ဆော်ဒီကလပ် အယ်လ်ဟီလာအသင်း၏ တိုက်စစ်မှူး နေမာက မက်ဆီအပါအဝင် ဘာစီလိုနာအသင်းဖော်ဟောင်းများနှင့် ပြန်တွဲကစားလိုသည်ဟု ဝန်ခံပြောကြားခဲ့သည်။
ဘာရိန်းနိုင်ငံတွင် ဖော်မြူလာဝမ်းပြိုင်ပွဲ သွားရောက်ကြည့်ရှုခဲ့သည့်နေမာကို မက်ဆီနှင့် ပြန်တွဲကစားလိုသလားဟု မေးမြန်းခဲ့ရာ ၎င်းက ”ကျွန်တော်တို့ ထပ်ပြီးအတူတွဲကစားခွင့်ရဖို့ မျှော်လင့်ပါတယ်။ သူက တကယ်ကောင်းတဲ့သူပါ။ မိုင်ယာမီမှာ သူပျော်တယ်လို့ ထင်ပါတယ်။ သူ ပျော်ရင် ကျွန်တော်လည်း ပျော်ပါတယ်”ဟု ပြောကြားခဲ့သည်။
အင်တာမိုင်ယာမီအသင်းတွင် မက်ဆီနှင့်အတူ ဘာစီလိုနာကစားသမားဟောင်းများဖြစ်သည့် ဆွာရက်ဇ်၊ ဘူးစကွက်စ်နှင့် အယ်လ်ဘာတို့ ရောက်ရှိနေသည်။