Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ရုရှားသမ္မတဗလာဒီမာပူတင်က အနောက်အုပ်စုသည် ယူကရိန်းစစ်ပွဲကိုအ ရှိန်မြင့်တက်လာအောင် လုပ်မည်ဆိုပါက နျူကလီးယားစစ်ပွဲ၏စစ်မှန် သောအန္တရာယ်ရှိလာမည်ဟုဖေဖော်ဝါရီ ၂၉ ရက်တွင် သတိ ပေးခဲ့ပြီး ရုရှားပြည်သူများကိုပြောကြားသည့် နှစ်စဉ်မိန့်ခွန်းတွင် ရန်တုံ့ပြန်လိုပြီး ရဲတင်းသောသဘောထားကို ပြသလိုက်ခြင်းဖြစ်သည်။ ၎င်း၏စစ်သားများသည် ယူကရိန်းတွင် စစ်ချီလျက်ရှိသည်ဟု မော်စကိုတွင်ပြောကြားသောမိန့်ခွန်းတွင် ပူတင်ကပြောကြားခဲ့ပြီး ယူကရိန်းသို့စစ်သားပို့ရဲသော နိုင်ငံတိုင်း အတွက်ဆိုးရွားသော အကျိုးဆက်များကို အ နောက်အုပ်စုအား သတိပေးခဲ့သည်။ “သူတို့က ယူကရိန်းကို(နိုင်ငံ)ကိုယ်စားပြုတပ်ဖွဲ့တွေပို့မယ့် အလားအလာကို ပြောကြားခဲ့ပါတယ်။ ဖြစ်လာနိုင်ဖွယ်ရာရှိတဲ့ ကြားဝင်စွက်ဖက်သူတွေအတွက် အကျိုးဆက်တွေဟာ ပိုမိုဆိုးရွားပါလိမ့်မယ်”ဟု မိန့်ခွန်းတွင် ၎င်းကပြောကြားခဲ့သည်။ “သူတို့ရဲ့နယ်မြေထဲက ပစ်မှတ်တွေကို ထိမှန်အောင်ပစ်နိုင်တဲ့ လက်နက်တွေ ကျွန် တော်တို့ဆီမှာရှိနေတယ်ဆိုတာ နောက်ဆုံးမှာ သူတို့သဘောပေါက်ထားသင့်ပါတယ်။ အနောက်အုပ်စုက လုပ်ဆောင်တာမှန်သမျှဟာ နျူကလီးယားလက်တွေ သုံးမယ့်တကယ့်ပဋိပက္ခဖြစ်လာမယ့်ခြိမ်းခြောက်မှုကို ဖန်တီးနေတာဖြစ်ပြီး အကျိုးဆက်ကတော့ လူသားတွေသေကျေပျက်စီးတာကို ဖန်တီးနေတာဖြစ်ပါတယ်”ဟု ပူတင်ကသတိပေးခဲ့သည်။ ယူကရိန်းနိုင်ငံသို့ စစ်သားများစေလွှတ်ရေးကိစ္စကို ငြင်းပယ်ခြင်းမပြုကြောင်း ယခုသီတင်းပတ် အစောအပိုင်းတွင် ပြင်သစ်သမ္မတအမ်မန်နျူရယ်မက်ခရွန်ပြောဆိုခဲ့သောစကားကို ပူတင်ကတုံ့ပြန်လိုက်ပုံရ သည်။အခြားသောဥရောပခေါင်းဆောင်များကမူ ယူကရိန်းသို့ စစ်သားများစေလွှတ်ရေးကိစ္စကို အလျင်အမြန် ပယ်ချခဲ့ကြသည်။ မည်သို့ဆိုစေ မက်ခရွန်၏ပြောစကားက ရုရှားကို စိတ်တိုစရာဖြစ်စေခဲ့သည်။ ရုရှားက ၎င်းနှင့်ယူကရိန်းတို့ဖြစ်ပွားနေသော စစ်ပွဲကိုနေတိုးနှင့်ပါစစ်ခင်းနေရသည့် ‘မျိုးစပ်စစ်ပွဲ’ အဖြစ်ရှုမြင်ထားသည်မှာကြာပြီဖြစ်သည်။ သို့ရာတွင် ပူတင် တုံ့ပြန်ပြောဆိုသော စကားများသည် ဝေဖန်ပြစ်တင်မှုခံခဲ့ရသည်။ “သမ္မတပူတင်ဆီကနေ တာဝန်မဲ့တဲ့လေလုံးထွားပြောဆိုမှုတွေကို ကျွန်တော်တို့ကြားနေရတာဟာ ပထမဆုံး အကြိမ်မဟုတ်ပါဘူး”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မတ်သရူးမေလာက ဖေဖော်ဝါရီ ၂၉ ရက်တွင် သတင်းထောက်များကိုပြောကြားခဲ့သည်။ “ဒါဟာ နျူကလီးယားလက်နက်တပ်ဆင်ထားတဲ့ နိုင်ငံရဲ့ခေါင်းဆောင်တစ်ဦး ပြောရမယ့်စကား မဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။…
