Author: admin

ခရိုင်းမီးယားကျွန်းဆွယ်ကို တိုက်ခိုက်နိုင်ဖွယ်ရာရှိသည့်အလားအလာများအား ဂျာမနီတာဝန်ရှိသူများ ဆွေးနွေးထားသည့် ပေါက်ကြားခဲ့သော ပြောစကားများတွင်ပါဝင်သော အကြောင်းအရာများသည် အ နောက်နိုင်ငံများအနေဖြင့် ယူကရိန်းပဋိပက္ခတွင် ပါဝင်လျက်ရှိသည်ကို သက်သေထူနေသည်ဟု မတ် ၄ ရက်တွင် ရုရှားအစိုးရက ပြောကြားခဲ့သည်။ ယင်းပေါက်ကြားမှုသည် ဂျာမနီအစိုးရအတွက် အရှက်ရစရာဖြစ်စေခဲ့သည်။ ဂျာမနီသည် ခဲယမ်းပြတ်လပ်မှု ပြဿနာကို ရင်ဆိုင်နေရသည့် ယူကရိန်းထံ တော်ရက်စ် ဒုံးကျည်များ ပံ့ပိုးပေးရန် ဖိအားပေးခံနေရသည်။ “စကားပြောဆိုထားတာတွေဟာ ယူကရိန်းပဋိပက္ခမှာ အနောက်အုပ်စုရဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှုကို ထပ်မံ မီးမောင်းထိုးပြလိုက်တာဖြစ်ပါတယ်”ဟု ရုရှားအစိုးရပြော ရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြော ကြားခဲ့သည်။ ဂျာမနီ အရာရှိများ အချင်းချင်းပြောဆိုထားသည့် ၃၈ မိနစ်ကြာ ဆွေးနွေးမှုကို အသံဖမ်းယူထားသည်များကို မတ် ၁ ရက်ညပိုင်းတွင် ရုရှားလူမှုမီဒီယာ၌ ပို့စ်တင်ခဲ့သည်။ ဂျာမနီအရာရှိများသည် ဂျာမနီလုပ်တော်ရက်စ် ဒုံးကျည်များကို ယူကရိန်းတွင် အသုံးပြုနိုင်မည့်အလားအလာကိုလည်းကောင်း၊ ယင်းဒုံးကျည်များ၏ ဖြစ်လာနိုင်ဖွယ်ရာ သက်ရောက်မှုများကိုလည်းကောင်း ဆွေးနွေးထားသည်ကို ပေါက်ကြားသော အသံဖိုင်တွင် ကြားရသည်။ ဆွေးနွေးခဲ့သော အကြောင်းအရာများထဲတွင် ရုရှားကုန်းမကြီးနှင့် ၂၀၁၄ ခုနှစ်တွင် ရုရှားသိမ်းယူခဲ့သော ခရိုင်းမီးယားကျွန်းဆွယ်တို့ကို ဆက်သွယ်ထားသည့် ကာ့ချ်ရေလက်ကြားရှိ အရေးပါသော တံတားလို ပစ်မှတ် များကို တော်ရက်စ် ဒုံးကျည်များဖြင့် ချိန်ရွယ်ထားမည့် ကိစ္စပါဝင်ခဲ့သည်။ အသံဖမ်းယူမှုသည် လေတပ်ဌာနခွဲတစ်ခုတွင် ကြားဖြတ်အသံဖမ်းယူခံရသည့် စကား ပြောဆိုမှုများပါဝင်သည်ဟုယုံကြည်ကြောင်း ဂျာမနီက ပြောကြားခဲ့သော်လည်း ယင်းပြောစကားများကို တည်းဖြတ်ထားခြင်းရှိမရှိဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ပေ။ အသံဖမ်းယူထားသည့် အကြောင်းအရာများကိုယ်တိုင်က ဂျာမနီစစ်တပ်အနေဖြင့် ရုရှားနယ်မြေကို တိုက်ခိုက်ရန်အစီအစဉ်များကို ထိထိရောက်ရောက် ခြေခြေမြစ်မြစ်ဆွေးနွေးနေသည်ကို ဖော်ပြနေကြောင်း ရုရှားအစိုးရ…

Read More

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ၎င်းတို့၏ နှစ်စဉ်ပြုလုပ်မြဲ နွေဦးရာသီစစ်ရေးလေ့ကျင့်မှုများကို မတ်လ ၄ ရက်တွင် စတင်ခဲ့ပြီး ယင်းစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် တပ်ဖွဲ့ဝင်အရေအတွက်သည် ယမန် နှစ်ထက် နှစ်ဆပိုများသည်ဟုတာဝန်ရှိသူများက ပြောကြားခဲ့သည်။ မဟာမိတ်နိုင်ငံများဖြစ်သည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးလက်နက်အန္တရာယ် မြင့်တက်လာမှုကို ပိုမိုထိရောက်စွာတုံ့ပြန်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ မြောက်ကိုရီးယားက ၎င်းတို့၏ နျူကလီးယားစွမ်းရည်ကို တိုးမြှင့်တည်ဆောက်ကာ ဒုံးလက်နက်နှင့် အခြားလက်နက်စမ်းသပ်မှုများကိုု အရှိန်မြှင့်လုပ်ဆောင်နေစဉ် တောင်ကိုရီးယားနှင့် အမေရိကန်တို့က Freedom Shield ဟုအမည်ရသော ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ်လ ၄ ရက်မှ ၁၄ ရက်အထိ ပြု လုပ်သွားမည်ဖြစ်သည်။ ယင်းသည် ကိုရီးယားနှစ်နိုင်ငံအကြား ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီချက်ကို မြောက်ကိုရီးယားဘက်က ဖျက်သိမ်းခဲ့ပြီး နောက်ပိုင်း၎င်းစစ်ရေးလေ့ကျင့်မှုကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။ ထို့ပြင် မဟာမိတ်နှစ်နိုင်ငံသည် ငါးရက်ကြာပြုလုပ်မည့် နှစ်စဉ်ပြုလုပ်မြဲတပ်ရင်းအဆင့် SSangmae စစ်ရေးလေ့ကျင့်မှုများကို စတင်နေပြီဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေး ဝန်ကြီးဌာနက မတ်လ ၄ ရက်တွင် ပြောကြားသည်။ Freedom Shield စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် နှစ်ဖက်တပ်ဖွဲ့ဝင် အရေအတွက်သည် ယမန်နှစ်ထက် နှစ်ဆပိုများပြီး လေကြောင်းထိုးစစ်ဆင်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင်လက်တွေ့ပူးတွဲ လေ့ကျင့်မှုအစီအစဉ် ၄၈ ခု ပါဝင်ကြောင်း တောင်ကိုရီးယားစစ်တပ်၏ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့(JCS)က ပြောကြားသည်။ ယင်းစစ်ရေးလေ့ကျင့်မှုများသည် ခရုစ်ဒုံးကျည်များကို ရှာဖွေထောက်လှမ်းကာတိုက်ခိုက်ချေမှုန်းခြင်း အပါအဝင် မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုများကို တန်ပြန်ချေဖျက်ရန် အဓိကရည်ရွယ်ကြောင်း JCS ပြောခွင့်ရ ဗိုလ်မှူးကြီး လီဆောင်ဂျွန်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားက…

