Subscribe to Updates
Get the latest creative news from FooBar about art, design and business.
ပြင်သစ်လက်ရွေးစင်အသင်း၏နည်းပြ ဒေးရွှမ့်က တားမြစ်ဆေးပြဿနာကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရသည့် ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမား ပေါ့ဘာနှင့် စကားပြောဆိုဖြစ်ခဲ့သည်ဟု ဖွင့်ဟပြောကြားခဲ့သည်။ ပေါ့ဘာသည် ရှောင်တခင်တားမြစ်ဆေး စစ်ဆေးရာတွင် ဆေးကျမှုကြောင့် (၄) ပွဲပယ်ချမှတ်ခံထားရသူဖြစ်ပြီး အသက် (၃၁) နှစ်ကျော်ပြီဖြစ်သည့်အတွက် ၎င်း၏ကစားသမားဘဝ အဆုံးသတ်တော့မည်ဟု သုံးသပ်မှုများ…
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာသည် မတ်လ ၁၉ ရက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ တောင်တရုတ်ပင်လယ်တွင် နယ်မြေအငြင်းပွားမှုများနှင့် ပတ်သက်၍ ဖိလစ်ပိုင်နှင့်…
ဂါဇာသို့အကူအညီပစ္စည်းများ တင်ဆောင်လာသော စပိန်သင်္ဘောတစ်စီးသည် မတ် ၁၃ ရက်တွင် လမ်းခရီးကိုရောက်နေပြီဖြစ်ရာ စားနပ်ရိက္ခာအကူအညီ အသည်းအသန် လိုအပ်နေသော ပါလက်စတိုင်းပြည်သူများအတွက် ရေကြောင်းမှ အကူအညီများပေးပို့သည့် လမ်းကြောင်းသစ်တစ်ခုဖြစ်လာသည်။ လူသားချင်းစာနာမှု အခြေအနေများ ပိုမိုဆိုးရွားလာသည့် လက္ခဏာအဖြစ် လူ ၂၇…
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ လိုက်နာဆောင်ရွက်မည့်အချက်များကို လိုက် နာဆောင်ရွက်ခြင်းမရှိဟုဆိုကာ Money Changer လေးခုအား လုပ်ငန်းလိုင်စင်သုံး လရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၄ ခုနှစ် မတ် ၁၁ ရက်က သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးစျေးကွက်တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးစေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန်…
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအတွက် စာရင်းဇယားကောက်ယူရာတွင် တိကျပြီးမှန်ကန်မှုရှိရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး…
ရန်ကုန်တွင် လမ်းလျှောက်သင်္ကြန်အပြင် ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ ရန်ကုန်မြို့တွင် သင်္ကြန်ပွဲတော်စည်ကားစွာပြုလုပ်နိုင်စေရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့တော်ခန်းမ၊ ပထမထပ်ရှိ အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူးနှင့်…
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း တောင်ငူ-သောင်းတိုင်ကုန်း ဘူတာအကြား ခပေါင်းတံတားတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး သုံးနှစ်ကျော်အတွင် ရထားလမ်းနှင့် ရထား ဘူတာနယ်မြေအတွင်း ဗုံးထောင် မိုင်းခွဲဖျက် ဆီးခံရမှုအကြိမ် ၁၃၀ ရှိပြီဖြစ်ကြောင်းသိရ သည်။ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း…
ဘရာဇီးလ်နှင့် ရီးယဲလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒိုက ဘယ်လင်ဟမ်သည် ၎င်း၏ရီးယဲလ်အသင်းဖော်ဟောင်း ဇီဒန်းကဲ့သို့ စွမ်းရည်မျိုးရှိသူဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသက် (၂၀) အရွယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ပြီးခဲ့သည့်နွေကမှ ဒေါ့မွန်မှ ရီးယဲလ်အသင်းထံသို့ Add-ons ကြေးအပါအဝင် ယူရို (၁၃၃.၉)…
လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ၎င်းနှင့်လက်တွဲညီခဲ့သည့် အသင်းအားကစားဒါရိုက်တာဟောင်း မိုက်ကယ်အက်ဒ်ဝက်ဒ်ကို ဘောလုံးအမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်သော်လည်း ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာမည့် ဆုံးဖြတ်ချက်ကို မပြင်ကြောင်း ပြောကြားခဲ့သည်။ လီဗာပူးလ်အသင်းပိုင်ရှင်များဖြစ်သည့် FSG သည် အသင်းအားကစားဒါရိုက်တာဟောင်း မိုက်ကယ်အက်ဒ်ဝက်ဒ်အား ဘောလုံးအမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ကြောင်း…
နယူးကဆယ်နည်းပြ အက်ဒီဟောင်းအနေဖြင့် ဥရောပပြိုင်ပွဲဝင်ခွင့်ဆုံးရှုံးလျှင်ပင် လာမည့်ရာသီတွင် အသင်းနည်းပြအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း The Telegraph သတင်းစာက ဖော်ပြခဲ့သည်။ နယူးကာဆယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၈)အပြီးတွင် ရမှတ် (၄၀)မှတ်သာ ရရှိထားပြီး အဆင့် (၁၀)၌ ရပ်တည်နေသည်။…