Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းသည် လီဗာပူးလ်ကြယ်ပွင့်နောက်ခံလူ အာနိုးလ်အား ပေါင်(၇၅)သန်းဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။ အာနိုးလ်သည် လီဗာပူးလ်အသင်းနှင့် တစ်နှစ်ကျော်သာ စာချုပ်သက်တမ်း ကျန်ရှိတော့သောကြောင့် ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။ ဗြိတိန်အခြေစိုက်မီဒီယာ The Sun ၏ ဖော်ပြချက်အရ ရီးယဲလ်အသင်းသည် ကာဗာဟယ်လ်တစ်ယောက်သာရှိသည့် ညာနောက်ခံနေရာအတွက် အာနိုးလ်ကို ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း သိရှိရသည်။ ရီးယဲလ်အသင်းသည် ချယ်လ်ဆီးနောက်ခံလူ ရီးစ်ဂျိမ်းစ်ကိုလည်း ပစ်မှတ်ထားခဲ့ဖူးပြီး ကစားသမား၏ ကြံ့ခိုင်မှုပြဿနာကြောင့် နောက်ဆုတ်ခဲ့ခြင်းဖြစ်သည်။
သရုပ်ဆောင် မာဂေါ့ရော့ဘီသည် The Sims ရုပ်ရှင်ကို ရိုက်ကူးထုတ်လုပ်ရန် စီစဉ်နေသည်ဟု သိရသည်။ အသက် ၃၃ နှစ်အရွယ်မာဂေါ့သည် ၎င်း၏ခင်ပွန်းတွမ်အက်လာရီနှင့်အတူ LuckyChap Entertainment ကို ဦးဆောင်နေပြီး ဂရီတာဂါဝစ်၏ Barbie ရုပ်ရှင်သည် အံ့မခန်း အောင်မြင်မှုရရှိခဲ့ပြီးနောက် အထင်ကရ ဗီဒီယိုဂိမ်း The Sims ကိုအခြေခံ၍ ရုပ်ရှင်ဇာတ်ကားသစ်ကို ထုတ်လုပ်ရန် ၎င်း၏ကုမ္ပဏီကစိတ်ဝင် စားလျက်ရှိသည်ဟု TheInSneider တွင် ဖော်ပြထားသည်။Barbie ရုပ်ရှင်တွင် မာဂေါ့သည် နာမည်ကျော် Mattle အရုပ်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ The Wolf of Wall Street သရုပ်ဆောင် မာဂေ့ါနှင့် ၎င်း၏ခင်ပွန်းတို့သည် ၎င်း၏ LuckyChap ပူးပေါင်းဆောင်ရွက်သူ ဂျိုဆီမက်နာ မာရာနှင့်အတူ Vertigo Entertainment ၏ ရိုင်လီတို့က တွဲဖက်လုပ် ဆောင်သွားမည်ဖြစ်သည်။ အသစ်ထွက်ရှိလာမည့် ယင်းရုပ်ရှင်နှင့်ပတ်သက်၍ အကျယ်တဝင့်ထုတ်ပြန်ထားခြင်းမရှိသော်လည်း EA ဗီဒီယိုဂိမ်းဖြစ်သည့်The Sims ကို ကွန်ပျူတာဗားရှင်းအတွက် ၂၀၀၀ ပြည့်နှစ်တွင် မိတ်ဆက်ခဲ့ပြီး အဓိက ဂိမ်းလေးခု ဆက်လက်ထွက်ရှိခဲ့ကာ အရုပ်များ၏နေအိမ်ကို ထိန်းချုပ်ကာ ဂိမ်းထဲရှိ ကိုယ်ပိုင်ဖန်တီးနိုင်သော ဇာတ်ကောင်များတွင် ဘဝရည်မှန်းချက်များနှင့် စိတ်ဆန္ဒများရှိကြသည်ကို တွေ့ရသည်။ LuckyChap သည် Saltburn၊ I ၊ Tonyaနှင့် Promising Young ကဲ့သို့ ရုပ်ရှင်များ၏ထုတ်လုပ်ရေးတွင် ပူးပေါင်းပါဝင်ခဲ့ပြီး၎င်း၏ Woman ရုပ်ရှင်သည် ရုံတင်အမြတ်ငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ နီးပါးရရှိခဲ့သည့်အပြင်…