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဖေဖော်ဝါရီ ၂၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် စားသောက်ဆိုင်မီးလောင်မှုသည် လုံခြုံရေးသတိလစ်ဟင်းမှုကြောင့်ဖြစ်ကြောင်း မီးသတ်သမားများက မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။ ထိုမီးလောင်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိသူများရှိပြီး ဆေးရုံတွင် ကုသမှုခံယူနေသည့် လူနာများအနက် အသက်အန္တရာယ်စိုးရိမ်ရသည့် လူနာများပါဝင်နေသဖြင့် သေဆုံးသူအရေအတွက်သည် မြင့်တက်လာဖွယ်ရှိ သည်။ ဖေဖော်ဝါရီ ၂၉ ရက်က မီးလောင်မှုဖြစ်စဉ်သည် ဒါကာမြို့တော်၏ Bailey Road ရပ်ကွက်ရှိ ခုနစ်ထပ်တိုက် အဆောက်အအုံ၏ မြေညီထပ်တွင် ဖွင့်လှစ်ထားသည့် နာမည်ကြီး ဒန်ပေါက်ဆိုင်တစ်ဆိုင်တွင် စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ထို့နောက် အဆောက်အအုံတစ်ခုလုံး မီးစွဲလောင်ခဲ့ပြီး မီးသတ်သမားများသည် မီးကို ထိန်းချုပ်နိုင်ရန် အချိန်နှစ်နာရီကြာ ငြိှမ်းသတ်ခဲ့ရသည်။ မီးလောင်ကျွမ်းချိန်တွင် အဆိုပါ အဆောက်အအုံတွင် ဖွင့်လှစ်ထားသည့် အခြားစားသောက်ဆိုင်များ၏ မီဖိုချောင်များနှင့် လှေကားခွင်များတွင်ထားရှိသည့် ဟင်းချက်ဂက်စ်အိုးအများအပြားကြောင့် မီးလောင်မှုကို ပိုဆိုဆိုးရွားစေခဲ့သည်ဟု မီးသတ်ဌာနမှ ညွှန်ကြားရေးမှူး ရီဇာအူလ်ကာရင်မ်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။ “မီးလောင်တဲ့အချိန်မှာ ဂက်စ်အိုးတွေ ပေါက်ကွဲသံတွေကို လူတွေကကြားခဲ့ရပါတယ်”ဟု ၎င်းကဆိုသည်။ အမျိုးသား မီးသတ်ဌာနအကြီးအကဲ မာအင်အူဒင်ကလည်း ထိုအဆောက်အအုံတွင် ဘေးကင်းလုံခြုံရေး စံနှုန်းများ အားနည်းကြောင်း ပြောကြားခဲ့သည်။ “အဆောက်အအုံမှာ လှေကားခွင်နှစ်ခု ဒါမှမဟုတ် အရေးပေါ်ထွက်ပေါက်တောင်မရှိပါဘူး။ လူအများစုက မီးခိုးမွှန်ပြီး သေဆုံးခဲ့တာပါ”ဟု ၎င်းက ပြောသည်။ အစောပိုင်းစုံစမ်းစစ်ဆေးမှုများအရ ဒန်ပေါက်ဆိုင်၏ ဂက်စ်အိုးတစ်လုံးတွင် မီးစတင်လောင်ကျွမ်းမှုမှတစ်ဆင့် ကြီးမားသည့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထိုမီးလောင်မှုကြောင့် သေဆုံးသူစုစုပေါင်း ၄၅ ဦးရှိပြီး ဒဏ်ရာရသူများအနက် ၁၅…
ဗီယက်နမ်ခေါင်းဆောင်များသည် နိုင်ငံတကာကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားလုံးနီးပါးကို ကန့်သတ်ပြီး အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုအောက်တွင် ဘောင်ခတ်ထားမည့် လျှို့ဝှက်ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်းသည် လူ့အခွင့်အရေးကို စနစ်တကျချိိုးဖောက်မည့် နောက်ထပ်လုပ်ဆောင်ချက်တစ်ခုဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။ Directive 24 အမည်ရှိ ထိုညွှန်ကြားချက်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ ဟနွိုင်းခရီးစဉ်မတိုင်မီ နှစ်လအလိုဖြစ်သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်သည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပေါင်းစည်းမှုကို ပိုမိုနက်ရှိုင်းစေရန် လုပ်ဆောင်နေချိန်တွင် အမျိုးသားလုံခြုံရေးကို စိတ်ချသေချာစေရန် ရည်မှန်းထားကြောင်း ညွှန်ကြားချက်တွင် ဖော်ပြခဲ့သည်ဟု ဗီယက်နမ်အရေးကို အာရုံစိုက်သည့် 88 Project အမည်ရှိ လူ့အခွင့်အရေးအဖွဲ့၏ သုံးသပ်ချက်တွင် ဖော်ပြခဲ့သည်။ တစ်ပါတီစနစ်ကျင့်သုံးသည့် ကွန်မြူနစ်နိုင်ငံ ဗီယက်နမ်သည် အကျိုးအမြတ်များသည့် နည်းပညာမြင့် ကုန်ထုတ်လုပ်မှုများကို ပိုမိုဖြစ်ထွန်းစေရန် စက်မှုလုပ်ငန်းကဏ္ဍကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် ပြည်ပရင်းနှီးမြှပ်နှံမှုများ ရရှိစေရန် တွန်းအားပေးလုပ်ဆောင်လျက်ရှိသည်။ Directive 24 ညွှန်ကြားချက်တွင် ပါတီနှင့် နိုင်ငံအဖွဲ့အစည်းများအတွက် အမိန့်ကိုးခုထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်များထဲတွင် ဗီယက်နမ်နိုင်ငံသားများ၏ ပြည်ပခရီးစဉ်များကို ထိန်းချုပ်ရန်၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးလှုပ်ရှားမှုများမှတစ်ဆင့် အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်သည့် သြဇာလွှမ်းမိုးမှုရယူရန် ကြိုးပမ်းမှုများကို ဟန့်တားရန်အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို အနီးကပ်စောင့်ကြည့်ရန် ညွှန်ကြားချက်များလည်း ပါဝင်ခဲ့သည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်ပ NGO များနှင့်ဆက်နွှယ်ပြီး အမျိုးသားလုံခြုံရေးအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မူဝါဒများကို တိတိကျကျ အကောင်အထည်ဖော်ရန်လည်း ညွှန်ကြားထားသည်။ ထိုညွှန်ကြားချက်ထုတ်ပြန်မှုကို တရားဝင်အတည်ပြုချက် မထွက်ပေါ်ခဲ့သော်လည်း 88…
တောင်သူလယ်သမားမျိုးဆက်သစ်များက လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် စိတ် ပါဝင်စားလာစေရန်အတွက် လယ်ယာကဏ္ဍစီမံကိန်းများကို အလေးထားဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောကြားသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဌာနချုပ်၌ မတ် ၂ ရက်က ပြုလုပ်သော တောင်သူလယ်သမားနေ့အထိမ်း အမှတ်အခမ်းအနားတွင် အခမ်းအနားသို့ ပေး ပို့သည့် ပါတီဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် အထက် ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လယ်ယာလုပ်သားရှားပါးခြင်းနှင့် ငွေ ကြေးရင်းနှီးမြှုပ်နှံမှု အခက်အခဲတို့ကြောင့် တောင်သူလယ်သမား အများစုမှာ စပါးကြဲခင်း များဖြင့်သာ စိုက်ပျိုးလာကြရာတွင် စပါးအ ထွက်နှုန်းများ တဖြည်းဖြည်း လျော့နည်းကျ ဆင်းလာကြောင်း၊ အကျိုးဆက်အားဖြင့် နိုင်ငံ ခြားသို့ ဆန်တင်ပို့ရောင်းချနိုင်မှု လျော့ကျကာ နိုင်ငံခြားဝင်ငွေ လျော့နည်းသွားမည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုး မှုသည် စိုက်ပျိုးရေးကဏ္ဍအပေါ် မှီခိုအားထား နေရပြီး လယ်ယာကဏ္ဍသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအ တွက်ပါ အရေးပါလျက်ရှိပါကြောင်း၊ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပြန်လည်ဦးမော့ လာစေရေးနှင့် တောင်သူလယ်သမားမျိုးဆက် သစ်များက လယ်ယာကုန်ထုတ်လုပ်ငန်းများ တွင် စိတ်ပါဝင်စားလာစေရန်အတွက် နိုင်ငံ တော်က လယ်ယာကဏ္ဍစီမံကိန်းများကို အ လေးထားဆောင်ရွက်ပေးရန် လိုအပ်နေပါ ကြောင်း ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေက သဝဏ်လွှာ တွင် ပြောကြားထားသည်။ ထို့ပြင် တောင်သူလယ်သမားများ မိမိတို့ ၏ လုပ်ငန်းများကို ငွေကြေးအရင်းအနှီးလုံ လောက်စွာ စိတ်ပါလက်ပါ လုပ်ကိုင်နိုင်စေရန် စပါး၊ ပဲ၊ နှမ်း အစရှိသည့် သီးနှံများ၏ အခြေခံ ရည်ညွှန်းစျေးနှုန်းများကို သီးနှံမစိုက်ပျိုးမီကာ လတွင် ကြိုတင်သတ်မှတ်ပေးပြီး…
မြန်မာနိုင်ငံခြားရေး ဒုတိယဝန်ကြီးနှင့် လာအို နိုင်ငံခြားရေးဒုတိယဝန်ကြီး၊ အာဆီယံ အထူးကိုယ်စားလှယ်တို့ သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရသည်။ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဗီယင်ကျန်းမြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ပြုလုပ်ခဲ့သည့် အာဆီယံ အသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်း ချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့၏ (၁၃)ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ခဲ့သည့်ခရီးစဉ်အတွင်း နိုင်ငံခြား ရေးဒုတိယဝန်ကြီးဦးလွင်ဦးသည် အထက်ပါ တွေ့ဆုံဆွေးနွေးမှုများကိုပြုလုပ်ခဲ့ခြင်းဖြစ် သည်။ အဆိုပါ အစည်းအဝေးကာလအတွင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် ဒုတိယဝန်ကြီးဦး လွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Phoxay Khaykham-phithoune တို့နှင့်သီးခြားစီတွေ့ဆုံခဲ့ပြီး အာ ဆီယံတွင် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက် မှုများနှင့်မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ အကြား အပြန်အလှန် စိတ်ဝင်စားမှုရှိသည့် ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ် အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အ ဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၃) ကြိမ်မြောက် အစည်းအဝေးမတိုင်မီ အာဆီယံအသိုက် အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေး ဆွဲရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် အ ဖွဲ့၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက် အဝန်းနှင့်စပ်လျဉ်းသည့် မဟာဗျူဟာစီမံချက် မူကြမ်းရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအ ဝေးကို ကျင်းပခဲ့ကြောင်းသိရသည်။ ယင်းအစည်းအဝေးကို အာဆီယံဥက္ကဋ္ဌ ဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ် Mr. Chatoulong…
