Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Sunday, June 8
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 6 Views

မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း၍ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းအား နှစ်ရက်တာ ပြုလုပ်လျက်ရှိပြီး ဝေဟင်ရန်၊ ရေပြင်ရန်နှင့် ရေအောက်ရန် ကာကွယ်ရေးလေ့ကျင့်ခန်းများ ပါဝင်မည်

December 2, 20231 Min Read
Share
Facebook Twitter

မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း၍ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းအား နှစ်ရက်တာ ပြုလုပ်လျက်ရှိပြီး ဝေဟင်ရန်၊ ရေပြင်ရန်နှင့် ရေအောက်ရန် ကာကွယ်ရေးလေ့ကျင့်ခန်းများ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ) 44th PLA Navy Escort Task Group (ETG) မှ စစ်ရေယာဉ်များဖြစ်သည့် ဖျက်သင်္ဘော Zi Bo နှင့် ဖရီးဂိတ် စစ်ရေယာဉ် Jing Zhou နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Qian Dao Hu တို့သည် ယနေ့(ဒီဇင်ဘာ ၁ ရက်)မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာတပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် စစ်သံရုံးမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်း၊ တရုတ်-မြန်မာဗုဒ္ဓဘာသာအသင်းတို့က ပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်းသိရသည်။

အဆိုပါ တရုတ် စစ်ရေယာဥ်သုံးစင်းသည်​ မြန်မာ့တပ်မတော်(ရေ) မှစစ်ရေယာဉ်များနှင့်အတူ ဝေဟင်ရန်၊ရေပြင်ရန်၊ရေအောက်ရန်ကာကွယ်ရေးလေ့ကျင့်ခန်းများ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် လေ့ကျင့်ခန်းဧရိယာသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

“ ကျွန်တော်တို့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော်၊ တပ်မတော်(ရေ)က စစ်ရေယာဉ်များဟာ ဒီနေ့ ညနေပိုင်းမှာတော့ မြန်မာနိုင်ငံက စစ်ရေယာဉ်များနှင့်အတူ ပင်လယ်ပြင်မှာ လေ့ကျင့်ရေးဆောင်ရွက်မယ့် ဧရိယာကို ထွက်ခွာပြီး ပူးပေါင်း ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း စတင်ဆောင်ရွက်လျက်ရှိပါတယ်။ မနက်ဖြန်အထိ လေ့ကျင့်မှာ ဖြစ်ပါတယ်။ အဲ့မှာ ဝေဟင်ရန်၊ ရေပြင်ရန်၊ ရေအောက်ရန် ကာကွယ်ရေး လေ့ကျင့်ခန်းများ အတူပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ခရီးအဖြစ် တရုတ်နိုင်ငံ တပ်မတော်(ရေ)မှ စစ်ရေယာဥ် သုံးစင်းသည် စစ်သည်အင်အား ၇၀၀ ခန့်တင်ဆောင်ပြီး နိုဝင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များသည် ရန်ကုန်မြို့ရှိ အထင်ကရ နေရာများကို လှည့်လည် လေ့လာခြင်းများ၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်း၊ နှစ်နိုင်ငံ သင်္ဘာများသို့ အပြန်အလှန် လည်ပတ်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်တို့အကြား ဆက်သွယ် ဆက်ဆံရေးသည် ခိုင်မြဲလျက်ရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များတွင်လိုက်ပါလာသည့် အရာရှိ၊ စစ်သည်များသည် သန်လျင်တပ်နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ဆိပ်ကြီး)၌ စာရေးကိရိယာလှူဒါန်းခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ အသက် ၁၀၀ မှာ ကွယ်လွန်
Next Article ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၈ လနီးပါးအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၄၃၈ ဘီလျံကျော် ဖြစ်ပေါ်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.