နိုင်ငံတော်သစ္စာဖောက်မှုနှင့် ဆူပူအုံကြွမှုကဲ့သို့ ပြစ်မှုများကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်ကာ ပြင်းပြင်းထန်ထန်ပြစ်ဒဏ်စီရင်နိုင်သည့် ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေသစ်သည် မတ် ၂၃ ရက် က စတင်အာဏာသက်ဝင်လာခဲ့သည်။ အပိုဒ်ခွဲ-၂၃ ဟု အများအားဖြင့် ရည်ညွှန်းပြောဆိုလေ့ရှိသည့် ယင်းဥပဒေသည် အမျိုးသားလုံခြုံရေးကို ထိပါးသည့် ပြစ်မှုအမျိုးအစား ငါးခုကို ပစ်မှတ်ထားအရေးယူမည်ဖြစ်ကာ ယင်းဥပဒေကို အတိုက်အခံမရှိသော ဟောင်ကောင်ဥပဒေပြုလွှတ်တော်က မတ် ၁၉ ရက်တွင် အလျင်အမြန်အတည်ပြုခဲ့သည်။ ယင်းဥပဒေကို အပြင်းထန်ဆုံးဝေဖန်ထားသည့် နိုင်ငံများထဲတွင် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် ဂျပန်တို့ပါဝင်နေပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းကလည်း ယင်းဥပဒေသည် ဟောင်ကောင်၏ လွတ်လပ်ခွင့်နှင့်ရပိုင်ခွင့်များကို ပိုမိုထိခိုက်စေလိမ့်မည်ဟု ပြောဆိုထားသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ကလည်း လူ့အခွင့်အရေးကို မှေးမှိန်စေရန်နှင့် အတိုက်အခံများကို ထိန်းချုပ်ဟန့်တားရန် ယင်းဥပဒေကို အသုံးချလာနိုင်သည့်အပေါ် လေးလေးနက်နက် စိုးရိမ်ကြောင်းနှင့် ယင်းဥပဒေသည် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးဗဟိုချက်အဖြစ် ရပ်တည်နေသည့် ဟောင်ကောင်၏ ဂုဏ်သတင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း မတ် ၂၂ ရက်က ပြောကြားခဲ့သည်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီကမူ အမျိုးသားလုံခြုံရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းခြင်းသည် သမိုင်းဝင်အခိုက်အတန့်ဖြစ်သည်ဟုဆိုသည်။ ၁၉၉၇ ခုနှစ်တွင် ဗြိတိန်က ဟောင်ကောင်ကို တရုတ်ထံလွှဲပြောင်းပြီးနောက်တွင် ရေးဆွဲအတည်ပြုခဲ့သည့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ဥပဒေသစ်ကို အတည်ပြုဖန်တီးခြင်းသည် ဟောင်ကောင်၏ ဖွဲ့စည်း ပုံအခြေခံဥပဒေက အပ်နှင်းထားသော အခွင့်အရေးဖြစ်သည်ဟု လီက မကြာခဏ ပြောဆိုခဲ့သည်။ ၂၀၁၉ ခုနှစ်က ဟောင်ကောင်တွင် ဖြစ်ပွားခဲ့သည့် ဧရာမဆန္ဒပြပွဲများနှင့် ရံဖန်ရံခါတွင် အဓိကရုဏ်းအသွင် ရောက်ရှိခဲ့သည့် ဒီမိုကရေစီလိုလားသောဆန္ဒပြပွဲများကို ရည်ညွှန်းလေ့ရှိသည့်…
ရုရှားနိုင်ငံ မော်စကိုမြို့တော်ရှိ ဂီတခန်းမတစ်ခုကို မတ် ၂၂ ရက် ညပိုင်းက သေနတ်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၆၀ ကျော်သေဆုံးခဲ့သည့် ဖြစ်စဉ်ကို ကမ္ဘာ့ခေါင်းဆောင်များက ရှုတ်ချ ခဲ့သည်။ သေနတ်သမားများသည် Crocus City ခန်းမတွင် ရော့ခ်ဂီတဖျော်ဖြေပွဲမစတင်မီ ခန်းမအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ခန်းမအတွင်းရှိ လူများကို သေနတ်များဖြင့် ပတ်ခတ်ခဲ့ကာ လက်ပစ်ဗုံးများနှင့် ဖောက်ခွဲရေးပစ္စည်းများလည်း အသုံးပြုခဲ့ကြောင်း RIA Novisti သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် Crocus City ခန်းမတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အဆောက်အအုံ၏ ခေါင်မိုးအချို့လည်း ပြိုကျခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းမှ အစိုးရများကမူ ထိုတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး သေဆုံးသူများအတွက် ဝမ်းနည်းစကားများ ပြောကြားခဲ့ကြသည်။ ရုရှား ရုရှားသမ္မတ ဗလာဒီမာပူတင်ကမူ ထိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသူများကို အမြန်ဆုံး ပြန်လည်သက်သာလာစေရန် ဆုတောင်းပေးခဲ့ပြီး လူနာများကို ကုသပေးနေသည့် ဆရာဝန်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ပူတင်က လူသိရှင် ကြား ချက်ချင်းမှတ်ချက်မပေးခဲ့ပေ။ ယူကရိန်း ရုရှားနှင့် စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းကမူ ထိုတိုက်ခိုက်မှုသည် ၎င်းတို့နှင့့် ပတ်သက်မှုမရှိကြောင်း ယူကရိန်းသမ္မတ၏ လက်ထောက် မိုင်ခါယီလို ပိုဒိုယခ်က Telegram တွင် ပြောကြားခဲ့သည်။ ယူကရိန်းထောက်လှမ်းရေးအကြီးအကဲကလည်း ထိုတိုက်ခိုက်မှုသည် စီစဉ်တကျလုပ်ဆောင်သည့် အကြမ်း ဖက်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။ ကုလသမဂ္ဂ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း ထိုတိုက်ခိုက်မှုကို အပြင်းထန်ဆုံး စကားလုံးများနှင့် ရှုတ်ချခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာရသူများ၏ ကျန်ရစ်သူမိသားစုဝင်များ၊ ရုရှားအစိုးရတို့ နှင့်ထပ်တူ…
သင်္ကြန်ကာလနေရပ်ပြန်မည့် အထည်ချုပ်အလုပ်သမားများ၏ ကုမ္ပဏီများအတွက် ထောက်ခံစာများ ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဝင် ကုမ္ပဏီများအနေဖြင့် စက်ရုံများ တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း များသင်္ကြန်ကာလရုံးပိတ်ရက်များတွင် နေရပ် သို့ပြန်မည့်သူများ လမ်းခရီးသွားလာရေးအ ဆင်ပြေချောမွေ့စေရန် စက်ရုံ/ကုမ္ပဏီများ အနေဖြင့် ထောက်ခံစာပြုလုပ်ပေးလိုပါက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ပါ ရန် မေတ္တာရပ်ခံအပ်ပါသည်ဟု ဖော်ပြထား သည်။ အလုပ်သမား၏ အမည်၊ မှတ်ပုံတင်အ မှတ်၊ လူမှုဖူလုံရေးအမှတ်၊ ကုမ္ပဏီဝန်ထမ်း အမှတ်၊ လုပ်ကိုင်သည့်ဌာန၊ လက်ရှိနေရပ် လိပ်စာ၊ အမြဲတမ်းနေရပ်လိပ်စာတို့ကို ဖော်ပြ ထားရမည်ဖြစ်ပြီး ကုမ္ပဏီမှတာဝန်ရှိသူ၏ လက်မှတ်၊ ရာထူး၊ ကုမ္ပဏီရုံးတံဆိပ်တုံး