Author: admin

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့တွင် ဇန်နဝါရီ ၁၃ ရက် နံနက်အစောပိုင်းက မော်တော်ယာဉ်တစ်စီးမှ နောက်သို့ဆုတ်စဉ် ၎င်းနောက်တွင် ရပ်ထားသော မော်တော်ယာဉ်ကို တိုက်မိရာမှ မော်တော်ယာဉ်အောက် အိပ်ပျော်နေသူ အမျိုးသားတစ်ဦးအား ကြိတ်မိပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၃ ရက် နံနက် ၅ နာရီ ၂၀ မိနစ်ခန့်၌ အုတ်တွင်းမြို့ နယ် မြောက်ဘက် ဟင်းငုတ်ပင်ကျေးရွာ ရန်ကုန်-မန္တလေး လမ်းမဟောင်းဘေးရှိ OK စက်သုံးဆီဆိုင်၏ မော်တော်ယာဉ် ရပ်နားရန် လုပ်ထားသောနေရာတွင် ညအိပ်ရပ်နားခဲ့သော ယာဉ်မောင်း(အမည်နေရပ်လိပ်စာ စုံစမ်းဆဲ) ယာဉ်အမှတ် MDY-5M—— FOTON အဖြူရောင် တွဲကားတစ်စီးက မော်တော်ယာဉ်ထွက်ရန် နောက်ကိုဆုတ်စဉ် ၎င်း မော်တော်ယာဉ်၏ နောက်တွင် ညအိပ်ရပ် နား ထားသော ယာဉ်အမှတ် MDY- 9G/ —— Hyundai အဖြူရောင် မော်တော်ယာဉ်၏ ရှေ့ခေါင်းပိုင်းအား တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ တိုက်မိသဖြင့် နောက်တွင် ရပ်နားထားသော MDY- 9G/ —— Hyundai အဖြူ ရောင် မော်တော်ယာဉ်အောက်တွင် အိပ်ပျော် နေ သည့် ယာဉ်မောင်း ကိုရဲအောင်၊ နေပြည် တော် နေသူ၏ ဦးခေါင်းအား ကြိတ်မိခဲ့ပြီး ကိုရဲအောင်မှာ ဦးခေါင်းပွင့်ထွက်ကာ အခင်း ဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှ သေဆုံးသူ ကိုရဲအောင်အား အုတ်တွင်းမြို့ ရင်ခုန်သံရှင်ရေးကူညီမှု အသင်း အကူအညီဖြင့် အုတ်တွင်းမြို့…

Read More

ကျိုက်ထို့မြို့ ကံ့ကော်ရပ်ကွက် ဗိုလ်ချုပ်လမ်း ရန်ကုန်-ကျိုက်ထိုကားလမ်းမကြီးဘေးရှိ အင်းဝဘဏ် ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်က တိုက်ခိုက်ခံရပြီး ဘဏ်လုံခြုံရေးယူပေးနေသည့် ပြည်သူစစ်တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ အရပ်သား အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။ အဆိုပါကျိုက်ထိုမြို့ရှိ အင်းဝဘဏ်‌ရှေ့သို့ လက်နက်ကိုင်များ အိမ်စီးကားဖြင့် လာရောက်ကာ လက်လုပ်မိုင်းနှင့် လက်နက်ငယ်များ ပစ်ခတ်ခဲ့သည်ဟု ကြားသိရကြောင်း ကျိုက်ထိုမြို့ခံတစ်ဦးက ပြောကြားသည်။ ၎င်းကဆက်လက်ပြီး “ပစ်ခတ်မှုအတွင်းမှာ ဘဏ်လုံခြုံရေးယူပေးနေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့တယ်လို့ သိရတယ်။ နောက်အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရသွားတယ်” ဟု ပြောကြားသည်။ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ဘဏ်ရှေ့မျက်နှာစာ ATM စက်နှင့် ဘဏ်မှန်တံခါးတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင်ကိုင်ဆောင်သည့် လက်နက်အား လက်နက်ကိုင်များက ယူဆောင်သွားကြောင်း ၎င်းက ဆိုသည်။ ထိုပစ်ခတ်မှုဖြစ်စဉ်အတွင်း သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်ကလည်း မွန်ပြည်နယ် ရေးမြို့နယ် ရန်ကြီးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြဝတီဘဏ်သို့ ဆိုင်ကယ်နှစ်စီးဖြင့် လက်နက်ကိုင်လေးဦး ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ထိုပစ်ခတ်မှုအတွင်း ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း မြိုခံများထံမှ သိရသည်။

