Author: admin

တောင်ကိုရီးယားနိုင်ငံတွင် ဆေးရုံများ၏ လုပ်ငန်းဆောင်တာများကို ပရမ်းပတာဖြစ်စေခဲ့သည့် ဆရာဝန်များ၏ ဆန္ဒပြမှုကို အဆုံးသတ်စေရန် အစိုးရက ကြိုးပမ်းနေချိန်တွင် ရဲတပ်ဖွဲ့က ကိုရီးယားဆေးဘက်ဆိုင်ရာ အသင်း၏ ရုံးခန်းများကို မတ် ၁ ရက်က ဝင်ရောက်စီးနင်းခဲ့သည်။ အလုပ်သင်ဆရာဝန်စုုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းဖြစ်သည့် လူငယ်ဆရာဝန် ၁၀၀၀၀ နီးပါးသည် ပြီးခဲ့သည့်သီတင်းပတ်ကတည်းက အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြသည်။ တောင်ကိုရီးယား၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို မြှင့်တင်ရန်နှင့် ဆရာဝန်များ မလုံလောက်သည့် အခြေအနေကို ဖြေရှင်းရန် ဆေးကျောင်းတက်သည့် ကျောင်းသားအရေအတွက်ကို တိုးမြှင့်မည့် အစိုးရ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ဆန့်ကျင်သည့်အနေဖြင့် ယင်းကဲ့သို့ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒပြဆရာဝန်များအနေဖြင့် ဖေဖော်ဝါရီ ၂၉ ရက်ကို နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်ဝင်ရန် သို့မဟုတ်ပါက ဆေးကုသခွင့်လိုင်စင်များကို ဆိုင်းငံံ့မှု၊ ဖမ်းဆီးမှုအပါအဝင် တရားရေးအရ အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးထားသည်။ သို့သော် နောက်ဆုံးရက်သတ်မှတ်မှုကို ကျော်လွန်ပြီးနောက် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည့် ဆရာဝန်အရေအတွက်နှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ တရားဝင် အချက်အလက်များမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။ တောင်ကိုရီးယား၏ ယွန်ဟပ်သတင်း အေဂျင်စီကမူ ဆန္ဒပြနေသည့် ဆရာဝန်အများစုသည် မတ် ၁ ရက်အထိ အလုပ်မဆင်းသေးကြောင်း ဖော်ပြခဲ့သည်။