ရိုက် နှိပ်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအ ထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ အဝေးပြေးယာဉ်လိုင်း စီးနင်းမည့်သူများ မှတ်ပုံတင်အပြင် ရပ်ကွက်/ရဲစခန်း ခရီးသွား ထောက်ခံစာ ယူလာရန် လိုအပ်ကြောင်း အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း မှ အဝေးပြေးယာဉ်လိုင်းအချို့က ပြောကြား သည်။ “ကားလက်မှတ်ဝယ်ရင်တော့ မှတ်ပုံတင် ယူလာဖို့ လိုအပ်ပါတယ်။ ခရီးသွားမယ့်ရက် ကျရင် ရပ်ကွက် ဒါမှမဟုတ် ရဲစခန်းထောက်ခံ စာလိုပါတယ်။ တစ်ပတ်အတွင်း ယူထားတဲ့ ထောက်ခံစာပေါ့” ဟု နယူးအာရှယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ခရီးသွားလာရာတွင် ယခင်က မှတ်ပုံတင် သာ လိုအပ်သော်လည်း လက်တလောတွင် ခရီးသွားထောက်ခံစာကို ယူဆောင်လာရန် လိုအပ်သည်ဟု မြတ်မန္တလာထွန်းအဝေးပြေး ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ “အခု ထောက်ခံစာလိုပါတယ်။…
ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို မကြာမီထုတ်ပြန်မည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးနှင့် ပတ်သက်၍ ဥပဒေကို ကျော်လွန် လုပ်ဆောင်နေသည့်ကိစ္စ တစ်ခုမျှမရှိဘဲ ဥပဒေထက်ကျော်လွန်သည့် ကိစ္စများ ရှိပါက သက်ဆိုင်ရာသို့ ကန့်ကွက် တိုင်ကြားနိုင်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။ လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (မူကြမ်း)ကို ရေးဆွဲထားရှိပြီး သက်ဆိုင်ရာပညာရှင်များမှ နောက်ဆုံးအတည်ပြုနိုင်ရေး အဘက်ဘက်မှ စိစစ်သုံးသပ်လျက်ရှိကြောင်း၊ အဆိုပါ နည်းဥပဒေတွင် ပါဝင်သော ကြိုတင်ဆောင်ရွက်၍ရသည့် လုပ်ငန်းစဉ်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့စစ်မှုထမ်းခေါ်ဆောင်ရေး အဖွဲ့များကို အကြောင်းကြားထားပြီး ၎င်းမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအလိုက် အကျုံးဝင်သည့် စာရင်းများ ကောက်ယူခြင်း ဆောင်ရွက်စေလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။ လုပ်ငန်းစဉ်အရ ရပ်ကွက်၊ကျေးရွာများမှတစ်ဆင့် အကျုံးဝင်သည့်သူများအား မြို့နယ်၊ ယင်းမြို့နယ်မှ တိုင်း/ပြည်နယ်၊ ၎င်းမှ ဗဟိုသို့ အဆင့်ဆင့် တင်ပြရမည်ဖြစ်ပြီး ဗဟိုမှ ရွေးချယ်သည့်သူများကို အဆင့်ဆင့် ပြန်လည်ချပြပြီး ၎င်းရွေးချယ်ခံရသူများကို ကျန်းမာရေးစစ်ဆေးရန် ခေါ်ယူခြင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအရ ဗဟိုတွင် ရွေးချယ်ရာ၌ ကြန့်ကြာမှု မရှိစေရေးအတွက် သင့်လျော်သည့် အင်အားအရေအတွက်ကို ဗဟိုက