ရောက်ရှိခဲ့သနည်းဆိုသည်နှင့် ကုန်းပေါ်မှသို့မဟုတ် ပင်လယ်ပြင်မှ ပစ်ခတ်ခဲ့သည် ဆိုသည်ကိုလည်း အသေး စိတ်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ ရေငုပ်သင်္ဘောမှ ပစ်လွှတ်ရန် တီထွင်ထားသည်ဟုဆိုသော Pulhwasal-3-31 ခရုစ်ဒုံးကျည် စမ်းသပ်မှုများကို ဇန်နဝါရီ ၂၄ ရက်နှင့် ၂၈ ရက်တို့တွင် လုပ်ဆောင်ခဲ့ပြီးနောက် မြောက်ကိုရီးယားက ယခုစမ်းသပ်မှုကို ထပ်မံပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ် စမ်းသပ်မှုအပြီးတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ကြီးထွားလာသော ပြင်ပခြိမ်းခြောက်မှုများကို တန်ပြန်ရန် နျူကလီးယားလက်နက်တပ်ဆင်ထားသည့် ရေတပ်ကို တည်ဆောက်မည့် ၎င်း၏ရည်မှန်းချက်ကို ထပ်လောင်းပြောဆိုခဲ့သည်။ မြောက်ကိုရီးယားသည် မကြုံဖူးလောက်သည့် အရှိန်အဟုန်ဖြင့် လက်နက်တီထွင်မှုများ လုပ်ဆောင်လျက်ရှိပြီး တစ်ချိန်တည်းတွင် တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့အပေါ်ရန်လိုသည့် နျူကလီးယားခြိမ်းခြောက် မှုများလုပ်ဆောင်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် နှစ်အတန်ကြာအတွင်း တင်းမာမှုများ အရှိန်အမြင့်ဆုံး ဖြစ်လာခဲ့သည်။ မြောက်ကိုရီးယားသည် ယခုနှစ်တွင် ရေအောက်နျူကလီးယား လက်နက်စနစ်နှင့် အခဲလောင်စာသုံး ဟိုက်ပါဆောနစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှု…
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ ဗီယက်နမ်သို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံကမ်းခြေစောင့်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် တောင်တ ရုတ်ပင်လယ်တွင် ပဋိပက္ခများကို တားဆီးရေးအတွက် သဘောတူညီမှုရရှိခဲ့သည်။ နှစ်စဉ်ကုန်သွယ်မှုပမာဏ ဒေါ်လာသုံးထရီလျံကျော် ဖြတ်သန်းသယ်ဆောင်ရာ ရေလမ်းကြောင်း တစ်ခုဖြစ်သည့် သယံဇာတအရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ်၏ တစ်စိတ်တစ်ဒေသကို ပိုင်ဆိုင်သည်ဟု ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့က အခိုင်အမာ ကြွေကြော်ထားသည်။ တရုတ်က တောင်တ ရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင် ဆိုင်သည်ဟု ပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိသည်။ ဇန်နဝါရီ ၃၀ ရက်က ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့သည် နားလည်မှုစာချွန်လွှာနှစ်စောင်တွင် လက်မှတ်ရေးထိုးခဲ့ပြီး တောင်တရုတ်ပင်လယ်တွင် ပဋိပက္ခများကို တားဆီးရေးနှင့် ကမ်းခြေစောင့်တပ်အချင်းချင်း ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ ပါဝင်ကြောင်း ဗီယက်နမ်သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် အခမ်းအနားတွင် ဗီယက်နမ်အစိုးရ တာဝန်ရှိသူတစ်ဦးကကြေ ညာခဲ့သည်။ ယခင်က ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် တောင်တရုတ်ပင်လယ်တွင် တရုတ်ကမ်းခြေစောင့်တပ်နှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သော်လည်း ယမန်နှစ်တွင် တရုတ်နှင့်အမေရိကန်၏မဟာမိတ် ဖိလစ်ပိုင်အကြား ထိပ်တိုက်တွေ့မှုများ မကြာခဏဖြစ်ပွားခဲ့ခြင်းကြောင့် ယိုယွင်းနေသည့် ဆက်ဆံရေးကို ပိုမိုဆိုးရွားစေခဲ့သည်။ တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွား ကျောက်တန်းများအနီးတွင် တရုတ်နှင့် ဖိလစ်ပိုင်အကြားလနှင့်ချီ လိပ်ခဲတည်းလည်း အခြေအနေဖြစ်ပွားခဲ့ကာ နှစ်ဖက်သင်္ဘောများဝင်တိုက်မိခြင်း၊ တရုတ်သင်္ဘောများက ဖိလစ်ပိုင်သင်္ဘောများကို မီးသတ်ပိုက်ဖြင့်ထိုးခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဗီယက်နမ်သည် အရှေ့တောင်အာရှ၌ ဖိလစ်ပိုင်၏တစ်ဦးတည်းသော မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ကြောင်းနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် ယင်းဆက်ဆံရေး၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း…
သစ်သားစည်များအတွင်းမှ အက္ခရာနှင့် နံပါတ်များကို လူကနှိုက်ပေးရသည့်စနစ်အစား Air Blow Digital Machine စနစ် ဖြင့် အောင်ဘာလေပေါက်မဲဂဏန်းများ ရွေး ချယ်မည့်စနစ်ကို စတင်အသုံးပြုမည်ဖြစ် ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်မည့် ၅၉ ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေ သိန်းဆုထီဖွင့်မှ စတင်ကာ ယင်းစနစ်ကိုအသုံး ပြုမည်ဖြစ်ကြောင်း သိရသည်။ ယခင်က အောင်ဘာလေထီ၏ ဆုမဲနံ ပါတ်များကို ရွေးချယ်ရာ၌ သစ်သားစည်များ အတွင်းမှ အက္ခရာနှင့် ဂဏန်းဂေါ်လီများကို လူပုဂ္ဂိုလ်များမှ နှိုက်ယူပြီး ရွေးချယ်ဖွင့်လှစ် သည့် နည်းလမ်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ယခုအသုံးပြုမည့်နည်းစနစ်မှာ နိုင်ငံတကာအဆင့်မီ Air Blow Digital Machine စနစ်ဖြင့် အက္ခရာနှင့် ဂဏန်းဂေါ်လီများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ အောင်ဘာလေထီကို ယခင်က ဆိုင်များ တွင်သာ ကံစမ်းနိုင်ခဲ့သော်လည်း ၂၀၂၃ ခုနှစ် ဇွန်လမှစတင်ကာ အွန်လိုင်းစနစ်ဖြင့် ကံစမ်း နိုင်သည့်စနစ်ကို ထပ်တိုးခဲ့သည်။ အောင်ဘာလေအွန်လိုင်းထီ ဆုငွေများ နှင့် ပတ်သက်၍ ကျပ် ၁၀ သိန်းနှင့်အောက် ထီဆုငွေများကို အီလက်ထရွန်နစ် ငွေပေးချေ မှုစနစ်ဖြင့် ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။ အောင်ဘာလေအွန်လိုင်းထီ ကံစမ်းလို သူများအနေဖြင့် Aung Bar Lay Application မှတစ်ဆင့် ထီလက်မှတ်တစ်စောင်လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ဝယ်ယူကံစမ်းနိုင်ကြောင်း သိရသည်။ အောင်ဘာလေထီလက်မှတ်များကို အွန်လိုင်းမှ ဝယ်ယူကံစမ်းလိုသူများအနေဖြင့် application မှတစ်ဆင့်…
ထိုင်းတရားရုံးတစ်ရုံးသည် လွန်ခဲ့သောတစ်နှစ်ကျော်က ဘန်ကောက်မြို့တွင် ဖမ်းဆီးခံရသော မြန်မာလုပ်ငန်းရှင်ဦးထွန်းမင်းလတ်ကို ဇန်နဝါရီ ၃၀ ရက်တွင် တရားသေ လွှတ်ပေးလိုက်သည်ဟု ရိုက်တာသတင်းဌာန က ဖော်ပြခဲ့သည်။ နစကနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်သည် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ ငွေမည်းကို ငွေဖြူပြောင်းလဲမှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတို့နှင့်သက်ဆိုင် သော စွပ်ချက်များဖြင့် ဘန်ကောက်တွင် ဖမ်း ဆီးခံရခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးမှောင်ခိုမှုအပါအဝင် သက်ဆိုင်ရာ စွဲချက်များဖြင့် ဥပဒေ ချိုးဖောက်မှု ၃၂ ကြိမ်ပြုလုပ်ထားသည်ဟု ယူဆရသော အသက် ၅၄ နှစ်အရွယ် ဦးထွန်းမင်းလတ်နှင့် အခြားလူသုံးဦးတို့ကို တရားစွဲ ဆိုရန် ရဲတပ်ဖွဲ့က စုဆောင်းထားသော အထောက်အထားများသည် အမှားတစ်စုံတစ်ရာ လုပ်ထားကြောင်း သက်သေပြရန် မလုံလောက်ဟု သဘာပတိတရားသူကြီးက တရားခွင်ကို ပြောကြားခဲ့သည်။ အစိုးရရှေ့နေသည် တရားရုံး၏ဆုံးဖြတ် ချက်ကို အယူခံဝင်နိုင်သည်ဟု ဆိုသည်။ ထိုင်းရဲတပ်ဖွဲ့သည် ၂၀၂၂ ခုနှစ် စက် တင်ဘာလထဲတွင် ဘန်ကောက်မြို့၌ ဦးထွန်း မင်းလတ်ကို ဖမ်းဆီးခဲ့သည်။ ရှမ်းပြည်နယ် ရှိ တာချီလိတ်နှင့် ထိုင်းနယ်စပ်မြို့မဲဆောက် တို့တွင် လျှပ်စစ်ဓာတ်အား ရောင်းဝယ်ခြင်း မှ တစ်ဆင့် ငွေကြေးခဝါချသည်ဟု ထိုင်းရဲ တပ်ဖွဲ့က စွပ်စွဲခဲ့သည်။ ဟိုတယ်များ၊ စွမ်းအင်၊ သတ္တုလုပ်ငန်း တို့တွင် အကျိုးစီးပွားများ ပိုင်ဆိုင်ထားပြီး မြန်မာတပ်မတော်အတွက် ပစ္စည်းများ ဝယ် ယူပေးထားသည်ဆိုသည့် သ ဦးထွန်း မင်းလတ်သည် နစက ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရင်းနှီးသူဖြစ်သည် ဟု သတင်းအရင်းအမြစ်သုံးခုက ရိုက်တာကို…