Read More

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက စပိန်စူပါဖလားဗိုလ်လုပွဲတွင် El Clasico ပြိုင်ဘက် ရီးယဲလ်အသင်းကို လွှမ်းမိုးထားနိုင်ရန်နှင့် ချန်ပီယံဆုရယူနိုင်ရန် ကြိုးပမ်းရမည် ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ဇန်နဝါရီ ၁၁ ရက် ညပိုင်းက ယှဉ်ပြိုင် ကစားသည့် စပိန်စူပါဖလား ဆီမီးဖိုင်နယ် ဒုတိယနေ့တွင် လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းက အိုဆာဆူနာအသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုးများကို ၅၉ မိနစ်တွင် လီဝန် ဒေါစကီးနှင့် ၉၀+၃ မိနစ်တွင် လူစားဝင်ကစားသမား ယမားလ်တို့က သွင်းယူပေးခဲ့သည်။ ဘာစီလိုနာနှင့် ရီးယဲလ်အသင်းသည် စပိန်စူပါဖလား ဗိုလ်လုပွဲတွင် နှစ်နှစ်ဆက်တိုက် တွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် ဘာစီလိုနာအသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲထားသည်။ ရီးယဲလ်အသင်းနှင့် ပြန်လည်တွေ့ဆုံရမည့် ဗိုလ်လုပွဲအပေါ် ဇာဗီက “ကျွန်တော်တို့ ရဲ့ နည်းစနစ်ပိုင်း၊ ကျွန်တော်တို့ရဲ့ ကစားပုံ၊ ကျွန်တော်တို့မှာရှိတဲ့အသင်းနဲ့ နည်းလမ်းအတိုင်း မက်ဒရစ်ကို ရင်ဆိုင်သွားမှာပါ။ ပြီးခဲ့တဲ့နှစ် ဗိုလ်လုပွဲမှာ ကျွန်တော်တို့ (၃-၁) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပုံစံအတိုင်း လိုက်လုပ်ရမှာပါ။ အဲဒီပွဲမှာ ကျွန်တော်တို့ အများကြီးပိုကောင်းခဲ့တယ်။ ဒီရာသီ လာလီဂါပွဲစဉ်မှာ မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ပေမဲ့ မိနစ် ၆၀ အထိ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်။ အဲဒီပွဲမှာလည်း ပိုကောင်းတာရလိမ့်မယ်လို့ ကျွန်တော်တို့ ခံစားမိခဲ့တယ်။ မက်ဒရစ်ဆီကနေ ဘောလုံးကို ယူထားရမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ DNA ကလည်း အရင်ကထက်ပိုပြီး တောက်ပနေရမယ်။ မက်ဒရစ်က ပြီးခဲ့တဲ့နှစ်ထက် ပုံစံကောင်း ရနေတယ်။ ဒါပေမဲ့ သူတို့ကို…

