Author: admin

အစ္စရေးသည် ဒီဇင်ဘာ ၂၈ ရက်တွင် ဆီးရီးယားတောင်ပိုင်းရှိ ပင်မဆီးရီးယား လေကြောင်းကာကွယ်ရေးအခြေစိုက်စခန်းကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု ကိုလုပ်ဆောင်ခဲ့သည်ဟု ဆီးရီးယားစစ်တပ်နှင့်ဆီးရီးယားထောက်လှမ်းရေး သတင်းအရင်းအမြစ်များက ပြောကြားသည်။ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများသည် အစ္စရေးသိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ဘက်မှလာခြင်းဖြစ်ပြီး အဆိုပါ ဒုံးကျည်များသည် နေရာအများအပြားကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု ဆီးရီးယားစစ်တပ်၏သတင်း အရင်းအမြစ်ကိုကိုးကားပြီး ဆီးရီးယားအစိုးရမီဒီယာက ဖော်ပြခဲ့သည်။ ပစ်မှတ်ထား တိုက်ခိုက်ခံရသည့်နေရာများကို ဖော်ပြခဲ့ခြင်းမရှိပေ။ “ကျွန်တော်တို့ရဲ့လေကြောင်းကာကွယ်ရေးဟာ(အစ္စရေး)ကျူးကျော်သူတွေရဲ့ဒုံးကျည်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒုံးကျည်အချို့ကို ပစ်ချခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုအနည်းငယ်ပဲရှိပါတယ်”ဟု ဆီးရီးယား စစ်ရေးသတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။ အစ္စရေးသည် သန်းခေါင်ယံအချိန် ကျော်လွန်ခဲ့ပြီးနောက်မြို့တော်ဒမတ်စကတ်အနီးကို နောက်ထပ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု အစိုးရမီဒီယာက ဆီးရီးယားစစ်တပ် သတင်းအရင်းအမြစ်၏ပြောကြားမှုများကို ကိုးကားဖော်ပြခဲ့သည်ဆိုသော်လည်း အသေးစိတ်များကို ဖော်ပြခဲ့ခြင်းမရှိပေ။ အဆိုပါသတင်း မှန်ကန်မှုရှိမရှိဆိုသည်ကို ရိုက်တာသတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ အစ္စရေးစစ်တပ်ဘက်မှလည်း ချက်ချင်းမှတ်ချက်ပေးခြင်းမရှိဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ အောက်တိုဘာ ၇ ရက်တွင်ဟားမာ့စ်က အစ္စရေးအရပ်သားများနှင့်အစ္စရေးစစ်သားများကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အစ္စရေးသည် ဆီးရီးယားနိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြု စစ်ရေးပစ်မှတ်များကို တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်ခဲ့ပြီး ဆီးရီးယားလေကြောင်းကာကွယ်ရေးစနစ်များ ကိုလည်းကောင်း၊ ဆီးရီးယားတပ်ဖွဲ့အချို့ကိုလည်းကောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ယခုတိုက်ခိုက်မှုများသည် ဆီးရီးယားအနောက်တောင်ပိုင်း စွေဒါးပြည်နယ်ရှိ ဆဲလ်အယ်ဆန်ဒေသ၌ အခြေစိုက်ထားသော ဆီးရီးယားလေကြောင်းကာကွယ်ရေး အခြေစိုက်စခန်းနှင့်ရေဒါစခန်းတို့ကို ပစ်မှတ်ထားခဲ့ သည်ဟု ယုံကြည်ရကြောင်း ဆီးရီးယားစစ်ထောက်လှမ်းရေးသတင်းအရင်းအမြစ်နှင့် ဒေသဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်တို့အရသိရသည်။ အစ္စရေးသည် ဆီးရီးယားတွင် အီရန်နှင့်ဆက်စပ်နေသော ပစ်မှတ်များကို တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်မှာ နှစ်ချီကြာမြင့်နေပြီဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သောဆီးရီးယားပြည်တွင်းစစ်၌ အီရန်က သမ္မတဘာရှာအယ်အာဆက်ကိုထောက်ခံခဲ့ပြီးကတည်းက ဆီးရီးယားတွင်အီရန်၏သြဇာသည် ကြီးထွားလာသည်။ ထို့ကြောင့်အစ္စရေးသည်…

