Author: admin

ရီးယဲလ်အသင်း၏ အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က ဘာနေဗျူးကွင်းတွင် ကစားရခြင်းမှာ Gladiator တစ်ဦးလို ခံစားရသည်ဟု ပြောကြားခဲ့သည်။ အသက် (၂၀) အရွယ်ရှိ ဘယ်လင်ဟမ်သည် ပြီးခဲ့သည့်နွေရာသီကမှ Add-ons ကြေးများအပါအဝင် ယူရို (၁၃၃.၉) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ၎င်းသည် ယခုရာသီတွင် ရီးယဲလ်အသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ (၂၇) ပွဲတွင် (၁၈) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၈) ကြိမ် ပြုလုပ်ထားသည်။ ရီးယဲလ်အသင်းတွင် ခြေစွမ်းပြနေသည့် ဘယ်လင်ဟမ်က “ရီးယဲလ်က ကမ္ဘာမှာ အင်အားအကြီးဆုံးအသင်းတွေထဲက တစ်သင်းပါ။ ဒီအသင်းရဲ့ကွင်းမှာ ကစားရတာက Gladiator (ရောမခေတ်က အသတ်အပုတ်စွမ်းရည်ဖြင့် ပရိသတ်ကို ဖျော်ဖြေရသူ)တစ်ဦးလို ခံစားရစေပါတယ်။ ဒီအသင်းက တခြားအသင်းတွေထက် ပိုမြင့်တဲ့ အဆင့်တစ်ဆင့်မှာ ရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းက မိမိသည် အခြားကစားသမားများကို လိုက်လံတုပ၍ ကြိုးစားနေသူမဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

Read More

နာမည်ကျော် အီတလီနည်းပြတစ်ဦးဖြစ်သည့် အန်တိုနီယိုကွန်တီသည် လာမည့်ရာသီ၌ အေစီမီလန်အသင်းကို ကိုင်တွယ်တော့မည် ဟူသည့်သတင်းများ ပိုမိုထွက်ပေါ်လာခဲ့သည်။ ကွန်တီသည် စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်နှင့် အင်တာမီလန်အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်သလို၊ ပရီးမီးယားလိဂ်ထိပ်သီး ချယ်လ်ဆီးနှင့် စပါးတို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။ ကွန်တီ(၅၄ နှစ်)သည် ၂၀၂၃ ခုနှစ် မတ်လတွင် စပါးအသင်းနှင့် လမ်းခွဲခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်သည်။ အေစီမီလန်အသင်းမှာ လက်ရှိနည်းပြ ပီအိုလီ၏ စွမ်းဆောင်ရည်ကို ကျေနပ်အားရခြင်းမရှိတော့သည့်အတွက် နည်းပြအပြောင်း အလဲပြုလုပ်ရန် စီစဉ်နေရာ ဂျူဗင်တပ်စ်တွင်ရော အင်တာမီလန်အသင်းတွင်ပါ အောင်မြင်မှုရယူနိုင်ခဲ့သည့် ကွန်တီကို မျက်စိကျနေခြင်းဖြစ်ကြောင်း သိရသည်။ သတင်းများအရ လက်ရှိအချိန်၌ အသင်း၏အကြံပေးအဖြစ် ဆောင်ရွက်နေသော တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်သည် ကွန်တီနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ကွန်တီနှင့် ၎င်း၏ နည်းပြအဖွဲ့ဝင်များသည် ပြီးခဲ့သည့် အင်္ဂါနေ့က အေစီမီလန်အသင်း၏ ရုံးချုပ်အနီးတွင်ရှိသော စားသောက်ဆိုင်၌ ညစာစားခဲ့ ကြသည့်အတွက် သတင်းများ ပိုမိုထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ ကွန်တီကို နာပိုလီနှင့် ရိုးမားတို့ကလည်း ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသည်။

