Author: admin

တရုတ်ကျောင်းသားများကို နိုင်ငံအတွင်းဝင်ရောက်မှုနှင့်ပတ်သက်ပြီး အနှောင့်အယှက်ပေးနေမှုကို ရပ်တန့်ရန် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်က အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး အလက်ဂျန် ဒရို မာယော်ကက်စ်အား တိုက်တွန်းခဲ့သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။ ဝမ်သည် မာယော်ကက်စ်နှင့် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တော်တွင်ပြုလုပ်သည့် အစည်းအဝေးတွင် ယင်းကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံသားများသည် တရားဝင်အလည်အပတ် စာရွက်စာတမ်းများနှင့်အတူ အမေရိကန်လေဆိပ်များတွင် တင်းကျပ်စွာစစ်ဆေးခံရခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းတို့နှင့် ရင်ဆိုင်နေရကြောင်း တရုတ်က ထပ်တလဲလဲ စွပ်စွဲခဲ့သည်။ ပြီးခဲ့သည့်လကလည်း ၀ါရှင်တန်ရှိ တရုတ်သံရုံးက တရုတ်ခရီးသွားများကို ၀ါရှင်တန်ရှိ ဒူးလက်စ်လေဆိပ်သို့ လာရောက်ခြင်းအား ရှောင်ရှားသင့်ကြောင်း ပြောကြားခဲ့သည်။ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများအတွင်း အမေရိကန်အနေဖြင့် တရုတ်ကျောင်းသားများအား မလိုအပ်သည့် အကြောင်းပြချက်များဖြင့် နှောင့်ယှက်မှု၊ စစ်ဆေးမှုများအား ရပ်တန့်ရမည်ဖြစ်ကြောင်း တရုတ်က ပြောကြားခဲ့သည်ဟု ဆင်ဟွာက ဖော်ပြခဲ့သည်။ ထိုအစည်းအဝေးအတွင်း ဝမ်က တရုတ်နိုင်ငံသားများကို ဂုဏ်သိက္ခာရှိရှိနှင့် သာတူညီမျှဆက်ဆံမှုရရှိစေရန် အမေရိကန်အား တိုက်တွန်းခဲ့သည်ဟုလည်း ဆင်ဟွာကဖော်ပြခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံအား မူးယစ်ဆေးဝါးများ ထုတ်လုပ်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းများရှိသည့် အဓိကနိုင်ငံများစာရင်းတွင် ထည့်သွင်းရန် အမေရိကန်၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်ရန်လည်း ဝမ်က မာယော်ကက်စ်ကို တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံသည် ဘိန်းဖြူထက်အဆပေါင်းများစွာ ပြင်းထန်သည့် ဖန်တာနိုင်းလ် မူးယစ်ဆေးဝါးများ မှောင်ခိုကူးမှုတွင် ပါဝင်ပတ်သက်နေကြောင်း အမေရိကန်အရာရှိများက စွပ်စွဲခဲ့သည်။ ဖန်တာနိုင်းလ်ကြောင့် အမေရိကန်တွင် တစ်နှစ်လျှင် လူ ၇၀၀၀၀ ကျော် ဆေးလွန်ပြီး သေဆုံးခဲ့သည်။ အမေရိကန်နှင့်…

