ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း တောင်ငူ-သောင်းတိုင်ကုန်း ဘူတာအကြား ခပေါင်းတံတားတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး သုံးနှစ်ကျော်အတွင် ရထားလမ်းနှင့် ရထား ဘူတာနယ်မြေအတွင်း ဗုံးထောင် မိုင်းခွဲဖျက် ဆီးခံရမှုအကြိမ် ၁၃၀ ရှိပြီဖြစ်ကြောင်းသိရ သည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း မတ် ၁၂ ရက် ည ၈ နာရီ ၃၇ မိနစ်ခန့်တွင် တောင်ငူ-သောင်းတိုင်ကုန်း ဘူတာအကြား မိုင် ၁၆၄/၁၂-၁၃ ကြား တံတားအမှတ် (၂၆၃) အရှည်ပေ ၆၈၀ သံပေါင်တံတား (ခပေါင်းတံတား) ပေါ်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ နယ်မြေခံ လုံခြုံရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ တံတား၏ လူသွားလမ်းအတက်အုတ်ခုံ ပျက် စီးခဲ့ကြောင်းတွေ့ရှိရပြီး တောင်ငူ-သောင်း တိုင်ကုန်း ရထားလမ်းပိုင်းအား မတ် ၁၃ ရက် နံနက် ၆ နာရီတွင် ခေတ္တပိတ်ခဲ့ရကြောင်းသိ ရသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွား ရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး မြန်မာ့ မီးရထားဝန်ထမ်းများက တံတားကြံ့ ခိုင်မှုနှင့် ရထားလမ်းပိုင်းအား စစ်ဆေးဆောင် ရွက်ခဲ့ ကာ တောင်ငူ-သောင်းတိုင်ကုန်း ရထားလမ်း ပိုင်းကို မတ် ၁၃ ရက်နံနက် ၇ နာရီ ၂၅ မိနစ်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်းသိ ရသည်။
ယင်းမိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်ပေါ်ခြင်းမရှိခဲ့သော်လည်း မိုင်းဖောက်ခွဲခံရသည့် ခပေါင်းတံတားသည် ရန်ကုန်-မန္တလေးရထား လမ်းပိုင်းအတွင်း တောင်ငူနှင့် သောင်းတိုင် ကုန်းဘူတာအကြား အဓိကတံတား တစ်စင်း ဖြစ်ပြီး ရန်ကုန်-တောင်ငူ ရထားလမ်း ပိုင်းအ ဆင့်မြှင့်တင်ရေး စီမံကိန်းဆောင်ရွက် နေစဉ် အဆိုပါတံတားတစ်စင်းတည်းကိုသာ အစုန်/ အဆန်ရထားများ ဖြတ်သန်း နေရသဖြင့် မိုင်း ဖောက်ခွဲမှုကြောင့် တံတားထိခိုက် ပျက်စီးခဲ့ ပါက ရထားသွားလာမှုရပ်ဆိုင်းသွားနိုင် ကြောင်းသိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်း ကွန် ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထား ဘူ တာနယ်မြေအတွင်း ဗုံးထောင် မိုင်းခွဲဖျက် ဆီးခံရမှုအကြိမ် ၁၃၀၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခံရမှုအကြိမ် ၅၀၊ ဘူတာ အ ဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှိုဖျက်ဆီးခံရမှု ၁၂ ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အများပြည် သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အ ဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံအဆောက်အဦများ ပိုမို ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေး စနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်း လုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံ ဆောင်ရွက်ပေးလျက်ရှိသော်လည်း သောင်း ကျန်းသူများက နိုင်ငံတော်ပိုင်ရထားစက် ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများ အသက် အန္တရာယ်ထိခိုက်ပြီးရထားဖြင့် ခရီးသွား လာ မှုမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင် ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့် တင်ရေး စီမံကိန်းလုပ်ငန်းများ အချိန်ပိုမိုကြန့် ကြားစေရေးတို့အတွက် အကြိမ်ကြိမ်ကျူး လွန်နေကြကြောင်း နစကသတင်းထုတ်ပြန် ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။