အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူးက မိမိအနေဖြင့် ဂိုးများ ပိုသွင်းလိုပါက စိတ်နေစိတ်ထားကို ပြောင်းလဲရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဂျေးဇူး(၂၆ နှစ်)သည် ယခုရာသီ ပြိုင်ပွဲစုံ (၂၃) ပွဲတွင် (၈) ဂိုးသာ သွင်းယူထားသည်။
ဂျေးဇူးက ”ကျွန်တော့်အနေနဲ့ တစ်ခါတလေ ဂိုးသွင်းဖို့အတွက် အာရုံစိုက်မထားတာမျိုး ရှိပါတယ်။ ဒါက မှားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့စိတ်နေစိတ်ထားကို ပြောင်းလဲပြီး ဂိုးဧရိယာထဲမှာ ရှိနေရပါမယ်။ ဂိုးတွေသွင်းဖို့ ကျွန်တော် ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။