Read More

မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် လမ်းသုံးသွယ်ရှိသော်လည်း ယခုအခါ မြဝတီ -ထို့ကော်ကိုး-နဘူးတောင်ကျော်လမ်းပိုင်းမှသာ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များ သွားလာရခြင်းကြောင့် ပြည်တွင်းထွက် အခြေခံစားကုန်ဆန်နှင့် အခြားကုန်ပစ္စည်းများ၊ လူသုံးကုန်များ စျေးနှစ်ဆကျော်မြင့်တက်လျက်ရှိကြောင်း သိရသည်။ မြန်မာ့လယ်ယာထွက် စားကုန်ဆန်၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ပဲမျိုးစုံ၊ ကွမ်းသီး ကွမ်းရွက်တို့မှာ ယခင်ထက် နှစ်ဆကျော်မြင့်တက်နေပြီး အမွှေးတိုင်၊ ဖယောင်းတိုင်နှင့် လူသုံးကုန်ပစ္စည်းများလည်း များစွာစျေးမြင့်တက်နေကြောင်း၊ ယင်းကဲ့သို့ ကုန်ပစ္စည်းများစျေး မြင့်တက်နေရခြင်းမှာ လမ်းခရီးအခြေအနေ၊ သယ်ယူခစရိတ်မြင့်မားခြင်းကြောင့်ဟု သုံးသပ်မှုများရှိသည်။ “ပစ္စည်းသယ်ယူခအနေနဲ့ အရင်က ၁၀၀၀၀ လောက်ပေးရတဲ့ အထုပ်မျိုးဆိုရင် အခု ၂၀၀၀၀ ကျော်ပေးရတယ်။ လူတစ်ဦးအရင် မြဝတီ -မော်လမြိုင် ၂၀၀၀၀ ကျပ်၊ အခု ၆၀၀၀၀ ကျပ်၊ မြဝတီ-ရန်ကုန် အရင်က နှစ်သောင်းခွဲ၊ သုံးသောင်း၊ အခုကတော့ ခြောက်သောင်း၊ ရှစ်သောင်းအထိဖြစ်နေတော့ ကုန်စျေးနှုန်းတွေက တက်ရပြီလေ” ဟု ဘုရင့်နောင်စျေးအတွင်းမှ ကုန်မျိုးစုံရောင်းချသူတစ်ဦးက ပြောကြားသည်။ မြဝတီ-ထို့ကော်ကိုး တောင်ကျော်လမ်းတွင် မြဝတီ-ကျော်ခို့မှ တောင်ထိပ်အထိ လမ်းပိုင်းကို လမ်းချဲ့ခြင်းများရှိသော်လည်း ဖုန်ထူခြင်း၊ အကောက်ဂိတ်များခြင်းကြောင့် အဆင်းနေ့တိုင်း၌ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း သိရသည်။ တောင်ထိပ်မှ ထို့ကော်ကိုးလမ်းပိုင်းတွင် ကွန်ကရစ်ခင်းခြင်းဆောင်ရွက်နေမှုကြောင့် ယာဉ်သွားလာမှု အနည်းငယ်အဆင်ပြေသည်ဟု ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။ မြဝတီ-မော်လမြိုင် ယာဉ်မောင်းတစ်ဦးက “ကျွန်တော်တို့ မြဝတီဘက်မှာဆိုရင် မဲ့ပလဲ့ရွာကစပြီး ဂိတ်ကြေးပေးရပြီ။ တောင်ခြေအထိ ဂိတ်တွေ အရမ်းများတယ်။ တောင်ခြေရောက်တော့ လက်မှတ်ဖြတ်ရတယ်။ တောင်ပေါ်မှာတော့ မပေးရတော့ဘူး။ ထို့ကော်ကိုးရောက်မှ လက်မှတ်ပြရတယ်။ ဂိတ်ကြေးပေးရတယ်ပေါ့။ ထို့ကော်ကိုး-နဘူး-အာရှလမ်းဆုံ…

