မန်ယူအသင်းသည် အသင်းတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အတွက် စိတ်ပညာရှင် ထောက်ပံ့ပေးရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။
ယခုရာသီတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသည့် ရပ်ရှ်ဖို့ဒ်သည် ကလပ်တွင်ပျော်ပါးပြီး နောက်တစ်နေ့တွင် လေ့ကျင့်ခန်းဆင်းရန် ပျက်ကွက်ခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ရပ်ရှ်ဖို့ဒ်က ၎င်း၏လုပ်ရပ်အတွက် တာဝန်ယူကြောင်းနှင့် အသင်းက ချမှတ်သည့်ပြစ်ဒဏ်ကိုလည်း လက်ခံကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် ရပ်ရှ်ဖို့ဒ်အား ကူညီရန် ပြင်ဆင်နေပြီး ကစားသမားသာ တောင်းဆိုပါက စိတ်ပညာရှင် ငှားရမ်းပေးရန်ပင် အသင့်ရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။