Read More

လာမည့်အော်စကာဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းထွက်လာပြီးနောက် ဇာတ်ဆောင်မင်းသမီးဆု လျာထားခံရသည့်အထဲ ပါမလာသည့်အပေါ် Barbie ဇာတ်ကား၏ ခေါင်းဆောင်မင်းသမီးမား ဂေါ့ရော့ဘီက ရေ ငုံနှုတ်ပိတ်နေခဲ့သော်လည်း ယခု၎င်း၏ခံစားချက်ကို ဖွင့်ထုတ်လိုက်ပြီဖြစ်သည်။ ရော့ဘီက ဇာတ်ဆောင်မင်းသမီးဆုအတွက် အဆိုပြုမခံရသည်ကို ဝမ်းမနည်းကြောင်း၊ သို့သော် Barbie ဒါရိုက်တာ ဂရတ်တာဂါးဝစ်အတွက် ဝမ်းနည်းမိကြောင်း ပြောပြလာသည်။ ကမ္ဘာတဝန်းရုံတင်ပြသစဉ်က ဝင်ငွေ ဒေါ်လာတစ်ဘီလျံကျော်ရသည်အထိ အောင်မြင်ခဲ့သည့် Barbie ဇာတ်ကားသည် ဆန်ခါတင်စာရင်းတွင် ဆုရှစ်ဆုလျာထားခံရသည်။ သို့သော် ဇာတ်ကား၏ အခရာအကျဆုံးသူ နှစ်ဦးဖြစ်သည့် ဒါရိုက်တာဂါးဝစ်နှင့် ခေါင်းဆောင်မင်းသမီးရော့ဘီက ဒါရိုက်တာဆုနှင့် ဇာတ်ဆောင်မင်းသမီးဆု တို့ အဆိုပြုမခံရဘဲ ဂါးဝစ်က ဇာတ်ညွှန်းဆု၊ ရော့ဘီက ထုတ်လုပ်သူ ပရိုဂျူဆာဆုသာ လျာထားခံရသည်။ တွဲဖက်မင်းသမီး အမေရိက ဖရယ်ရာနှင့် မင်းသားရိုင်ယန်ဂေါ့စလင်းတို့ပင် ဇာတ်ပို့မင်းသမီး၊ မင်းသားဆုများ လျာထားခံရသည်။ ဇန်နဝါရီ ၃၁ ရက်တွင် ရော့ဘီက ပူးတွဲသရုပ်ဆောင်များနှင့် ဆွေးနွေးမှုတစ်ရပ်တွင် ၎င်းအော်စကာ အမှန်းမခံရသည်ကို ဝမ်းမနည်း၊ Barbie ကို ပရိသတ်၏တုံ့ပြန်မှုက အကြီးမားဆုံးဆုဖြစ်ကာ ဂါးဝစ်က ဒါရိုက်တာ ဆုဆန်ခါတင်ပါသင့်ပြီး စာရင်းတွင် ပါမလာသည်ကိုမူ ဝမ်းနည်းမိသည်ဟု ပြောသည်။ Barbie ကို ကမ္ဘာတဝန်း ရုံတင်ပြသရာမှ ရလာသည့်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၈ ဘီလျံရှိခဲ့ပြီး Super Mario Bros Movie က ၂၀၂၃ ခုနှစ်၏အအောင်မြင်ဆုံး ဇာတ်ကားဖြစ်လာလိမ့်မည်ဆို သည့် ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်ကို မှားစေခဲ့သည်။ ၂၀၂၃ အော်စကာဆုပေးပွဲတွင် ဇာတ်ဆောင်မင်းသမီးဆုရသည့် မလေးရှားမင်း…