ခေါ်ယူလိုသည့် လူအင်အားအရေအတွက်နှင့် ကိုက်ညီအောင် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာများတွင် တစ်ခါတည်း သတ်မှတ်နေကြခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။ ဗဟိုသို့ အကျုံးဝင်သည့် အင်အားစာရင်းတင်ပြပြီးပါက ပြည်သူ့စစ်မှုထမ်းဆောင်ရန် ရွေးချယ်ခံရနိုင်ခြေ များခြင်းကြောင့် ၎င်းတို့အနေဖြင့် ခရီးသွားလာခြင်းများရှိပါက အချိန်မီ ဆေးစစ်ခံနိုင်ရေးအတွက် နှောင့်နှေးကြန့်ကြာမှုများဖြစ်နိုင်သောကြောင့် ခရီးသွာလာမည်ဆိုပါက သက်ဆိုင်ရာ…
ကားအငှားလောကတွင် အကြီးမားဆုံးလိမ်လည်မှုဟုဆိုနိုင်သည့် ကားအငှားလုပ်ငန်းကုမ္ပဏီတစ်ခုက မော်တော်ယာဉ်ပိုင်ရှင်များနှင့် ကားငှားသူများထံမှ ကျပ်သိန်း သောင်းနှင့်ချီ လိမ်လည်မှုဖြစ်ပွားခဲ့ကြောင်း မော်တော်ယာဉ်အငှားလောကမှ သိရသည်။ လိမ်လည်ခဲ့သည့် ကုမ္ပဏီမှာ ဗိုလ်ချုပ်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ King Throne အမည်ရှိ မော်တော်ယာဉ်အငှားကုမ္ပဏီဖြစ်ပြီး ယင်းကုမ္ပဏီက မော်တော်ယာဉ်ပိုင်ရှင်များနှင့် မော်တော်ယာဉ်ငှားရမ်းသူများထံမှ ငွေကြေးများ လိမ်လည်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါကုမ္ပဏီမှ မော်တော်ယာဉ်ပိုင်ရှင်များကို ကားငှားရမ်းခ တစ်လလျှင် အနည်းဆုံး ကျပ်ငါးသိန်းမှ စတင်ကာ ကျပ်သိန်းဆယ်နှင့်ချီပေးကာ ကားငှားရမ်းခဲ့ပြီး ကားငှားရမ်းလိုသူများထံမှ စပေါ်ငွေအဖြစ် တစ်စီးလျှင် ကျပ်သိန်း ၁၀၀ အနည်းဆုံးရယူကာ တစ်လလျှင် ကျပ်သိန်းဆယ်နှင့်ချီ ငှားရမ်းခယူခဲ့သည်။ လိမ်လည်ခံရသည့် မော်တော်ယာဉ်ပိုင်ရှင်မှာ အနည်းဆုံး ၁၀၀ ကျော်ခန့်ရှိပြီး မော်တော်ယာဉ်အစင်းရေမှာ ၃၀၀ နီးပါးရှိသည်ဟု မော်တော်ယာဉ်လောကမှ သိရသော်လည်း အတိအကျကိုမူ သိရှိရခြင်းမရှိသေးဘဲ ဆက်လက်စုံစမ်းလျက်ရှိသည်။ “တစ်စီးကို သိန်းတစ်ရာနဲ့တွက်ရင် အစီးတစ်ရာဆိုရင် သိန်းတစ်သောင်းဖြစ်နေပြီလေ။ အခုက အနည်းဆုံး ၁၀၀ လောက်ရှိတယ်။ အတိအကျတော့ ဘယ်သူမှ မသိနိုင်ဘူး” ဟု မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။ ပြီးခဲ့သည့် နှစ်လခန့်မှစတင်ကာ မော်တော်ယာဉ်ပိုင်ရှင်အချို့မှာ ကားငှားရမ်းခ မရရှိသည့်အပြင် မော်တော်ယာဉ်ကိုလည်း ပြန်လည်မရရှိခဲ့ကြောင်း မော်တော်ယာဉ်ပိုင်ရှင်အချို့ထံမှ သိရသည်။ “လွန်ခဲ့တဲ့ နှစ်လနီးပါးလောက်ကတည်းက ကားငှားခမရတော့တာ။ အရင်ကတော့ အဲဒီလိုမဖြစ်ဖူးတော့ လိမ်မယ်လို့လည်း မထင်မိဘူး” ဟု မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။ လွန်ခဲ့သည့် တစ်ပတ်ခန့်မှစတင်ကာ ကုမ္ပဏီရုံးခန်းနေရာသို့ သွားရောက်ကြည့်ရှုရာမှ ရုံးခန်းပိတ်သိမ်းထားသည်ကို တွေ့ခဲ့ရပြီး အဆက်အသွယ်မရရှိခဲ့ခြင်းဖြစ်သည်ဟု အဆိုပါယာဉ်ပိုင်ရှင်က ပြောကြားသည်။ လက်ရှိတွင် မော်တော်ယာဉ်ပိုင်ရှင်များမှာ မိမိ၏မော်တော်ယာဉ်မှာ…