Read More

ကွန်ဂိုနိုင်ငံတွင် ၎င်း၏အကြီးမားဆုံး mpox ရောဂါကူးစက်မှုများကို ရင်ဆိုင်နေရချိန်တွင် လိင်တူစုံမက်သည့် အမျိုးသားများကို ခွဲခြားနှိမ့်ချဆက်ဆံမှုသည် ထိုရောဂါကူးစက်မှုအခြေအနေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးခဲ့သည်။ ယခင်က မျောက်ကျောက်ရောဂါဟုလူသိများခဲ့သည့် mpox ရောဂါသည် ကွန်ဂိုတွင် လိင်ဆက်ဆံမှုမှတစ်ဆင့် ပထမဆုံးအကြိမ် ကူးစက်ပျံ့နှံ့ခဲ့သည်ဟု နိုဝင်ဘာလအတွင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ယခင်က mpox ရောဂါကူးစက်ခံထားရသည့် တိရိစ္ဆာန်များနှင့် ထိတွေ့မိရာမှ လူသားများကို အဓိက ကူးစက်သည့် အခြေအနေမှ သွေဖည်သွားခဲ့ခြင်းဖြစ်သည်။ mpox ရောဂါသည် ဗဟိုအာဖရိကနှင့် အနောက်အာဖရိက၏ နေရာဒေသများတွင် ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားခဲ့ဖူးသော်လည်း ၂၀၂၂ ခုနှစ်မတိုင်မီအချိန်အထိ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်သည့် ဖြစ်စဉ်ကို မတွေ့ရှိခဲ့ပေ။ ၂၀၂၂ ခုနှစ်က နိုင်ငံပေါင်း ၁၀၀ ခန့်တွင် mpox ရောဂါကူးစက်ခံရသူ ၉၁၀၀ ခန့်ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အများစုမှာ လိင်တူဆက်ဆံသည့် အမျိုးသားများ၊ လိင်တူလိင်ကွဲဆက်ဆံသည့် အမျိုးသားများဖြစ်သည်။ အာဖရိကတွင် mpox ရောဂါလက္ခဏာများကို ခံစားခဲ့နေရသော်လည်း ထိုရောဂါကူးစက်ခံနေရကြောင်း ထုတ်မပြောသည့် အခြေအနေသည် ကူးစက်မှုကို ပိုမိုဆိုးရွားစေနိုင်သည်ဟု နိုက်ဂျီးရီးယားနိုင်ငံရှိ နိုက်ဂျာ မြစ်ဝကျွန်းပေါ်တက္ကသိုလ်မှ ကူးစက်ရောဂါကျွမ်းကျင်သူ ဒီမီအိုဂိုအီနာက ပြောကြားခဲ့သည်။ “အာဖရိကရဲ့ နေရာဒေသအများစုမှာ လိင်တူဆက်ဆံမှုကို တားမြစ်ထားတာကြောင့် သူတို့ကိုယ်သူတို့ mpox ရောဂါကူးစက်ခံရ တယ်လို့ထင်ကြတဲ့လူတွေဟာ ရောဂါကူးစက်ခံရတဲ့အကြောင်းကို ပေါ်ပေါ်ထင်ထင် ထုတ် မပြောတာဖြစ်နိုင်ပါတယ်”ဟု အိုဂိုအီနာက ပြောကြားခဲ့သည်။ WHO၏ နိုဝင်ဘာ ၂၃ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ချက်အရ ဘယ်ဂျီယံနိုင်ငံသားတစ်ဦးသည် မတ်လတွင်…

