ချယ်လ်ဆီးအသင်းသည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် ဂျီရိုနာအသင်းကို အကောင်းဆုံးဦးဆောင်မှုပေးနေသည့် နည်းပြ မီချယ်လ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ချိန်ရွယ်နေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် လက်ရှိနည်းပြ ပိုချက်တီနို၏ စွမ်းဆောင်ရည်ကို အားရကျေနပ်ခြင်းမရှိသည့်အတွက် မီချယ်လ်ကို ချိန်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။
မီချယ်လ်သည် ဂျီရိုနာအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ၎င်းကို ခေါ်ယူရန် အခြားဥရောပထိပ်သီး အသင်းအချို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။