Read More

၂၀၂၄ သြစတြေးလျအိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ၏ ဆုကြေးကို စံချိန်တင်အဖြစ် ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်းတိုးမြှင့်ထားကြောင်း သိရသည်။ ယခုနှစ်အတွက် ပထမဆုံး ဂရင်းစလင်းပြိုင်ပွဲဖြစ်သည့် ၁၁၂ ကြိမ်မြောက် သြစတြေးလျအိုးပင်းပြိုင်ပွဲကို ဇန်နဝါရီ ၁၄ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆုကြေးစုစုပေါင်း သြစတြေးလျဒေါ်လာ ၈၆ ဒသမ ၅ သန်း (ပေါင် ၄၆ ဒသမ ၅ သန်း) ချီးမြှင့်မည် ဖြစ်သည်။ ယင်းပမာဏမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင်ဆုကြေးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ပြိုင်ပွဲထက် ၁၃ ဒသမ ၀၇ ရာခိုင် နှုန်း တိုးမြှင့်ထားခြင်းဖြစ်သည်။ လက်ရည်စစ်ပွဲနှင့် အစောပိုင်းအဆင့်များတွင် ဆုကြေးအများဆုံး တိုးမြှင့်ပေးထားပြီး ပထမအဆင့် တွင် စတင်ယှဉ်ပြိုင်ရမည့် ကစားသမားများအနေဖြင့် သြစတြေးလျဒေါ်လာ ၁၂၀၀၀၀ (ယခင်နှစ်ထက် ၁၂ ဒသမ ၉၄ ရာခိုင်နှုန်း ပိုများ) ရရှိမည်ဖြစ်သည်။ တစ်ဦးချင်းပြိုင်ပွဲတွင် ဗိုလ်စွဲမည့် ကစားသမားများမှာ ယခင်နှစ်က သြစတြေးလျ ဒေါ်လာ ၂ ဒသမ ၉၇ သန်းရရှိခဲ့ရာမှာ ယခု နှစ်တွင် ၃ ဒသမ ၁၅ သန်းသို့ တိုးမြှင့်ရရှိမည် ဖြစ်သည်။ ပြိုင်ပွဲတစ်ခုလုံး၏ ဆုကြေးမှာလည်း လွန်ခဲ့သည့် ၁၀ နှစ် ၂၀၁၄ ခုနှစ်က ချီးမြှင့်ခဲ့ သည့် သြစတြေးလျဒေါ်လာ ၃၃ သန်းထက် ၁၆၂ ရာခိုင်နှုန်းအထိ တိုးမြင့်လာခြင်းဖြစ်ကြောင်း သိရသည်။ ယခုနှစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ဂျိုကိုဗစ်…

Read More

ဆော်ဒီပရိုလိဂ်တာဝန်ရှိသူများသည် ၎င်းတို့လိဂ်ပြိုင်ပွဲအတွက် ဥရောပမှ ထိပ်တန်းဘောလုံးသမားများကို ထပ်မံခေါ်ယူနိုင်ရန် နိုင်ငံခြားကစားသမား ကန့်သတ်မှုကို ရှစ်ဦးမှ ၁၀ ဦးအထိ တိုးမြှင့်ပေးသွားရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ ဆော်ဒီအစိုးရ၏ ကျောထောက်နောက်ခံပြုမှုဖြင့် ဆော်ဒီပရိုလိဂ်ကလပ်အသင်းများသည် ပြီးခဲ့သည့်တစ်နှစ်အတွင်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀၀ ကျော် အသုံးပြုကာ စီရော်နယ်လ်ဒို၊ နေမာ၊ ဘန်ဇီမာ၊ မာနေ၊ ဖေမီနို၊ ဖာဘင်ညို၊ ဟန်ဒါဆန်၊ ရူဘင်နေးဗက်စ်တို့ကဲ့သို့ နာမည်ကျော်ကစားသမားများကို ခေါ်ယူခဲ့သည်။ လက်ရှိတွင် ဆော်ဒီပရိုလိဂ် ပြိုင်ပွဲဝင်အသင်းတစ်သင်းအနေဖြင့် အသင်းတွင် နိုင်ငံခြားကစားသမား ရှစ်ဦးသာ ထားရှိခွင့်ရှိကြောင်း သိရသည်။ ထို့ကြောင့် ဆော်ဒီပရိုလိဂ်တာဝန်ရှိသူများသည် အနာဂတ်တွင် ဥရောပနှင့် တောင်အမေရိကတို့မှ ထိပ်တန်းကစားသမားများသာမက ပါရမီရှင်လူငယ်ကစားသမားများကို ဆော်ဒီသို့ခေါ်ယူရန် ဆန္ဒရှိနေသဖြင့် နိုင်ငံခြားကစားသမားကန့်သတ်မှုကို တိုးမြှင့်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။ Daily Mail ၏ ဖော်ပြချက်အရ ဆော်ဒီလိဂ်တာဝန်ရှိသူများသည် ၂၀၂၄-၂၅ ရာသီမှစတင်ကာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲဝင်အသင်းတစ်သင်းအနေဖြင့် နိုင်ငံခြားကစားသမား ၁၀ ဦးအထိ အသင်းတွင် ထားရှိခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် ဆော်ဒီနိုင်ငံ၏ ယဉ်ကျေးမှုနှင့် လူနေမှုပုံစံများအပါအဝင် ဘောလုံးပွဲများတွင် ပရိသတ်အားပေးမှုနည်းပါးခြင်းတို့ကြောင့် အယ်လ်အစ်တီဟတ်အသင်းမှ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာနှင့် အယ်လ်အစ်တီဖာအသင်းမှ အင်္ဂလန်ဝါရင့်ကွင်းလယ် ကစားသမား ဟန်ဒါဆန်တို့မှာ ဥရောပသို့ ပြန်လည်ပြောင်းရွှေ့ရန် စီစဉ်နေကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။ သို့သော် ဆော်ဒီပရိုလိဂ်ဒုဥက္ကဋ္ဌနှင့် ယာယီအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဆတ်ဒ်အယ်လ်လာဇီက ပြီးခဲ့သည့် ငါးလအတွင်း ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ၏တိုးတက်မှုများမှာ ထင်မှတ်ထားသည်ထက် ပိုမိုကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။ ဆတ်ဒ်အယ်လ်လာဇီက “ဆော်ဒီက ဘောလုံးနိုင်ငံပါ။…