Read More

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သော ဘုရားသုံးဆူမြို့သို့ အခြားအရပ်ဒေသများမှ လာရောက်လိုသူများအနေဖြင့် မြို့ဝင်ခွင့်လက်မှတ်ရရှိမှသာ မြို့အတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်ဟု သိရသည်။ ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းက ဘုရားသုံးဆူမြို့ ထော့မဲပါရပ်ကွက်ရှိ မြို့အုပ်ချုပ်ရေးမှူးရုံးတွင် ဘုရားသုံးဆူဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA (PC) နှင့် နယ်ခြားစောင့်တပ် (BGF) တို့ အစည်းအဝေးပြုလုပ်ခဲ့ကြောင်းနှင့် ထိုအစည်းအဝေးတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့သည်ဟု သိရကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ ၎င်းက ဆက်လက်ပြီး “ဘုရားသုံးဆူမြို့ကို လာရောက်ကြမယ့်သူအားလုံးကို ဘုရားသုံးဆူမြို့အနီးက ချောင်းဆုံတံတားမှာရှိတဲ့ KNU ဂိတ်မှာ လက်နက်ကိုင် အဖွဲ့ပေါင်းစုံကနေပြီး စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရတယ်။ အဲ့ဒီချောင်းဆုံဂိတ်မှာစစ်လို့ အဆင်ပြေရင် မြို့ဝင်ခွင့်လက်မှတ်ထုတ်ပေးမယ်။ အဆင်မပြေရင်တော့ ပြန်လှည့်ခိုင်းမယ်။ မြို့ထဲကို ပေးမဝင်ဘူး။ အဲ့ဒီလိုမျိုး သိရတယ်” ဟု ပြောကြားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်က ပြည်သူ့စစ်မှုထမ်းဥပဒေအား နစကမှ အတည်ပြု ပြဋ္ဌာန်းလိုက်ပြီးနောက်တွင် ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့်နယ်စပ်ဒေသများသို့ ပြည်တွင်းမှ လူငယ်အများအပြား နေ့စဉ်ရောက်ရှိလာကြကြောင်း ဘုရားသုံးဆူမြို့ခံများထံမှ သိရသည်။ ဘုရားသုံးဆူမြို့သို့ ရောက်လာကြသူများတွင် ထိုင်းနိုင်ငံဘက်ကို တရားမဝင် လမ်းကြောင်းများမှ ထွက်ခွာသွားကြသူများရှိကြသလို လက်နက်ကိုင်အဖွဲ့အစည်းများထဲသို့ ဝင်ရောက်သွားသူများလည်းရှိကြောင်း ဘုရားသုံးဆူမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

Read More

၂၀၂၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၁၀၀၀ ခန့် စေလွှတ်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများစေလွှတ်လျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ ၁၀၆၁၁ ဦး စေလွှတ်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် လုပ်သားခေါ်ယူမှုခွဲတမ်းအနေဖြင့် ၁၁၀၀၀ ခန့် ရွေးချယ်ခေါ်ယူစေလွှတ်သွားမည်ဖြစ်ပြီး ဆက်လက်၍ သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိစေရန်နှင့် လုပ်သားများ ပိုမိုစေလွှတ်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဝန်ဆောင်မှုလုပ်ငန်းဖြင့် အမျိုးသမီးများကို စတင်ခေါ်ယူပြီး Online စနစ်ဖြင့် မတ် ၄ ရက်မှ ၁၀ ရက်အတွင်း လျှောက်လွှာတင်ရမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက သတင်းထုတ်ပြန်သည်။ ၁၆ ကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ( EPS-TOPIK )ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ဧပြီ ၁၇ ရက်တွင် ကြေညာမည်ဖြစ်ကာ ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ( EPS-TOPIK )ကျင်းပခြင်းကို ဧပြီ ၂၄ ရက်မှ မေ ၁၀ ရက်အထိ တစ်ကြိမ် ၊ မေ ၂၀ ရက်မှ ဇူလိုင် ၂၆ ရက်အထိ တစ်ကြိမ် ပြုလုပ်မည်ဖြစ်ပြီး စာမေးပွဲအောင်စာရင်းထုတ်ပြန်ခြင်းကို မေ ၁၇ ရက်မှ သြဂုတ် ၅ ရက်အတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ဖြေဆိုသူဦးရေအပေါ်မူတည်ပြီး အချိန်ဇယားများ ပြောင်းလဲနိုင်ကြောင်း…

Read More

အယ်လ်ဟီလာအသင်း၏ ပရိသတ်များသည် အဝလွန်နေသည့် တိုက်စစ်မှူး နေမာကို လူမှုကွန်ရက်တွင် လှောင်ပြောင်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ နေမာ (၃၂ နှစ်)သည် ၂၀၂၃ နွေရာသီတွင် PSG မှ အယ်လ်ဟီလာအသင်းသို့ ယူရိုသန်း(၉၀)ဖြင့် ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ်လစာ ယူရိုသန်း (၁၅၀)ရရှိနေသော်လည်း တံကောက်ကြောဒဏ်ရာကြောင့် (၅)ပွဲသာကစားနိုင်ပြီး အနားယူခဲ့ရသည်။ ယခုအခါ ဒဏ်ရာပျောက်ကင်းပြီဖြစ်၍ အသင်းနှင့် ပြန်လည်ပူးပေါင်းလေ့ကျင့်ရာတွင် အဝလွန်နေခြင်းကြောင့် ပရိသတ်များက လှောင်ပြောင်ခဲ့ကြခြင်းဖြစ်ပြီး ပရိသတ်အချို့က အနားယူသင့်ပြီဟုပင် ရေးသားခဲ့ကြသည်။