Read More

ဂျော်ဒန်နိုင်ငံ၌ အမေရိကန်စစ်သားသုံးဦး သေဆုံးသွားခဲ့သော ဒရုန်းတိုက်ခိုက်မှုကို တုံ့ပြန်ရေးကိစ္စ မိမိဆုံးဖြတ်ထားပြီးပြီဟု ဇန်နဝါရီ ၃၀ ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောကြားလိုက်သည်ဆိုသော်လည်း အရှေ့အလယ်ပိုင်းဒေသ၌ ပိုမို ကျယ်ပြန့်သောစစ်ပွဲကို ၎င်းအလိုမရှိဟု ဆိုသည်။ အမေရိကန်နိုင်ငံ၌ ရွေးကောက်ပွဲကျင်းပမည့် နှစ်တွင် ဖိအားများ တိုးလာခြင်းကို ရင်ဆိုင်နေရသော ဘိုင်ဒင်က စစ်အခြေစိုက်စခန်းကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သူများထံ လက်နက်များ ပံ့ပိုးပေးခြင်းအတွက် အီရန်ကို တာဝန်ခံစေမည်ဟု ပြောကြားခဲ့သည်။ ဂျော်ဒန်နိုင်ငံရှိ အခြေစိုက်စခန်းတစ်ခု ဒရုန်ဖြင့် တိုက်ခိုက်ခံရသောကြောင့် အမေ ရိကန်စစ်သားသုံးဦး သေဆုံးသွားခဲ့ရာ အစ္စရေး-ဟားမာ့စ် စစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသ၌ ပထမဆုံး အမေရိကန်စစ်သားများ သေဆုံးခဲ့သည့်အတွက် တုံ့ပြန်မှုအမျိုးမျိုးရှိလာနိုင်သည်ဟု အိမ်ဖြူတော်က သတိပေးခဲ့သည်။ အမေရိကန်က စစ်ရေးအရ အရေးယူဆောင်ရွက်မှု လုပ်ဆောင်ရန် နီးကပ်လာသည့် အနေအထားတွင် မိမိတို့သည် အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်မှုများအား ရပ်ဆိုင်းသွားမည်ဟု အီရတ်နိုင်ငံရှိ အီရန်လို လားသော ထိပ်တန်းအုပ်စုက ပြောကြားခဲ့သည်ဆိုသော်လည်း ယင်းသို့ပြောကြားခြင်းက ၀ါရှင်တန်၏ လက်တုံ့ပြန်မှုကို တားဆီးရန် မလုံလောက်ဟု ဆိုသည်။ မဲဆွယ်စည်းရုံးရေး ရန်ပုံငွေပွဲအတွက် ဖလော်ရီဒါပြည်နယ်ကို သွားရောက်ခဲ့ရာတွင် တုံ့ပြန်ရေးကိစ္စကို သတင်းထောက်များက မေးမြန်းသည့်အခါ ယင်းကိစ္စကို ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ဘိုင်ဒင်က ဖြေကြားခဲ့သော်လည်း လက်တုံ့ပြန်မည့် အသေးစိတ်ကိစ္စများကို ပြောကြားခြင်းမရှိခဲ့ပေ။ “အရှေ့အလယ်ပိုင်းမှာ ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲတစ်ပွဲ လိုအပ်တယ်လို့ ကျွန်တော်မထင်ပါဘူး။ အဲဒီစစ်ပွဲဟာ ကျွန်တော်မျှော်လင့်ထားတဲ့ စစ်ပွဲမဟုတ်ပါဘူး”ဟု ဘိုင်ဒင်က ဖြည့်စွက်ပြောကြားခဲ့သည်။ ဟားမာ့စ်က အစ္စရေးကို ဝင်ရောက် တိုက်ခိုက်ခဲ့သည့် အောက်တိုဘာ ၇ ရက် နောက်ပိုင်းတွင်…

Read More

ဇမ်ဘီယာနိုင်ငံတွင် ကာလဝမ်းရောဂါကြောင့် လူ ၅၇၄ ဦးသေဆုံးခဲ့ပြီး နေ့အလိုက် ကူးစက်ခံရသူ ၄၀၀ မှ ၅၀၀ အထိရှိခဲ့ကာ ယင်းရောဂါကူးစက်မှုကို တိုက်ဖျက်ရန်အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းရန်ပုံငွေ ခွဲဝေပေးခဲ့သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုအဖွဲ့က ဇန်နဝါရီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံ၏ ကာလဝမ်းရောဂါကူးစက်ဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်မှုတွင် အထောက်အပံ့ဖြစ်စေရန်အတွက် အရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းရေးမှူး မာတင်ဂရစ်ဖစ်က ဗဟိုအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးရန်ပုံငွေ (CERF) မှ ငွေကြေးများကို ခွဲဝေချထားပေးခဲ့သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)က ပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၈ ရက်အထိ ဇမ်ဘီယာ၏ အမျိုးသားပြည်သူ့ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ ကာလဝမ်းရောဂါကူးစက်ဖြစ်ပွားသူ ၁၅,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၅၇၄ ဦး ရှိသည်ဟု ဆိုသည်။ “ရေကြီးတာ၊ ရေတွင်းတွေတိမ်ကောတာနဲ့ သန့်ရှင်းတဲ့ရေရရှိနိုင်ရေးအခက်အခဲတွေ အပါအဝင် ရေဖြန့်ဝေမှုနဲ့ မိလာစနစ်တွေ ရဲ့ စိန်ခေါ်မှုတွေက ကာလဝမ်းရောဂါကူးစက်မှုတွေကို ပိုမိုဆိုးရွားစေပါတယ်”ဟု OCHA က ဆိုသည်။ “CERF ရဲ့ ရန်ပုံငွေအသစ်ဟာ ကျန်းမာရေး၊ အာဟာရ၊ ရေ၊ မိလာနဲ့ တစ်ကိုယ် ရည်သန့်ရှင်းရေးနေရာတွေမှာ ထောက်ပံ့ကူညီမှုအပါအဝင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးတွေမှာ ပါဝင်ကူညီပေးသွားဖို့ဖြစ်ပါတယ်”ဟု ဆိုသည်။ ယခုရာသီ၏ ကာလကြာရှည်ပြီး ပိုမို ပြင်းထန်သည့် ရေကြီးမှုများဖြစ်ပွားခဲ့ပြီးနောက် အာဖရိကအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းနိုင်ငံအများအပြားသည် ကာလဝမ်းရောဂါကူးစက်ဖြစ်ပွားမှုများ ကြုံတွေ့နေရသည်။ ဇင်ဘာဘွေနိုင်ငံသည် ဇန်နဝါရီ ၂၉ ရက်တွင် ကာလဝမ်းရောဂါကာကွယ်ဆေး တိုက်ကျွေးမှုကို စတင်လုပ်ဆောင်ခဲ့သည်။ ဇင်ဘာဘွေတွင် ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ၄၀၀…

Read More

သမိုင်းကြောင်းနှင့် နိုင်ငံချင်း တရားဝင် ဆက်ဆံဆက်သွယ်ဆောင်ရွက်ရသည့် လုပ် ငန်းစဉ်များအရ ကိုးကန့်အထူးဒေသတွင် တရားဥပဒေနှင့်အညီသာ ဆက်လက်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောကြားသည်။ ဇန်နဝါရီ ၃၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်း အဝေး (၁/၂၀၂၄) တွင် နစကအနေဖြင့် နိုင်ငံတော်တာဝန်များကို သက်တမ်းတိုး တာ ဝန်ယူခဲ့သည့် ခြောက်လတာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင် ရွက်ရန် လိုအပ်သည်များနှင့်စပ်လျဉ်း၍ ရှင်း လင်းတင်ပြရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လိုလားချက်များမှ အခြေခံဥပဒေအရ ဆောင်ရွက်နိုင်သည့်ကိစ္စ ရပ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အချို့သောကိစ္စရပ်များကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပြင်ဆင်လိုသည့်ကိစ္စရပ်များ အနက် ဖြစ် နိုင်သည့် ကိစ္စရပ်များကို ပြင်ဆင်နိုင်ရန် တပ် မတော်မှ သဘောတူညီသည်ကို တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ နှင့် တွေ့ဆုံချိန်များတွင်လည်း ဆွေးနွေးပြော ကြားပြီးဖြစ်ကြောင်း၊ သမိုင်းကြောင်းနှင့် နိုင်ငံ ချင်း တရားဝင်ဆက်ဆံဆက်သွယ်ဆောင် ရွက်ရသည့် လုပ်ငန်းစဉ်များအရ ကိုးကန့်အ ထူးဒေသတွင် တရားဥပဒေနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး မိမိ တို့ ကိုယ်စားလှယ်များနှင့် ဆွေးနွေးနေပါ ကြောင်း၊ အဆိုပါအချက်များကို လျစ်လျူရှု မည်ဆိုပါက နောက်ခံအကြောင်းတစ်မျိုးမျိုး ကြောင့် စစ်ဘုရင်ဝါဒကို…

Read More

မြန်မာနိုင်ငံတွင်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း သုံးနှစ်တာအတွင်း ကျပ် ၃၃၅၄ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူခြောက် တန်ကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၂၉ သန်းကျော်၊ အိုက်စ် ၅၃ တန်ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၃၁ ရက်က ကျင်းပသည့် အမျိုး သား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏တင်ပြချက်များတွင် အထက်ပါကဲ့သို့ ဖော်ပြ ထားခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ခြောက်လအတွင်း ဘိန်းဖြူ ၁ ဒသမ ၁ တန် ကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၇ သန်း ကျော်၊ အိုက်စ် ၁၄ ဒသမ ၆၆၅ တန်ကျော် အပါအဝင် ဖမ်းဆီးရမိမှု အမှုပေါင်း ၃၂၇၂ မှု၊ တန်ဖိုး ကျပ် ၇၈၁ ဒသမ ၀၂ ဘီလျံနှင့် ဖမ်း ဆီးရမိသူ စုစုပေါင်း ၄၃၇၃ ဦးရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ဘိန်းဖြူ ၆ ဒသမ ၀၅ တန်ကျော်၊…