Read More

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံးနှင့် လွိုင်လင်မြို့နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် တစ်လကျော်အတွင်း စစ်ဘေးရှောင်ဦးရေ ၉၅၀၀၀ ကျော် ရှိလာကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး(PYO) က မတ် ၄ ရက်တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှ မတ် ၂ ရက်အထိ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားသည့်အခြေအနေများကို စစ်တမ်းကောက်ယူပြီး ပအိုဝ်းလူငယ် အစည်းအရုံး(PYO) က ထုတ်ပြန်ရာတွင် အထက်ပါအချက်ကို ထည့်သွင်းဖော်ပြထားခြင်းလည်း ဖြစ်သည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၆၃၁၇၉ ဦး၊ ဟိုပုံးမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၀၆၇၇ ဦးနှင့် လွိုင်လင်မြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁၂၀၈၆ ဦး ရှိကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး(PYO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ဘေးရှောင်ဦးရေ ၉၅၀၀၀ ကျော်ရှိသည့်အနက် လူဦးရေ ၂၀၀၀၀ ကျော်မှာ ၂၀၂၂-၂၀၂၃ ခုနှစ်ကတည်းက ကယားပြည်နယ်မှ ရှမ်းပြည်နယ် တောင်ပိုင်းသို့ စစ်ရှောင်လာသူများဖြစ်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး(PYO) က ဆိုသည်။ ရှမ်းပြည်တောင်ပိုင်းတွင် တပ်မတော်၊ ပအိုဝ်းပြည်သူ့စစ်(PNA) ပူးပေါင်းတပ်နှင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မဟာမိတ်တပ်တို့အကြား လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သား ၄၇ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး(PYO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အရပ်သားများ ထိခိုက်သေဆုံးဒဏ်ရာရသည့် အကြောင်းရင်းများထဲတွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့်…

Read More

နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ဒုတိယကုန်သွယ်မှုအများဆုံးဖြစ်သော်လည်း ကုန်သွယ်မှုလမ်း အခက်အခဲများကြောင့် မြဝတီနယ်စပ်မှ ပြည်ပသို့ပို့ကုန်ရော ပြည်တွင်းသို့ သွင်းကုန်ပါ များစွာလျော့ကျလာသည့်အတွက် ယခု၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်သစ် ၁၁ လပြည့်ရန် တစ်ပတ်အလိုတွင် ယခင်နှစ်ကာလတူကထက် ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ ၇၈၀ ဒသမ ၁၂၉ သန်းထိ လျော့ကျခဲ့ကြောင်း သိရသည်။ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာ နှစ်သစ်ဖြစ်သော ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်ထိ ထိုင်းနိုင်ငံဘက်သို့ လယ်ယာထွက်ကုန်ပြောင်း ဆန်နှင့် ရေသယံဇာတ ငါးပုစွန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၉၅ ဒသမ ၇၇၀ သန်းဖိုးသာတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူက တင်ပို့ခဲ့သည့် အမေရိကန်ဒေါ်လာ ၆၅၅ ဒသမ ၆၂၂ သန်းနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၅၉ ဒသမ ၈၉၃ သန်း ထိလျော့ကျလျက်ရှိကြောင်း စီးပွားကူးသန်းဌာန၏ထုတ်ပြန်ချက်အရ သိရသည်။ ယင်းကဲ့သို့ ပို့ကုန်တင်ပို့မှုလျော့ကျလာခြင်းမှာ ကုန်သွယ်ရေးမူဝါဒအပြောင်းအလဲနှင့် ကုန်သွယ်ရေးလမ်းကြောင်း အခက်အခဲများကြောင့်ဖြစ်ပြီး ယခုနှစ်တွင် တရားမဝင်ကုန်သွယ်မှုမှာလည်း ယခင်ထက်အားကောင်းလာသည်ဟု နယ်စပ်ကုန်သွယ်တစ်ဦးက ပြောကြားသည်။ ထို့အတူ ထိုင်းနိုင်ငံထုတ်ကုန်စည်များ ပြည်တွင်းစျေးကွက်သို့ တရားဝင်တင်သွင်းမှုမှာလည်း ယခင်နှစ်ကထက်လျော့ကျလျက်ရှိပြီး၂၀၂၃ခု ဧပြီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်ထိ အမေရိကန် ဒေါ်လာ ၇၉၀ ဒသမ ၁၉၁ သန်းသာ ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူက ကုန်သွယ်ခဲ့သည့် အမေရိကန်ဒေါ်လာ ၁၂၁၀ ဒသမ ၄၂၇ သန်းနှင့် နိုင်းယှဉ်ပါက ဒေါ်လာ…

