Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Sunday, May 18
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

ကားအငှားလောကတွင် အကြီးမားဆုံးလိမ်လည်မှုဟုဆိုနိုင်သည့် ကားအငှားလုပ်ငန်းကုမ္ပဏီတစ်ခုက မော်တော်ယာဉ်ပိုင်ရှင်များနှင့် ကားငှားသူများထံမှ ကျပ်သိန်း သောင်းနှင့်ချီ လိမ်လည်မှုဖြစ်ပွား

March 23, 20241 Min Read
Share
Facebook Twitter

ကားအငှားလောကတွင် အကြီးမားဆုံးလိမ်လည်မှုဟုဆိုနိုင်သည့် ကားအငှားလုပ်ငန်းကုမ္ပဏီတစ်ခုက မော်တော်ယာဉ်ပိုင်ရှင်များနှင့် ကားငှားသူများထံမှ ကျပ်သိန်း သောင်းနှင့်ချီ လိမ်လည်မှုဖြစ်ပွားခဲ့ကြောင်း မော်တော်ယာဉ်အငှားလောကမှ သိရသည်။

လိမ်လည်ခဲ့သည့် ကုမ္ပဏီမှာ ဗိုလ်ချုပ်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ King Throne အမည်ရှိ မော်တော်ယာဉ်အငှားကုမ္ပဏီဖြစ်ပြီး ယင်းကုမ္ပဏီက မော်တော်ယာဉ်ပိုင်ရှင်များနှင့် မော်တော်ယာဉ်ငှားရမ်းသူများထံမှ ငွေကြေးများ လိမ်လည်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါကုမ္ပဏီမှ မော်တော်ယာဉ်ပိုင်ရှင်များကို ကားငှားရမ်းခ တစ်လလျှင် အနည်းဆုံး ကျပ်ငါးသိန်းမှ စတင်ကာ ကျပ်သိန်းဆယ်နှင့်ချီပေးကာ ကားငှားရမ်းခဲ့ပြီး ကားငှားရမ်းလိုသူများထံမှ စပေါ်ငွေအဖြစ် တစ်စီးလျှင် ကျပ်သိန်း ၁၀၀ အနည်းဆုံးရယူကာ တစ်လလျှင် ကျပ်သိန်းဆယ်နှင့်ချီ ငှားရမ်းခယူခဲ့သည်။

လိမ်လည်ခံရသည့် မော်တော်ယာဉ်ပိုင်ရှင်မှာ အနည်းဆုံး ၁၀၀ ကျော်ခန့်ရှိပြီး မော်တော်ယာဉ်အစင်းရေမှာ ၃၀၀ နီးပါးရှိသည်ဟု မော်တော်ယာဉ်လောကမှ သိရသော်လည်း အတိအကျကိုမူ သိရှိရခြင်းမရှိသေးဘဲ ဆက်လက်စုံစမ်းလျက်ရှိသည်။

“တစ်စီးကို သိန်းတစ်ရာနဲ့တွက်ရင် အစီးတစ်ရာဆိုရင် သိန်းတစ်သောင်းဖြစ်နေပြီလေ။ အခုက အနည်းဆုံး ၁၀၀ လောက်ရှိတယ်။ အတိအကျတော့ ဘယ်သူမှ မသိနိုင်ဘူး” ဟု မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် နှစ်လခန့်မှစတင်ကာ မော်တော်ယာဉ်ပိုင်ရှင်အချို့မှာ ကားငှားရမ်းခ မရရှိသည့်အပြင် မော်တော်ယာဉ်ကိုလည်း ပြန်လည်မရရှိခဲ့ကြောင်း မော်တော်ယာဉ်ပိုင်ရှင်အချို့ထံမှ သိရသည်။

“လွန်ခဲ့တဲ့ နှစ်လနီးပါးလောက်ကတည်းက ကားငှားခမရတော့တာ။ အရင်ကတော့ အဲဒီလိုမဖြစ်ဖူးတော့ လိမ်မယ်လို့လည်း မထင်မိဘူး” ဟု မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

လွန်ခဲ့သည့် တစ်ပတ်ခန့်မှစတင်ကာ ကုမ္ပဏီရုံးခန်းနေရာသို့ သွားရောက်ကြည့်ရှုရာမှ ရုံးခန်းပိတ်သိမ်းထားသည်ကို တွေ့ခဲ့ရပြီး အဆက်အသွယ်မရရှိခဲ့ခြင်းဖြစ်သည်ဟု အဆိုပါယာဉ်ပိုင်ရှင်က ပြောကြားသည်။

လက်ရှိတွင် မော်တော်ယာဉ်ပိုင်ရှင်များမှာ မိမိ၏မော်တော်ယာဉ်မှာ မည်သည့်နေရာတွင် ရောက်ရှိနေသလဲဆိုသည်ကို လူမှုကွန်ရက်စာမျက်နှာများတွင် ပို့စ်တင်ကာ စုံစမ်းခြင်း၊ မေးမြန်းခြင်းများ လုပ်ဆောင်နေရသည်ဟု သိရသည်။

ယင်းကုမ္ပဏီမှ မော်တော်ယာဉ်ငှားရမ်းထားသူအချို့က ယာဉ်ပိုင်ရှင်များကို ဆက်သွယ်ပြီး ငှားရမ်းထားသည့် မော်တော်ယာဉ်များကို ပြန်လည်ပေးအပ်ခြင်းများရှိသည်။ ယာဉ်ငှားရမ်းထားသူများက လိမ်လည်ခဲ့သည့် ကုမ္ပဏီကို ပေးသွင်းထားသည့် စပေါ်ငွေများကိုမူ ပြန်လည်ရရှိခြင်းမရှိကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ အဆိုပါကုမ္ပဏီရုံးခန်းရှိရာ ပထမအထပ်သို့ သွားရောက်စုံစမ်းရာတွင် ကုမ္ပဏီဆိုင်းဘုတ်သာတွေ့ရှိရပြီး ရုံးခန်းပိတ်သိမ်းထားသည်ကို တွေ့ရသည်။

“ခဏခဏ လာမေးကြတယ်။ မှတ်မိသလောက်ဆို နေ့တိုင်းနီးပါးပဲ။ အဲဒီကုမ္ပဏီက တစ်လနီးပါးလောက်ရှိပြီ ပိတ်သွားတာ။ မပိတ်ခင်က ဝန်ထမ်းနည်းနည်းပဲ လာတော့တာတွေ့တယ်။ တစ်လလောက်ကြာတော့ ရုံးခန်းပါပိတ်သွားတာ။ အဲဒီအခန်းကလည်း ငှားထားတဲ့အခန်းလေ။ ကားအလိမ်ခံရလို့ လာမေးကြတာ မနည်းဘူး။ ပါသွားတယ်ဆိုရင်တော့ ရဲစခန်းသွားအကြောင်းကြားထားတာ ကောင်းမယ်” ဟု အဆိုပါကုမ္ပဏီရုံးခန်းတည်ရှိသည့်နေရာအနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မော်တော်ယာဉ်ပိုင်ရှင်အချို့က ဗိုလ်တထောင်ရဲစခန်းတွင် တိုင်တန်းထားကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleစက်သုံးဆီဈေးနှုန်း မြင့်တက်လာပြီး ၉၂ တစ်လီတာ ကျပ် ၂၈၀၀ နီးပါး ရောက်ရှိလာ
Next Article ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို မကြာမီထုတ်ပြန်မည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးနှင့် ပတ်သက်၍ ဥပဒေကို ကျော်လွန် လုပ်ဆောင်နေသည့်ကိစ္စ တစ်ခုမျှမရှိဘဲ ဥပဒေထက်ကျော်လွန်သည့် ကိစ္စများ ရှိပါက သက်ဆိုင်ရာသို့ ကန့်ကွက် တိုင်ကြားနိုင်ဟုဆို
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.