Read More

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ကျန်းမာရေးနှင့်သက်ဆိုင်သည့် စိုးရိမ်စရာ အသစ်များ မရှိခြင်းနှင့်အတူ တာဝန်ထမ်းဆောင်ရန် ကျန်းမာသူဖြစ်သည်ဟု ဖေဖော်ဝါရီ ၂၈ ရက်တွင် ၎င်း၏ဆရာဝန်များက ပြောကြားခဲ့သည်။ အသက် ၈၁ နှစ်အရွယ် ဂျိုးဘိုင်ဒင်၏ အသက်အရွယ်သည် ရွေးကောက်ပွဲဝင်ရန် ပြဿနာတစ်ရပ်ဖြစ်လာပြီးနောက် နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးအကြိမ် ဆေးစစ်ရာတွင် ၎င်း၏ဆရာဝန်များက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂျိုးဘိုင်ဒင်သည် အသက်ကြီးနေပြီဖြစ်ကာ မေ့တတ်သည်ဟု အထူးကောင်စီ အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီးနောက် ၀ါရှင်တန်မြို့၏ အပြင်ဘက်ရှိ ဝေါလ်တာရိဒ်စစ်ဆေးရုံ၌ ဂျိုးဘိုင်ဒင်သည် နှစ်စဉ်ဆေးစစ်မှု ခံယူခဲ့ခြင်း ဖြစ်သည်။ “သူဟာ ဘာခြွင်းချက်မှမရှိ ဒါမှမဟုတ် ဘာလိုက်လျောမှုတွေမှ မပါပဲတာဝန်တွေကို အပြည့်အဝထမ်းဆောင်ဖို့ ကျန်းမာနေဆဲဖြစ်ပါတယ်”ဟု အိမ်ဖြူတော်ဆရာဝန် ကီဗင်အို ကွန်နော်က ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ “ဒီနှစ်ရဲ့ ကျန်းမာရေး စစ်ဆေးမှုကတော့ စိုးရိမ်ပူပန်စရာ အသစ်မရှိဘူးဆိုတာ တွေ့ရပါတယ်”ဟု ၎င်းက ဖော်ပြခဲ့သည်။ “ကျွန်တော်ဟာ နုပျိုလွန်းနေတယ်လို့ ဆရာဝန်တွေ ထင်သွားမှာကိုပဲ ကျွန်တော်စိုးရိမ်ပါတယ်”ဟု နိုဝင်ဘာ ရွေးကောက်ပွဲတွင် အသက် ၇၇ နှစ်အရွယ် ဒေါ်နယ်ထရန့် နှင့် ပြန်လည် ယှဉ်ပြိုင်ရဖွယ်ရှိနေသည့် ဘိုင်ဒင်က ရယ်စရာ ပြောခဲ့သည်။ “အားလုံးဟာ ကောင်းမွန်နေပါတယ်”ဟု ၎င်းက အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ဘိုင်ဒင်သည် အမေရိကန်သမ္မတများ မကြာမကြာ အသုံးပြုသော ရဟတ်ယာဉ်ဖြင့် ဝေါလ်တာရိဒ်စစ်ဆေးရုံကို ရောက်လာခဲ့ခြင်းဖြစ်ပြီး နှစ်နာရီခွဲအကြာတွင် ယာဉ်တန်းဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။ ယခုနှစ်တွင် ဘိုင်ဒင်၏တစ်ခုတည်းသော ပြဿနာသစ်မှာ အရေးပေါ်သွားဘက်ဆိုင်ရာ ကုသမှုများနှင့်အတူ အိပ်နေစဉ် အသက်ရှူလမ်းကြောင်းကို…

Read More

ဂျပန်ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုများပြားလာသဖြင့် ဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို ခေတ္တရပ်နားထားပြီး အီးမေးလ်ဖြင့်သာ လက်ခံနေသည်ဟု ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်သည်။ ယခုအချိန်တွင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုများ အလွန်များပြားလျက်ရှိကြောင်း၊ ယင်းကြောင့် လျှောက်ထားသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေစေရန် တယ်လီဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို ခေတ္တခဏ ရပ်နားထားပြီး လတ်တလောတွင် အီးမေးလ်ဖြင့်သာ လက်ခံလျက်ရှိပါသောကြောင့် နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ကြောင်း ဂျပန်သံရုံးက ထုတ်ပြန်သည်။ ယင်းသို့ကြိုတင်ရက်ချိန်းယူရာတွင် အီးမေးလ်ဖြင့် အကြောင်းပြန်ရန်အတွက် အချိန်အနည်းငယ် ကြန့်ကြာနိုင်သော်လည်း အီးမေးလ်တစ်စောင်ရရှိပါက မပျက်မကွက် အကြောင်းပြန်ပေးမည်ဖြစ်သောကြောင့် စိတ်မပူကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း၊ တယ်လီဖုန်းဖြင့် ပြည်လည်ရက်ချိန်းရယူနိုင်မည့်အချိန်ကို ထပ်မံအသိပေး အကြောင်းကြားပါမည်ဖြစ်ကြောင်း ဂျပန်သံရုံးက ထုတ်ပြန်သည်။ ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံမှ ပညာသင်လုပ်သားများသွားရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး အလုပ်သွားရောက်လုပ်ကိုင်ရန်အတွက် ဂျပန်စကားပြောတတ်မြောက်ရန် လိုအပ်ကြောင်း သိရသည်။ ယခုနှစ်တွင် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ထောင်နှင့်ချီရှိခဲ့ကြောင်း သိရသည်။

