Author: admin

ကရင်ပြည်နယ်၊ ကြာအင်းဆပ်ကြီးမြို့နယ် ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းအချိန်က နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားနေစဉ် ငွေလွှဲလုပ်ငန်းလုပ်ကိုင်ဆိုင် တစ်ဆိုင်အား ဓားပြဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ ဘုရားသုံးဆူမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ၀ါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ထိုမီးလောင်မှုအား ဘုရားသုံးဆူမြို့ရှိ လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် မြို့ခံပြည်သူများက မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်နေစဉ် ငွေလွှဲဆိုင်အား ဓားပြဝင်တိုက်သွားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးးက ပြောကြားသည်။ ၎င်းကဆက်လက်ပြီး “ဓားပြတိုက်ခံ ထိသွားတဲ့ ငွေလွှဲဆိုင်က နာရီစင်နားက အဝီငွေလွှဲဆိုင်ပါ။ ထိုင်းဘတ်ငွေရော မြန်မာကျပ်ငွေရော တော်တော်များများ ပါသွားတယ်လို့ သိရတယ်” ဟု ပြောကြားသည်။ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သည့်ဆိုင်အား ဓားပြတိုက်သွားသူများကို ဘုရားသုံးဆူမြို့ရှိ လက်နက်ကိုင်အဖွဲ့အစည်းများက ဝိုင်းဝန်းရှာဖွေလျက်ရှိ‌ကြောင်းလည်း ၎င်းမြို့ခံက ဆိုသည်။ ဘုရားသုံးဆူမြို့၏ တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးအား တပ်မတော်၊ KNU၊ DKBA၊ KNU/KNLA(PC)၊ မွန်ပြည်သစ်ပါတီနှင့် BGF စသည့်လက်နက်ကိုင်အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့ခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။

Read More

စက်သုံးဆီကုမ္ပဏီများ ပြည်ပမှ စက်သုံးဆီဝယ်ယူတင်သွင်းမှုအတွက် ငွေပေးချေရာတွင် လိုအပ်သော အမေရိကန် ဒေါ်လာပမာဏကို ဗဟိုဘဏ်က ထုတ်ရောင်းမပေးနိုင်တော့သောကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ စက်သုံးဆီဈေးနှုန်းများကို ပြင်ပဒေါ်လာဈေးကွက်ဖြင့် တွက်ချက်သည့်အတွက် ဈေးနှုန်းများ မြင့်တက်လာပြီး ယနေ့တွင် တလီတာလျှင် ကျပ် ၃၀၀ ကျော်ထိ ဈေးတက်သွားခဲ့သည်။ စက်သုံးဆီကုမ္ပဏီတခုမှ တာဝန်ရှိသူက “အရင်က ဓာတ်ဆီဖြစ်တဲ့ 92 နဲ့ 95 တန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းကို သတ်မှတ်ဈေးနဲ့ ဗဟိုဘဏ်က ရောင်းပေးပြီးတော့ ကျန် ၆၀ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူတင်သွင်းခဲ့ရတယ်။ စွမ်းအင်ဝန်ကြီး ဌာနကလည်း အဲဒီရာခိုင်နှုန်းအတိုင်း တွက်ချက်ပြီး ရောင်းဈေးသတ်မှတ်ခဲ့တယ်။ အခုက အဲဒီ ၄၀ ရာခိုင်နှုန်းကို ဗဟိုဘဏ် က ထုတ်မရောင်းပေးနိုင်တော့ဘူး။ ၁၀၀ ရာခိုင်နှုန်း ပြင်ပဒေါ်လာပေါက်ဈေးနဲ့ပဲတွက်ပြီး ဈေးသတ်မှတ်တော့ ဈေးက အခုလိုတက်လာတာ” ဟု ဧရာဝတီကို ပြောသည်။ ယနေ့ ဈေးနှုန်းများအရ အောက်တိန်း 92 တလီတာလျှင် ၂,၅၁၀ ကျပ်နှင့် 95 တလီတာလျှင် ၂,၆၄၀ ကျပ်သို့ ဈေးတက် လာခဲ့ပြီး နိုဝင်ဘာ ၃၀ ရက် ဈေးနှုန်းများမှာ 92 တလီတာ ၂,၁၇၀ ကျပ်နှင့် 95 တလီတာ ၂,၃၀၀ ကျပ်သာ ရှိခဲ့သည်။ ဒီဇယ်ဈေးနှုန်းများမှာ တလီတာ ကျပ် ၂,၂၀၀ နှင့် ၂,၃၀၀ ဝန်းကျင်ဖြင့် ဈေးနှုန်းအပြောင်းအလဲ သိပ်မရှိပေ။ လတ်တလောတွင် ဒီဇယ်တင်သွင်းဝယ်ယူမှုအတွက်…