Read More

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က လက်ရှိတွင် အသင်းအတွက် ခြေစွမ်းပြနေသည့် အင်္ဂလန်ကွင်းလယ်ကစားသမား ကာတစ်ဂျုံးစ်အား အစောပိုင်းတွင် ပွဲကစားခွင့် များစွာမပေးမိခဲ့သည့်အတွက် တောင်းပန်ကြောင်း ပြောကြားခဲ့သည်။ အသက် ၂၂ နှစ်အရွယ်ရှိ ကာတစ်ဂျုံးစ်သည် နောက်ပိုင်းပွဲစဉ်များတွင် လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြနေပြီး နောက်ဆုံးကိုးပွဲတွင် ဂိုးပါဝင်ပတ်သက်မှု ခြောက်ကြိမ် (၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၂ ကြိမ်) ပြုလုပ်ပေးထားသည်။ ကာတစ်ဂျုံးစ်အနေဖြင့် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင်ကစားခွင့်ရထားသော်လည်း ပွဲအများစုမှာ လူစားဝင်အဖြစ်သာ ကစားခွင့်ရခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကာတစ်ဂျုံးစ်သည် ဖူလ်ဟမ်အသင်းအား (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည့် လိဂ်ဖလားဆီမီးဖိုင်နယ် ပ-ကျော့ ပွဲစဉ်အပြီးတွင် ၎င်းအနေဖြင့် လီဗာပူးလ်အသင်းတွင် ရုန်းကန်ခဲ့ရကြောင်း ဖွင့်ဟပြောကြားခဲ့ခြင်းဖြစ်သည်။ ကာတစ်ဂျုံးစ်က “လီဗာပူးလ်အသင်း မှာ ကစားရတာ မလွယ်ပါဘူး။ ကိုဒီ(ဂက်ပို) ဆိုရင် ဒီ(လီဗာပူးလ်) မှာ တစ်နှစ်လောက်ပဲ ရှိသေးတာပါ။ ဒါပေမဲ့ သူကိုယ်တိုင်က ကျွန်တော့်အတွက် ဘယ်လောက်ခက်ခဲတယ်ဆိုတာကို ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန် တော့်အနေနဲ့ လီဗာပူးလ်အတွက်ပဲ အာရုံစိုက်ထားတာပါ။ တခြားဘာကိုမှ မတွေးပါဘူး။ ကျွန်တော့်မှာ စွမ်းရည်တွေရှိကြောင်းလည်း ကျွန်တော် သိပါတယ်။ ကျွန်တော် လိုအပ်နေတာက ပွဲတွေများများကစားခွင့်ရဖို့ ပါ။ အခု ကျွန်တော့်အနေနဲ့ ပွဲတွေဆက်တိုက် ကစားခွင့်ရဖို့ သက်သေပြနေတယ်လို့ ထင်ပါတယ်။ ပွဲတွေ ဆက်တိုက်ကစားခွင့်ရဖို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။ ကာတစ်ဂျုံးစ်အနေဖြင့် ယင်းကဲ့သို့ပြောကြားပြီးနောက်တွင် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အစောပိုင်းတွင် ပွဲကစားခွင့်…