ထိုင်းဘုရင့်ရေတပ်မှစစ်ရေယာဉ် HTMS Prachuap Khiri Khan (OPV-552)သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန် မတ်လ ၁ ရက် နံနက်ပိုင်းတွင်ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ရောက်ရှိလာကြောင်း သိရသည်။ ထိုသို့ရောက်ရှိလာသည့် ထိုင်းဘုရင့်တပ်မတော်မှ စစ်ရေယာဉ်အား မြန်မာ့တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ရေယာဉ်အား အဖွဲ့ခေါင်းဆောင်ဖြစ်သူ ထိုင်းဘုရင့်ရေတပ် 3rd Naval Area Command မှ Chief of Staff ဖြစ်သူ Rear Admiral Pongmit Narongkul ဦးဆောင်၍ ချစ်ကြည်ရေးခရီးအဖြစ် လာ ရောက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် မတ်လ ၃ ရက်ထိ သုံးရက်ကြာနေထိုင်၍ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် အသင်းတိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်အားရောင်းထုတ်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ လီဗာပူးလ်အသင်း၏ တိုက်စစ်တွင် ဆာလာ၊ ဒါဝင်နူးနက်ဇ်၊ ဂျိုတာ၊ ဂက်ပိုတို့ ရှိနေသည့် အပြင် ဘန်ဒုတ်၊ ဂျေဒန်ဒန်းစ်၊ ကူးမက်စ်တို့ကဲ့သို့ လူငယ်တိုက်စစ်ကစားသမားလည်း ရှိနေသည့်အတွက် ဒီယက်ဇ်ကို ရောင်းထုတ်ရန် လီဗာပူးလ်အသင်း ပြင်ဆင်လာခြင်းဖြစ်ကြောင်း The Sun က ဖော်ပြခဲ့သည်။ လီဗာပူးလ်အသင်း အနေဖြင့် လက်ရှိတွင် အသင်းနှင့် ၂၀၂၅ တွင် စာချုပ်သက်တမ်းကုန်ဆုံးကြမည့် ဆာလာ၊ ဗန်ဒိုက်နှင့် အာနိုးလ်တို့ကို စာချုပ်သစ်ချုပ်ဆို ရန် ဦးစားပေးကြိုးပမ်းနေကြောင်း သိရသည်။ ဒီယက်ဇ်၏အခြေအနေမှာ ဆာလာအပေါ် မူတည်နေကြောင်းလည်း The Sun က ဖော်ပြခဲ့သည်။ အကယ်၍ ဆာလာအနေဖြင့် လာ မည့်နွေရာသီတွင် ဆော်ဒီသို့ပြောင်းရွှေ့ပါက လီဗာပူးလ်အနေဖြင့် ဒီယက်ဇ်ကို အသင်းတွင် ဆက်ထိန်းမည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်း၏ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က ယခုရာသီတွင် ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများကို လက်ခံနိုင်သော်လည်း အသင်းအပေါ်ထားရှိသည့် မိမိ၏ ချစ်ခင်မြတ်နိုးမှုကို မေးခွန်းမထုတ်ကြရန် ပြောကြားခဲ့သည်။ အသက် ၂၆ နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် ဇန်နဝါရီလကုန်ပိုင်းက မြောက်အိုင်ယာလန် ရှိ ဘားတစ်ခုတွင် တစ်ညလုံးပျော်ပါးခဲ့ခြင်းကြောင့် နောက်တစ်နေ့တွင် အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနိုင်ခြင်းမရှိကြောင်း