Read More

ထိုင်ဝမ်ခေါင်းဆောင်များသည် ၎င်းတို့၏ ရွေးကောက်ပွဲများနှင့်ပတ်သက်ပြီး တရုတ်ကို အလွန်အကျူးစွပ်စွဲနေကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်သည် ထိုင်ဝမ်ရွေးကောက်ပွဲများကို ကြားဝင်စွက်ဖက်နေသည်ဆိုသည့် ပြောကြားချက်များကို ထိုင်ဝမ်ခေါင်းဆောင်များက အလွန်အကျူးဖော်ပြနေသည်ဟု တရုတ်ကာ ကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ တရုတ်၏ ဖိအားများ မြင့်တက်နေချိန်တွင် ထိုင်ဝမ်၌ ဇန်နဝါရီ ၁၃ ရက်တွင် သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများ ပြုလုပ်မည်ဖြစ်ပြီး ထိုရွေးကောက်ပွဲတွင် ကြားဝင်စွက်ဖက်မှုနှင့် သတင်းအမှားများပျံ့နှံ့မှုတို့နှင့်ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်နေသည်ဟု တိုင်ပေအရာရှိများက ပြောကြားခဲ့သည်။ ထိုင်ဝမ်၏ အာဏာရပါတီ DPP ၏ အာဏာပိုင်များသည် ၎င်းတို့ရွေးကောက်ပွဲများကို တရုတ်က ကြားဝင်စွက်ဖက်နေသည်ဟု အလွန်အကျူးစွပ်စွဲပြောကြားခဲ့ကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။ ထိုင်ဝမ်သည် ရွေးကောက်ပွဲကို ကြိုးကိုင်ခြယ်လှယ်ပြီး ထိပ်တိုက်တွေ့ရန် ကြိုးပမ်းနေသည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဝူချန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဒီဇင်ဘာလအတွင်း တရုတ်၏ မိုးပျံပူဖောင်းများသည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းကို ဖြတ်သန်းဝင်ရောက်ခဲ့သည်ကို ထောက်လှမ်းတွေ့ရှိခဲ့ရကြောင်း ထိုင်ဝမ်က ပြောကြားခဲ့သည်။ ထိုမိုးပျံပူဖောင်းများနှင့်ပတ်သက်ပြီး မေးမြန်းခံရချိန်တွင် ဝူက ကြားဝင်စွက်ဖက်မှုစွဲချက်များကို ငြင်းဆိုခဲ့သည်။ ထိုင်ဝမ်၏ ပြောကြားချက်များသည် ယခင်နည်းလမ်းများအတိုင်း အလားတူပြောကြားချက်များဖြစ်ကြောင်း သို့သော် ထိုင်ဝမ်ဒေသခံများသည် အသိအမြင်ပိုပြီးကြွယ်ဝလာခဲ့ကြောင်း ဝူက ပြောကြားခဲ့သည်။ ထိုင်ဝမ်၏ ထင်ရှားကျော်ကြားသည့် Mayday တေးဂီတအဖွဲ့သည် တရုတ်လိုလားသည့် မှတ်ချက်များကို ပြောကြားရန် ဖိအားပေးခံနေရကြောင်း CNN သတင်းဌာနက ထုတ်ပြန်ခဲ့သည့် နေ့မှာပင် ဝူ၏ မှတ်ချက် စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထိုင်ဝမ်၏ တရုတ်ပြည်မကြီးရေးရာ ကောင်စီကမူ တရုတ်အာဏာပိုင်များသည်…