Read More

ကိုရီးယားလေဆိပ်တွင် တားမြစ်ထားသည့် လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်ပစ္စည်းများအား လုပ်သားများထံမှတွေ့ရှိပါက ဒဏ်ကြေးငွေအဖြစ် ဝမ်တစ်သိန်းမှ ဝမ်သိမ်း ၅၀ အထိ တိုးမြှင့်လိုက်သည့်အတွက် E-9 မြန်မာလုပ်သားများအနေဖြင့် တားမြစ်ပစ္စည်းများ ယူဆောင်လာခြင်းမပြုကြရန် EPS Center in Myanmar က သတင်းထုတ်ပြန်သည်။ ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ကြမည့် E-9 လုပ်သားများအား HRDK(မြန်မာEPSစင်ဝာာ) နှင့် POEA(အလုပ်သမားပို့ဆောင်ရေးဌာန)တို့က “ လုပ်သားများ အင်ချောန်လေဆိပ်သို့ ရောက်ရှိသည်နှင့် ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရုံးဝာာဝန်ခံများမှ ယူဆောင်လာသည့် ခရီးဆောင်အိတ်များအား(တားမြစ်ပစ္စည်းများယူ‌ဆောင်လာခြင်း ရှိ/မရှိ) ထပ်မံစစ်ဆေးလျက်ရှိကြောင်း ’’ ကို လုပ်ငန်းခွင်အကြိုသင်တန်း‌ပို့ချသည့်အချိန်တွင် အပတ်စဉ် သတိပေးမှာကြားလျက်ရှိကြောင်း ၊ ထိုသို့ အကြိမ်ကြိမ် သတိပေးမှာကြားသော်လည်း ကိုရီးယားလေဆိပ်၌ ဝာားမြစ်ထားသော လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်ပစ္စည်းများယူဆောင်လာခြင်းကို အပတ်စဉ် ရှာဖွေစစ်ဆေးတွေ့ရှိနေရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ ယင်းကြောင့် အင်ချောန်လေဆိပ်ဝာာဝန်ရှိသူက အဆိုပါ ပစ္စည်းများအား သိမ်းယူခြင်း၊ ဒဏ်ကြေးငွေ ဝမ်၁သိန်းအတွင်း ဒဏ်ရိုက်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ဆက်လက်ယူဆောင်လာခြင်းများ တွေ့ရှိနေရသဖြင့် ဒဏ်ကြေးငွေပမာဏအား ဝမ်တစ်သိန်း မှ ဝမ်သိန်း ၅၀ အထိ တိုးမြှင့်လိုက်သည်ဟု အသိပေးပြောကြား လာသည့်အတွက် ကိုးရီးယားနိုင်ငံသို့ ထွက်ခွါမည့် E-9 မြန်မာလုပ်သားများအနေဖြင့် အဆိုပါ တားမြစ်ပစ္စည်းများကို ကိုရီးယားနိုင်ငံသို့ ယူဆောင်သွားခြင်း (လုံးဝ)မပြုလုပ်ကြရန် အထူးသတိပေးအပ်ကြောင်း EPS Center in Myanmar က သတင်းထုတ်ပြန်သည်။

Read More

ရန်ကုန်တိုင်းဒေသကြီး ကြည့််မြင်တိုင် မြို့နယ် ဗားကရာ ဆိပ်ကမ်းအနီး ရန်ကုန်မြစ်အတွင်း သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့‌ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ မတ် လ ၁ ရက် (ယနေ့) နံနက် ၂ နာရီ ၂၃ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာ ဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်း သင်္ဘောမီးလောင်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ သင်္ဘောမီးလောင်မှု‌ကြောင့် ထွက်ပေါ်လာသည့် ပေါက်ကွဲသံ ကိုလည်း ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် နေထိုင်သူများကြား သိလိုက်ရသည်ဟု ရန်ကုန်မြို့ခံအချို့က မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်ပြု ရေးသားထား သည်ကို တွေ့ရသည်။ သင်္ဘောမီးလောင်မှုနှင့် ပတ်သက်ပြီး ကြည့်မြင်တိုင်မြို့နယ်မီးသတ် စခန်းမှ မီသတ်ယာဉ်တစ်စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး မီးငြှိမ်းသတ်ခဲ့‌ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။ မီးလောင်မှုအား နံနက် ၃ နာရီ ၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၃ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့‌ကြောင်း သိရသည်။

