Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Saturday, June 14
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Finance 0 Views

ရန်ကုန်တွင် စက်သုံးဆီစျေးနှုန်း ၉၂ တစ်လီတာလျှင် ကျပ် ၆၀ ထပ်မံမြင့်တက်ခဲ့ပြီး ၉၂ တစ်လီတာ ၂၇၆၅ ကျပ်သို့ ရောက်ရှိလာ

February 2, 20241 Min Read
Share
Facebook Twitter

ရန်ကုန်တွင် စက်သုံးဆီစျေးနှုန်း ၉၂ တစ်လီတာလျှင် ကျပ် ၆၀ ထပ်မံမြင့်တက်ခဲ့ပြီး ၉၂ တစ်လီတာ ၂၇၆၅ ကျပ်သို့ ရောက်ရှိလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂ ရက်တွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ၂၇၆၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၈၉၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၅၅၅၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၆၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီစျေးနှုန်းမှာ ဇန်နဝါရီ ၂၆ ရက်တွင် စတင်ပြောင်းလဲခဲ့ပြီး ၉၂ တစ်လီတာလျှင် ကျပ် ၂၇၀၀ ကျော်သို့ စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်သည့် စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ၂၇၀၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၈၄၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၅၀၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၅၁၅ ကျပ်ဖြစ်ကြောင်း သိရသည်။

ယင်းစျေးနှုန်းများမှာ ပြီးခဲ့သည့်ရက်ပိုင်းများတွင် ငြိမ်သက်နေရာမှ ဖေဖော်ဝါရီ ၂ ရက်တွင် စျေးနှုန်းများ ထပ်မံမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၆ ရက် မတိုင်မီက စျေးကွက်အတွင်း ရောင်းချသည့်စျေးနှုန်းများအနေဖြင့် ၉၂ တစ်လီတာလျှင် ၂၅၈၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၇၂၀၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၃၀၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၉၅ ကျပ်ဖြစ်သည်။

ထို့ကြောင့် တပတ်ကျော်ကာလအတွင်း ၉၂ တစ်လီတာလျှင် ကျပ် ၁၈၀ ကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

စက်သုံးဆီစျေးနှုန်းများ မြင့်တက်ရခြင်းသည် စင်ကာပူ စက်သုံးဆီစျေးနှုန်းများမြင့် တက်လာခြင်းကြောင့်ဖြစ်သည်ဟု စျေးကွက်အတွင်းမှ သိရသည်။

စက်သုံးဆီစျေးနှုန်းများ မြင့်တက်ခဲ့သော်လည်း ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်ယူရခြင်းများ မရှိကြောင်း မော်တော်ယာဉ်အငှားမောင်းသူများထံမှ သိရသည်။

“စျေးတက်ပေမဲ့ တန်းစီဝယ်ရတာတော့ မရှိဘူး။ တချို့ဆိုင်တွေမှာက ဘေးတွဲတွေကို အချိန်သတ်မှတ်ပြီး ရောင်းပေးတာပဲရှိတယ်။ မော်တော်ယာဉ်တွေကတော့ အချိန်သတ်မှတ် ချက်မရှိသလို တန်းစီရတာလည်းမရှိဘူး” ဟု ယာဉ်အငှားမောင်းနှင်သူတစ်ဦးက ပြောကြားသည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ်များ စက်သုံးဆီဝယ်ယူရန် တန်းစီခဲ့ရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

ယင်းကာလအတွင်း CNG တပ်ဆင်ထားသည့် မော်တော်ယာဉ်များကို စက်သုံးဆီဝယ်ယူခွင့်မပြုကြောင်း စက်သုံးဆီဆိုင်များတွင် တားမြစ်ကြေညာခဲ့သည်ကို တွေ့ရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleမျိုးဗီဇပြောင်း ကိုဗစ်ပိုးတွေ့ရှိရပြီးနောက် လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ အပတ်စဉ်ပိုးတွေ့ရှိရမှု အနည်းငယ်မြင့်တက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
Next Article ဖားကန့်ဒေသ (တောင်ပိုင်း) တွင် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၅၀၀၀ ကျော်ရှိလာ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.