Read More

ဇမ်ဘီယာနိုင်ငံတွင် ယခုနှစ်အတွင်း ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၀၀ နီးပါးအထိ မြင့်တက်နေချိန်တွင် ဇမ်ဘီယာအာဏာပိုင်များက ကာလဝမ်းရောဂါတိုက်ဖျက်ရေး စီမံကိန်းကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကာလဝမ်းရောဂါကူးစက်ပျံ့နှံ့မှုများကို ပိုမိုအရှိန်မြင့်တက်စေခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဆယ်လ်ဗီယာမာဆီဘိုက ပြောကြားခဲ့ပြီး ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ငါးဦးနှင့် ရောဂါကူးစက်ခံရသူသစ် ၁၁၁ ဦးရှိခဲ့သည်ဟု ဆိုသည်။ ဇမ်ဘီယာတွင် အောက်တိုဘာလက ကာလဝမ်းရောဂါ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့မှု အပါအဝင် ယခုနှစ်အတွင်း ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ၉၃ ဦးထက်မနည်းရှိခဲ့သည်ဟု အမျိုးသားကျန်းမာရေးဌာနက ပြောကြားခဲ့သည်။ “ကျွန်မတို့နိုင်ငံဟာ ကြီးမားတဲ့ ကျန်းမာရေး စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပါတယ်” ဟု မာစီဘိုက သတင်းထောက်များကို ပြောကြားခဲ့သည်။ လက်ရှိ ရောဂါကူးစက်ခံရသူသစ် အရေအတွက်သည် ယခုနှစ်အတွင်း နေ့အလိုက် ရောဂါကူးစက်ခံရသူ အများဆုံးစံချိန်ဖြစ်ပြီး ကာလဝမ်းရောဂါသည် မသန့်ရှင်းသည့် ရေနှင့် အစားအစာများကို စားသောက်မှုမှတစ်ဆင့် အဓိကကူးစက်နေမှုအပေါ် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။ လက်ရှိဖြစ်ပွားသည့် ကာလဝမ်းရောဂါကူးစက်မှုတွင် သေဆုံးမှုနှုန်းသည် သုံးရာခိုင်နှုန်းဖြစ်ပြီး အလွန်စိုးရိမ်ရကြောင်း မာစီဘိုက ပြောကြားခဲ့သည်။ နိုင်ငံတကာတွင် ကာလဝမ်းရောဂါကြောင့် သေဆုံးမှုနှုန်းသည် တစ်ရာခိုင်နှုန်း အောက်တွင်သာရှိသည်။ ကာလဝမ်းရောဂါဖြစ်ပွားမှုဒဏ်ကို အဆိုးရွားဆုံးခံစားနေရသည့် ဒေသများသို့ ကလိုရင်းများ ပိုမိုဖြန့်ချိပေးသွားမည်ဟု သောက်သုံးရေးဝန်ကြီး မိုက်ပိုရှာက ပြောကြားခဲ့ပြီး မာစီဘိုကမူ နေအိမ်များတွင် တစ်ကိုယ်ရည်သန့်ရှင်းမှု စံနှုန်းများကို ပိုမိုတင်းကျပ်စွာ လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။ ဇမ်ဘီယာနိုင်ငံ၏ အိမ်နီးချင်း ဇင်ဘာဘွေနိုင်ငံတွင်လည်း ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် အရေးပေါ်အခြေအနေကြေညာထားရသည်။ ဇင်ဘာဘွေတွင် ဖေဖော်ဝါရီလကတည်းက…

Read More

အယ်လ်နာဆာအသင်းမှ နာမည်ကျော် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် IFFHS နှင့် Globe Soccer တို့မှ ချီးမြှင့်သည့် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးတိုက်စစ်ကစားသမားဆုများကို ရရှိမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာဘောလုံးသမိုင်းနှင့် အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်နေသည့် IFFHS သည် ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ဂိုး အများဆုံးသွင်းယူနိုင်သည့် ကစားသမားကို အကောင်းဆုံးတိုက်စစ်ကစားသမားဆု ချီးမြှင့်ခြင်းဖြစ်သည်။ IFFHS World’s Best Top Goal Scorer ဟုအမည်ရသည့် အဆိုပါဆုကို ၂၀၂၀ ခုနှစ်တွင်မှ စတင်ချီးမြှင့်ခြင်းဖြစ်သော်လည်း ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိကိုလည်း နောက်ကြောင်းပြန်ချီးမြှင့်ခဲ့သည့်အတွက် စီရော်နယ်လ်ဒိုသည် ယခုနှစ်အပါအဝင် (၅)ကြိမ်ရရှိပြီး ဆုအများဆုံးရရှိသည့် ကစားသမား ဖြစ်လာခဲ့သည်။ စီရော်နယ်လ်ဒိုသည် ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ နှင့် ၂၀၂၃ ခုနှစ်များတွင် IFFHS ၏ အကောင်းဆုံးဆု ရရှိခဲ့ခြင်းဖြစ်သည်။ Globe Soccer ကလည်း ၂၀၂၁ ခုနှစ်တွင် တစ်နှစ်အတွင်း ဂိုးအများဆုံးသွင်းယူနိုင်သည့်ကစားသမားကို Maradona Award ဟူ သည့်အမည်ဖြင့် ဆုတံဆိပ်အသစ် ဖန်တီးချီးမြှင့်ခဲ့ပြီး ယခုနှစ်တွင် စီရော်နယ်လ်ဒို ရရှိမည်ဖြစ်သည်။ စီရော်နယ်လ်ဒိုသည် ၂၀၂၃ ခုနှစ်အတွင်းတွင် (၅၃)ဂိုးအထိ သွင်းယူနိုင်ခဲ့သည့်အတွက် ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

