ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းပြီး မိုင်းလား၊ ဆီလူး၊ နမ့်ပန်း ခရိုင်သုံးခုကို တစ်စုတစည်းတည်းထားရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိအောင် ကြိုး ပမ်းဆောင်ရွက်ရမည်ဟု မိုင်းလား (NDAA) အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့် က ပြောကြားသည်။
ဒီဇင်ဘာ ၂၇ ရက်က မိုင်းလားမြို့၌ ရှမ်း ပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ၏ ၂၀၂၃ ခုနှစ် လုပ်ငန်းနှစ်ချုပ်အစည်းအဝေး တွင် ၎င်းင်းက ထိုသို့ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
မိုင်းလားအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က လတ်တလောအတွင်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် လူထုအမြင်များနှင့်ပတ်သက်၍ ကေဒါများအားလုံးအ နေဖြင့် အဖြစ်မှန်ကို ရှင်းလင်းစွာသိရှိအောင် ဆောင်ရွက်၍ လူထုအမြင်ကို တုံ့ပြန်နိုင်သည့် စွမ်းရည်အား မြှင့်တင်ထားရမည်ဖြစ်ကြောင်း၊ မိမိတို့အထူးဒေသ (၄) သည် မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်စောင့်ထိန်းသွားရန်အတွက် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ် ကြောင်း၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော် မတကော်မတီ၏ ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက်လျှောက် လှမ်းကာ မိုင်းလား၊ ဆီလူး၊ နမ့်ပန်း ခရိုင်သုံးခု အား တစ်စုတစ်စည်းတည်းထားရှိပြီး ဒေသ ၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် မိမိ ကိုယ်ကိုအုပ်ချုပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသရရှိအောင် မလျော့သောဇွဲဖြင့် ကြိုး ပမ်းရမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ ငြိမ်းချမ်းရေး နှင့် စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်သည့် ဦးစန်ပေ့၊ ဦးဆန်လူ၊ ဦးထိန်လင်း၊ အမြဲတမ်းကော်မတီဝင် ဦးလော်ချန်ပေါင်၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ အမြဲ တမ်းကော်မတီဝင်ဖြစ်သည့် ဦးလီကျင့်လုံ၊ ဦးခမ်းမောင်၊ ဦးစိုင်းတစ်၊ အတွင်းရေးမှူးအ ဖွဲ့ဝင်များ၊ တပ်ဘက်နှင့် ဒေသန္တရ ဘက်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အတွင်းရေးမှူးအဖွဲ့ အထွေထွေအတွင်းရေး မှူး ဦးအားလူက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် ဒုတိဥက္ကဋ္ဌ ဦးစန်ပေ့က ၂၀၂၃ ခုနှစ်အတွင်း ဌာနအသီး သီး၏ စနစ်တကျ ဖွဲ့စည်းတည်ဆောက်ရေး၊ ဒေသစီးပွားရေးပြန်လည် ဦးမော့လာစေရေး နှင့် ပြည်သူများ၏ စားဝတ်နေရေးကို ပြုပြင် ပြောင်းလဲပေးရေး ဆောင်ရွက်ချက်များတွင် ရရှိခဲ့သည့် အောင်မြင်မှုရလဒ်များကို အသိ အမှတ်ပြု ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် လုပ်ငန်းအချုပ်ပြုလုပ်ခြင်းသည် လက်တွေ့နှင့်ကင်းကွာ၍မရကြောင်း၊ လက် တွေ့ ဆောင်ရွက်ချက်များကို အသေးစိတ် တင်ပြပြီး ကြုံတွေ့နေသည့် ပြဿနာများကို ပွင့်လင်းမြင်သာအောင် ချပြရမည်ဖြစ်ကြောင်း၊ ၎င်းအပြင်ရရှိထားသည့် အောင်မြင်မှုရလဒ် များနှင့် အတွေ့အကြုံများအပြင် လိုအပ်ချက် များကိုလည်း တင်ပြရမည်ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့၏လိုအပ်ချက်များကို ပြန်လည် ပြုပြင်ကာ ဒေသဘက်စုံ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ အတားအဆီး များကို ဖယ်ရှားနိုင်မည်ဖြစ်ကြောင်း ဦးစန်ပေ့ ကပြောကြားသည်။
ထို့အတူ ဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေအရပ်ရပ်ကို ရင်ဆိုင်ဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း တွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် လုပ်ငန်းတာဝန်များ၊ ဒေသစီးပွားရေးဖွံ့ဖြိုး တိုးတက်လာအောင် တွန်းအားပေး ဖော် ဆောင်ခြင်း၊ ဒေသ၏ လုံခြုံရေးဆိုင်ရာ ခံစစ် တံတိုင်းကြီး ခိုင်မာအောင်တည်ဆောက်ခြင်း တို့နှင့်ပက်သက်သည်များကို ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ ဦးဆန်လူက လိုအပ်သည်များကို ဖြည့်စွက် လမ်းညွှန်မှာ ကြားခြင်းများပြုလုပ်ခဲ့ပြီး ယင်းအစည်းအ ဝေးသည် ဒီဇင်ဘာ၂၉ ရက်တွင် ပြီးဆုံးမည် ဖြစ်ကြောင်း၊ ဆက်လက်၍ တပ်ဘက်နှင့် ဒေသန္တရဘက်ဌာနဆိုင်ရာများသည် အဖွဲ့ လိုက်ခွဲ၍ အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။