Read More

မန္တလေးမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာခြင်းမရှိသည့် ယာဉ်များကို အရေးယူခြင်းမပြုသေးဘဲ မတ် ၂ ရက်မှ ၁၃ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။ မန္တလေးမြို့ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ မြို့နယ်အသီးသီးအလိုက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိခြင်းဖြစ်ရာ လတ်တလောဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး “ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာခြင်းမရှိတဲ့ ယာဉ်တွေကို လတ်တလောအရေးယူခြင်းလုံးဝမရှိဘဲ ပညာပေးကာလအဖြစ်သတ်မှတ်ပြီး ဆောင်ရွက်နေပါတယ်။ ဦးထုပ်မဆောင်းတဲ့ ဆိုင်ကယ်တွေကို အရေးယူခြင်းမပြုလုပ်ဘဲ ပညာပေးအနေနဲ့ ဆောင်ရွက်သလို ဦးထုပ်တွေအခမဲ့ပေးဝေတာမျိုး၊ ခါးပတ်မပတ်တဲ့ ကားတွေကိုလည်း ပညာပေးအနေနဲ့ပဲပြောကြားပြီး စေလွှတ်ပါတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရေးနဲ့ ယာဉ်အန္တာရယ်ကင်းရှင်းစေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်နေရခြင်းဖြစ်ပါတယ်” ဟု အမှတ်(၈၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (အမရပူရမြို့နယ်)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး နိုင်လင်းက ပြောကြားသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး၊ နယ်မြေခံရဲတပ်ဖွဲ့အသီးသီးပါဝင်သောအဖွဲ့များမှ မန္တလေးမြို့တွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းပညာပေးများကို Mobile ပြုလုပ်နေခြင်းဖြစ်ပြီး မတ် ၂ ရက်မှစတင်ခဲ့ရာ ၁၃ ရက်ထိ ပညာပေးဆောင်ရွက်သွားမည်ဖြစ်သည်။

Read More

ဘိုင်ယန်မြူးနစ်အသင်း၏နည်းပြ သောမတ်စ်တူဟယ်လ်က လာဇီယိုနှင့်ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲတွင် မိမိတို့ရည်မှန်းထားသည့် ရလဒ်ရရှိအောင် ပရိသတ်များက ကူညီပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ဘို်င်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ်(၁၆)သင်း အဆင့်ပထမအကျော့တွင် လာဇီယိုအသင်းကို အဝေးကွင်း၌ (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ထားသည့်အတွက် အိမ်ကွင်း၌ ပြန်လည် အနိုင်ရရှိရန် လိုအပ်နေသည်။ ယင်းအခြေအနေအတွက် သောမတ်စ်တူဟယ်လ်က ”အခြေအနေဟာ အရမ်းကို ရှင်းလင်းပါတယ်။ ကျွန်တော်တို့ ထိပ်တန်းစွမ်းဆောင်ရည်ရရှိဖို့ ဖိအားလိုအပ်ပါတယ်။ ဖိအားဆိုတာက သာလွန်ထူးခြားတဲ့ စွမ်းဆောင်ရည်ကိုရရှိဖို့ လိုအပ်တဲ့အရာပါ။ ကျွန်တော်တို့ ကောင်းကောင်းဖွဲ့စည်းထားတဲ့ မော်ရီဇီယိုဆာရီရဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ကစားရမယ်ဆိုတာ သိထားပါတယ်။ ပရိသတ်တွေနဲ့ အိမ်ကွင်းရဲ့အငွေ့အသက်က ကျွန်တော်တို့ကို အကူအညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ ရည်မှန်းထားတဲ့ (၂)ဂိုးအနိုင်ရလဒ်ကို ရယူနိုုင်မှာပါ”ဟု ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် လေဗာကူဆင်အသင်းနှင့် (၁၀)မှတ်ကွာဟသွားပြီဖြစ်သောကြောင့် ဆုဖလားမျှော်လင့်ချက်မှာ ချန်ပီယံလိဂ်သာ ရှိတော့သည့်အခြေအနေဖြစ်ပြီး နောက်တစ်ဆင့် မတက်နိုင်ခဲ့ပါက တူဟယ်လ်အနေဖြင့် ရာထူးမှ ထုတ်ပယ်ခံရနိုင်ကြောင်း ထင်ကြေးပေးမှုများလည်း ရှိနေသည်။ ထို့ပြင် အသင်း၏တိုက်စစ်မှူး ဟာရီကိန်းအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။ ဟာရီကိန်းနှင့်ပတ်သက်၍မူ တူဟယ်လ်က ”သူက အပိုတွန်းအားပေးဖို့ မလိုအပ်တဲ့သူပါ။ သူက အသင်းတိုင်း၊ ကစားသမားတိုင်းကို သက်ရောက်မှုရှိစေနိုင်သူပါ။ သူ အသင်းမှာရှိနေတာ ကျေနပ်စရာဖြစ်ပြီး ဒါဟာ နည်းပြတစ်ယောက်အတွက် လက်ဆောင်လည်းဖြစ်ပါတယ်။ မနက်ဖြန်(လာဇီယိုနဲ့ပွဲ) သူ စွမ်းဆောင်ပြပါလိမ့်မယ်။ သူ့ကို ကျွန်တော်တို့ (၁၀၀%) အားကိုး နိုင်ပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