Read More

အာဆင်နယ်အသင်းနည်းပြဖြစ်သူ မီခေးလ်အာတီတာက လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ထပ်မံခေါ်ယူဖွယ်ရှိနေသည်ဟု ဝန်ခံပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်၌ အခြေအနေကောင်းနေသော်လည်း အာတီတာကမူ မိမိတို့အသင်းကို ပိုမိုအင်အားတောင့်တင်းစေလိုသဖြင့် ကစားသမားသစ်ခေါ်ယူရန် ဆန္ဒရှိသည်ဟု ဆိုခဲ့သည်။ အာတီတာက “ကျွန်တော့်အသင်းမှာ ကစားသမားတချို့က ကာလရှည် ဒဏ်ရာရနေကြပြီး ကစားသမားအစုံအလင် အသုံးမပြုနိုင်ပါ ဘူး။ အသင်းသားအများစုက နေရာစုံမှာ ကစားနိုင်သူတွေဖြစ်တဲ့အတွက် အသင်းကို သူတို့ အကူအညီပေးနိုင် တာမှန်ပေမဲ့ ကျွန်တော်တို့အတွက် ပိုမိုတောင့်တင်းတဲ့လူစာရင်း လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်က ကစားသမားသစ်လည်း လိုချင်ပါတယ်။ ဒါပေမဲ့ ဒါက အသင်းရဲ့ဆုံးဖြတ်ချက်နဲ့လည်း သက်ဆိုင်ပါတယ်။ အသင်းကသာ ခေါ်သင့်တယ်လို့ဆုံးဖြတ်ရင်တော့ ကျွန်တော်တို့အသင်း ကစားသမားသစ် ခေါ်ယူဖို့ရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၉) အပြီးတွင် ရမှတ် (၄၀) မှတ်ဖြင့် အဆင့် (၂) နေရာ၌ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ် (၄၂ မှတ်)နှင့် (၂) မှတ်သာ ကွာဟသည်။ ထို့ပြင် အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ထားပြီး ပေါ်တူဂီကလပ် ပေါ်တိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Read More