Read More

ထိုင်း နိုင်ငံ တွင် လူဝင်မှုကြီးကြပ်ရေးစွဲချက်များဖြင့် ဖမ်းဆီးခံထားရသည့် ရုရှား-ဘယ်လာရုစ် ရော့ခ်ဂီတအဖွဲ့နှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်နှင့်လုံခြုံရေးအကြီးအကဲများပါဝင်သည့် ထိုင်းလုံခြုံရေးကောင်စီက စစ်ဆေးအဆုံးအဖြတ်ပေးမည်ဟု ဝန်ကြီးတစ်ဦးက ဇန်နဝါရီ ၃၁ ရက်တွင်ပြောကြားသည်။ ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ယူကရိန်းစစ်ပွဲကို ဝေဖန်ထားသည့် Bi-2 ရော့ခ်ဂီတအဖွဲ့သည် ပြီးခဲ့သည့်သီတင်းပတ်က ဖူးခက်ကျွန်းတွင် ဖျော်ဖြေပွဲပြုလုပ်ပြီးနောက် ဖမ်းဆီးခံလိုက်ရပြီး ၊ လူ့အခွင့်အရေးအဖွဲ့ Human Rights Watch (HRW) က ၎င်းအဖွဲ့ရုရှားသို့ ပြန်ရောက်ပါက အပြစ်ပေးခံရမည်ဖြစ်ပြီး ထိုင်းဘက်က ၎င်းအဖွဲ့ကို အမြန်ဆုံးလွှတ်ပေးသင့်သည်ဟု တောင်းဆိုထားသည်။ သတင်းစာရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဖန်ပရီ ဘာဟီဒါ နူခါရာ က Bi-2 ဖြစ်စဉ်ကို အမျိုးသားလုံခြုံရေးကောင်စီက စစ်ဆေးနေကြောင်း၊ အဖွဲ့ဝင်များ၏နာမည်၊ မည်သည့်နိုင်ငံသား စသဖြင့်အသေးစိတ်ကို စစ်ဆေးနေကြောင်း၊ အဖွဲ့ဝင်များက ဥပဒေကိုချိုးဖောက်ထားခြင်းမရှိပါက ၎င်းတို့ကိုနှင်ထုတ်မည်မဟုတ်ကြောင်း၊ ဥပဒေချိုးဖောက်ခဲ့လျှင်မူ ဥပဒေလမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။Bi-2 အဖွဲ့ဝင်အချို့က နိုင်ငံသားနှစ်ခု ခံယူထားသည်။ အမျိုးသားလုံခြုံရေးကောင်စီသည် ထိုင်းဝန်ကြီးချုပ်ထာဝီဆင် က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ထိပ်ပိုင်းအစိုးရဝန်ကြီးများ၊ ရဲအရာရှိကြီးများဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့၊ လုံခြုံရေးမူဝါဒများကို ညှိနှိုင်းဆောင်ရွက်ရန် ဖွဲ့ထားသည့် အဆင့်မြင့်အဖွဲ့အစည်းဖြစ်သည်။ Bi-2 အဖွဲ့ပြန်လွတ်မြောက်အောင် ထိုင်းအစိုးရအနေဖြင့် အဖြေရှာရန်လိုကြောင်း ပြည်ပတွင်တိမ်းရှောင်နေသည့် ဘယ်လာရုစ်အတိုက်အခံခေါင်းဆောင် တီခါနော့ဆကာယာကလည်း တိုက်တွန်းထားသည်။ ၎င်းဂီတအဖွဲ့သည် ရုရှားတွင် လူသိများပြီး ၂၀၂၂ ခုနှစ်က ယူကရိန်းစစ်ပွဲကိုထောက်ခံသည့် စာတန်းများရှိရာ ကွင်းတစ်ခုတွင် ဖျော်ဖြေရန်ငြင်းခဲ့သည့်ကိစ္စဖြင့် ဖျော်ဖြေပွဲအချို့ ဖျက်သိမ်းခံလိုက်ရသည်။နောက်ပိုင်း ရုရှားမှ ၎င်းအဖွဲ့ထွက်ခွာလာခဲ့သည်။

