Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, May 23
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Global Anti-epidemic 0 Views

ဇမ်ဘီယာတွင် ကာလဝမ်းရောဂါကူးစက်မှုကို တိုက်ဖျက်ရန် ဒေါ်လာ ၂ ဒသမ ၅ သန်း ရန်ပုံငွေခွဲဝေပေးခဲ့ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

February 1, 20241 Min Read
Share
Facebook Twitter

ဇမ်ဘီယာနိုင်ငံတွင် ကာလဝမ်းရောဂါကြောင့် လူ ၅၇၄ ဦးသေဆုံးခဲ့ပြီး နေ့အလိုက် ကူးစက်ခံရသူ ၄၀၀ မှ ၅၀၀ အထိရှိခဲ့ကာ ယင်းရောဂါကူးစက်မှုကို တိုက်ဖျက်ရန်အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းရန်ပုံငွေ ခွဲဝေပေးခဲ့သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုအဖွဲ့က ဇန်နဝါရီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံ၏ ကာလဝမ်းရောဂါကူးစက်ဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်မှုတွင် အထောက်အပံ့ဖြစ်စေရန်အတွက် အရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းရေးမှူး မာတင်ဂရစ်ဖစ်က ဗဟိုအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးရန်ပုံငွေ (CERF) မှ ငွေကြေးများကို ခွဲဝေချထားပေးခဲ့သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)က ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၈ ရက်အထိ ဇမ်ဘီယာ၏ အမျိုးသားပြည်သူ့ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ ကာလဝမ်းရောဂါကူးစက်ဖြစ်ပွားသူ ၁၅,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၅၇၄ ဦး ရှိသည်ဟု ဆိုသည်။

“ရေကြီးတာ၊ ရေတွင်းတွေတိမ်ကောတာနဲ့ သန့်ရှင်းတဲ့ရေရရှိနိုင်ရေးအခက်အခဲတွေ အပါအဝင် ရေဖြန့်ဝေမှုနဲ့ မိလာစနစ်တွေ ရဲ့ စိန်ခေါ်မှုတွေက ကာလဝမ်းရောဂါကူးစက်မှုတွေကို ပိုမိုဆိုးရွားစေပါတယ်”ဟု OCHA က ဆိုသည်။

“CERF ရဲ့ ရန်ပုံငွေအသစ်ဟာ ကျန်းမာရေး၊ အာဟာရ၊ ရေ၊ မိလာနဲ့ တစ်ကိုယ် ရည်သန့်ရှင်းရေးနေရာတွေမှာ ထောက်ပံ့ကူညီမှုအပါအဝင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးတွေမှာ ပါဝင်ကူညီပေးသွားဖို့ဖြစ်ပါတယ်”ဟု ဆိုသည်။

ယခုရာသီ၏ ကာလကြာရှည်ပြီး ပိုမို ပြင်းထန်သည့် ရေကြီးမှုများဖြစ်ပွားခဲ့ပြီးနောက် အာဖရိကအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းနိုင်ငံအများအပြားသည် ကာလဝမ်းရောဂါကူးစက်ဖြစ်ပွားမှုများ ကြုံတွေ့နေရသည်။

ဇင်ဘာဘွေနိုင်ငံသည် ဇန်နဝါရီ ၂၉ ရက်တွင် ကာလဝမ်းရောဂါကာကွယ်ဆေး တိုက်ကျွေးမှုကို စတင်လုပ်ဆောင်ခဲ့သည်။ ဇင်ဘာဘွေတွင် ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ၄၀၀ ကျော်ရှိသည်ဟု အစိုးရက ဆိုသည်။

ဇင်ဘာဘွေနိုင်ငံသည် လွန်ခဲ့သည့်သီတင်းပတ်က ကာကွယ်ဆေးအလုံးရေကိုးသိန်းကို ပထမအသုတ်အဖြစ် ရရှိခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO က ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၉ ရက်က ကာလဝမ်းရောဂါ အဆိုးဆုံးကူးစက်ဖြစ်ပွားနေသည့် နေရာများမှတစ်ခုဖြစ်သော မြို့တော်ဟာရာရီ၏ ဆင်ခြေဖုံးဒေသ ကူဝတ်ဇာနာတွင် ပထမဆုံးတိုက် ကျွေးမှုများလုပ်ဆောင်ခဲ့သည်။

ကာလဝမ်းရောဂါသည် ဆိုးရွားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖြစ်စေတတ်သည့် ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး သန့်ရှင်းမှုမရှိသည့် သောက်သုံးရေနှင့် အစားအစာများမှတစ်ဆင့် ကူးစက်ပျံ့နှံ့လေ့ရှိသည်။

ထိုရောဂါသည် ဆင်းရဲမွဲတေမှု၊ သန့်ရှင်းသည့် သောက်သုံးရေမရရှိမှုအခြေအနေများနှင့် ဆက်နွှယ်လျက်ရှိသည်။

မာလာဝီနိုင်ငံတွင် ၂၀၂၃ ခုနှစ်က ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး ကာလဝမ်းရောဂါဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း အာဖရိကတိုက်ရှိ နိုက်ဂျီးရီးယားနှင့် ယူဂန်ဒါနိုင်ငံတို့အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၃၀ ခန့်တွင် ဆိုးရွားသည့် ကာလဝမ်းရောဂါများဖြစ်ပွားခဲ့ကြောင်း WHO ကဆိုသည်။

ကာလဝမ်းရောဂါသည် ဖွံ့ဖြိုးပြီးနိုင်ငံများအပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိခဲ့သည်ဟုလည်း WHO က ပြောကြားခဲ့သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleသမိုင်းကြောင်းနှင့် နိုင်ငံချင်း တရားဝင် ဆက်ဆံဆက်သွယ်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များအရ ကိုးကန့်အထူးဒေသတွင် တရားဥပဒေနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားရမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Next Article ဂျော်ဒန်နိုင်ငံ၌ အမေရိကန်စစ်သားသုံးဦး သေဆုံးသွားခဲ့သော ဒရုန်းတိုက်ခိုက်မှုကို လက်တုံ့ပြန်ရေးကိစ္စ မိမိ ဆုံးဖြတ်ထားပြီးပြီဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ထုတ်ဖော်ပြောကြား
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.