သိရှိရသည်။ ထို့ကြောင့် ရပ်ရှ်ဖို့ဒ်သည် နယူးပို့တ်အသင်းကို အနိုင်ရခဲ့သည့် FA ဖလား စတုတ္ထ အဆင့်ပွဲစဉ်တွင် အသင်းလူစာရင်းမှ ထုတ်ပယ်ခံခဲ့ရသည်။ ယင်းဖြစ်ရပ်ပေါ်ပေါက်ပြီး နောက်တွင် ရပ်ရှ်ဖို့ဒ်မှာ ဝေဖန်မှုများနှင့်ရင်ဆိုင်ရခဲ့ပြီး အသင်းအပေါ်၎င်း၏ချစ်မြတ်နိုးမှုအပေါ် မေးခွန်းထုတ်ခံခဲ့ရသည်။ ရပ်ရှ်ဖို့ဒ် သည် အဆိုပါလုပ်ရပ်အတွက် မန်ယူအသင်း၏ ဒဏ်တပ်ရိုက်ခြင်းကို ခံခဲ့ရသလို နည်းပြတန်ဟက်ဂ်နှင့် အသင်းတာဝန်ရှိသူများကိုလည်း တောင်းပန်ခဲ့ကြောင်း သိရှိရသည်။ ရပ်ရှ်ဖို့ဒ်က မိမိအနေဖြင့် အမှားကိုလက်ခံသော်လည်း အသင်းအပေါ် ၎င်း၏ချစ်မြတ် နိုးမှုနှင့်ပတ်သက်ပြီး မေးခွန်းမထုတ်ကြရန် ပြောကြားခဲ့ခြင်းဖြစ်သည်။ ရပ်ရှ်ဖို့ဒ်က “ကျွန်တော်က ပြီးပြည့်စုံတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ဒီတော့ ကျွန်တော် အမှားလုပ်တဲ့အခါ ပထမဆုံးတောင်းပန်သူက ကျွန်တော်ပါပဲ။ ပြီးတော့ ကျွန်တော် ပိုကောင်းအောင် လုပ်ရမယ်လို့ ပြောလေ့ရှိသူပါ။ ဒါပေမဲ့ မန်ယူအသင်းအပေါ်ထားရှိတဲ့ ကျွန်တော့်ရဲ့ ချစ်မြတ်နိုးမှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်လာမယ်ဆိုရင် ကျွန်တော် ပြန်ပြောရတော့မှာပါ။ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော့်ရဲ့ကိုယ်ကျင့်တရားနဲ့ ကျွန်တော့်ရဲ့ရပ်တည်မှုကို တစ်စုံတစ်ယောက်က မေးခွန်းထုတ်တာနဲ့ အတူတူမို့လိုပါ။ ကျွန်တော်ဟာ မန်ယူအသင်းမှာ ကြီးပြင်းလာပြီး ငယ်ငယ်ကလေးကတည်းက ဒီအသင်းမှာ ကစားခဲ့တာပါ။ ကျွန်တော်ဟာ ကလေးဘဝကတည်းက ဒီအသင်းရဲ့ အမှတ်တံဆိပ်ကို ဝတ်ဆင်ခဲ့ပြီး…
မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို TikTok တွင် ဗီဒီယိုတင်၍ လှောင်ပြောင်ခဲ့သည့် ဖူလ်ဟမ်အသင်းအနေဖြင့် ပြန်လည်တောင်းပန်သင့်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မန်ယူ (၁-၂) ဖူလ်ဟမ်ပွဲစဉ်တွင် ဘရူနိုဖာနန်ဒက်စ်မှာ ၁၈ ကိုက်စည်းအပြင်ဘက်မှ ဂိုးသွင်းယူရန် ကြိုးပမ်းစဉ် ဖူလ်ဟမ်အသင်း ကွင်းလယ်လူ လူကစ်နှင့်ထိပြီး လဲကျသွားခဲ့သည်။ ၎င်းသည် ဝဲဘက်ခြေထောက်ကိုကိုင်၍ လူးလှိမ့်နေသော်လည်း မန်ယူအသင်း ဘောလုံးဆက်ရထားသဖြင့် ပြန်ထကာ ဘောလုံးတောင်းခဲ့သောကြောင့် ဖူလ်ဟမ်အသင်းက လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။ ဖူလ်ဟမ်အသင်းသည် ၁၅ စက္ကန့်ကြာမြင့်သည့် အဆိုပါဗီဒီယိုကို ၎င်းတို့၏ တရားဝင် TikTok တွင် တင်ထားပြီး “သူအဆင်ပြေသွားလို့ ဝမ်းသာပါတယ်” ဟုလည်း ရေးသားထားသည်။ သို့ဖြစ်ရာ ဖူလ်ဟမ်အသင်း၏လှောင်ပြောင်မှုအပေါ် အဲရစ်တန်ဟက်ဂ်က “အဲဒါက မမှန်ပါဘူး။ လုံးဝကိုမှားနေပါတယ်။ အဲဒီအတွက် သူတို့တောင်းပန်သင့်တယ်။ စနေနေ့မှာ အမှားအယွင်းဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ မီဒီယာတွေ၊ လူမှုမီဒီယာတွေမှာ သူ့ကိုအပြစ်တင်နေကြတာတွေက အထင်လွဲတာပါ။ ဒိုင်လူကြီးအနေနဲ့ သူ့ကိုကာကွယ်ပေးသင့်ပါတယ်။ သူက ဘောလုံးကို အရမ်းဝါသနာပါတဲ့သူဖြစ်ပြီး ဖန်တီးမှု အရမ်းကောင်းတဲ့သူပါ။ ပြိုင်ဘက်တွေက သူ့ကိုပစ်မှတ်ထားနေကြတာဖြစ်ပြီး အထူးသဖြင့် စနေနေ့ပွဲမှာ ပါ။ ဒိုင်တွေအနေနဲ့ သူ့ကိုကာကွယ်ပေးသင့်တယ်လို့ ကျွန်တော်ထင်တယ်” ဟု ဆိုသည်။
အီတလီနိုင်ငံရှိ အမျိုးသားတားမြစ်ဆေး တိုက်ဖျက်ရေးခုံရုံး (NADO) သည် ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ပေါ့ဘာအား အမြင့်ဆုံးချမှတ်နိုင်သည့် လေးနှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မတ်လအတွင်း အသက် ၃၁ နှစ်ပြည့်မည့် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အီတလီနိုင်ငံရှိ အမျိုးသားတားမြစ်ဆေးတိုက်ဖျက်ရေးခုံရုံးက ဖေ ဖော်ဝါရီ ၂၉ ရက်တွင် လေးနှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ အီတလီအစိုးရရှေ့နေများက ၎င်းအား အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် လေးနှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် ဒီဇင်ဘာလအတွင်း တောင်းဆိုခဲ့ပြီး အဆိုပါပြစ်ဒဏ်အရ ပေါ့ဘာမှာ ပြစ်ဒဏ်စေ့ချိန်တွင် အသက် ၃၅ နှစ်ရှိနေမည်ဖြစ်သောကြောင့် ကစားသမားဘဝ အဆုံးသတ်စေနိုင်သည့်ပြစ်ဒဏ်ဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။ ၎င်းကမူ ယခုပြစ်ဒဏ်အတွက် အားကစားခုံရုံး (CAS) ထံ အယူခံဝင်မည်ဖြစ်ကြောင်း Instagram မှတစ်ဆင့် အသိပေးပြောကြားခဲ့သည်။ “NADO ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော့်ဆီအကြောင်းကြားလာပြီး ဒီစီရင်ချက်က မှန်ကန်မှုမရှိဘူးလို့ ယုံကြည်ပါတယ်။ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမား ဘဝမှာ တည်ဆောက်ထားသမျှအရာအားလုံး ထွက်သွားပြီဖြစ်လို့ ဝမ်းနည်းတုန်လှုပ်ပြီး နှလုံးသားတွေကွဲသွားသလို ခံစားနေရပါတယ်။ ကျွန်တော့်အနေနဲ့ ဥပဒေအရ ကန့်သတ်ချက်တွေ ကင်းလွတ်သွားတဲ့အချိန်ကျရင် ဒီဇာတ်လမ်းတစ်ခုလုံးက ရှင်းသွားမှာပါ။ ဒါပေမဲ့ တားမြစ်ဆေးဆန့်ကျင်ရေးစည်းမျဉ်းတွေ ချိုးဖောက်တဲ့အရာတွေကို ရည်ရွယ်ချက် ရှိရှိ သုံးစွဲတာမျိုး တစ်ခါမှမလုပ်ဖူးပါဘူး။ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးအနေနဲ့ ကျွန်တော်က တားမြစ်ထားတဲ့အရာတွေ အသုံးပြုပြီး စွမ်းဆောင်ရည်မြှင့်တင်ဖို့ ဘယ်တော့မှ မလုပ်ပါဘူး။ ပြီးတော့ ကျွန်တော် ကစားခဲ့ဖူးတဲ့အသင်းတွေနဲ့ ပရိသတ်တွေကို အလေးမထားတာမျိုး၊ လှည့်စားတာမျိုး မလုပ်ဖူးပါဘူး။ ဒီနေ့ကြေညာခဲ့တဲ့ ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်အနေနဲ့ အားကစားခုံရုံးမှာ ကျွန်တော် အယူခံဝင်မှာပါ” ဟု…