Read More

လာလီဂါပြိုင်ပွဲ၏ ဥက္ကဋ္ဌဖြစ်သူ တီဘက်စ်က မန်ယူအသင်းမှ ဂီတာဖေးအသင်းထံ အငှားလာရောက်ကစားနေသည့် အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်ကို လာလီဂါတွင် ဆက်ရှိစေချင်သည်ဟု ပြောကြားခဲ့သည်။ ဂရင်းဝုဒ်ကို ဘာစီလိုနာအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းထွက်နေပြီး ၎င်းကလည်း မန်ယူအသင်းတွင် ပြန်ကစားလိုခြင်းမရှိကြောင်း သိရသည်။ တီဘက်စ်က “သူက ကစားသမားကောင်းတစ်ယောက်ပါ။ သူ့ကို စပိန်ဘောလုံးလောကမှာ ဆက်ရှိစေချင်ပါတယ်။ အဲဒါ ကျွန်တော်တို့အတွက်လည်း ကောင်းပါတယ်”ဟု ပြောကြားခဲ့သည်။ အသက် (၂၂) နှစ်အရွယ်ရှိ ဂရင်းဝုဒ်သည် မုဒိမ်းမှုသံသယဖြင့် တရားရင်ဆိုင်ရပြီးနောက် မန်ယူအသင်းတွင် ပါဝင်ကစားနိုင်ခြင်းမရှိတော့ဘဲ ပြီးခဲ့သည့်နွေရာသီက ဂီတာဖေးအသင်းထံ တစ်ရာသီအငှားဖြင့် ရောက်ရှိလာသူဖြစ်သည်။ ဂရင်းဝုဒ်သည် ယခုရာသီတွင် ဂီတာဖေးအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၂၅) ပွဲတွင် (၇) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၅) ကြိမ် ပြုလုပ်ထားသည်။

Read More

မန်ယူအသင်း၏ ဂိုးသမား အိုနာနာက လာမည့် မန်ချက်စတာဒါဘီပွဲစဉ်တွင် ပြိုင်ဘက် မန်စီးတီးအသင်းကို အခက်တွေ့အောင် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) အဖြစ် မတ်လ (၃) ရက်တွင် မန်စီးတီးအသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ “ဒီပွဲက ဘယ်လောက်အရေးကြီးသလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါကြောင့် ဒီပွဲအတွက် အသင့်ဖြစ်အောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်အသင်း ဖြစ်နေတာကြောင့်ပါပဲ။ လွယ်ကူမှာမဟုတ်ပေမဲ့ သူတို့ကို အခက်တွေ့အောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ”ဟု အိုနာနာက ပြောကြားခဲ့သည်။ မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၆) အပြီးတွင် ရမှတ် (၄၄) မှတ်ဖြင့် အဆင့် (၆) နေရာ၌ ရပ်တည်နေပြီး မန်စီးတီးအသင်းမှာမူ ရမှတ် (၅၉) မှတ်ဖြင့် အဆင့် (၂) နေရာ၌ ရပ်တည်နေသည်။ မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပထမအကျော့ပွဲစဉ် မန်စီးတီးအသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် လက်ခံကစားခဲ့စဉ်က (၀-၃) ဂိုးဖြင့် ဂိုးပြတ်​ရှုံးနိမ့်ခဲ့သည်။