Read More

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် ဂမ်ဘီယာအသင်းလိုက်ပါလာသည့် လေယာဉ်ပေါ်တွင် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် နောက်ကြောင်းပြန်လှည့်၍ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။ ဂမ်ဘီယာအသင်းသည် အာဖရိကနိုင်ငံ များဖလားပြိုင်ပွဲကျင်းပမည့် အိုင်ဗရီကို့စ်နိုင်ငံသို့ လူ ၅၀ သာဆံ့သည့် Air Cotre d’Ivoire လေကြောင်းလိုင်း၏ လေယာဉ်ငယ်ဖြင့် သွားရောက်ခဲ့ရပြီး ယင်းခရီးစဉ်မှာ ဂမ်ဘီယာဘောလုံးအဖွဲ့ချုပ်၏ စီစဉ်မှုဖြင့် သွားရောက်ခြင်းဖြစ်သည်။ လေယာဉ်စတင်ပျံသန်းပြီးနောက် မကြာခင်မှာပင် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် လိုက်ပါလာသူအများစု အိပ်ပျော်သွားကြပြီး အချို့မှာ သတိလစ်သွားသဖြင့် လေယာဉ်မှူးက ဂမ်ဘီယာနိုင်ငံ၏မြို့တော် ဘန်ဂျူလ်သို့ ပြန်လှည့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ လေယာဉ်ပေါ်မှာ တကယ် သေသွားလိမ့်မယ်။ လေယာဉ်ထဲမှာ အောက်ဆီဂျင်မရှိဘဲ အားလုံးက အိပ်ပျော်သွားပြီး တချို့လည်း သတိလစ်သွားကြတယ်။ ကိုးမိနစ်လောက်ကြာတော့ လေယာဉ်မှူးက ကျွန်တော်တို့ရဲ့အသက်ကိုကယ်ဖို့အတွက် ပြန်လှည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အောက်ဆီဂျင်မျက်နှာဖုံးတွေလည်း အောက်ကိုကျမလာပါဘူး။ ကျွန်တော်က ဂမ်ဘီယာအတွက် အသက်ပေးဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့ ဘောလုံးကွင်းထဲမှာဖြစ်ပြီး အခုလိုမျိုးတော့ မဟုတ်ပါဘူး။ ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက် ကျွန်တော့်ဆီမှာ အိပ်မက်တိုလေးတွေရှိပါတယ်။ သေပြီလို့ထင်ရတဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်” ဟု ဂမ်ဘီယာအသင်းနည်းပြဖြစ်သူ ဘယ်လ်ဂျီယံနိုင်ငံသား တွမ်စိန့်ဖစ်က ပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်မှာ ခရီးသည်များလိုက်ပါလာသည့် လေယာဉ်ခန်းအတွင်း ဖိအားနှင့် အောက်ဆီဂျင်လျော့ကျမှုကြောင့်ဖြစ်ပြီး လေကြောင်းလိုင်း၏ နည်းစနစ်ပိုင်းအဖွဲ့အနေဖြင့် အကြောင်းရင်းကိုဖော်ထုတ်ရန် ထပ်မံလေ့လာသုံးသပ်မှုပြုလုပ်နေကြောင်း ဂမ်ဘီယာ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။ သို့ သော် လေကြောင်းလိုင်းကုမ္ပဏီနှင့် အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) ကမူ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိသေးကြောင်း သိရသည်။ ဂမ်ဘီယာဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကီလိုမီတာ ၂၁၀၀ ကွာဝေးသည့်…