Read More

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က ကစားသမားများအနေဖြင့် ကွင်းတွင်းကွင်းပြင် စည်းကမ်းလိုက်နာရန် လိုအပ်ကြောင်း သတိပေးပြောကြားခဲ့သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်တွင် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က အိုင်ယာလန်နိုင်ငံရှိ နိုက်ကလပ်များသို့ နှစ်ညဆက်တိုက်သွားရောက်ပြီးနောက် နေမကောင်းဖြစ်နေသည်ဟုဆိုကာ လေ့ကျင့်ရေးအစီအစဉ် ပျက်ကွက်ခဲ့သောကြောင့် FA ဖလားပွဲစဉ်တွင် ပါဝင်ခွင့်မရဘဲ ချန်လှပ်ခံခဲ့ရသည်။ အဲရစ်တန်ဟက်က ရပ်ရှ်ဖို့ဒ်၏အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း စည်းကမ်းရှိရန်လိုအပ်ကြောင်း သတိပေးခဲ့ပြီး ယင်းဖြစ်ရပ်မှာ ဆန်ချို၏ဖြစ်ရပ်နှင့် တူညီမှုမရှိကြောင်း ထည့်သွင်းပြောကြားသည်။ ”ဘောလုံးမှာ စည်းကမ်းရှိဖို့လိုပါတယ်။ ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ လိုအပ်တာပါ။ ကစားသမားတိုင်း၊ ပရော်ဖက်ရှင်နယ်တိုင်းက ဘာတွေလိုအပ်တယ်၊ စည်းနှစ်ခုကြား ဘာရှိတယ်ဆိုတာကို သိပါတယ်။ အတွင်းရေးကိစ္စအားလုံးကို ကျွန်တော်တို့ ဖြေရှင်းနိုင်ပါတယ်။ ဂျေဒန် (ဆန်ချို) ကတော့ လူအများသိအောင် ရွေးချယ်ခဲ့တာပါ”ဟု ၎င်းက ဆိုသည်။ ရပ်ရှ်ဖို့ဒ်အနေဖြင့် အဲရစ်တန်ဟက်ဂ်လက်ထက်တွင် စည်းကမ်းချိုးဖောက်မှု ပြုလုပ်ခြင်းမှာ တတိယအကြိမ်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်ရာသီက အိပ်ပျော်နေသဖြင့် အသင်းလိုက်ဆွေးနွေးပွဲတက်ရောက်ရန် ပျက်ကွက်ခဲ့သောကြောင့် ဝုလ်ဗ်နှင့်ပွဲတွင် ချန်လှပ်ခံခဲ့ရသလို ယခုရာသီ အောက်တိုဘာတွင် မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် မွေးနေ့ပါတီပွဲပြုလုပ်သဖြင့် ပြန်လည်တောင်းပန်ခဲ့ရသည်။

Read More

မန်ယူအသင်းသည် အသင်းတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အတွက် စိတ်ပညာရှင် ထောက်ပံ့ပေးရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ ယခုရာသီတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသည့် ရပ်ရှ်ဖို့ဒ်သည် ကလပ်တွင်ပျော်ပါးပြီး နောက်တစ်နေ့တွင် လေ့ကျင့်ခန်းဆင်းရန် ပျက်ကွက်ခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ရပ်ရှ်ဖို့ဒ်က ၎င်း၏လုပ်ရပ်အတွက် တာဝန်ယူကြောင်းနှင့် အသင်းက ချမှတ်သည့်ပြစ်ဒဏ်ကိုလည်း လက်ခံကြောင်း ပြောကြားခဲ့သည်။ မန်ယူအသင်းသည် ယခုရာသီတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် ရပ်ရှ်ဖို့ဒ်အား ကူညီရန် ပြင်ဆင်နေပြီး ကစားသမားသာ တောင်းဆိုပါက စိတ်ပညာရှင် ငှားရမ်းပေးရန်ပင် အသင့်ရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

Read More