Read More

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၈ လနီးပါးအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်မှုလိုငွေဒေါ်လာ ၁ ဒသမ၄၃၈ ဘီလျံကျော် ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ ပို့ကုန်ဒေါ်လာ ၉၃၈၇ ဒသမ ၇၇၈ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၀၈၂၆ ဒသမ၆၁၂ သန်းရှိခဲ့ကာ ကုန်သွယ်မှုပမာဏဒေါ်လာ ၂၀၂၁၄ ဒသမ ၃၉၀ သန်းအထိ ရရှိခဲ့သည်။ ယင်းအနက် သွင်းကုန်တင်သွင်းမှုမှာ ပို့ကုန်တင်ပို့မှုထက်ဒေါ်လာ ၁၄၃၈ သန်းကျော်ဖြစ်ပေါ်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၄၃၈ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ မတ် ၃၁ရက်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏဒေါ်လာ ၃၃ ဒသမ ၉၂၅ ဘီ လျံရှိပြီး ယခင်နှစ်ကာလတူက ဒေါ်လာ ၃၀ ဒသမ ၃၅၁ ဘီလျံရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှုဒေါ်လာ ၃ ဒသမ ၅၇၃ ဘီလျံအထိ ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါကာလအတွင်း ပြည်ပနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ဒေါ်လာ ၁၆ ဒသမ ၅၇၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၀၈၄ ဘီလျံ ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ ပြည်ပနိုင်ငံများမှ တင်သွင်းသည့်သွင်းကုန်ပမာဏဒေါ်လာ ၁၇ ဒသမ ၃၄၉ ဘီလျံရှိပြီး…

Read More

မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း၍ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းအား နှစ်ရက်တာ ပြုလုပ်လျက်ရှိပြီး ဝေဟင်ရန်၊ ရေပြင်ရန်နှင့် ရေအောက်ရန် ကာကွယ်ရေးလေ့ကျင့်ခန်းများ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ) 44th PLA Navy Escort Task Group (ETG) မှ စစ်ရေယာဉ်များဖြစ်သည့် ဖျက်သင်္ဘော Zi Bo နှင့် ဖရီးဂိတ် စစ်ရေယာဉ် Jing Zhou နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Qian Dao Hu တို့သည် ယနေ့(ဒီဇင်ဘာ ၁ ရက်)မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာတပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် စစ်သံရုံးမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်း၊ တရုတ်-မြန်မာဗုဒ္ဓဘာသာအသင်းတို့က ပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်းသိရသည်။ အဆိုပါ တရုတ် စစ်ရေယာဥ်သုံးစင်းသည်​ မြန်မာ့တပ်မတော်(ရေ) မှစစ်ရေယာဉ်များနှင့်အတူ ဝေဟင်ရန်၊ရေပြင်ရန်၊ရေအောက်ရန်ကာကွယ်ရေးလေ့ကျင့်ခန်းများ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် လေ့ကျင့်ခန်းဧရိယာသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။ “ ကျွန်တော်တို့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော်၊ တပ်မတော်(ရေ)က စစ်ရေယာဉ်များဟာ ဒီနေ့ ညနေပိုင်းမှာတော့ မြန်မာနိုင်ငံက စစ်ရေယာဉ်များနှင့်အတူ ပင်လယ်ပြင်မှာ လေ့ကျင့်ရေးဆောင်ရွက်မယ့် ဧရိယာကို ထွက်ခွာပြီး ပူးပေါင်း ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း စတင်ဆောင်ရွက်လျက်ရှိပါတယ်။ မနက်ဖြန်အထိ လေ့ကျင့်မှာ ဖြစ်ပါတယ်။ အဲ့မှာ ဝေဟင်ရန်၊ ရေပြင်ရန်၊ ရေအောက်ရန် ကာကွယ်ရေး လေ့ကျင့်ခန်းများ အတူပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ…

