Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိတို့အသင်းမှာ ဖလားသုံးလုံးရခဲ့သည့် ပြီးခဲ့သည့် ရာသီကထက် ပိုကောင်းလာကြောင်း ပြောကြားခဲ့သည်။ မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ၂၀၂၂ -၂၃ ရာသီက ဖလားသုံးလုံး (ပရီးမီးယားလိဂ်၊ FA ဖလားနှင့် ချန်ပီယံလိဂ်) ရရှိခဲ့ပြီး ယခုရာသီတွင်လည်း ယင်းပြိုင်ပွဲသုံးရပ်စလုံးတွင် အခြေအနေကောင်းနေသည်။ မန်စီးတီးအသင်းသည် ယခုရာသီတွင် လိဂ်ဖလားပြိုင်ပွဲမှ စောစောစီးစီးထွက်ခွာခဲ့ရသော်လည်း ပရီးမီးယားလိဂ်တွင် အဆင့် ၂၊ ချန်ပီယံလိဂ်တွင် ရှုံးထွက် ၁၆ သင်းအဆင့်နှင့် FA ဖလားပြိုင်ပွဲတွင် ပဥ္စမအဆင့်တက်ရောက်ထားသည်။ မန်စီးတီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ အပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် ငါးမှတ်ကွာဟနေသော်လည်း ပွဲကျန်တစ်ပွဲ ကစားရန်ကျန် ရှိနေသေးသည်။ ထို့ကြောင့် ယခုရာသီတွင်လည်း မန်စီးတီးအသင်းသာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စံချိန်တင် လေးနှစ်ဆက်တိုက် ရရှိမည်ဟုလည်း သုံးသပ်နေကြသည်။ ယင်းအနေအထားတွင် မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိတို့အသင်းမှာ ဖလားသုံးလုံးရခဲ့သည့် ပြီးခဲ့သည့်ရာသီကအသင်းထက် ပိုကောင်းလာကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂွါဒီယိုလာက “ကျွန်တော်တို့အသင်းဟာ ပြီးခဲ့တဲ့ရာသီကထက် ပိုတိုးတက်လာပြီး ပိုကောင်းလာတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကာလတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီရာသီမှာ ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းလာပါပြီ။ ကျွန်တော်တို့ကို ဘယ်သူမှ ကာကွယ်ပေးမှာ မဟုတ်တာကြောင့် ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ရပါမယ်”ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဂွါဒီယိုလာက ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ငါးသင်းအထိ အခွင့်အရေး ရှိနေဆဲဖြစ်ကြောင်းလည်း သုံးသပ်ပြောကြားခဲ့သည်။ “ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေတာက…
၂၀၂၄ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်ကလပ်များ၏ အသုံး စရိတ်မှာ ပေါင်သန်း ၁၀၀ သာရှိပြီး ယခင်နှစ်ထက် ပေါင် ၇၁၅ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ထိပ်တန်း စာရင်းအင်းကုမ္ပဏီ လေးခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် လန်ဒန်အခြေစိုက် Deloitte ကုမ္ပဏီ၏ဖော်ပြမှုအရ ပရီးမီးယားလိဂ်ကလပ်အသင်း ၂၀ ၏ ၂၀၂၄ ဇန်နဝါရီအသုံးစရိတ်မှာ ၂၀၁၁ -၂၀၁၂ ရာသီတွင် အသုံးပြုခဲ့သည့် ပေါင် သန်း ၆၀ နောက်ပိုင်း (COVID-19 ရောဂါ ဖြစ်ပွားသည့် ၂၀၂၁ ဇန်နဝါရီမပါဝင်) အသုံး စရိတ်အနည်းဆုံး ဇန်နဝါရီအပြောင်းအရွှေ့ ကာလအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ပရီးမီးယားလိဂ်ကလပ်များအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ဇန်နဝါရီတွင် ပေါင် ၈၁၅ သန်းအသုံး ပြုခဲ့ရာ ယခုနှစ်တွင် ပေါင် ၇၁၅ သန်းအထိ လျော့နည်းသွားခြင်းဖြစ်သည်။ ယင်းကဲ့သို့ လျော့နည်းသွားခြင်းမှာ ပရီးမီးယားလိဂ်၏ အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှုစည်းမျဉ်း (PSR) အရ အရေးယူခံရနိုင်သဖြင့် အသုံး စရိတ်လျှော့ချခြင်းဖြစ်နိုင်ကြောင်း BBC သတင်းဌာနက သုံးသပ်ထားသည်။ PSR စည်းမျဉ်းအရ ကလပ်အသင်းများအနေဖြင့် သုံးရာသီအတွင်း ပေါင် ၁၀၅ သန်းသာ အရှုံးပေါ်ခွင့်ရှိပြီး အဲဗာတန်အသင်းမှာ ၂၀၂၁- ၂၀၂၂ ရာသီက စည်းမျဉ်းချိုးဖောက်မှုကြောင့် ၁၀ မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံထားရသလို ၂၀၂၂-၂၀၂၃ ရာသီအတွက် အဲဗာတန်နှင့် နော်တင်ဟမ်အသင်းတို့ ထပ်မံစွဲချက်တင်ခံထားရကာ ယခုရာသီမကုန်မီ ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေသည်။ အပြောင်းအရွှေ့နောက်ဆုံးရက်ဖြစ်သည့် ဖေဖော်ဝါရီ ၁ ရက် အသုံးစရိတ်မှာလည်း ပေါင်သန်း ၃၀…
လက်သုတ်ပဝါတွင် ရေးသားထားသည့် မက်ဆီနှင့် ဘာစီလိုနာအသင်း၏ ပထမဆုံးစာချုပ်ကို ကြမ်းခင်းစျေး ပေါင် (၃)သိန်းဖြင့် မတ်လအတွင်း လေလံတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ယင်းစာချုပ်မှာ ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ (၁၄)ရက်တွင် ဘာစီလိုနာမြို့၌ ဘာစီလိုနာအသင်း ဒါရိုက်တာ ကားလ်ရီဆက်ချ်၊ အပြောင်းအရွှေ့ဆိုင်ရာအကြံပေးသူ ဂျိုးဆက်မင်ဂယ်လာ၊ မက်ဆီ၏အေးဂျင့်ဖြစ်သူ ဟိုရာစီယိုဂက်ဂျီယိုလီတို့ လက်သုတ်ပဝါတွင် ရေးသား၍ လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။ The Athletic အားကစားဝက်ဘ်ဆိုက်၏ ဖော်ပြမှုအရ မက်ဆီအနေဖြင့် ဘာစီလိုနာအသင်းတွင် နှစ်ပတ်ကြာပြုလုပ်ခဲ့သည့် စမ်းသပ်စစ်ဆေးမှုအရ စွမ်းဆောင်ရည်ကောင်း ပြသနိုင်သော်လည်း စာချုပ်ချုပ်ဆိုရန် တုံ့ဆိုင်းနေစဉ် အေးဂျင့်ဖြစ်သူ ဂက်ဂျီယိုလီက ရီးယဲလ်အသင်းထံမှ စိတ်ဝင်စားမှုရရှိထားကြောင်း အသိပေးခဲ့ပြီးနောက် ရီဆက်ချ်က လက်သုတ်ပဝါပေါ်မှာပင်ရေးသား၍ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ သမိုင်းဝင်စာချုပ်ကို လန်ဒန်မြို့၌ မတ် (၁၈)ရက်မှ (၂၇)ရက်အတွင်းပြုလုပ်မည့် လေလံအခမ်းအနားတွင် ရောင်းချမည်ဖြစ်ပြီး ကြမ်းခင်းစျေး ပေါင် (၃) သိန်း (ဒေါ်လာ ၃၈၁၀၀၀) သတ်မှတ်ထားသည်။ “ဒါက ကျွန်တော် ကိုင်တွယ်ဖူးသမျှ စိတ်လှုပ်ရှားစရာအကောင်းဆုံး ပစ္စည်းတွေထဲက တစ်ခုပါ။ ဟုတ်ပါတယ်။ ဒါက စက္ကူလက်သုတ်ပဝါတစ်ခုပါပဲ။ ဒါပေမဲ့ ဒါက လီယွန်နယ်မက်ဆီရဲ့ ကစားသမားဘဝစတင်ခဲ့တဲ့ နာမည်ကျော် လက်သုတ်ပဝါပါ။ ဒါက မက်ဆီရဲ့ဘဝ၊ ဘာစီလိုနာအသင်းရဲ့ အနာဂတ်ကို ပြောင်းလဲခဲ့ပြီး ဘောလုံးလောကရဲ့ အခမ်းနားဆုံးအခိုက်အတန့်တချို့ကို ကမ္ဘာ တစ်ဝန်းရှိ သန်းပေါင်းများစွာသော ပရိသတ်တွေဆီ ပို့ဆောင်ပေးရာမှာ အရေးပါအရာရောက်ခဲ့ပါတယ်”ဟု Bonhams လေလံပွဲ၏ စာအုပ်နှင့် စာမူများဦးစီးသူ အီယန်အာလင်းက ပြောကြားခဲ့သည်။ မက်ဆီသည် ဘာစီလိုနာအသင်း၏ လာမာစီယာအကယ်ဒမီထွက်…