Read More

မန်စီးတီးအသင်း၏ ပေါ်တူဂီတောင်ပံကစားသမား ဘာနာဒိုဆေးလ်ဗားသည် PSG အသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း သိရသည်။ ဘာနာဒိုဆေးလ်ဗား(၂၉ နှစ်)သည် မန်စီးတီးအသင်းတွင် အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသော်လည်း ပြီးခဲ့သည့်နွေရာသီတွင် PSG အသင်းသို့ ပြောင်းရွှေ့ရန် ဆွေးနွေးခဲ့ဖူးသည်။ ၎င်းသည် မိုနာကိုအသင်းနှင့်အတူ ပြင်သစ်လိဂ်တွင် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သောကြောင့် ပြင်သစ်ထိပ်သီး PSG အသင်းတွင် ပြောင်းရွှေ့ကစားလိုခြင်းဖြစ်ပြီး PSG အသင်းကလည်း ဘာပေကို လက်လွှတ်ရတော့မည်ဖြစ်၍ ထိပ်တန်းကစားသ မားများ ပြန်လည်အားဖြည့်ရန် စီစဉ်နေရာ ဘာနာဒိိုဆေးလ်ဗားကို ကြိုးပမ်းဖွယ်ရှိနေသည်။

Read More

အာဆင်နယ်အသင်းသည် ၂၀၂၄ ခုနှစ်အတွင်း ပရီးမီးယားလိဂ်(၅)ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည့်အတွက် အသင်း၏သမိုင်းတစ်လျှောက် ပြက္ခဒိန်နှစ်တစ်နှစ်၏အစတွင် လိဂ်ပွဲ(၅)ပွဲဆက်တိုက် ပထမဆုံးအနိုင်ရရှိခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် နှစ်သစ်အစ ပထမဆုံး ယှဉ်ပြိုင်ကစားသည့်ပွဲတွင် FA ဖလားပြိုင်ပွဲ၌ လီဗာပူးလ်အသင်းကို (ဝ-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ယင်းနောက်ပိုင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်(၅)ပွဲစလုံးကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ခရစ္စတယ်ပဲလေ့စ်ကို (၅-ဝ)ဂိုး၊ နော်တင်ဟမ်ဖောရက်စ်ကို (၂-၁)ဂိုး၊ လီဗာပူးလ်ကို (၃-၁)ဂိုး၊ ဝက်စ်ဟမ်းကို (၆-ဝ)ဂိုး၊ ဘန်လေကို (၅-ဝ)ဂိုးတို့ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ခေတ်တွင်သာမက ပထမတန်းပြိုင်ပွဲခေတ်တွင်ပင် ပြက္ခဒိန်နှစ် တစ်နှစ်၏အစ၌ ယခုကဲ့သို့ လိဂ်ပြိုင်ပွဲ(၅)ပွဲဆက် အနိုင်ရဖူးခြင်းမရှိသည့်အတွက် ယခုစွမ်းဆောင်ရည်မှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယခုကဲ့သို့ (၅)ပွဲဆက်တိုက် အနိုင်ရရှိခြင်းမှာ အာဆင်နယ်အသင်းအတွက် ယခုရာသီပရီး မီးယားလိဂ်ပြိုင်ပွဲတွင် ပွဲအများဆုံးနိုင်ပွဲဆက်ခြင်းဖြစ် ကြောင်းလည်း သိရသည်။ အာဆင်နယ်အသင်းသည် နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်းက (၄)ပွဲဆက်အနိုင်ရခြင်းသာရှိခဲ့ဖူးပြီး ယခု(၅)ပွဲဆက်အနိုင်ရခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် အမှတ်ပေးပြိုင်ပွဲတွင် အဝေးကွင်းနှစ်ပွဲဆက်တိုက် (၅)ဂိုးနှင့်အထက် သွင်းယူနိုင်ခြင်းမှာလည်း အသင်း၏သမိုင်းတစ်လျှောက် ပထမဆုံး ဖြစ်ခဲ့သည်။ ထို့ပြင် ၂၀၂၁ ခုနှစ် အောက်တိုဘာလက ဝက်ဖို့ဒ်နှင့် မန်ယူအသင်းတို့ကို အဝေးကွင်းနှစ်ပွဲဆက်တိုက် (၅-ဝ)ဂိုးများဖြင့် အနိုင်ယူခဲ့သည့် လီဗာပူးလ်အသင်း နောက်ပိုင်း ပထမဆုံးစွမ်းဆောင်နိုင်သည့် အသင်းလည်း ဖြစ်ခဲ့သည်။ အာဆင်နယ်အသင်းသည် ထိပ်တန်းတိုက်စစ်မှူး ခေါ်ယူအားဖြည့်ရန် လိုအပ်သည်ဟု ဝေဖန်ခံနေရသည့် အခြေအနေတွင် နောက်ဆုံး(၅)ပွဲဆက် အနိုင်ရရှိခဲ့ရုံသာ မက အဆိုပါ(၅)ပွဲ၌ (၂၁)ဂိုးအထိ သွင်းယူနိုင်ခဲ့သော ကြောင့် နည်းပြ အာတီတာ၏…

