Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ငွေသားအပ်နှံခြင်း၊ ထုတ်ယူခြင်းအပါအ ဝင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဘဏ် ကိုယ်စားဆောင်ရွက်ရန် Banking Agent များ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေ ရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ ၁၈၄ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဘဏ်လုပ်ငန်းစနစ်လုံခြုံမှုနှင့် ခိုင်မာမှုကိုမထိခိုက်စေဘဲ သက်ဆိုင်ရာ ဘဏ် က မိမိကိုယ်စားလှယ်၏ ဘဏ်လုပ်ငန်းဆိုင် ရာ ဝန်ဆောင်မှုများအတွက် မူဘောင်တစ်ခု သတ်မှတ်ပေးခြင်းဖြင့် ဘဏ်လုပ်ငန်းဝန် ဆောင်မှုအား လက်လှမ်းမမှီသည့်ပြည်သူများ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရရှိစေရန်နှင့် ငွေရေး ကြေးရေးစနစ်တွင် အလုံးစုံပါဝင်လာရေးကို တိုးမြှင့်ပေးနိုင်ရန်အလို့ငှာ ကိုယ်စားလှယ် ဘဏ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်စွဲဖြင့် ညွှန် ကြားချက်အမှတ်(၁/၂၀၂၄)ကို ထုတ်ပြန် ထားသည်။ ကိုယ်စားလှယ်ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုဆောင်ရွက်လိုသည့်ဘဏ်သည် ဗဟိုဘဏ်သို့ လျှောက်ထားရမည်ဖြစ်သည်။ ဗဟိုဘဏ်သည် ပြည့်စုံသည့်လျှောက်လွှာ ကို လက်ခံရရှိသည့်နေ့မှ သုံးလအတွင်း ခွင့် ပြုကြောင်းစာဖြင့် အကြောင်းကြားမည်ဖြစ် သည်။ ပြည့်စုံမှုမရှိသည့်လျှောက်လွှာကို လို အပ်ချက်များ ဖော်ပြ၍ သုံးလအတွင်းသက် ဆိုင်ရာဘဏ်သို့ အကြောင်းကြားမည်ဖြစ် သည်။ ပြန်လည်တင်ပြလာသည့်လျှောက် လွှာကို လက်ခံရရှိပါက စိစစ်၍ ခွင့်ပြုပေးခြင်း ၊ ပြည့်စုံမှုမရှိပါက ငြင်းပယ်ခြင်းဆောင်ရွက် မည်ဖြစ်သည်။ ဘဏ်နှင့် ကိုယ်စားလှယ်ဘဏ်လုပ်ငန်း ဆိုင်ရာဝန်ဆောင်မှုပေးသည့် ကိုယ်စားလှယ် အကြားတွင် သဘောတူသတ်မှတ်ထားသည့် အတိုင်း ကိုယ်စားလှယ်သည် အောက်ပါဘဏ် လုပ်ငန်းဆောင်မှုများကို ဆောင်ရွက်နိုင် သည်။ ၎င်းင်းတို့မှာ (က)ငွေသားအပ်နှံခြင်းနှင့် ထုတ်ယူခြင်း၊(ခ)ငွေတောင်းခံလွှာများကို ကောက်ခံခြင်း^ဘဏ်သို့…
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယက နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိသည် ယနေ့ (ဖေဖော်ဝါရီ ၈ ရက်)တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။ ဆရာတော်ကြီးသည် ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူခဲ့ပြီးနောက် နဂါးနှစ်ကောင်ကျောင်းတိုက်၌ ဆေးဝါးကုသမှု ဆက်လက်ခံယူနေစဉ် ယနေ့ (ဖေဖော်ဝါရီ ၈ ရက်)တွင် ဘဝနတ်ထံ ပျံလွန်ခဲ့ခြင်းဖြစ်ပြီး သက်တော် ၉၇ နှစ်၊ ဝါတော် ၇၇ ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား နဂါးနှစ်ကောင်ကျောင်းတိုက်၌ ပူဇော်ထားလျက်ရှိရာ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့(ဖေဖော်ဝါရီ ၈ ရက်) မွန်းလွဲပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။ ဦးစွာ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကျင်းပရေး နာယကအဖွဲ့တွင်ပါဝင်သည့် သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာနနာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြုသည့် ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိစျာပနပူဇာသဘင် အခမ်းအနားပြုလုပ်မည့် အခြေအနေများကို လျှောက်ထားဆွေးနွေး၍ ဆရာတော်ကြီးသည် နိုင်ငံ့ဥသျှောင် အဓိပတိဆရာတော်ကြီးများတွင် ပါဝင်သဖြင့် အန္တိမအဂ္ဂိစျာပနပူဇာသဘင် အခမ်းအနားအား စည်းကားသိုက်မြိုက်စွာနှင့် အခမ်းအနားဆုံးဖြစ်အောင် ကျင်းပနိုင်ရေး၊ ရပ်ဝေးမှလာရောက်သည့် ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် အများပြည်သူများ သွားလာရေး၊…
WBC ဟဲဗီးဝိတ်တန်းချန်ပီယံ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက ကစားသမားဘဝမှ အနားယူဖွယ်ရှိသည်ဆိုသော သတင်းများကို ငြင်းဆန်ခဲ့ပြီး အူဆိုက်၊ ဂျိုရှူအာ၊ အန်ဂန်နူတို့နှင့် အနည်းဆုံး (၅)ပွဲ ထိုးသတ်ဦးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ တိုင်ဆန်ဖျူရီသည် WBA(Super)၊ WBO၊ IBF ဟဲဗီးဝိတ်တန်းချန်ပီယံ ယူကရိန်းလက်ဝှေ့သမား အူဆိုက်နှင့် ချန်ပီယံခါးပတ်ပေါင်းစည်းပွဲထိုးသတ်ရန် စီစဉ်ထားသော်လည်း လေ့ကျင့်မှုတွင် ဒဏ်ရာရရှိခဲ့သောကြောင့် ဖေဖော်ဝါရီ (၁၇) ရက်အစား မေ (၁၈) ရက်သို့ ရွှေ့ဆိုင်းထားရသည်။ ၎င်းအနေဖြင့် မူလက ဒီဇင်ဘာ (၂၃) ရက်တွင် အူဆိုက်နှင့်ထိုးသတ်ရန် စီစဉ်ထားသော်လည်း အောက်တိုဘာလအတွင်း UFC ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်း အန်ဂန်နူနှင့်ထိုးသတ်စဉ် ဒဏ်ရာရရှိသဖြင့် ဖေဖော်ဝါရီ (၁၇) ရက်သို့ ရွှေ့ဆိုင်းခဲ့ရသလို ယခုအခါ မေလသို့ ထပ်မံရွှေ့ဆိုင်းရခြင်းဖြစ်သည်။ တိုင်ဆန်ဖျူရီအနေဖြင့် အူဆိုက်နှင့်ထိုးသတ်ရန် အကြိမ်ကြိမ် ရွှေ့ဆိုင်းနေသောကြောင့် ကစားသမားဘဝမှ အနားယူရန် စဉ်းစားသင့်ကြောင်း