မြောက်ကိုရီးယားနိုင်ငံသည် စစ်ပွဲအတွက်ပြင်ဆင်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေချိန်တွင် ခေါင်းဆောင်ကင်ဂျုံအွန်သည် ၎င်း၏ ရေတပ်အင်အားကို မြှင့်တင်ရန်တွန်းအားပေးသည့်အနေဖြင့် သင်္ဘောကျင်းတစ်ခုသို့ သွားရောက်ပြီး စစ်သင်္ဘောများကို စစ်ဆေးကြည့်ရှုခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၂ ရက်တွင် ဖော်ပြခဲ့သည်။ မကြာသေးမီသီတင်းပတ်များအတွင်း ကင်သည် တောင်ကိုရီးယားကို မြောက်ကိုရီးယား၏ အဓိကရန်သူအဖြစ် ကြေညာခဲ့ပြီး နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် အေဂျင်စီများနှင့်လည်း အဆက်အသွယ်ဖြတ်တောက်ကာ မြောက်ကိုရီးယား၏နယ်မြေကို ကျူးကျော်လာခဲ့မည်ဆိုပါက စစ်ပွဲဆင်နွှဲသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။ မကြာသေးမီကလည်း ရေငုပ်သင်္ဘောတစ်စင်းမှ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည် အသစ်တစ်စင်း စမ်းသပ်မှုကို ကင်က ချီးကျူး ခဲ့ပြီး ထိုစမ်းသပ်မှုသည် မြောက်ကိုရီးယားရေတပ်အင်အား၏ တိုးတက်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ရေတပ်အင်အားကို မြှင့်တင်တာဟာ နိုင်ငံရဲ့ပင်လယ်ရေကြောင်း အချုပ်အခြာကို ကာကွယ်ဖို့နဲ့ စစ်ပွဲအတွက် ပြင်ဆင်မှုတွေကို မြှင်တင်ဖို့ အရေးအကြီးဆုံး လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်”ဟု ကင်က နမ်ဖို သင်္ဘောကျင်း တွင် ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတည်ဆောက်ရေးသည် ၂၀၂၁ ခုနှစ်က ပါတီညီလာခံတွင် ထုတ်ဖော်ပြောကြားခဲ့သည့် ကင်၏ မဟာဗျူဟာမြောက်လက်နက်များပိုင်ဆိုင်ရေးစာရင်းတွင် ပါဝင်ခဲ့သည်။ ထို့ပြင် ကင်သည် ဟိုက်ပါဆောနစ် ဒုံးကျည်၊ ကင်းထောက်ဂြိုဟ်တုများ၊ လောင်စာတောင့်သုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံကျည်များကိုလည်း ပိုင်ဆိုင်ရန်ကင်က မျှော်မှန်းထားသည်။ ပြုံယမ်းမြို့တော် အနောက်တောင်ဘက် ၆၅ ကီလိုမီတာအကွာတွင် တည်ရှိသည့် နမ်ဖိုသင်္ဘောကျင်းသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ကင်က အာဏာရပါတီကို တာဝန်ပေးထားသည့် ကြီးမားသည့် အစီအစဉ်တစ်ခုအတွက် ပြင်ဆင်မှုများအပါအဝင် စစ်သင်္ဘောအများအပြားတည်ဆောက်နေမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များကို နားထောင်ခဲ့သည်။…
ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ရပ်စဲရေးနှင့်ထိန်းသိမ်းခံထားရသော ဓားစာခံများ လွတ်မြောက်ရေးတို့အတွက် သံတမန်ရေးကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်နေသည့်ကြားထဲ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ တပ်ဖွဲ့များက ဂါဇာတွင် နောက်ထပ်လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေချိန်တွင် ကုလသမဂ္ဂ၏ ပါလက်စတိုင်းဒုက္ခသည် အေဂျင်စီ (UNRWA) ကို ပိတ်ရန် ဇန်နဝါရီ ၃၁ ရက်တွင် နေတန်ယာဟုက တောင်းဆိုလိုက်သည်။ “UNRWA ရဲ့မစ်ရှင် အဆုံးသတ်ရမယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂကိုယ်တိုင်က နားလည်ဖို့ အချိန်တန်နေပါပြီ”ဟု နေတန်ယာဟုက ၎င်း၏ရုံးခန်းကိုလာသော ကုလသမဂ္ဂကိုယ်စားလှယ်များ ကိုပြောကြားခဲ့သည်။ မိမိတို့ ဆောင်ရွက်ရန် ရည်ရွယ်ထားသည့် ဂါဇာ၏ပြဿနာကို