Read More

မန်ယူအသင်း၏နည်းပြ တန်ဟက်ဂ်က မိမိတို့အသင်းအနေဖြင့် ပရီးမီးယားလိဂ်ထိပ်ဆုံး(၄)နေရာပြိုင်ပွဲအတွင်း ပြန်လည်ရောက်ရှိလာပြီဟု လူတန်အသင်းအား အနိုင်ရရှိသည့် ပွဲအပြီးတွင် သုံးသပ်ပြောကြားခဲ့သည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နောက်ဆုံး(၄)ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည့်အတွက် အဆင့်(၄)နေရာမှ အက်စတွန်ဗီလာနှင့် (၅)မှတ်၊ အဆင့်(၅)နေရာမှ စပါးအသင်းနှင့် (၃)မှတ်သာ ကွာဟတော့သည်။ ယခုတစ်ပတ်ပွဲစဉ်တွင် စပါးအသင်း အိမ်ကွင်း၌ ရှုံးပွဲကြုံတွေ့ခဲ့ခြင်းကြောင့်လည်း ထိပ်ဆုံး(၄)နေရာအတွက် ပြိုင်ဆိုင်မှုမှာ ပိုမိုအသက်ဝင်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူတန်နှင့်ပွဲအပြီးတွင် တန်ဟက်ဂ်က “ကျွန်တော်တို့ ထိပ်ဆုံး(၄)နေရာပြိုင်ဆိုင်မှုထဲ ပြန်ရောက်လာပါပြီ။ ကျွန်တော်တို့ ဒါကို ရယူနိုင်ဆဲပါပဲ။ ကျွန်တော်တို့ အခု ဂိုးတွေ သွင်းယူလာနိုင်တဲ့အတွက် ပျော်ရွှင်ပါတယ်။ ဒီနေ့ပွဲမှာ အခွင့်အရေးကောင်းတချို့ကို ဆုံးရှုံးခဲ့ရပေမဲ့ တိုက်စစ်ပိုင်းက ပိုပြီးထိရောက်မှုရှိလာတယ်လို့ ထင်ပါတယ်။ သူတို့က အရည်အသွေးရှိကြသူတွေဖြစ်ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်တာကလည်း အပေါင်းလက္ခဏာဆောင်ပါတယ်။ ပွဲတိုင်းက ဗိုလ်လုပွဲလိုဖြစ်နေပြီး ခရီးရှည်ကြီးကျန်နေသေးတာကြောင့် ဖေဖော်ဝါရီလမှာတော့ ကောက်ချက်ချလို့ မရနိုင်သေးပါဘူး။ ဧပြီလဆိုရင်တော့ အခြေအနေကို သေချာပေါက်သိနိုင်ပါတယ်။ ကျွန်တော်တို့ ပြိုင်ဆိုင်မှုထဲ ပြန်ရောက်လာပြီး ထိပ်ဆုံး(၄)နေရာကို ရယူနိုင်ခြေ ရှိနေပါသေးတယ်”ဟု ပြောကြားခဲ့သည်။ တန်ဟက်ဂ်က လက်ရှိအချိန်တွင် အသင်းအနေဖြင့် နိုင်ပွဲဆက်နေသော်လည်း မိမိတို့လိုချင်သည့်ပုံစံ မရရှိသေးကြောင်းနှင့် ပွဲကို ထိန်းချုပ်နိုင်ရန် လိုအပ်နေသေးကြောင်း၊ (၂-ဝ)ဂိုးဖြင့် ဦးဆောင်နိုင်ချိန်၌ အာရုံစူးစိုက်မှုလျော့ကျသည့် ပုံစံမျိုးမြင်တွေ့ရကြောင်းလည်း သုံးသပ်ခဲ့သည်။ အသင်းအတွက် ဂိုးများဆက်တိုက်သွင်းယူပေးနေသည့် တိုက်စစ်မှူး ဟွိုင်လန်းကိုမူ လက်ရှိအချိန်၌ အလွန်ယုံကြည်မှုမြင့်မားနေ ပြီဖြစ်ကြောင်း ချီးကျူးခဲ့သည်။ “သူက စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်စစ်မှူးဖြစ်ပြီး အရည်အသွေးကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတယ်ဆိုတာ ကျွန်တော်တို့ အမြဲယုံကြည်ပြီးသား ပါ။ သူက…