Read More

ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဂျူနီယာအား ကလေးငယ်တစ်ဦးက လူမျိုးရေးခွဲခြားမှုပြုလုပ်နေသည့် ဗီဒီယိုဖိုင်ကို လာလီဂါပြိုင်ပွဲက စစ်ဆေးလျက်ရှိကြောင်း သိရသည်။ မတ် ၂ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ဗလင်စီယာ (၂-၂) ရီးယဲလ်မက်ဒရစ် လာလီဂါပွဲစဉ်တွင် ရီးယဲလ်အသင်းအတွက် ချေပဂိုးနှစ်ဂိုးစလုံးကို ဗင်နီစီယပ်စ်က သွင်းယူပေးခဲ့သည်။ ပြီးခဲ့သည့်နှစ် မေလအတွင်း ဗလင်စီယာအသင်း၏ကွင်း၌ ကစားသည့်ပွဲတွင် လူမျိုးရေးခွဲခြားမှုဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံး ပြန်လည်ယှဉ်ပြိုင်ရသည့်ပွဲတွင် အလားတူဖြစ်ရပ် ထပ်မံဖြစ်ပွားခဲ့ဖွယ်ရှိနေခြင်းဖြစ်သည်။ လူမှုမီဒီယာ၌ထွက်ပေါ်နေသည့် ဗီဒီယိုဖိုင်တွင် ကလေးငယ်တစ်ဦးက ဗင်နီစီယပ်စ်အား ” မျောက်” ဟု ခေါ်၍ လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့ဖွယ်ရှိသည့် ဖြစ်ရပ်ကို လာလီဂါပြိုင်ပွဲက စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း The Athletic အားကစားသတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။ အဆိုပါဗီဒီယိုကို အမျိုးသမီးတစ်ဦးက ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ပွဲကစားနေစဉ်မှာပင် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်ရာသီက လူမျိုးရေးခွဲခြားမှု ဖြစ်စဉ်တွင် လူသုံးဦးဖမ်းဆီးခံရပြီး ဗလင်စီယာအသင်းမှာ ကွင်းအစိတ်အပိုင်းတစ်ခု ငါးပွဲပိတ်ပင်သည့်ပြစ်ဒဏ် (အယူခံဝင်ပြီးနောက် သုံးပွဲသို့လျှော့ချပေး) နှင့် ဒဏ်ကြေး ချမှတ်ခံခဲ့ရသည်။ ဗင်နီစီယပ်စ်သည် လာလီဂါပြိုင်ပွဲတွင် ပြိုင်ဘက်ပရိသတ်များ၏ လူမျိုးရေးခွဲခြားမှု အကြိမ်ကြိမ်ရင်ဆိုင်နေရပြီး ပြီးခဲ့သည့် ၁၈ လအတွင်း လူမျိုးရေးခွဲခြားမှု ရှစ်ကြိမ်ကြုံတွေ့ခဲ့ရသည်။