မိမိတို့ ဖြေရှင်းတော့မည်ဆိုပါက UNRWA ကို အခြားသော အကူအညီ အေဂျင်စီများဖြင့် အစားထိုးသင့်သည်ဟု အစ္စရေးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် အစ္စရေးကို ဟားမာ့စ်တိုက်ခိုက်မှုများတွင် ပါလက်စတိုင်းများအတွက် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ (UNRWA) ၏ဝန်ထမ်း တစ်ဒါဇင်ပါဝင်သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့သူများထဲတွင် UNRWA ၏ ဝန်ထမ်းများပါဝင်သည်ဟု ဖော်ပြထားသော အစ္စရေး ထောက်လှမ်းရေး အဖွဲ့မော့ဆက်၏ မှတ်တမ်းကိုရိုက်တာသတင်းဌာနက တွေ့မြင်ခဲ့သည်။ ကျောင်းဆရာများအပါအဝင် ပါလက်စတိုင်းဒုက္ခသည်အေဂျင်စီ ဝန်ထမ်း ၁၉၀ ခန့်သည် ဟားမာ့စ်တိုက်ခိုက်ရေးသမားများ သို့မဟုတ် အစ္စလာမ်မစ်ဂျီဟတ် စစ်သွေးကြွများအဖြစ် လုပ်ဆောင်ခဲ့ကြသည်ဟု စာမျက်နှာခြောက်မျက်နှာရှိသော မှတ်တမ်းတွင် ဖော်ပြထားပြီး ၎င်းတို့ထဲက ၁၁ ဦး၏အမည်များနှင့်ပုံများကို ဖော်ပြထားသည်ဟု ဆိုသည်။ ပါလက်စတိုင်းဒုက္ခသည် အေဂျင်စီနှင့်ပတ်သက်၍ အစ္စရေး၏ စွပ်စွဲပြောကြားမှုများ ထွက်ပေါ်လာပြီးနောက်…
ကချင်ပြည်နယ် ဖားကန့်ဒေသ (တောင်ပိုင်း) တွင် ဇန်နဝါရီလဆန်းမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူ ငါးထောင်ကျော်ရှိကြောင်း ကူညီနေသူများက ပြောကြားသည်။ ဇန်နဝါရီ ၆ ရက်မှစကာ တပ်မတော်နှင့် KIA၊ PDF တို့အကြား ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။ အရပ်သားအနည်းဆုံး သုံးဦး ထိခိုက်သေဆုံးခဲ့ပြီး ဝှေခါ၊ ဆပ်ပြာချောင်း၊ ဂျန်ခါ စသည့်ကျေးရွာများမှ လူဦးရေ ၅၀၀၀ ကျော်မှာ အိုးအိမ်စွန့်ကာ ထွက်ပြေးကြရသည်။ လူဦးရေ ၂၀၀၀ ကျော်မှာ ဖားကန့်မြို့နှင့် အနီးတစ်ဝိုက်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် ခရစ်ယာန်ဘုရာရှိခိုးကျောင်းများတွင် ခိုလှုံခဲ့ကြောင်း သိရသည်။ လူဦးရေ ၅၀၀ ကျော် ခိုလှုံနေသည့် မှော်ရှန်ဘုန်းတော်ကျောင်းမှ ဆရာတော် ဦးပဏ္ဍိတက “ကလေးငယ်၊ သက်ကြီးတွေပဲများတယ်။ ခွန်အားရှိတဲ့ လူငယ်တွေကတော့ အခြားမှာ ကျောက်ရှာပြီး အလုပ်ဝင်လုပ်တာပေါ့။ ကလေးမွေးခါနီးတွေကိုတော့ မေတ္တာရှင်အသင်းက တာဝန်ယူပေးတယ်။ အခုဦးဇင်းတို့ဆီမှာက ဝှေခါရွာခံတွေများတယ်။ ဒုက္ခတွေကတော့ မိသားစုတစ်ခုနှင့် တစ်ခု မတူကြဘူး။ အကူအညီမဲ့ သက်ကြီးပိုင်းတွေတော့ ဒုက္ခပိုရောက်တာပေါ့။ လူ ၅၀၀ ကျော်က တစ်နေရာတည်း စုပြုံနေရတာ တစ်လနီးပါးကြာလာတော့လည်း အဆင်မပြေဘူးလေ။ ပြန်ဖို့လည်း ကြိုးစားပြီး အိမ်တွေဘာတွေ သွားကြည့်ကြတယ်။ နှစ်ဖက်ကြား ညပ်နေတော့ ပြန်ဖို့မရဲသေးဘူး။ ရွာသားတွေ အများစုက အိမ်ငှားနေကြ။ မှော်ထဲ တဲထိုးပြီးနေကြတယ်” ဟု မိန့်ကြားသည်။ အသက် ၅၀ ကျော်အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးက “မနက် ၄ နာရီလောက်ကြီး တိုက်ပွဲဖြစ်တော့ အိမ်ထဲမှာ…