Read More

ဂျူဗင်တပ်စ်အသင်းသည် အီတလီလက်ရွေးစင် တိုက်စစ်ကစားသမား ခီယေဆာကို ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။ အသက် (၂၆)နှစ်အရွယ်ရှိ ခီယေဆာသည် ၂၀၂၅ ခုနှစ်တွင် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းသည် ၎င်းအား သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိပါက လာမည့်နွေရာသီတွင် ရောင်းထုတ်သွားရန် စီစဉ်နေခြင်းဖြစ်သည်။ ဂျူဗင်တပ်စ်အနေဖြင့် ခီယေဆာအား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေသော်လည်း လက်ရှိအချိန်အထိ သက်တမ်းတိုးရန် သဘောတူညီမှုမရရှိသေးပေ။ ၎င်းကို လီဗာပူးလ်အပါအဝင် ပရီးမီးယားလိဂ်ထိပ်သီးအသင်းအချို့က ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

Read More

ဘာစီလိုနာအသင်းသည် မန်စီးတီးအသင်းမှ နော်ဝေတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူရန် စီစဉ်နေကြောင်းနှင့် နည်းပြ ဇာဗီကို အသင်းတွင် ဆက်နေရန် ဥက္ကဋ္ဌ လာပေါ်တာက တောင်းဆိုထားကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသောကြောင့် အပြောင်းအရွှေ့စျေးကွက်၌ တန်ဖိုးကြီးခေါ်ယူမှုများ ပြုလုပ်နိုင်ခြင်းမရှိသော်လည်း လာမည့်ရာသီတွင် ရီးယဲလ်အသင်းသို့ ဘာပေ ရောက်ရှိလာရန် နီးစပ်နေသည့်အတွက် ထိပ်တန်းအားဖြည့်မှုများ ပြုလုပ်ရန် စီစဉ်လာခြင်းဖြစ်ကြောင်း စပိန်မီဒီယာအချို့က ဖော်ပြခဲ့သည်။ ဘာစီလိုနာအသင်း၏ အားကစားဒါရိုက်တာ ဒေကိုသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဟာလန်း၏ အေးဂျင့်ဖြစ်သူနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက် ဟာလန်း၏ မိသားစုနှင့် ထပ်မံတွေ့ဆုံရန် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်းလည်း သိရသည်။ သို့သော် ဟာလန်း၏ အေးဂျင့်နှင့်တွေ့ဆုံခဲ့ခြင်းမှာ ဟာလန်း၏ အပြောင်းအရွှေ့အတွက်မဟုတ်ဘဲ ၎င်း၏ လက်အောက်တွင်ရှိနေသော အခြားကစားသမားများအတွက် ဆွေးနွေးခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ ဟာလန်းသည် မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ် စာချုပ်ချုပ်ဆိုထားပြီး ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြနိုင်လျက်ရှိသည့်အတွက် ဘာစီလိုနာအသင်းအနေဖြင့် ခေါ်ယူနိုင်ဖွယ်မရှိကြောင်းလည်း သုံးသပ်ခဲ့သည်။ ဘာစီလိုနာအသင်းသည် နွေရာသီတွင် လမ်းခွဲမည်ဟုကြေညာထားသည့် နည်းပြ ဇာဗီ၏နေရာ၌ အစားထိုးရန် နည်းပြသစ် ရှာဖွေနေသော်လည်း အသင်းဥက္ကဋ္ဌ လာပေါ်တာက ဇာဗီကို အသင်းတွင် ဆက်နေရန် တောင်းဆိုထားကြောင်း သတင်းထွက်လာခဲ့သည်။ ဇာဗီသည် ပြီးခဲ့သည့်ရာသီတွင် ဘာစီလိုနာအသင်းကို လာလီဂါချန်ပီယံဆု ရယူပေးနိုင်ခဲ့သော်လည်း ယခုရာသီတွင် ရလဒ်များကျဆင်းခဲ့သည့်အတွက် ရာသီကုန်တွင် ရာထူးမှနုတ်ထွက်မည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။ နီးစပ်သူအချို့ကမူ ဇာဗီသည် အားကစားဒါရိုက်တာ ဒေကိုနှင့် ဆက်ဆံရေးအဆင်မပြေသည့်အတွက် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ထင်မြင်ချက်ပေးခဲ့ကြသည်။ ယခုအခါ အသင်းဥက္ကဋ္ဌ…