Read More

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်း၏ တိုက်စစ်မှူး နေမာက မက်ဆီအပါအဝင် ဘာစီလိုနာအသင်းဖော်ဟောင်းများနှင့် ပြန်တွဲကစားလိုသည်ဟု ဝန်ခံပြောကြားခဲ့သည်။ ဘာရိန်းနိုင်ငံတွင် ဖော်မြူလာဝမ်းပြိုင်ပွဲ သွားရောက်ကြည့်ရှုခဲ့သည့်နေမာကို မက်ဆီနှင့် ပြန်တွဲကစားလိုသလားဟု မေးမြန်းခဲ့ရာ ၎င်းက ”ကျွန်တော်တို့ ထပ်ပြီးအတူတွဲကစားခွင့်ရဖို့ မျှော်လင့်ပါတယ်။ သူက တကယ်ကောင်းတဲ့သူပါ။ မိုင်ယာမီမှာ သူပျော်တယ်လို့ ထင်ပါတယ်။ သူ ပျော်ရင် ကျွန်တော်လည်း ပျော်ပါတယ်”ဟု ပြောကြားခဲ့သည်။ အင်တာမိုင်ယာမီအသင်းတွင် မက်ဆီနှင့်အတူ ဘာစီလိုနာကစားသမားဟောင်းများဖြစ်သည့် ဆွာရက်ဇ်၊ ဘူးစကွက်စ်နှင့် အယ်လ်ဘာတို့ ရောက်ရှိနေသည်။

Read More

အယ်လ်နာဆာအသင်းမှ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို၏ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်က စီရော်နယ်လ်ဒိုသည် လာမည့် (၁)နှစ်၊ (၂)နှစ်အတွင်း ကစားသမားဘဝမှ အနားယူတော့မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ဂျော်ဂျီနာရိုဒရီဂွက်ဇ်သည် ပါရီဖက်ရှင်ပွဲတော်သို့ ရောက်ရှိနေစဉ်တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အဆိုပါဖက်ရှင်ပြပွဲ၌ စီရော်နယ်လ်ဒို၏ မန်ယူအသင်းဝတ်စုံအား ဆန်းသစ်ဖန်တီးထားသည့် အနီရောင် ဂါဝန်ရှည်ကိုလည်း ဝတ်ဆင်ပြသခဲ့သည်။ အကျႌရင်ဘတ်တွင် စီရော်နယ်လ်ဒို၏အမည်နှင့် ကျောနံပါတ် (၇)လည်း ပါဝင်ခဲ့သည်။ ထို့ပြင် စီရော်နယ်လ်ဒို ရေးသားထားသည့်”For the love of my life, Gio” ဟူသည့် စာသားနှင့် စီရော်နယ်လ်ဒို၏ လက်မှတ်လည်း ပါဝင်ခဲ့သည်။ အဆိုပါဖက်ရှင်ပွဲ၌ စီရော်နယ်လ်ဒို အနားယူမည့် အချိန်နှင့်ပတ်သက်၍ မေးမြန်းမှုကို ဂျော်ဂျီနာရိုဒရီဂွက်ဇ်က ”တစ်နှစ်အတွင်း အဆုံးသတ်နိုင်ပါတယ်။ ဒါမှမဟုတ် (၂)နှစ်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်မ မသိပါဘူး”ဟု ပြောကြားခဲ့သည်။ ၎င်းက မသေချာသေးသည့်သဘော ပြောကြားခဲ့သော်လည်း မီဒီယာအချို့ကမူ စီရော်နယ်ဒိုအနေဖြင့် အနားယူမည့်အချိန်နှင့် ပတ်သက်ပြီး မိသားစုနှင့် ဆွေးနွေးတိုင်ပင်ထားပြီးဖြစ်သောကြောင့် ဂျော်ဂျီနာရိုဒရီဂွက်ဇ်က ယခုလို ပြောကြားခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ဖော်ပြခဲ့ကြသည်။ လက်ရှိအချိန်၌ အသက်(၃၉)နှစ်ရှိပြီဖြစ်သော စီရော်နယ်လ်ဒိုသည် အသက်(၄၀)ကျော်သည်အထိ ဘောလုံးကစားရန် ဆန္ဒရှိနေသလို၊ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ယှဉ်ပြိုင်ကစားရန် ဆန္ဒရှိနေသည်။ သို့သော် ၎င်း၏ ခြေစွမ်းအနေအထားအပေါ်မူတည်၍ ဆုံးဖြတ်ဖွယ်ရှိရာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ၎င်း၏နောက်ဆုံးပြိုင်ပွဲဖြစ်သွားနိုင်ကြောင်းလည်း သိရသည်။