ဝေဖန်မှုများထွက်ပေါ်လျက်ရှိရာ ၎င်းက Instagram တွင် ဗီဒီယိုဖိုင်တင်၍ ယခုလို တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ “အနားယူသင့်တယ် ဒါမှမဟုတ် မကြာခင် အနားယူတော့မယ်လို့ လူတွေပြောနေကြတဲ့ စကားတွေကို ကျွန်တော် ကြားရပါတယ်။ ကျွန်တော် အနားယူဦးမှာ မဟုတ်ပါဘူး။ အူဆိုက်နဲ့ အငြင်းပွားဖွယ်မရှိ ခါးပတ်အတွက် နှစ်ပွဲ ထိုးသတ်ရမှာပါ။ အဲဒီပွဲပြီးရင် AJ (အန်သိုနီ ဂျိုရှူအာ) နဲ့ အနည်းဆုံးတစ်ပွဲ ထိုးဖြစ်မှာပါ။ မကျေပွဲထိုးဖြစ်ရင် နှစ်ပွဲဖြစ်နိုင်တယ်။ သူက တစ်ပွဲပဲ ထိုးချင်တယ်ဆိုရင် ပထမပွဲမှာပဲ သူ့ကို ချေမှုန်းလိုက်မှာပါ။ ပြီးသွားရင် အန်ဂန်နူနဲ့…
နိုက်ကလပ်တစ်ခုအတွင်း အ မျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် တရားရင်ဆိုင်နေရသည့် ဒန်နီအဲလ်ဗတ်စ်က စွပ်စွဲသူအနေဖြင့် ထွက် သွားခွင့်ပြုရန် တောင်းဆိုခဲ့ခြင်းမရှိကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။ အသက် (၄၀) ရှိပြီဖြစ်သည့် ဆီဗီလာ၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နှင့် PSG အသင်း ကစားသမားဟောင်းဖြစ်သူ ဒန်နီအဲလ်ဗတ်စ်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၃၁) ရက် နံနက်အစောပိုင်းတွင် ဘာစီလိုနာမြို့ရှိ နိုက်ကလပ်တစ်ခုအတွင်း အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ကြောင်း စွပ်စွဲမှုဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၂၀) ရက်ကတည်းက ဖမ်းဆီးခံထားရခြင်းဖြစ်သည်။ ယင်းအမှုကို (၃)ရက်ကြာ ကြားနာစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ (၇) ရက်ကပြုလုပ်သည့် နောက်ဆုံးနေ့ ကြားနာမှုတွင် အဲလ်ဗတ်စ် ကိုယ်တိုင်ထွက်ဆိုချက်ပေးခဲ့ရသည်။ ၎င်း၏ရှေ့နေဖြစ်သူက စွပ်စွဲသူအမျိုးသမီးအား လိင်ဆက်ဆံမှုပြုလုပ်ရန် ဖိအားပေးခြင်းပြုလုပ်ခဲ့သလားဟု မေးမြန်းရာ “ထွက်သွားလို့ရ ပါတယ်။ သူ့အနေနဲ့ အဲဒီမှာရှိနေဖို့ တာဝန်မရှိပါဘူး။ သူက ဘယ်တုန်းကမှ ထွက်သွားဖို့ မတောင်းဆိုခဲ့ပါဘူး”ဟု ဖြေကြားသည်။ စွပ်စွဲသူအမျိုးသမီးကမူ ပြန်ထွက်သွားချင်သော်လည်း အဲလ်ဗတ်စ်က ခွင့်မပြုဘဲ ပါးရိုက်၍ အဓမ္မပြုကျင့်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ဘောလုံးဥပဒေများအား ရေးဆွဲပြဋ္ဌာန်းပေးနေသည့် နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့(IFAB) သည် ပရော်ဖက်ရှင်နယ်ဘောလုံးပွဲများ၌ အပြာကတ်စနစ်ကို စတင်အသုံးပြုရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ ပရော်ဖက် ရှင်နယ်ဘောလုံးလောကတွင် အနီကတ်နှင့် အဝါကတ်တို့ကိုသာ အသုံးပြုနေပြီး အပြာကတ်ကို လာမည့်ရာသီတွင် အင်္ဂလန် FA ဖလားပြိုင်ပွဲ၌ စတင်စမ်းသပ်သုံးစွဲဖွယ်ရှိကြောင်း သိရသည်။ အပြာကတ်ပြသခံရသည့်ကစားသမားမှာ ကွင်းအတွင်းမှ (၁၀)မိနစ် ထုတ်ပယ်ခံရမည်ဖြစ်သည်။ အပြာကတ်နှစ်ကြိမ် ပြသခံရပါက အနီကတ်အဖြစ် သတ်မှတ်မည်ဖြစ်သလို၊ အပြာကတ်တစ်ကြိမ်၊ အဝါကတ်တစ်ကြိမ် ပြသခံရပါကလည်း ထုတ်ပယ်ခံရမည်ဟု သိရသည်။
အယ်လ်နာဆာအသင်းမှ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ၂၀၂၃ ခုနှစ်၏ ဝင်ငွေအကောင်းဆုံးအားကစားသမားအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။ အားကစားစီးပွားရေးဝက်ဘ်ဆိုက်ဖြစ်သည့် Sportico က ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမား(၁၀၀) စာရင်းကို ထုတ်ပြန်ခဲ့ရာ စီရော်နယ်လ်ဒိုက ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ စီရော်နယ်လ်ဒိုသည် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံမှ တစ်နှစ်လစာ ပေါင်(၁၇၅)သန်းရရှိသည့်အပြင် အခြားစပွန်ဆာစာချုပ်များမှလည်း ပေါင်သန်း(၄၀)ကျော်ရရှိသည့်အတွက် တစ်နှစ်ဝင်ငွေ ပေါင်(၂၁၈)သန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒုတိယနေရာတွင် စပိန်ဂေါ့ဖ်ကစားသမား ဂျွန်ရမ်းက ပေါင်(၁၆၁)သန်းဖြင့် ရပ်တည်ခဲ့ပြီး အင်တာမိုင်ယာမီအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ပေါင်(၁၀၃)သန်းဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။ ထိပ်ဆုံး(၁၀)ဦးစာရင်းတွင် ဘောလုံးလောကမှ (၄)ဦးပါဝင်ခဲ့ပြီး ကျန်နှစ်ဦးမှာ တစ်နှစ်ဝင်ငွေ ပေါင်(၉၉.၂)သန်းဖြင့် အဆင့်(၅)နေရာတွင် ရပ်တည်ခဲ့သော ဘာပေနှင့် တစ်နှစ်ဝင်ငွေ ပေါင် (၉၆)သန်းဖြင့် အဆင့်(၆)နေရာတွင် ရပ်တည်ခဲ့သော နေမာတို့ဖြစ်သည်။ ပရီးမီးယားလိဂ်ဘောလုံးသမားများထဲတွင် ဟာလန်းက တစ်နှစ်ပေါင် သန်း(၅၀)ဖြင့် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့သည်။
