အာဆင်နယ်နည်းပြ အာတီတာက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ပြီးနောက် မိမိတို့လိုချင်သည့်အဆင့်ကို ရောက်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ပေါ်တိုအသင်းနှင့် နှစ်ကျော့ပေါင်း (၁-၁) သရေကျနေသဖြင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ (၄-၂) ဂိုးဖြင့် အနိုင်ရပြီးနောက် (၁၄) နှစ်အတွင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်သို့…

အိန္ဒိယသည် နျူကလီးယားထိပ်ဖူး အများအပြား သယ်ဆောင်နိုင်သည့် ပြည်တွင်းထုတ်ပဲ့ထိန်းဒုံးကျည်ကို ပထမဆုံးအကြိမ် အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း ဝန်ကြီးချုပ် နရင်ဒရာမိုဒီက မတ်လ ၁၁ ရက်တွင်ပြော ကြားခဲ့သည်။ ပြည်တွင်း၌ထုတ်လုပ်ထားသော Agni-5 ဒုံးကျည်ကို Multiple Independently Target Re-entry…

ရုရှားနှင့်စစ်ပွဲပြီးဆုံးသွားစေရန် အလံဖြူထောင်ရမည်ဟု ပြောခဲ့သောပုပ်ရဟန်းမင်းကြီး၏တောင်းဆိုမှုကို ယူကရိန်းကပယ်ချလိုက်ပြီး ယူကရိန်းသည် ဘယ်တော့မှအညံ့ခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့အလံဟာ အဝါရောင်နဲ့ အပြာရောင်ဖြစ်ပါတယ်။ အဲဒီအလံဟာ ကျွန်တော်တို့ ရှင်သန်၊သေဆုံး၊ အောင်နိုင်တဲ့ အလံဖြစ်ပါတယ်”ဟု အလံဖြူထောင်ရန် ယူကရိန်း သတ္တိရှိထားသင့်သည်ဟု ပုပ်ရဟန်း မင်းကြီးက…

ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ သမ္မတရွေးကောက်ပွဲအား လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် မတ် ၁၂ ရက်က ရုရှားနိုင်ငံသို့ သွား ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ ယင်းခရီးစဉ်အတွင်း ပြည်ထောင်စုရွေး…

ဧရာဝတီတိုင်း မော်တင်စွန်းကမ်းခြေတွင် လင်းပိုင်များကို ငါးဖမ်းပိုက်ကွန်များအတွင်း ဖမ်းမိထားသည်ကို တွေ့ရှိရသည်ဟု ဘုရားဖူးသွားရောက်ခဲ့သူအချို့က လူမှုကွန်ရက်စာမျက်နှာများတွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။ လူမှုကွန်ရက်တွင် ဖော်ပြထားသည့် ဓာတ်ပုံများအရ ဧရာဝတီလင်းပိုင်အကောင်ရေ အနည်းဆုံး ၁၀ ကောင်ခန့်ကို ငါးဖမ်းပိုက်များအတွင်း ဖမ်းမိထားသည်ကို တွေ့ရှိရသည်။…

သတင်းအမှားအမျိုးမျိုးကြောင့် ပြင်ပရွှေစျေးကွက်ရောင်းဝယ်သူများမှ ရွှေစျေးကို ဆွဲတင်ဆွဲချနေပြီး သက်ဆိုင်ရာက အရေးယူမည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။ ကောလာဟလအခြေအမြစ်မရှိ သတင်းအမှားအမျိုးမျိုးကြောင့် ပြင်ပစျေးကွက်ရောင်းဝယ်သူများမှ စျေးကစား၍ ရွှေစျေးနှုန်းကို ဆွဲတင်ဆွဲချလျက်ရှိနေကြောင်း၊ သတင်းအဖြစ်အပျက်အမှန်များကို ဌာနဆိုင်ရာများမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။…

လီဗာပူးလ်နှင့် ဘိုင်ယန်မြူးနစ်အသင်း တို့၏ပစ်မှတ်ဖြစ်သည့် နည်းပြ ဇာဘီအလွန်ဆို ယခုနွေရာသီတွင် ထွက်ခွာသွားလျင်လည်း အရာအားလုံးပြိုလဲသွားမည်မဟုတ်ကြောင်း လေဗာကူဆင်အသင်းအမှုဆောင်ချုပ် ဖာနန်ဒိုကာရိုက တုံ့ပြန်ပြောကြားခဲ့သည်။ အသက် ၄၂ နှစ်သာရှိသေးသည့် လူငယ်နည်းပြ အလွန်ဆိုသည် လေဗာကူဆင်အသင်းအား စံချိန်တင် ရှုံးပွဲမရှိမှတ်တမ်းတင်ရှိနိုင်သည်အထိ ရလဒ်ပိုင်းကောင်းမွန်စေရန်…

ဘာစီလိုနာအသင်းသည် ဆယ်ကျော်သက်တောင်ပံကစားသမား ယမားလ်အတွက် ယူရိုသန်း (၂၀၀)ဖြင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။ ယမားလ်(၁၆ နှစ်)သည် ဘာစီလိုနာအသင်း၏ နာမည်ကျော် လာမာစီယာအကယ်ဒမီမှ ထွက်ပေါ်လာသည့် ကစားသမားဖြစ်ပြီး လက်ရှိ နည်းပြ ဇာဗီ၏ ခေါ်ယူမှုဖြင့် အသင်းကြီးနှင့်အတူ…

ချယ်လ်ဆီးအသင်းသည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် ဂျီရိုနာအသင်းကို အကောင်းဆုံးဦးဆောင်မှုပေးနေသည့် နည်းပြ မီချယ်လ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ချိန်ရွယ်နေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် လက်ရှိနည်းပြ ပိုချက်တီနို၏ စွမ်းဆောင်ရည်ကို အားရကျေနပ်ခြင်းမရှိသည့်အတွက် မီချယ်လ်ကို ချိန်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။ မီချယ်လ်သည်…

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အန်ဖီးလ်ကွင်း၌ တစ်မှတ်ရယူနိုင်ရန် ဆူနာမီကို ရင်ဆိုင်ရသည့်အခြေအနေမျိုး ကြုံခဲ့ရကြောင်းနှင့် လီဗာပူးလ်အသင်းအား ချီးကျူးကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။ မတ် ၁၀ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်အသင်း နှင့် (၁-၁) ဂိုးဖြင့်…