ကျားဖျန့်လုပ်ငန်းများတွင် အဓိကခေါင်းဆောင် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီး သံသယရှိသူ လေးဦးအား မြန်မာအစိုးရမှ တရုတ်အစိုးရထံ လွှဲပြောင်းခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှု အဖွဲ့အဓိကခေါင်းဆောင် ၆ ဦးဖြစ်သည့် ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ ၄ ဦးကို တရားဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ထိုနေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့သည်ဟုတရုတ်သံရုံးက ထုတ်ပြန်သည်။ ယခုလှုပ်ရှားမှုသည် တရုတ်-မြန်မာနှစ်နိုင်ငံက နိုင်ငံတကာရဲရေးရာ တရားဥပဒေစိုးမိုးမှု ပူးပေါင်းဆောင်ရွက်ရာ၌အထင်ကရ ေအောင်မြင်မှုရလဒ်ပင်ဖြစ်သည်ဟု တရုတ်သံရုံးက ထုတ်ပြန်သည်။ မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ခြင်း အမြတ်ပြတ်ချေမှုန်းရန်အတွက် တရုတ်-မြန်မာရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးမှု လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ်လုပ်ဆောင်ခဲ့ရာ လက်ရှိအထိ မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူပေါင်း ၄၄,၀၀၀ ကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ၎င်းတို့အနက် နောက်ကွယ်မှ “ငွေကြေးထောက်ပံ့သူ” ၊ အဖွဲ့ခေါင်းဆောင်နှင့်အမာခံများ ၁၇၁ ဦး၊ တရားခံပြေး ၂၉၀၈ ဦးပါဝင်ကြောင်း သိရသည်။
ဟဲဗီးဝိတ်လက်ဝှေ့ဂန္ထဝင်တစ်ဦးဖြစ်သူ မိုက်တိုင်ဆန်သည် ယခုနှစ်နှောင်းပိုင်းတွင် ရုရှား MMA ဂန္ထဝင်ကစားသမားဖြစ်သူ အီမယ်လီယာနန်ကိုနှင့် ဆော်ဒီအာရေဗျ၌ သရုပ်ပြလက်ဝှေ့ပွဲထိုးသတ်ရန် ဆွေးနွေးနေကြောင်း သိရသည်။ အသက်(၅၇)နှစ်ရှိပြီဖြစ်သည့် မိုက်တိုင်ဆန်သည် ၂၀၀၅ ခုနှစ်တွင် လက်ဝှေ့သမားဘဝမှ အနားယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကြိုးဝိုင်းထဲသို့ တစ်ကျော့ပြန်ဝင်ရောက်ခဲ့ကာ ရွိုင်းဂျုံးစ်ဂျူနီယာနှင့် သရေကျခဲ့သည့် သရုပ်ပြလက်ဝှေ့ပွဲ ထိုးသတ်ခဲ့ခြင်းဖြစ်သည်။ မိုက်တိုင်ဆန်ထက် အသက် (၁၀)နှစ်ငယ်သည့် အီမယ်လီယာနန် ကိုသည် သူ၏ကစားသမားဘဝ (၂၃) နှစ်တာအတွင်း ချယ်လ်ဆွန်နန်၊ ဖရန့်မီယာ၊ ဖာဘရီစီယိုဝါဒမ်းစသည့် နာ မည်ကျော်ကစားသမားများနှင့်လည်း ထိုးသတ်ခဲ့ဖူးသည်။ အီမယ်လီယာနန် ကိုမှာမူ ပြီးခဲ့သည့်နှစ်က Bellator ပွဲစဉ်တွင် ရိုင်ယာဘာဒါကို အရေး နိမ့်ပြီးနောက် MMA ပွဲများနှင့် ကင်းကွာနေခဲ့သည်။ “MMA က ပြီးသွား ပါပြီ။ (၁၀၀)ရာခိုင်နှုန်းပါပဲ။ ကျွန်တော့် အနေနဲ့ MMA ကို ဘယ်တော့မှ ပြန်မသွားတော့ပါဘူး။ လက်ဝှေ့အတွက် ကျွန်တော့်အနေနဲ့ ကြိုးစားချင်ပါတယ်။ ဒါဟာ စိတ်ဝင်စားစရာကောင်းတယ်လို့ ကျွန်တော် ယူဆပါတယ်။ မိုက်တိုင်ဆန်နဲ့ပွဲက စိတ်ဝင်စားစရာကောင်းတဲ့ပွဲ ဖြစ်ပါလိမ့်မယ်”ဟု အီမယ်လီယာနန်ကိုက ပြောကြားခဲ့သည်။ မိုက်တိုင်ဆန်သည် ပြီးခဲ့သည့် နှစ်များအတွင်း လူမှုကွန်ရက်တွင် လက်ဝှေ့လေ့ကျင့်နေသည့်ပုံများ မကြာခဏ တင်ရှိခဲ့သည်။