အမေရိကန်ရုပ်သံစတား၊ စီးပွားရေးလုပ်ငန်းရှင် ကင်ကာဒက်ရှီယန်က NFL ဘောလုံးကစားသမား အိုဒယ်လ်ဘက်ခမ်း ဂျူနီယာနှင့် တွဲနေပြီး ၎င်းတို့ဆက်ဆံရေးက လေးနက်လာသည်ဟု သတင်းများထွက်လာ သည်။ သို့သော်အိုဒယ်လ်၏ ပင်ကိုယ်စရိုက်က ကာဒက်ရှီယန်နှင့်မတူ၊ သိုသိုသိပ်သိပ်နေရသည်ကို ကြိုက်သည့်အတွက် ၎င်းတို့ပတ်သက်မှုကိုလည်း လူအာရုံစိုက်မခံရအောင် ကြိုးစားနေကြသည်ဟု သတင်းပေးတစ်ဦးက US Weekly သို့ပြောသည်။ ကာဒက်ရှီယန်က အသက် ၄၃ နှစ်ဖြစ်ပြီး Baltimore Ravens အသင်းမှ ကစားသမား အိုဒယ်လ်က အသက် ၃၁ နှစ်သာရှိသေးသည်။ကာဒက်ရှီယန်က ထင်ထင်ပေါ်ပေါ်နေရသည်ကို ကြိုက်ပြီး အိုဒယ်လ်ကမူ ကြွားကြွားဝါ၀ါ မနေတတ်ပေ။ ၎င်းတို့နှစ်ဦးသတင်းများက မနှစ်က စက်တင်ဘာတွင် စထွက်လာသည်။ချစ်သူ မော်ဒယ် လော်ရင်လိုလိုဝုဒ်နှင့်ပြတ်သွားပြီးနောက် အိုဒယ်လ်က ကာဒက်ရှီယန်နှင့် တွဲသွားတွဲလာလုပ်လာသည်ဟု ထိုစဉ်ကတည်းက သတင်းများထွက်လာသည်။ သို့သော် မိတ်ဆွေဆက်ဆံရေးသာဖြစ်ပြီး များသောအားဖြင့် အဖွဲ့လိုက် အပြင်ထွက်ကြခြင်းဖြစ်သည်ဟု နောက် သတင်းပေးတစ်ဦးက ပြောသည်။ဖေဖော်ဝါရီ ၂ ရက်ညက ပြု လုပ်သည့် ဂျေဇီး၏ ဂရမ်မီအကြိုပါတီပွဲသို့ ၎င်းတို့နှစ်ဦး တက်ရောက်ခဲ့ပြီး သိသာသည့် အချက်က တစ်ကိုယ်လုံးအနက်ရောင် ဆင်တူ ဝတ်လာကြခြင်းဖြစ်သည်။ ကားပါကင်တွင် ၎င်းတို့နှစ်ဦးတည်း တွေ့ခဲ့ကြသည်ဆိုသည့် တီးတိုးပြောသံများ လည်းရှိသည်ဟု TMZ ကပြောသည်။သို့သော် သေချာသည့် သတင်းမဟုတ်ပေ။ ကာဒက်ရှီယန်က ဘောလုံးကစားသမားတစ်ဦးနှင့် ယခုမှ ပထမဆုံးအကြိမ် သတင်းထွက်လာခြင်းမဟုတ်ပေ။ ၂၀၀၇ ခုနှစ်ကလည်း New Orleans Saints ကစားသမား ရက်ဂျီဘုရ်ှနှင့် ငြိခဲ့ဖူးသည်။ကာဒက်ရှီယန် တွင် ခင်ပွန်းဟောင်း အဆိုတော် ကာညေးဝက်စ်နှင့်ရသည့် သားသမီးလေးဦးရှိသည်။…
အမေရိကန်တွင် လူ ၁၀ ဦး၌တစ်ဦးသည် လမစေ့ဘဲ ကလေးမွေးဖွားသည့်ဖြစ်စဉ်သည် ကိုယ်ဝန်ဆောင်အမျိုးသမီးများက အလွန်အမင်းအသုံးများသော ပလတ်စတစ် ထုတ်ကုန်များတွင် ဓာတုပစ္စည်းများနှင့် ထိတွေ့မှုကြောင့် ဆက်နွှယ်နေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် သုတေသနလေ့လာတွေ့ရှိချက်တစ်ရပ်ကို ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ထားသည်။ Phthalates ဟုခေါ်သောဓာတုပစ္စည်းများကို ပလတ်စတစ်ကို ပျော့ပျောင်းစေရန် အသုံးပြုသော ဓာတုပစ္စည်းဖြစ်ပြီး ပလတ်စတစ်ဘူးများနှင့် ထုတ်ပိုးပစ္စည်းများ၊အလှကုန်ပစ္စည်းများနှင့် ကစားစရာများအပါအဝင ်အသုံးအဆောင်ပစ္စည်းထောင်ချီတွင် တွေ့ရှိနိုင်သည်။ Phthalates ကို “ဟောမုန်းဖျက်သမား”ဟု ဆယ်စုနှစ်များစွာကြာ လူသိများခဲ့ပြီးယင်းသည် လူတစ်ဦး၏ ဟောမုန်းစနစ်အပေါ် သက်ရောက်မှုရှိစေကာ အဝလွန်မှု၊ နှလုံးရောဂါ၊ ကင်ဆာရောဂါအချို့နှင့် မျိုးပွားမှုပြဿနာများနှင့်ဆက်နွှယ်နေကြောင်း အစောပိုင်းတွင် တွေ့ရှိခဲ့သည်။ “Phthalates ဟာ ဟောမုန်းတွေအပေါ် သက်ရောက်တဲ့အတွက် ဒီဓာတုပစ္စည်းဟာ လမစေ့ဘဲ ကလေးမွေးဖွားမှုကို တွန်းပို့စေနိုင်ပါတယ်”ဟု သုတေသနလေ့လာသူတစ်ဦးဖြစ်သည့် နယူးယောက်တက္ကသိုလ်၏ Langone ကျန်းမာရေးစင်တာမှ လီယိုနာဒိုထရန့်ဒီက အေအက်ဖ်ပီသတင်းကို ပြောကြားခဲ့သည်။ အမေရိကန်တွင် ကိုယ်ဝန်ဆောင်၅၀၀၀ ကျော်၏ ဆီးများတွင် Phthalates ပါဝင်မှုအဆင့်ကို အကဲဖြတ်လေ့လာကြည့်ခြင်းဖြင့် သုတေသီများသည် ကလေးများကိုလမစေ့ဘဲ မွေးဖွားမှုအပေါ် ဓာတုပစ္စည်း၏ မည်သို့မည် ပုံထိတွေ့ပုံများကို လေ့လာစမ်းစစ်ခဲ့သည်။ Phthalates အဆင့်အမြင့်ဆုံးဖြစ်သည့် မိခင် ၁၀ ရာခိုင်နှုန်းသည် ယင်းဓာတုအဆင့် အနိမ့်ဆုံးထိတွေ့သည့် မိခင် ၁၀ ရာခိုင်နှုန်း ထက် သီတင်းပတ် ၃၇ ပတ်မတိုင်မီကလေး မီးဖွားနိုင်ခြေ ၅၀ ရာခိုင်နှုန်းမြင့်တက်သည်ဟု Lancet Phanetary Health တွင်လေ့လာတွေ့ရှိချက်ကို ဖော်ပြထားသည်။ လစေ့ဘဲ ကလေးမွေးဖွားခြင်း သို့မဟုတ် ကိုယ်အလေးချိန်ပိုမိုနည်းပါးစွာ မွေးဖွားလာ…
ထိုင်းနိုင်ငံတွင် အကျဉ်းချခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို တော်ဝင်အသရေဖျက်မှုဥပဒေဖြင့် တရားစွဲဆိုရန် အစိုးရရှေ့နေချုပ်က စဉ်စားနေသည်ဟု အရာရှိတစ်ဦးက ဖေ ဖော်ဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။ ထိုင်းအစိုးရရှေ့နေချုပ်သည် လာမည့်သီတင်းပတ် အနည်းငယ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာဖွယ်ရှိသည့် သက်ဆင်ကို တော်ဝင်မိသားစုအား ဝေဖန်စော်ကားမှုဖြင့် တရားစွဲဆိုရန် စဉ်းစားနေသည်ဟု ဆိုသည်။ သက်ဆင်သည် ၎င်း၏ ညီမဖြစ်သူ ယင်းလပ်ရှင်နာဝပ်၏ အစိုးရအဖွဲ့ကို စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ထိုင်းနိုင်ငံအတွင်းမှ ထွက်ပြေးခဲ့ပြီး တောင်ကိုရီးယားတွင် ၂၀၁၅ ခုနှစ်ကပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြော ကြားခဲ့သည့် မှတ်ချက်များနှင့်ပတ်သက်ပြီး ထိုင်းစစ်တပ်က တိုင်ကြားလွှာတင်ခဲ့ခြင်းဖြစ်သည်။သက်ဆင်ကမူ သူသည် ဘုရင်စနစ်အပေါ် သစ္စာခံကြောင်း ထပ်တလဲလဲ ပြောကြားခဲ့သည်။ ဘုရင်သည် ရိုသေလေးမြတ်ထိုက်သော ကြည်ညိုခံပုဂ္ဂိုလ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ထိုင်းနိုင်ငံတွင် တော်ဝင်မိသားစုအား ဝေဖန်တိုက်ခိုက်မှုသည် ကြီးလေးသည့် ပြစ်မှုဖြစ်သည်။ ထို့ပြင် ထိုင်းဘုရင်မိသားစုအား အကာအကွယ်ပေးထားသည့် တော်ဝင်အသရေဖျက်မှုဥပဒေသည် ကမ္ဘာ့ အတင်းကျပ်ဆုံး ဥပဒေများထဲတွင် ပါဝင်ပြီး ပြစ်မှုတစ်ခုချင်းစီအတွက် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် သက်ဆင်သည် ပြည်ပြေးဘဝဖြင့် ပြည်ပတွင် ၁၅ နှစ်ကြာနေထိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် ထိုင်းသို့ ပြန်လည်ရောက်ရှိခဲ့ကာ အာဏာအလွဲသုံးမှုဖြင့် ထောင်ဒဏ်ရှစ်နှစ်ချမှတ်ခံထားရသည့် ပြစ်ဒဏ်ကို ကျခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ထိုင်းဘုရင်က ထောင်ဒဏ်ကို တစ်နှစ်အထိ လျှော့ပေါ့ပေးခဲ့သည်။ ထို့ပြင် သက်ဆင်သည် အကျဉ်းထောင်ထဲတွင် တစ်ညပင်မနေခဲ့ရဘဲ ကျန်းမာရေး ပြဿနာများကြောင့်…
EV လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ် ငန်းများ ဆောင် ရွက်နိုင်ရန်ကုမ္ပဏီ ၈၃ ခုကို တာဝန်ပေးထားပြီး သတ်မှတ်ချက်နှင့် ကိုက် ညီသည့် ကုမ္ပဏီများကို သွင်းကုန်လိုင်စင်ထုတ် ပေးမည်ဖြစ်ကြောင်း အမျိုးသားအဆင့်လျှပ် စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၏ ထုတ်ပြန်ထားချက် အရ သိရသည်။ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးကော် မတီမှ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်း များ ဆောင်ရွက်ခွင့်ပြုထားသည့် ကုမ္ပဏီများ စာရင်းတွင် charging station သီးသန့် ဆောင်ရွက်သည့်ကုမ္ပဏီနှစ်ခုနှင့် E bus ပြေး ဆွဲခြင်းလုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီနှစ်ခု တို့ပါဝင်ကြောင်း သိရသည်။ Charging station သီးသန့် ဆောင်ရွက် သည့်ကုမ္ပဏီနှစ်ခုမှာ yangon aerodome ကုမ္ပဏီနှင့် pioneer aerodome ကုမ္ပဏီတို့ ဖြစ်ပြီး E bus ပြေး ဆွဲခြင်းလုပ်ငန်း ဆောင် ရွက်မည့်ကုမ္ပဏီနှစ်ခုမှာ မန္တလာမင်း express ကုမ္ပဏီနှင့် ရာဇာမင်း industry ကုမ္ပဏီတို့ ဖြစ်ကြောင်း သိရသည်။ လျှပ်စစ်ကား တင်သွင်းရောင်းချသူများ အနေဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး brand showroom ဖွင့်လှစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့်ကုမ္ပဏီ များကို သွင်းကုန်လိုင်စင်ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ လုပ်ကိုင်ခွင့်ရသည့် အခြားကုမ္ပဏီများ မှာ amazing auto ၊ အောင်ကမ္ဘာ့မော်တာ ကုမ္ပဏီ၊ Auto top power, Myanmar brilliance…