စက်သုံးဆီစျေးနှုန်းမြင့်တက်လာပြီး ၉၂ တစ်လီတာ ကျပ် ၂၈၀၀ နီးပါး ရောက်ရှိလာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။ မတ် ၂၂ ရက်တွင် စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် စျေးနှုန်းများအရ ၉၂ တစ်လီတာ ၂၇၉၅ ကျပ်၊ ၉၅ တစ်လီတာ ကျပ် ၂၉၀၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၃၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၄၈၀ ဖြစ်ကြောင်း သိရသည်။ ယခင်ရက်များက ရောင်းချလျက်ရှိသည့် စက်သုံးဆီစျေးနှုန်းသည် ၉၂ တစ်လီတာ ကျပ် ၂၇၃၀၊ ၉၅ တစ်လီတာ ၂၈၄၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၃၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၄၈၀ ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဓာတ်ဆီစျေးနှုန်းများ ယခင်ထက်ပိုမိုမြင့်တက်လာပြီး ၉၂ တစ်လီတာ ၅၅ ကျပ်၊ ၉၅ တစ်လီတာ ၅၅ ကျပ် မြင့်တက်လာခြင်းဖြစ်သည်။ ဒီဇယ်ဆီစျေးနှုန်းများ မြင့်တက်ခြင်းမရှိဘဲ ပုံမှန်အတိုင်းသာ ရှိနေသည်ကို စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။
ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ၎င်းတို့မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ် အသင်းအနေဖြင့် PSG တိုက်စစ်မှူး ဘာပေ အား ခေါ်ယူမည့်အပေါ် မနာလိုမဖြစ်ကြောင်းနှင့် ဘာပေသည် ရီးယဲလ်အသင်းအတွက် အဝတ်လဲခန်းပြဿနာများကို ဖန်တီးမည့်သူ ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။ နာမည်ကျော် ပြင်သစ်လက်ရွေးစင်အသင်းတိုက်စစ်မှူး ဘာပေသည် ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန် ဆုံးမည်ဖြစ်ပြီး လာမည့်နွေတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် အသင်းပြောင်းရွှေ့ခွင့်ရှိနေသူဖြစ်သည်။ လက်ရှိတွင် အသက် ၂၅ နှစ်အရွယ်ရှိ ဘာပေအား ခေါ်ယူရန် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းက သဘောတူညီမှု ရရှိထားပြီဟုလည်း သတင်းများထွက် ပေါ်နေသည်။ ဘာစီလိုနာအသင်းမှာမူ လက်ရှိရင်ဆိုင်နေရသည့် ဘဏ္ဍာရေးအကျပ်အတည်းများကြောင့် ဘာပေအား ခေါ်လိုလျှင်ပင် စာချုပ်လက်မှတ်ထိုးကြေးနှင့် များပြားလည့်လစာငွေကို ပေးချေနိုင်ဖွယ် မရှိပေ။ ထို့ကြောင့် ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာက ဘာပေသည် ရီးယဲလ်အဝတ်လဲခန်းတွင် ပြဿနာပေါ်ပေါက်စေမည့်သူဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ လာပေါ်တာက “ရီးယဲလ်က ဘာပေကို ခေါ်ယူနိုင်ခဲ့ရင်လည်း ကျွန်တော် မနာလိုမဖြစ်ပါဘူး။ ဘာပေကို ခေါ်မယ်ဆိုရင် သူတို့ ပြဿနာတွေနဲ့ ရင်ဆိုင်ရမယ်လို့ ကျွန်တော် ထင်တယ်။ ဘာပေ ရောက်လာရင် သူတို့ ကစားသမားတွေ ပြန်ရောင်းရမယ်။ ဘာလို့လဲဆိုတော့ တစ်နေရာတည်းမှာ ကစားသမား နှစ်ယောက် မကစားနိုင်ဘူးလေ။ ရီးယဲလ်မှာ ကစားသမားကောင်းတွေ အများကြီးရှိပြီး ပွဲထွက်ခွင့်နည်းပါးရင် စကားများလာနိုင်တယ်။ ဘာပေကြောင့် ရီးယဲလ်အဝတ်လဲခန်းမှာပြဿနာတက်နိုင်တယ်။ ဘာပေက လက်ဆောင်ကောင်း မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။
မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မတ် (၁၉)ရက်မှ (၂၄) ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်မြို့၌ ကျင်းပသည့် ဆွစ်အိုးပင်း ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမအဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။ သက်ထားသူဇာသည် ပထမအဆင့်တွင် တောင်ကိုရီးယားနိုင်ငံသူ ကင်မ်ဂါအွန် နှင့် တွေ့ဆုံခဲ့ပြီး နှစ်ပွဲပြတ် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ပထမပွဲငယ်တွင် (၂၁-၁၅)မှတ်၊ ဒုတိယပွဲငယ်တွင် (၂၁-၁၀) မှတ်ဖြင့် နှစ်ပွဲပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာနှင့် တွေ့ဆုံခဲ့သည့် ကင်မ်ဂါအွန်သည် ယခုပြိုင်ပွဲတွင် နိုင်ခြေအဆင့် (၆) အထိ သတ်မှတ်ခံထားရသူဖြစ်သည်။ သက်ထားသူဇာသည် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက ဥရောပနိုင်ငံများသို့ သွားရောက်ကာ BWF ပြိုင်ပွဲများ ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး တတိယမြောက်ပြိုင်ပွဲ ယှဉ်ပြိုင်ခြင်းလည်းဖြစ်သည်။ သက်ထားသူဇာသည် ဖေဖော်ဝါရီ (၂၇) ရက်မှ မတ် (၃)ရက်အထိ ဂျာမနီနိုင်ငံ၌ကျင်းပသည့် ဂျာမန်အိုးပင်း ကြက်တောင်ပြိုင်ပွဲ၊ မတ် (၅)ရက်မှ (၁၀)ရက်အထိ ပြင်သစ်နိုင်ငံ ပါရီမြို့၌ကျင်းပသည့် ပြင်သစ်အိုးပင်းကြက်တောင် ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ပြိုင်ပွဲ နှစ်ခုစလုံးတွင် ပထမအဆင့်မှ ထွက်ခဲ့ရသလို ယခုပြိုင်ပွဲတွင်လည်း ရလဒ်မကောင်းဘဲ ပထမအဆင့်မှ ထွက်ခဲ့ရခြင်းဖြစ်သည်။ သက်ထားသူဇာသည် ဆွစ်အိုးပင်းပြိုင်ပွဲအပြီးတွင် စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ကျင်းပမည့် မက်ဒရစ်မာစတာ ကြက်တောင်ပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။ မက်ဒရစ်မာစတာကြက်တောင်ပြိုင်ပွဲကို မတ် (၂၆)ရက်မှ (၃၁)ရက်အထိ ကျင်းပမည်ဖြစ်သည်။