ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့တွင် ဇန်နဝါရီ ၁၃ ရက် နံနက်အစောပိုင်းက မော်တော်ယာဉ်တစ်စီးမှ နောက်သို့ဆုတ်စဉ် ၎င်းနောက်တွင် ရပ်ထားသော မော်တော်ယာဉ်ကို တိုက်မိရာမှ မော်တော်ယာဉ်အောက် အိပ်ပျော်နေသူ အမျိုးသားတစ်ဦးအား ကြိတ်မိပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၃ ရက် နံနက် ၅ နာရီ ၂၀ မိနစ်ခန့်၌ အုတ်တွင်းမြို့ နယ် မြောက်ဘက် ဟင်းငုတ်ပင်ကျေးရွာ ရန်ကုန်-မန္တလေး လမ်းမဟောင်းဘေးရှိ OK စက်သုံးဆီဆိုင်၏ မော်တော်ယာဉ် ရပ်နားရန် လုပ်ထားသောနေရာတွင် ညအိပ်ရပ်နားခဲ့သော ယာဉ်မောင်း(အမည်နေရပ်လိပ်စာ စုံစမ်းဆဲ) ယာဉ်အမှတ် MDY-5M—— FOTON အဖြူရောင် တွဲကားတစ်စီးက မော်တော်ယာဉ်ထွက်ရန် နောက်ကိုဆုတ်စဉ် ၎င်း မော်တော်ယာဉ်၏ နောက်တွင် ညအိပ်ရပ် နား ထားသော ယာဉ်အမှတ် MDY- 9G/ —— Hyundai အဖြူရောင် မော်တော်ယာဉ်၏ ရှေ့ခေါင်းပိုင်းအား တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်မိသဖြင့် နောက်တွင် ရပ်နားထားသော MDY- 9G/ —— Hyundai အဖြူ ရောင် မော်တော်ယာဉ်အောက်တွင် အိပ်ပျော် နေ သည့် ယာဉ်မောင်း ကိုရဲအောင်၊ နေပြည် တော် နေသူ၏ ဦးခေါင်းအား ကြိတ်မိခဲ့ပြီး ကိုရဲအောင်မှာ ဦးခေါင်းပွင့်ထွက်ကာ အခင်း ဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှ သေဆုံးသူ ကိုရဲအောင်အား အုတ်တွင်းမြို့ ရင်ခုန်သံရှင်ရေးကူညီမှု အသင်း အကူအညီဖြင့် အုတ်တွင်းမြို့ ပြည်သူ့ ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ပြီး ယာဉ်ကို နောက်ဆုတ်သဖြင့် ရပ်ထားသော ယာဉ်အား တိုက်မိ၍ လူသေဆုံးအောင် မော်တော်ယာဉ် အား မဆင်မခြင်မောင်းနှင်သည့် ယာဉ် မောင်း (စုံစမ်းဆဲ)အား အုတ်တွင်းမြို့နယ် မြို့မရဲစခန်းမှအမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။