Read More

အမေရိကန်ရဲ့ နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်ထဲ တာဝန်ထမ်းဆောင်ခဲ့တဲ့ သံတမန်တစ်ဦးဖြစ်သလို သမ္မတ နစ်ခ်ဆင်နဲ့ ဖို့ဒ် အုပ်ချုပ်မှုကာလအတွင်း အမျိုးသားလုံခြုံရေးကောင်စီရဲ့ အကြံပေးအဖြစ်ဆောင်ရွက်ခဲ့တဲ့ မစ္စတာဟင်နရီကစ်ဆင်ဂျာဟာ အသက် ၁၀၀ မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ သူ့ရဲ့ အသက် ၁၀၀ ပြည့်တဲ့ မွေးနေ့ကို အခုနှစ် ‌မေလမှာကျင်းပခဲ့ပါသေးတယ်။ နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်ပိုင်နိုင်တဲ့ သံတမန်တစ်ဦးဖြစ်တဲ့ ဂျာမနီနွယ်ဖွား မစ္စတာ ကစ်ဆင်ဂျာဟာ ၁၉၂၃ ခုနှစ်မှာ ဂျာမဏီမှာမွေးဖွားခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာ အမေရိကန်ရောက်ခဲ့ပြီး ၁၉၄၃ ခုနှစ်မှာ အမေရိကန်နိုင်ငံသားဖြစ်လာခဲ့တာပါ။ အမေရိကန်စစ်တပ်မှာ သုံးနှစ်ကြာတာဝန်ထမ်းဆောင်ပြီးနောက် Counter Intelligence Corps မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ အမေရိကန်သမ္မတ ရစ်ချတ် နစ်ခ်ဆင်လက်ထက် ၁၉၆၉ ခုနှစ်အစောပိုင်းမှာ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် လုပ်ကိုင်ခဲ့သလို နစ်ခ်ဆင် စွဲချက်တင် ဖြုတ်ချခံရပြီး နောက် သမ္မတ ဂျရယ် ဖို့ဒ် လက်ထက် ၁၉၇၃ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၇၇ ခုနှစ်၊ ဇန်နဝါရီလအထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ဂျာမန်နွယ်ဖွား သံတမန်ဟောင်းဟာ အမေရိကန်ပြည်ထောင်စု ကွန်နက်တီကပ်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ သေဆုံးသွားတယ်လို့သူတည်ထောင်ခဲ့တဲ့ နိုင်ငံရေးအတိုင်ပင်ခံကုမ္ပဏီ Kissinger Associates က ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ကစ်ဆင်ဂျာဘာကြောင့်သေဆုံးခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်တာမရှိပါဘူး။ ကစ်ဆင်ဂျာဟာ ဗီယက်နမ်စစ်ပွဲ ပြီးဆုံးစေတဲ့ ပါရီငြိမ်းချမ်းရေးစာချုပ်အတွက် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးလီဒတ်သိုနဲ့အတူ ၁၉၇၃ ခုနှစ်မှာ နိုဘယ်ဆု ပူးတွဲကြေညာခံခဲ့ရပါတယ်။ မစ္စတာ လီဒတ်သိုက နိုဘယ်ဆုကို လက်မခံခဲ့တာကြောင့် သိက္ခာရှိတယ်လို့ ‌သုံးသပ်မှုတွေရှိခဲ့ပြီး အဲဒီအချိန်က ကစ်ဆင်ဂျာက…

Read More

To understand the new politics stance and other pro nationals of recent times, we should look to Silicon Valley and the quantified movement of the latest generation. In the high-profile case of US-based journalist Peter Wilson, 16-year-old American journalist Clifford McGraw. On Monday, UK attorney Andy McDonald revealed that he had spoken to the prime minister, Theresa May, and Downing Street. Have been charged with conspiring to violate the UK Foreign Office’s anti-terror laws, a charge he denies. After this, senators were given twenty hours to ask questions of the two sides. Anthony Zucker: Why there could be a speedy…

Read More

Barranca del Cobre Barranca del Cobre, also known as Copper Canyon, is one of the most fascinating canyons in the world. Visiting this area can be done relatively easy by car and if you want to go up, by train up to 3,400 metres above sea level, the highest train ride in Europe, the Jungfrau Railway is very impressive (and expensive!). The area is on the UNESCO World Heritage list because of its unique and wide range of flora and fauna and geological importance regarding the creating of the High Alps.

Read More

To understand the new politics stance and other pro nationals of recent times, we should look to Silicon Valley and the quantified movement of the latest generation. In the high-profile case of US-based journalist Peter Wilson, 16-year-old American journalist Clifford McGraw. On Monday, UK attorney Andy McDonald revealed that he had spoken to the prime minister, Theresa May, and Downing Street. Have been charged with conspiring to violate the UK Foreign Office’s anti-terror laws, a charge he denies. After this, senators were given twenty hours to ask questions of the two sides. Anthony Zucker: Why there could be a speedy…

Read More

To understand the new politics stance and other pro nationals of recent times, we should look to Silicon Valley and the quantified movement of the latest generation. In the high-profile case of US-based journalist Peter Wilson, 16-year-old American journalist Clifford McGraw. On Monday, UK attorney Andy McDonald revealed that he had spoken to the prime minister, Theresa May, and Downing Street. Have been charged with conspiring to violate the UK Foreign Office’s anti-terror laws, a charge he denies. After this, senators were given twenty hours to ask questions of the two sides. Anthony Zucker: Why there could be a speedy…

Read More