မန်စီးတီးအသင်းမှ ပေါ်တူဂီတိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ပြောင်းရွှေ့ကြေးတန်ဖိုးကြောင့် မိမိအနေဖြင့် အသင်း ဟောင်း ဘင်ဖီကာထံတွင် ပြန်ကစားရန်မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။ ဘာနာဒိုဆေးလ်ဗား(၂၉ နှစ်)သည် ပြီးခဲ့သည့်နွေရာသီတွင် မန်စီးတီးအသင်းမှ ထွက်ခွာဖွယ်ရှိကြောင်း သတင်းထွက်ခဲ့ဖူးသူဖြစ်ပြီး ၎င်းကို ဘင်ဖီကာအသင်းနှင့်အတူ ဘာစီလိုနာအသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားခဲ့ကြသည်။ သို့သော် မန်စီးတီးအသင်းတွင် ဆက်ရှိခဲ့ပြီး ဖလားသုံးလုံးချန်ပီယံဆုရရှိရာ၌ အကောင်းဆုံးခြေစွမ်းပြခဲ့သောကြောင့် ၎င်း၏ ပြောင်းရွှေ့ကြေးတန်ဖိုးမှာ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။ Transfermarkt ၏ ဖော်ပြမှုအရ လက်ရှိအချိန်၌ ဘာနာဒိုဆေးလ်ဗား၏ ပြောင်းရွှေ့ကြေးတန်ဖိုးမှာ ယူရိုသန်း(၈၀)ရှိနေသည်။ သို့ရာတွင် ဘာနာဒိုဆေးလ်ဗားက မိမိ၏ အစစ်အမှန်တန်ဖိုးမှာ ယူရိုသန်း(၅၀)ကျော်သာ ဖြစ်သည်ဟုလည်း ဆိုခဲ့သည်။ ပေါ်တူဂီသတင်းစာ A Bola နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်တွင် ဘာနာဒိုဆေးလ်ဗားက “တစ်နေ့နေ့ ဘင်ဖီကာအသင်းမှာ ပြန်ကစားချင်တဲ့ ဆန္ဒကို ဖုံးကွယ်မထားပါဘူး။ ဒါပေမဲ့ ပေါ်တူဂီဘောလုံးလောကရဲ့ဘဏ္ဍာရေးက အင်္ဂလိပ်နဲ့ စပိန်ကလပ် တွေမဆိုထားနဲ့ ဂျာမန်နဲ့ ပြင်သစ်ကလပ်တွေကိုတောင် မယှဉ်နိုင်ပါဘူး။ ဒါကြောင့် လက်ရှိမှာ ပြောင်းရွှေ့ဖို့ မဖြစ်နိုင်ပါဘူး”ဟု ဆိုခဲ့သည်။

Read More

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က လမ်းအင်ဂျင်နီယာအမျိုးသားတစ်ဦး လမ်းကြိတ်စက်အကြိတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ကားလမ်းအား ပြုပြင်မှုများလုပ်ဆောင်နေစဉ် နောက်ပြန်မောင်းနှင်လာသည့် လမ်းကြိတ်စက်က ကားလမ်းအား တိုင်းတာနေသည့် လမ်းအင်ဂျင်နီယာကို ကြိတ်မိခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။ ၎င်းက ဆက်လက်ပြီး “လမ်းအင်ဂျင်နီယာက နောက်ကျောပေးပြီး လမ်းကို တိုင်းနေတဲ့အချိန်မှာ လမ်းကြိတ်စက်က နောက်ပြန်မောင်းလာပြီး ဝင်ကြိတ်မိသွားတာလို့ သိရတယ်။ လမ်းကြိတ်စက်က လမ်းအင်ဂျင်နီယာရဲ့ ခါးအောက်ပိုင်းကို တက်ကြိတ်မိခဲ့တာပါ။ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့ပါတယ်” ဟု ပြောကြားသည်။ လမ်းကြိတ်စက် အကြိတ်ခံရပြီး သေဆုံးခဲ့သည့် လမ်းအင်ဂျင်နီယာမှာ အသက် ၄၈ နှစ်ခန့်ရှိပြီး သထုံမြို့တွင် နေထိုင်သူတစ်ဦးဖြစ်သည်ဟု သိရကြောင်း အဆိုပါဒေသခံက ပြောကြားသည်။ လမ်းကြိတ်စက် အကြိတ်ခံရပြီး သေဆုံးခဲ့သည့် လမ်းအင်ဂျင်နီယာ၏ အလောင်းအား ဘီးလင်းမြို့ ကယ်ဆယ်ရေးအဖွဲ့စုစည်းအားမာန်က ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Read More