Read More

ဖေဖော်ဝါရီ ၁၅ ရက်တွင် ဘန်ကောက်မြို့၌ အန္တရာယ်ရှိသော မြူများအုပ်စိုင်းနေခဲ့သောကြောင့် ဆိုးရွားသည့် လေထုညစ်ညမ်းမှုကို ရှောင်ရန် ယင်းမြို့ရှိ ဝန်ထမ်းများကို နေအိမ်မှပင် အလုပ်လုပ်ကြရန် ပြောထားရသည်။ လေထုညစ်ညမ်းမှုကို ရှောင်ရန် ပြည်သူ ၁၁ သန်းခန့်ရှိသော ဘန်ကောက်က အလုပ်သမားများကို အကူအညီပေးရေးအတွက် မြို့အာဏာပိုင်များက အလုပ်ရှင်များ ပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာ ရပ်ခံထားသည်။ အဆိုပါ မြူများသည် ရက်အတန်ကြာ အုပ်စိုင်းနေမည်ဟု ခန့်မှန်းထားသည်။ လေထုညစ်ညမ်းမှုကို စောင့်ကြည့်နေသော IQAir ဝက်ဆိုက်ကမူ ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် ဘန်ကောက်ကို ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံး ၁၀ မြို့ထဲမှာ ထည့်သွင်းခဲ့သည်။ အန္တရာယ်အများဆုံးဖြစ်သော PM2.5 အမှုန်များ၏ အဆင့်များသည် ကမ္ဘာ့ကျန်းမာရေးအဖဲဲွ့၏ နှစ်စဉ်လမ်းညွှန်ချက်တွင် ၁၅ ဆ ကျော်ရှိနေသည်ဟု IQAir ဝက်ဆိုက်က ဖော်ပြခဲ့သည်။ ထို့ကြောင့်လည်း မြို့ထဲက အလုပ်သမားအားလုံး ဖေဖော်ဝါရီ ၁၅ နှင့် ၁၆ ရက်တို့တွင် နေအိမ်မှ သာ အလုပ်လုပ်ကြရန် ဘန်ကောက်မြို့တော် ဝန်ချက်ချာ့ဆစ်တီပွန့်က ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီနှင့်အဖွဲ့အစည်း ၁၅၁ ခုခန့်ရှိသော BMA ကွန်ရက်၊ အစိုးရရုံးများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ပူးပေါင်းဆောင်ရွက်ရန် ၎င်းက မေတ္တာရပ်ခံခဲ့သည်။ ထို့ကြောင့် လူ ၆၀,၀၀၀ ကျော်ကို သက်ရောက်ခဲ့သည်ဟု ဆိုသည်။ BMA သည် Bangkok Metropolitan Administration ၏ အတိုကောက်ဖြစ်ပြီး ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည်။ ဘန်ကောက်မြို့၏ ခရိုင် ၅၀…