ရန်ကုန်တွင် စက်သုံးဆီစျေးနှုန်း ၉၂ တစ်လီတာလျှင် ကျပ် ၆၀ ထပ်မံမြင့်တက်ခဲ့ပြီး ၉၂ တစ်လီတာ ၂၇၆၅ ကျပ်သို့ ရောက်ရှိလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၂ ရက်တွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ၂၇၆၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၈၉၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၅၅၅၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၆၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။ စက်သုံးဆီစျေးနှုန်းမှာ ဇန်နဝါရီ ၂၆ ရက်တွင် စတင်ပြောင်းလဲခဲ့ပြီး ၉၂ တစ်လီတာလျှင် ကျပ် ၂၇၀၀ ကျော်သို့ စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်သည့် စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ၂၇၀၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၈၄၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၅၀၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၅၁၅ ကျပ်ဖြစ်ကြောင်း သိရသည်။ ယင်းစျေးနှုန်းများမှာ ပြီးခဲ့သည့်ရက်ပိုင်းများတွင် ငြိမ်သက်နေရာမှ ဖေဖော်ဝါရီ ၂ ရက်တွင် စျေးနှုန်းများ ထပ်မံမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၂၆ ရက် မတိုင်မီက စျေးကွက်အတွင်း ရောင်းချသည့်စျေးနှုန်းများအနေဖြင့် ၉၂ တစ်လီတာလျှင် ၂၅၈၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၇၂၀၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၃၀၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၉၅ ကျပ်ဖြစ်သည်။ ထို့ကြောင့် တပတ်ကျော်ကာလအတွင်း ၉၂ တစ်လီတာလျှင်…
မျိုးဗီဇပြောင်း ကိုဗစ်ပိုးတွေ့ရှိရပြီးနောက် လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ အပတ် စဉ်ပိုးတွေ့ရှိရမှု အနည်းငယ်မြင့်တက်နေ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ကိုဗစ် -၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး JN.1 ကူးစက်မှုကြောင့် ဒေသတွင်းနှင့် အိမ်နီးချင်း နိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း JN.1 ကူးစက်မှုအား အတည်ပြုတွေ့ရှိထားပြီးဖြစ် ကာ လတ်တလောကာလတွင် ကိုဗစ်-၁၉ ရော ဂါ အပတ်စဉ်ပိုးတွေ့ရှိရမှု အနည်းငယ်မြင့် တက်နေသည်ကို တွေ့ရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ ကိုဗစ်-၁၉ ရောဂါအပါအဝင် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါများ ကူးစက်ခံရ ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ထုတ်ပြန်ထား သည့် တစ်ကိုယ်ရေကာကွယ်ရေးစည်းမျဉ်း စည်းကမ်းများကို လိုက်နာကြရန် ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းသည်။ လူထူထပ်သောနေရာ၊ အလုံပိတ်နေရာ၊ လေဝင်/လေထွက်မကောင်းသော နေရာများ တွင်ရှိနေချိန်၊ အများပြည်သူအသုံးပြုသော မော်တော်ယာဉ်၊ မီးရထား၊ သင်္ဘော၊ လေယာဉ် စသည့် ယာဉ်များဖြင့် ခရီးသွားလာခြင်း၊ ဆေး ရုံ/ကျန်းမာရေးဌာနများနှင့် ဘိုးဘွားရိပ်သာ များသို့ သွားရောက်ခြင်း စသည့်အခြေအနေ များတွင် နှာခေါင်းစည်း (Mask) များ တပ်ဆင် ရန် ကျန်းမာရေးဝန်ကြီးဌာနက ညွန်ကြား သည်။ ထို့ပြင် ရောဂါပြင်းထန်နိုင်ခြေနှင့် သေ ဆုံးနိုင်ခြေမြင့်မားသော အသက်အရွယ်ကြီး သူများ၊ နာတာရှည်ရောဂါအခံရှိသူများနှင့် ကိုယ်ခံအားနည်းနေသူများအနေဖြင့် ကိုဗစ် -၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှု ခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာနက…