Read More

အိန္ဒိယ၏ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်မင်းသမီးသုံးဦး အပြိုင်သရုပ်ဆောင်ထားသည့် Crew ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လကုန်တွင် ရုံတင်ပြသတော့မည်ဖြစ်သည်။ ယင်းဇာတ်ကားတွင် ကရီနာကပူး ၊ တဘူးနှင့် ကရီသီဆာနွန်တို့ကို စွဲမက်ဖွယ်လေယာဉ် မယ်ကာရိုက်တာဖြင့် မြင်တွေ့ရမည်။ ၂၀၂၄ ခုနှစ်အတွင်း ပရိသတ်အမျှော်လင့်ဆုံး ဇာတ်ကားများတွင် Crew ဇာတ်ကားလည်း ပါဝင်ပြီး မကြာသေးမီက ဇာတ်ကား အမြည်းထွက်လာသည့်အတွက် ပရိသတ်က ပိုစိတ်ဝင်စားနေကြသည်။ ပရိသတ်များသာမက အိန္ဒိယရုပ်ရှင် အသိုင်းအဝိုင်းကြားမှာလည်း ယင်းဇာတ်ကားကို အာရုံစိုက်နေကြသည်။ ရုပ်ရှင်မင်းသမီး ပရီယန်ကာချိုပရာ နှင့် မင်းသားဗာရွန်ဒါဝမ်တို့က သူတို့၏ဆို ရှယ်မီဒီယာအကောင့်များတွင် Crew ဇာတ်ကားအမြည်းကို တွဲတင်လျက် အားပေးစောင့်စားနေကြောင်း ပြသခဲ့သည်။ပရီယန်ကာက အင်စတာဂရမ်စတိုရီတွင် obsessed#crew ဆိုသည့်စာနှင့်အတူ ဇာတ်ကားအမြည်းကို တင်ခဲ့သည်။ ခေါင်းဆောင်မင်းသမီးသုံးဦးကိုပါ ကရီနာက tag တွဲခဲ့သည်။ အလားတူ ဗာရွန်ဒါဝမ်ကလည်း အင်စတာဂရမ်စတိုရီတွင် ဇာတ်ကားအမြည်းနှင့်အတူ ကြည့်ချင်လွန်းသဖြင့် မစောင့်နိုင်တော့ဟု ရေးသားခဲ့သည်။ အိပ်မက်များကို အကောင်အထည်ဖော်မည့် လေယာဉ်မယ်သုံးဦးကို ထင်မှတ်မထားသည့် ကံဆိုးမှုများက အသင့်စောင့်ကြိုနေသည်ကို ပုံဖော်ရိုက်ကူးထားပြီး ဒါရိုက်တာ ရာဂျက်ရှ်အေခရစ်ရှ်နန်က ရိုက်ကူးသည်။ Crew ဇာတ်ကားကြီးကို မတ် ၂၉ ရက် ၊ သောကြာနေ့တွင် စတင်ရုံတင်မည်။ထိပ်တန်းမင်း သမီးသုံးဦးကို ဇာတ်ကားတစ်ကားတည်းတွင် မြင်ရမည်ဖြစ်သည့်အတွက် ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာတွင် Crew ကိုကြော်ငြာကတည်းက ပရိသတ်က နောက်ထပ်သတင်းထွက်အလာကို မျှော်နေခဲ့ကြသည်။ Crew က ကရီသီဆာနွန်အတွက် ယခုနှစ်အတွင်း ဒုတိယမြောက်ရုံတင်ဇာတ်ကား ဖြစ်သည်။ မင်းသားရှာဟစ်ကပူးနှင့် အချစ်ဇာတ်မြူးတစ်ကား ရိုက်ကူးထားပြီး ဖေဖော်ဝါရီ…

Read More