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရှစ်လခွဲအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိကပို့ကုန် အများဆုံး ၁၀ မျိုးစာရင်းတွင် ချုပ်ပြီးအ ထည်၊ သဘာဝဓာတ်ငွေ့၊ မတ်ပဲ၊ ဆန်နှင့်ဆန် ကွဲ၊ ပြောင်းစသည်တို့မှ ဝင်ငွေအများဆုံး ရရှိ ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ အဓိကပို့ကုန် ၁၀ မျိုးစာရင်းအရ ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၃၁၀၁ ဒသမ ၈၃၅ သန်း၊ သဘာဝ ဓာတ်ငွေ့တင်ပို့မှုမှဒေါ်လာ၂၃၆၂ ဒသမ ၀၆၃ သန်း၊ မတ်ပဲတင်ပို့မှုမှဒေါ်လာ ၅၀၁ ဒသမ ၃၀၀ သန်း၊ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၄၂၉ ဒသမ ၃၃၂ သန်း၊ပြောင်းတင်ပို့မှုမှ ဒေါ်လာ၂၇၅ ဒသမ ၀၄၆ သန်း၊ ငါးတင်ပို့မှုမှ ဒေါ်လာ၂၄၂ ဒသမ ၁၂၄ သန်း၊ ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၉၂ ဒသမ ၉၃၉ သန်း၊ ရော်ဘာစိမ်းတင်ပို့မှုမှဒေါ်လာ ၁၃၂ ဒသမ ၁၄၇ သန်း၊ပဲစင်းငုံတင်ပို့မှုမှ ဒေါ်လာ ၁၀၂ ဒသမ ၀၃ သန်းနှင့် သတ္တုနှင့်သတ္တုရိုင်းများ တင်ပို့မှုမှဒေါ်လာ ၈၂ ဒသမ ၅၀၆ သန်း ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော(CMP) နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ သွင်းကုန်တင်သွင်းမှုတွင်…

Read More

ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းပြီး မိုင်းလား၊ ဆီလူး၊ နမ့်ပန်း ခရိုင်သုံးခုကို တစ်စုတစည်းတည်းထားရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိအောင် ကြိုး ပမ်းဆောင်ရွက်ရမည်ဟု မိုင်းလား (NDAA) အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့် က ပြောကြားသည်။ ဒီဇင်ဘာ ၂၇ ရက်က မိုင်းလားမြို့၌ ရှမ်း ပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ၏ ၂၀၂၃ ခုနှစ် လုပ်ငန်းနှစ်ချုပ်အစည်းအဝေး တွင် ၎င်းင်းက ထိုသို့ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။ မိုင်းလားအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က လတ်တလောအတွင်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် လူထုအမြင်များနှင့်ပတ်သက်၍ ကေဒါများအားလုံးအ နေဖြင့် အဖြစ်မှန်ကို ရှင်းလင်းစွာသိရှိအောင် ဆောင်ရွက်၍ လူထုအမြင်ကို တုံ့ပြန်နိုင်သည့် စွမ်းရည်အား မြှင့်တင်ထားရမည်ဖြစ်ကြောင်း၊ မိမိတို့အထူးဒေသ (၄) သည် မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်စောင့်ထိန်းသွားရန်အတွက် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ် ကြောင်း၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော် မတကော်မတီ၏ ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက်လျှောက် လှမ်းကာ မိုင်းလား၊ ဆီလူး၊ နမ့်ပန်း ခရိုင်သုံးခု အား တစ်စုတစ်စည်းတည်းထားရှိပြီး ဒေသ ၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် မိမိ ကိုယ်ကိုအုပ်ချုပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသရရှိအောင် မလျော့သောဇွဲဖြင့် ကြိုး ပမ်းရမည်ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါအစည်းအဝေးသို့ ငြိမ်းချမ်းရေး နှင့် စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်သည့် ဦးစန်ပေ့၊ ဦးဆန်လူ၊ ဦးထိန်လင်း၊ အမြဲတမ်းကော်မတီဝင် ဦးလော်ချန်ပေါင်၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ အမြဲ တမ်းကော်မတီဝင်ဖြစ်သည့်…

Read More