Read More

လွန်ပရာဘန်မြို့တွင် အရုဏ်တက်ချိန်၌ သံဃာတော်များဆွမ်းခံ ထွက်လေ့ရှိသော်လည်း ကင်မရာ ကိုင်ဆောင်ထားသည့် ကမ္ဘာလှည့် ခရီးသွားများအပြား ရောက်ရှိလာခြင်းသည် ရှေးဟောင်းလာအိုမြို့၏ သာယာအေးချမ်းမှုကို ဖြိုခွဲခဲ့သည်။ ယူနက်စကိုကမ္ဘာ့အမွေအနှစ် စာရင်းဝင်သည့် ယင်းနေရာသည် လွန်ခဲ့သည့်နှစ် ပထမကိုးလတာကာ လအတွင်း ခရီးသွား ၈၀၀,ဝဝဝနီးပါး လာရောက်ခဲ့ကာ ယင်းပြည်နယ်သည် ၂၀၂၄ ခုနှစ်နှစ်ကုန်ပိုင်းတွင် ခရီးသွားသုံးသန်းနီးပါးလာရောက်ရန် မျှော်လင့်ထားကြောင်း နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြထားသည်။ ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုသည် လာအို၏ မတည်ငြိမ်သော စီးပွားရေးအတွင်းသို့ လိုအပ်နေသော ငွေကြေးအများအပြားရရှိသော်လည်း တည်ငြိမ်အေးချမ်းလျက်ရှိသော ပြည်နယ်မြို့ဖြစ်သော လွန်ပရာဘန်တွင် နိုင်ငံခြားခရီးသွား အဖွဲ့များလွှမ်းမိုးလာကာ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများကို ပြောင်းလဲခြင်းကြောင့် ဒေသခံများကို အကျပ်ရိုက်စေခဲ့သည်။ အထင်ရှားဆုံး ဥပမာတစ်ရပ်အနေဖြင့် Kounxoau လမ်းတစ်လျှောက်တွင် နံနက်ခင်းတိုင်းသံဃာ တော်များသည် ဆွမ်းခံထွက်လေ့ရှိကြသည်။တစ်ချိန်က ဗုဒ္ဓဘာသာဝင် ဒေသခံများနှင့်သံဃာတော်များကြား ဆွမ်းလောင်းလှူမှု အလေ့အထသည် ကမ္ဘာလှည့်ခရီးသွားများအတွက် ဆွဲဆောင်မှုတစ်ရပ်ဖြစ်နေပေသည်။ လက်ရှိအချိန်တွင် ပလတ်စတစ် ထိုင်ခုံများပေါ်တွင် ထိုင်၍လှူဖွယ်ပစ္စည်းများကို ကပ်လှူနေသော ရာ နှင့်ချီသည့် ခရီးသွားများအကြား သံဃာတော်များသည် ဆွမ်းခံကြွနေရပြီး ဧည့်လမ်းညွှန်များက ဆွမ်း လောင်းနေသူများကို ဓာတ်ပုံရိုက်ကူးပေးခဲ့ကြသည်။ ဆယ်စုနှစ်များအတွင်း ကမ္ဘာတစ်ဝန်းရှိ ခရီးသွားအများအပြားသည် နံနက်ခင်းဆွမ်းလောင်းလှူမှုကို မျက်မြင်ကြည့်ရှုနိုင်ရန်အတွက် လွန်ပရာဘန်သို့ အလည်ရောက်ရှိလာကြသော်လည်း ဒေသခံများ၏ အဆိုအရ လက်ရှိတွင် ဆွမ်းလောင်းလှူမှုသည် ဓာတ်ပုံရိုက်ကူးသည့် နေရာတစ်နေရာဖြစ်လာသည်ဟု ပြောကြားခဲ့သည်။ “သူတို့တွေ(ခရီးသွားတွေ)က တစ်ခုခုကို ဝယ်မယ့်အစား ဓာတ်ပုံတွေပဲ ရိုက်နေကြပါတယ်”ဟု စျေး ရောင်းချသူတစ်ဦးက ညည်းညူပြောကြားခဲ့သည်။ စျေးသည်များသည် သံဃာတော်များကို ဆွမ်းလောင်းလှူနိုင်ရန်အတွက် လှည့်လည် ရောင်းချလျက်ရှိသည်။…

Read More