Read More

ပင်လယ်နီအတွင်းရှိ နိုင်ငံတကာပင်လယ်ကူး သင်္ဘောလမ်းကြောင်းများဆီ ဦးတည်ဝင်ရောက်လာသည့် ယီမင်နိုင်ငံမှ အီရန်၏ ကျောထောက်နောက်ခံရရှိထားသည့် ဟူရ်သီသူပုန်များပစ်လွှတ်ခဲ့သည့် ဒရုန်း ၁၈ စင်းနှင့် ဒုံးကျည်သုံးစင်းကို အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များက ဇန်နဝါရီ ၉ ရက်က ပစ်ချခဲ့သည်ဟု အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။ ဟူရ်သီ သူပုန်များအနေဖြင့် ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကို မရပ်တန့်ပါက နောက်ဆက်တွဲအကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟု အမေရိကန်ဦးဆောင်သည့် မဟာမိတ် ၁၂ နိုင်ငံက သတိပေးခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဟူရ်သီအဖွဲ့ကမူ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် စစ်ပွဲဖြစ်ပွားနေသည့် ဟားမာ့စ်အဖွဲ့ကို ထောက်ခံကြောင်းပြသသည့်အနေဖြင့် တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ “အီရန်က ထောက်ပံ့ပေးထားတဲ့ ဟူရ်သီသူပုန်တွေဟာ တစ်ခါသုံး တိုက်ခိုက်ရေး ဒရုန်းတွေ၊ သင်္ဘောဖျက် ခရုစ်ဒုံးကျည်နှစ်စင်းနဲ့ သင်္ဘောဖျက်ပဲထိန်းဒုံးကျည်တစ်စင်းကို ပင်လယ်နီတောင်ပိုင်းကို ပစ်လွှတ်ခဲ့ပါ တယ်” ဟု အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ အဆိုပါ ဒရုန်းများနှင့် ဒုံးကျည်များကို အမေရိကန် လေယာဉ်တင်သင်္ဘော USS Dwight D.Eisenhower ပေါ်မှ F/A 18 စစ်လေယာဉ်များ၊ ဗြိတိန်ဖျက်သင်္ဘောတစ်စင်းနှင့် အမေရိကန်ဖျက်သင်္ဘောသုံးစင်းတို့ က ပူးပေါင်းပြီး ကြားဖြတ်ပစ်ချခဲ့ကြောင်း၊ ထိုဖြစ်စဉ်တွင် ဒဏ်ရာရသူ သို့မဟုတ် ထိခိုက်ပျက်စီးမှု မရှိကြောင်း CENTCOMက ပြော ကြားခဲ့သည်။ အမေရိကန်သည် ပင်လယ်နီတွင် ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများကို ကာကွယ်ပေးရန် ပြီးခဲ့သည့်လက နိုင်ငံပေါင်းစုံပါဝင်သည့် ရေတပ်အထူးတပ်ဖွဲ့တစ်ဖွဲ့ကို ထူထောင်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်ကလည်း…

Read More

ပြီးခဲ့သည့်လအတွင်း COVID-19 ကြောင့် လူပေါင်း ၁၀၀၀၀ နီးပါးသေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ထိုရောဂါသည် ခြိမ်းခြောက်မှုတစ်ခုအဖြစ် တည် ရှိနေဆဲဖြစ်ကြောင်း သတိပေးခဲ့သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ခရစ္စမတ် အားလပ်ရက်ကာလတွင် လူစုဝေးမှုများနှင့် ကမ္ဘာတစ်ဝန်း ကူးစက်မှုအများဆုံးဖြစ်သည့် JN.1 မျိုးကွဲဗိုင်းရပ်စ်ကြောင့် ရောဂါကူးစက်မှုများ မြင့်တက်ခဲ့သည်ဟု WHO က များပြားသည့် သတင်းရင်းမြစ်များ၏ အချက်အလက်များကို ကိုးကားပြီး ပြောကြားခဲ့သည်။ “COVID-19 ဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေမဟုတ်တော့ပေမယ့် ဗိုင်းရပ်စ်ဟာ ဆက်လက်ပျံ့နှံ့နေတာ၊ မျိုးကွဲတွေပြောင်းလဲနေတာနဲ့ လူတွေ သေဆုံးတာတွေရှိ နေဆဲဖြစ်ပါတယ်”WHO အကြီးအကဲ တက်ဒရို အက်ဒါနွမ် ဂေဘရီယေဆုက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၁၀၀၀၀ နီးပါးရှိခဲ့သည့်အပြင် ထိုရောဂါကူးစက်မှုကြောင့် ဆေးရုံတွင် ဆေးဝါးကုသမှုခံရယူသည့်နှုန်းသည် ၄၂ ရာခိုင်နှုန်း၊ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူ ရသည့်နှုန်းသည် ၆၂ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင့် နိုဝင်ဘာလက ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ပြီး WHO က ထုတ်ပြန်ခဲ့သည်။ မည်သို့ပင်ဆိုစေ ထိုကိန်းဂဏန်းများသည် ဥရောပနှင့် အမေရိကနိုင်ငံအများစု အပါအဝင် နိုင်ငံပေါင်း ၅၀ အောက်မှ အချက်အလက်များကိုသာ အခြေခံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု တက်ဒရိုက ပြောကြားခဲ့သည်။ “သတင်းမထုတ်ပြန်တဲ့ အခြားနိုင်ငံတွေမှာလည်း ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေမှာ သေချာပါတယ်။ အစိုးရတွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီဟာ အခြားရောဂါတွေအတွက်သာ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နေပြီး COVID-19 ကိုကာကွယ်ဖို့လည်း ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ရမှာ…

