ရိုးမားကွင်းလယ်ကစားသမား ခရစ္စတန်တေက အသင်းနည်းပြ မော်ရင်ဟို ရာထူးမှထုတ်ပယ်ခံရသည့်အတွက် ဝမ်းနည်းရကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
ရိုးမားအသင်းသည် ရလဒ်များဆိုးရွားမှုကြောင့် ဇန်နဝါရီ (၁၆) ရက်တွင် နာမည်ကျော်နည်းပြ မော်ရင်ဟိုကို အသင်းနည်းပြရာထူးမှ အံ့အားသင့်ဖွယ်ထုတ်ပယ်ခဲ့ပြီး အသင်းဂန္ထဝင် ဒီရော့ဆီကို နည်းပြအဖြစ် ခန့်အပ်ခဲ့သည်။
ခရစ္စတန်တေက ” မော်ရင်ဟို ထုတ်ပယ်ခံရတာ ဝမ်းနည်းစရာပါ။ မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ (၂) နှစ်ခွဲအတွင်းမှာ အသင်းအတွင်း အရမ်းကိုအဆင်ပြေခဲ့ပြီး ဆုဖလားလည်း ရရှိခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။