အင်္ဂလန်လက်ရွေးစင်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ဘော့စနီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲကို နယူးကာဆယ်အသင်း၏ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းတွင် ကစားရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါခြေစမ်းပွဲအတွက် အသေးစိတ်အချက်အလက်များကို အတည် ပြုရခြင်းမရှိသေးသော်လည်း ဇွန်(၃)ရက်၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယူရို- ၂၀၂၄ မတိုင်မီ နောက်ဆုံးခြေစမ်းပွဲဖြစ်မည်ဟု သိရသည်။ အင်္ဂလန်လက်ရွေးစင်အသင်းသည် စိန့်ဂျိမ်းစ်ပတ်ခ်ကွင်း၌ ၂၀၀၅ ခုနှစ်တွင် နောက်ဆုံးယှဉ်ပြိုင် ကစားခဲ့သောကြောင့် နှစ်ပေါင်း(၂၀)နီးပါးကြာမှ ယင်းကွင်းတွင် ပြန်လည်ကစားခြင်းလည်းဖြစ်သည်။ အင်္ဂလန်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲ၏ အုပ်စုအဆင့်တွင် ရင်ဆိုင်ရမည့် ဆားဘီးယား၊ ဆလိုဗေးနီးယားတို့နှင့်ပွဲများအတွက် ပြင်ဆင်ရန် ၎င်းတို့နှင့် ကစားဟန်ချင်းနီးစပ်သော ဘော့စနီးယားအသင်းနှင့် ခြေစမ်းကစားခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ယင်းပွဲမှာ ချန်ပီယံလိဂ်၊ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲများနှင့် နီးကပ်နေသောကြောင့် အင်္ဂလန်ကစားသမားများ လူစုံပါဝင်နိုင်ရန် မသေချာကြောင်း သိရသည်။
အမေရိကန်နှင့် မြောက်အမေရိကတွင် ဂေါ့ဖ်ပြိုင်ပွဲများ ကျင်းပလျက်ရှိသည့် PGA Tour သည် အမေရိကန်အခြေစိုက် Strategic Sports Group (SSG) နှင့် ဒေါ်လာ (၃) ဘီလီယံတန်ဖိုးရှိသည့် စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီး ယင်းစာချုပ်အရ LIV Golf သို့ သွားရောက်ယှဉ် ပြိုင်ခြင်းမရှိသည့် ကစားသမားများ အကျိုးခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ Strategic Sports Group (SSG) မှာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းနှင့် မေဂျာလိဂ် ဘေ့စ်ဘောကလပ် ဘော်စတွန် Red Sox အသင်းတို့ကို ပိုင်ဆိုင်သည့် Fenway Sports Group (FSG) ၏ လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး PGA Tour နှင့် ဒေါ်လာ (၃)ဘီလီယံတန်ဖိုးရှိသည့် စာချုပ်ချုပ်ဆိုရန် ဇန်နဝါရီ (၃၁)တွင် သဘောတူညီမှု ရရှိခဲ့သည်။ SSG အနေဖြင့် ကနဦးအ ဖြစ် ဒေါ်လာ (၁.၅) ဘီလီယံကို ချက်ချင်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး PGA Tour တွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် ကစားသမား (၂၀၀) ဝန်းကျင်မှာ ဆုကြေးရရှိမှုအပေါ် မူတည်၍ အကျိုးခံစားခွင့်ရမည်ဖြစ်သည်။ သို့သော် အဆိုပါအကျိုးခံစားခွင့်ကို PGA Tour တွင် ဆက်လက်ယှဉ်ပြိုင်နေသည့် ကစားသမားများနှင့် LIV Golf သို့ သွားရောက်ယှဉ်ပြိုင်ရန် ကမ်းလှမ်းမှုကို ငြင်းဆန်ထားသူများသာ ရရှိမည်ဟု သိရသည်။