Read More

လာမည့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲနှင့် ပါလီမန်ရွေးကောက်ပွဲများကို ပြင်ပမှ ကြားဝင်စွက်ဖက်မှုမှန်သမျှအား ဆန့်ကျင်ကြောင်း အမေရိကန်အစိုးရ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၀ ရက်တွင်ပြောကြားခဲ့သည်။ ယင်းသည် တရုတ်ကို ထင်ထင်ရှားရှား ရည်ညွှန်းပြောဆိုမှုလည်းဖြစ်သည်။ ယမန်နှစ် နိုဝင်ဘာလက ကယ်လီဖိုးနီးယားပြည်နယ်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ တွေ့ဆုံစဉ်က နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံမှုများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး အတိမ်းအစောင်းမခံသည့် အချိန်တွင် ထိုင်ဝမ်၌ ရွေးကောက်ပွဲများ ကျင်းပသွားမည် ဖြစ်သည်။ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် ထိုင်ဝမ်တွင် ဇန်နဝါရီ ၁၃ ရက်၌ အရေးပါသော ရွေးကောက်ပွဲများ ကျင်းပသွားမည်ဖြစ်ကာ တရုတ်နှင့် အမေရိကန်ကလည်း ၎င်းရွေးကောက်ပွဲကို စောင့်ကြည့်လျက်ရှိသည်။ နောက်တက်လာမည့် ထိုင်ဝမ်သမ္မတသည် ရန်လိုမှုမြင့်တက်လာသော တရုတ်နှင့် ထိုင်ဝမ်၏ အနာဂတ် ဆက်ဆံရေးကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ ထိုင်ဝမ်ရွေးကောက်ပွဲများတွင် အမေရိကန်အနေဖြင့် မည်သည့်ဘက်ကမှ ရပ်တည်မည် မဟုတ်သကဲ့သို့ မိမိတို့အလိုလားဆုံး ကိုယ်စားလှယ်လောင်းဟူ၍လည်း မရှိကြောင်း အမည်မဖော်လိုသည့် အမေရိကန် အစိုးရတာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။ “ထိုင်ဝမ်ရွေးကောက်ပွဲတွေမှာ ပြင်ပက ဘယ်လိုကြားဝင်စွက်ဖက်မှုကိုမဆို မိမိတို့အနေနဲ့ ဆန့်ကျင်ပါတယ်။ ရွေးကောက်ပွဲမှာ ဘယ်သူပဲအနိုင်ရသည်ဖြစ်စေ ထိုင်ဝမ်အပေါ် မိမိတို့ရဲ့မူဝါဒဟာ တစ်သမတ်တည်းရှိ နေမှာဖြစ်ပြီး မိမိတို့ရဲ့ ခိုင်မာတဲ့ အလွတ်သဘော ဆက်ဆံရေးဟာ ဆက်လက်တည်တံ့နေမှာဖြစ်တယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့ သည်။ အမေရိကန်နှင့် ထိုင်ဝမ်အကြား တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ထားခြင်းမရှိသော်လည်း နိုင်ငံတကာမျက်နှာစာတွင် အမေရိကန်သည် ထိုင်ဝမ်ကို ကျောထောက် နောက်ခံပေးနေသည့် အရေးအပါဆုံး နိုင်ငံဖြစ်သည်။ “အဲဒီရွေးကောက်ပွဲဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်…

Read More