Read More

မာ့ခ်ဖီးဟီလီသည် ကျန်းမာရေးအခြေအနေကြောင့် Westlife အဖွဲ့မှနုတ်ထွက်ခဲ့သည်ဟု သိရသည်။ အသက် ၄၃ နှစ်အရွယ် မာ့ခ်သည် အဆုတ်ရောင်ရောဂါ ဖြစ်ပွားခဲ့ပြီး ယင်းနောက် ခွဲစိတ်ကုသမှုလုပ် ဆောင်ခဲ့ရသဖြင့် ၂၀၂၂ ခုနှစ်တွင် အဖွဲ့၏ Wild Dreams ကမ္ဘာလှည့် ဖျော်ဖြေမှုအစီအစဉ်တွင် ဖျော်ဖြေပွဲ အများအပြား၌ ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။ Westlife အဖွဲ့သည် ၎င်းတို့၏ အမေရိကန် ဖျော်ဖြေပွဲခရီးစဉ်များကို မစတင်မီ ရက်ပိုင်းအလိုတွင်မာ့ခ် က သူသည် ကျန်းမာရေးအခြေအနေ များကို ဆက်လက်ရင်ဆိုင်နေရ သောကြောင့် အဖွဲ့မှ နုတ်ထွက်လိုက် ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အဖွဲ့၏ Instagram အကောင့်တွင် ဖော်ပြထားသော ပိုစ့်တစ်ခု၌ “ဟယ်လို ကျွန်တော်မာ့ခ်ပါ။ကျွန်တော် ကျန်းမာရေးပြဿနာတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတာ အများစုကတော့ သတိပြုမိကြမှာပါ။ကျန်း မာရေးပြဿနာတွေက ကျွန်တော်ခွဲစိတ်ကုသခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် သြဂုတ်လကနေ စတင်ခဲ့တာသုံးနှစ်ခွဲ လောက်ရှိနေပါပြီ။ ဒီခွဲစိတ်မှုလုပ်ဆောင်တဲ့ ရက်အနည်းငယ်အတွင်းမှာ ကျွန်တော် ဆိုးဆိုးရွားရွားနာကျင်မှုကို ခံစားခဲ့ရပါတယ်” ဟုဆိုသည်။ “ကျွန်တော် ခွဲစိတ်ကုသမှုနဲ့အတူ နောက်ဆက်တွဲခံစားရတဲ့ ဝေဒနာတွေကြောင့် ICU မှာ နေခဲ့ရပြီးနောက် တဖြည်းဖြည်းနဲ့ အဲဒီဆိုးရွားတဲ့နေ့ရက်တွေ ကုန်ဆုံးခဲ့ပါတယ်” ဟု ဆိုသည်။ “ကျွန်တော် ကိုဗစ်လော့ဒေါင်း ကာလတုန်းက ဆေးရုံမှာ လအနည်းငယ်နေလိုက်ရပြီး ကိုဗစ်ကန့်သတ် ချက်တွေကြောင့် ကျွန်တော့်ရဲ့ဇနီးလောင်းနဲ့ ၁၀ လအရွယ်သမီးလေး အပါအဝင် ဧည့်တွေ့ခွင့်တောင်မရ ပါဘူး။အဲဒီအချိန်က ကျွန်တော့်ရဲ့ စိတ်ရော လူပါအရမ်းခက်ခဲတဲ့ အချိန်ဖြစ်ခဲ့ပါတယ်”ဟုမာ့ခ်က ပြောပြ ခဲ့သည်။ မာ့ခ်သည် ယင်းနှစ် ဒီဇင်ဘာလတွင် ဆေးရုံက…

Read More